အတန်းတစ်တန်းထဲတွင် စိတ်ပညာရှင်ကြီး တစ်ယောက် စာသင်ကြား နေသည်။ တပည့် အားလုံးက သူသင်ကြား သမျှကို စိတ်ဝင်တစား နားထောင်နေ ကြသည်။ ရုတ်တရက် စိတ်ပညာရှင်က စားပွဲပေါ်တင်ထားသော ဖန်ခွက် တခွက်ကို လှမ်းယူ လိုက်သည်။ ဖန်ခွက်ထဲတွင် ရေတဝက် ဖြည့်ထားသည်။
အတန်းသားများ၏ စိတ်ထဲတွင် သမာရိုးကျ မေးခွန်း ဖြစ်သည့် ဖန်ခွက်ထဲမှာ ရေတဝက် ပြည့်တာလား၊ ရေတဝက် လျှော့နေတာလား ဟု မေးမည် ထင်မှတ်ထား ကြပေမယ့် စိတ်ပညာရှင်ကြီး ကတော့ ခပ်ရိုးရိုး မေးခွန်း တစ်ခုသာ မေးခဲ့သည်။
" ကဲ.. အားလုံး ဒီဖန်ခွက်က ဘယ်လောက် လေးမယ် ထင်လဲ ၊ ဖြေကြည့် ပါဦး "
" ၉ အောင်စ လောက် ရှိမယ် ထင်တယ် ဆရာ "
" ၁၁ အောင်စ ထက်တော့ မနည်း လောက်ဘူး "
" ၁၆ အောင်စ လောက် နေမှာပေါ့ "
" သေချာတာကတော့ ၂၀ အောင်စ ထက် မကျော်ပါဘူး ဆရာ "
အတန်းသားများထံမှ တယောက်တမျိုး အဖြေတွေ ထွက်ပေါ်လာသည်။ စိတ်ပညာရှင် ကတော့ ငြိမ်သက်စွာ နားထောင်ရင်း ပြုံးနေသည်။ အားလုံး ဖြေပြီးတော့ ဆရာက ခေါင်းကို ဖြေးညှင်းစွာ ခါပြသည်။
" တကယ်တော့ ဖန်ခွက် အလေးချိန် ဘယ်လောက်လဲ ဆိုတာ အရေးမကြီးပါဘူး၊ ဖန်ခွက်ကို မင်းဘယ်လောက် ကြာကြာ ကိုင်ထားလဲ ဆိုတာ က ပို အရေးကြီး တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဖန်ခွက်ရဲ့အလေးချိန်က ပြောင်းမှ မပြောင်းလဲ တာ၊ ကိုင်ထားတဲ့ အချိန် ကသာ ပြောင်းလဲသွား တာလေ။ ဖန်ခွက်ကို မင်း တစ်မိနစ်လောက် ကိုင်ထားမယ် ဆိုကြ ပါစို့ ။ ပြဿနာ မရှိသေးဘူး၊ သိပ်မှ မလေးတာ၊ ဒါပေမယ့် တနာရီလောက် ကိုင်ထား ရင်တော့ မင်းလက်တွေ ကိုက်ခဲ လာမယ်။ နာကျင် လာမယ်။ အဲဒီထိ ရသေးတယ်။ "
" အကယ်၍ ဒီခွက်ကို မင်း တရက် လုံးလုံး ၊ တစ်လ လုံးလုံး၊ တနှစ် လုံးလုံး မချဘဲ ကိုင်ထားမယ် ဆိုရင်တော့ မင်းအတွက် ပြဿနာ ရှိလာပြီ။ လက်တွေ ထုံကျဉ်ရုံ မက ကြာလာရင် အကြောပါ သေသွား လိမ့်မယ် "
