အမျိုးသမီးများ သတိထားသင့်သည့် မိန်းမကိုယ် ယားယံခြင်း
မိန်းမကိုယ် ယားယံတာက အမျိူးသမီး တော်တော်များများမှာ ဖြစ်လေ့ရှိပြီးတော့ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ယားယံတာပဲ ဖြစ်ပါတယ်။ ဒါဟာ ပိုပြီး ဆိုးလာနိုင်တဲ့အတွက် သတိတော့ ထားသင့်ပါတယ်။
မိန်းမကိုယ် ဧရိယာတစ်ဝိုက်က နီပြီးတော့ ယားယံရတဲ့ အကြောင်းရင်းကတော့ အများကြီး ရှိပါတယ်။ ဒါကြောင့် ဖြစ်လာပြီဆိုရင် ဘယ်ကနေ စဖြစ်တာလဲဆိုတာကို သေချာရှာသင့်ပါတယ်။ ပြီးရင် ဆေးကုသမှု ကောင်းကောင်း ခံယူသင့်ပါတယ်။ ဒီလို ယားယံတာက ရေရှည်မှာလည်း ကိုယ့်ကို ထိခိုက်လာနိုင်တာကြောင့် သားဖွားမီးယပ် အထူးပြုဆရာဝန်နဲ့ ပြတာက ပိုသင့်တော်ပါတယ်။
ဟော်မုန်းများ
တကယ်လို့ သင်လည်း ယားယံမှု ခံစားနေရတယ် ဆိုရင်တော့ အရမ်းကြီး ထိတ်လန့်တကြား ဖြစ်မသွားပါနဲ့။ ဟော်မုန်း ပြောင်းလဲတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်ဟော်မုန်းတားဆေး သုံးနေတဲ့အချိန် (သို့) မီးဖွားပြီးချိန်တွေမှာ ပိုပြီး ယားယံတာကို သတိပြုမိပါသလား။ မိန်းကကိုယ် ယားယံတာက ကိုယ်ဝန်ဆောင်ချိန်နှင့် မီးယပ်သွေးဆုံးချိန် အမျိူးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ဖြစ်လာပြီ ဆိုရင် အရမ်းကြီး မကြောက်ပဲနဲ့ ဟော်မုန်းကြောင့်ဆိုတာကို တွေးလိုက်ပါ။ ပြီးတော့ အမွှေးနံ့တွေပါတဲ့ ဆပ်ပြာနဲ့လည်း မိန်းမကိုယ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။
ပိုးကူးစက်ခြင်း
မိန်းမကိုယ် ယားယံခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ပိုးကူးစက်လို့ပဲ ဖြစ်ပါတယ်။ မကြာခဏ ဆိုသလို အနံ့ဆိုးတွေထွက်တဲ့ အဖြူရောင်( သို့) အဝါရောင် အရည်တွေကိုလည်း သတိထားမိမှာပါ။ ဒါတွေဟာ စိတ်ဖိစီးမှု များတာတွေ၊ အစားအသောက် ပြောင်းလဲတာတွေနဲ့ ဆေးဝါးသောက်သုံးခြင်း တို့ကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီ ဆိုရင်တော့ ဆေးထိုးဆေးသောက်နဲ့ ပျောက်နိုင်ပါတယ်။ ပြီးတော့ သားဖွားမီးယပ် အထူးကု ဆရာဝန်နဲ့လည်း ပြသသင့်ပါတယ်။
နှင်းခူနှင့် Psoriasis
လက်တွေ၊ ခြေထောက်တွေနဲ့ ဗိုက်လိုမျိူး နေရာတွေမှာ နှင်းခူနှင့် Psoriasis လိုမျိူး ရောဂါဖြစ်တာ တွေ့ဖူးမှာပါ။ ဒါဟာ လက်တွေ၊ ခြေထောက်တွေ သာမက မိန်းမကိုယ်မှာလည်း ပေါက်နိုင်ပါသေးတယ်။ ဒီလို ဖြစ်လာပြီဆိုရင်တော့ အိမ်တွင်းကုထုံးတွေနဲ့ ကုသနိုင်ပါတယ်။ တကယ်လို့ မသက်သာဘူး ဆိုရင်တော့ ဆရာဝန်နဲ့ပြသတာ အကောင်းဆုံးပါပဲ။
Lichen sclerosis ရောဂါ
လူတော်တော်များများကတော့ ဒီလိုရောဂါမျိုးကို သိပ်မကြားဖူးကြပါဘူး။ ဒီရောဂါက vulvar ဧရိယာမှာ အဖြူကွက်နဲ့ ယားယံခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ဒီရောဂါက သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တကယ်လို့ မပျောက်သွားဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
သည်းခြေနှင့် ကျောက်ကပ်
ဒီလိုဖြစ်တာက ပုံမှန်တော့ မဟုတ်ပေမယ့် သည်းခြေရည်နဲ့ ကျောက်ကပ်က မိန်းမကိုယ်ကို ယားယံစေနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီ ဆိုရင်တော့ သားဖွားမီးယပ် အထူးကုနဲ့ ပြတာက အသင့်တော်ဆုံးပါပဲ။
လိင်မှတစ်ဆင့် ကူးစက်ခြင်း
ချွေးထွက်များရင် အရေပြား ယားယံပါတယ်။ ဒါကြောင့် ဆီးခုံမွှေးတွေ ရိတ်လိုက်တာက အကောင်းဆုံးပါပဲ။ ပြီးတော့ သင်သုံးတဲ့ ဆပ်ပြာအပေါ်မှာလည်း မူတည်နေပါသေးတယ်။
Zombie (Lovemedia)
for zawgyi
အမျိုးသမီးများ သတိထားသင့်သည့် မိန်းမကိုယ် အနီကွက်ထခြင်းနဲ့ ယားယံခြင်း
မိန်းမကိုယ် ယားယံတာက အမျိုးသမီး တော်တော်များများမှာ ဖြစ်လေ့ရှိပြီးတော့ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ယားယံတာပဲ ဖြစ်ပါတယ်။ ဒါဟာ ပိုပိုပြီး ဆိုးလာနိုင်တဲ့အတွက် သတိတော့ ထားသင့်ပါတယ်။
ဟော်မုန်းများ
ပိုးကူးစက်ခြင်း
Zombie (Lovemedia)
Post a Comment
0 Comments