စိတ်ပညာရှင် ကြီးက အတန်းသားတွေကို ဝှေ့ကြည့် လိုက်သည်။
" လူ့ဘဝ ဆိုတာလည်း ဒီလိုပါပဲ ငါ့တပည့်တို့ ။ မင်းတို့ ဘဝမှာ စိတ်ဖိစီးမှုတွေ ၊ ဝမ်းနည်းမှုတွေ ၊ ရှုံးနိမ့်မှုတွေ အကြိမ်ကြိမ် ကြုံတွေ့ ရလိမ့်မယ်။ ဝမ်းနည်း ကြေကွဲမှု ဆိုတာ တကယ်တော့ ဖန်ခွက်လေးနဲ့ တူတယ်။ သူ့ကို မလေးဘူး ထင်ပြီး ကြာကြာ ကိုင်မထား မိစေနဲ့။ ကြာကြာ ကိုင်ထားလေ မင်းအတွက် ပိုပီး နာကျင်ရလေပဲ။ "
" ဒါ့ကြောင့် ဘဝမှာ ဘယ်လို ဝမ်းနည်း ကြေကွဲမှုမျိုးနဲ့ ရင်ဆိုင်တွေ့ကြုံရပါစေ ၊ ဟောဒီ ဖန်ခွက်ကိုင်သလို အချိန်ပိုင်းလောက်သာ ခံစား လိုက်ပါ။ နောက်ဆုံး မခံစားနိုင် တော့ဘူး ထင်ရင်တော့ ဖန်ခွက်လေးကို လွှတ်ချလိုက်ပါ ၊ မင်းရဲ့စိတ်တွေ အလိုလို ငြိမ်းအေးသွား ပါလိမ့်မယ် "
ဒေါက်တာ အေးမင်းထူး
(the glass ကို ဆီလျှော်အောင် ဘာသာပြန်သည်)
for zawgyi
လက္ထဲက ဖန္ခြက္ကို လႊတ္ခ်လိုက္ပါ
အတန္းတစ္တန္းထဲတြင္ စိတ္ပညာရွင္ႀကီး တစ္ေယာက္ စာသင္ၾကား ေနသည္။ တပည့္ အားလုံးက သူသင္ၾကား သမွ်ကို စိတ္ဝင္တစား နားေထာင္ေန ၾကသည္။ ႐ုတ္တရက္ စိတ္ပညာရွင္က စားပြဲေပၚတင္ထားေသာ ဖန္ခြက္ တခြက္ကို လွမ္းယူ လိုက္သည္။ ဖန္ခြက္ထဲတြင္ ေရတဝက္ ျဖည့္ထားသည္။
အတန္းသားမ်ား၏ စိတ္ထဲတြင္ သမာ႐ိုးက် ေမးခြန္း ျဖစ္သည့္ ဖန္ခြက္ထဲမွာ ေရတဝက္ ျပည့္တာလား၊ ေရတဝက္ ေလွ်ာ့ေနတာလား ဟု ေမးမည္ ထင္မွတ္ထား ၾကေပမယ့္ စိတ္ပညာရွင္ႀကီး ကေတာ့ ခပ္႐ိုး႐ိုး ေမးခြန္း တစ္ခုသာ ေမးခဲ့သည္။
" ကဲ.. အားလုံး ဒီဖန္ခြက္က ဘယ္ေလာက္ ေလးမယ္ ထင္လဲ ၊ ေျဖၾကည့္ ပါဦး "
" ၉ ေအာင္စ ေလာက္ရွိမယ္ ထင္တယ္ ဆရာ "
" ၁၁ ေအာင္စ ထက္ေတာ့ မနည္း ေလာက္ဘူး "
" ၁၆ ေအာင္စ ေလာက္ ေနမွာေပါ့ "
" ေသခ်ာတာကေတာ့ ၂၀ ေအာင္စ ထက္ မေက်ာ္ပါဘူး ဆရာ "
အတန္းသားမ်ားထံမွ တေယာက္တမ်ိဳး အေျဖေတြ ထြက္ေပၚလာသည္။ စိတ္ပညာရွင္ ကေတာ့ ၿငိမ္သက္စြာ နားေထာင္ရင္း ၿပဳံးေနသည္။ အားလုံး ေျဖၿပီးေတာ့ ဆရာက ေခါင္းကို ေျဖးညႇင္းစြာ ခါျပသည္။
" တကယ္ေတာ့ ဖန္ခြက္ အေလးခ်ိန္ ဘယ္ေလာက္လဲ ဆိုတာ အေရး မႀကီးပါဘူး၊ ဖန္ခြက္ကို မင္းဘယ္ေလာက္ ၾကာၾကာ ကိုင္ထားလဲ ဆိုတာ က ပို အေရးႀကီး တယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ဖန္ခြက္ရဲ႕အေလးခ်ိန္က ေျပာင္းမွ မေျပာင္းလဲ တာ၊ ကိုင္ထားတဲ့ အခ်ိန္ ကသာ ေျပာင္းလဲသြား တာေလ။ ဖန္ခြက္ကို မင္း တစ္မိနစ္ေလာက္ ကိုင္ထားမယ္ ဆိုၾက ပါစို႔ ။ ျပႆနာ မရွိေသးဘူး၊ သိပ္မွ မေလးတာ၊ ဒါေပမယ့္ တနာရီေလာက္ ကိုင္ထား ရင္ေတာ့ မင္းလက္ေတြ ကိုက္ခဲ လာမယ္။ နာက်င္ လာမယ္။ အဲဒီထိ ရေသးတယ္။ "
" အကယ္၍ ဒီခြက္ကို မင္း တရက္ လုံးလုံး ၊ တစ္လ လုံးလုံး၊ တႏွစ္ လုံးလုံး မခ်ဘဲ ကိုင္ထားမယ္ ဆိုရင္ေတာ့ မင္းအတြက္ ျပႆနာ ရွိလာၿပီ။ လက္ေတြ ထုံက်ဥ္႐ုံ မက ၾကာလာရင္ အေၾကာပါ ေသသြား လိမ့္မယ္ "
စိတ္ပညာရွင္ ႀကီးက အတန္းသားေတြကို ေဝွ႔ၾကည့္ လိုက္သည္။
" လူ႔ဘဝ ဆိုတာလည္း ဒီလိုပါပဲ ငါ့တပည့္တို႔ ။ မင္းတို႔ ဘဝမွာ စိတ္ဖိစီးမႈေတြ ၊ ဝမ္းနည္းမႈေတြ ၊ ရႈံးနိမ့္မႈေတြ အႀကိမ္ႀကိမ္ ႀကဳံေတြ႕ ရလိမ့္မယ္။ ဝမ္းနည္း ေၾကကြဲမႈ ဆိုတာ တကယ္ေတာ့ ဖန္ခြက္ေလးနဲ႔ တူတယ္။ သူ႔ကို မေလးဘူး ထင္ၿပီး ၾကာၾကာ ကိုင္မထား မိေစနဲ႔။ ၾကာၾကာ ကိုင္ထားေလ မင္းအတြက္ ပိုပီး နာက်င္ရေလပဲ။ "
" ဒါ့ေၾကာင့္ ဘဝမွာ ဘယ္လို ဝမ္းနည္း ေၾကကြဲမႈမ်ိဳးနဲ႔ ရင္ဆိုင္ေတြ႔ႀကံဳရပါေစ ၊ ေဟာဒီ ဖန္ခြက္ကိုင္သလို အခ်ိန္ပိုင္းေလာက္သာ ခံစား လိုက္ပါ။ ေနာက္ဆုံး မခံစားႏိုင္ ေတာ့ဘူး ထင္ရင္ေတာ့ ဖန္ခြက္ေလးကို လႊတ္ခ်လိုက္ပါ ၊ မင္းရဲ႕စိတ္ေတြ အလိုလို ၿငိမ္းေအးသြား ပါလိမ့္မယ္ "
ေဒါက္တာ ေအးမင္းထူး
(the glass ကို ဆီေလွ်ာ္ေအာင္ ဘာသာျပန္သည္)
0 Comments