တစ်ခါတုန်းကပေါ့.. ကံကို အားကိုတဲ့ ငါးရယ် ၊ ဉာဏ်ကို အားကိုးတဲ့ ငါးရယ် ၊ ဝီရိယကို အားကိုးတဲ့ ငါးလေး သုံးကောင် ရှိခဲ့တယ် ။ တစ်နေ့တော့ သူတို့သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့ တံငါသည်ရဲ့ ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေပေါ်ကို ရောက်သွားခဲ့ ပါတယ် ။
ကံ ကို အားကိုးတဲ့ ငါးလေးပြောတာက..
" တကယ်လိုကွာ ငါသာ သေဖို့ကံ ပါမလာခဲ့ဘူး ဆိုရင် ဒီတံငါသည်ရဲ့ လက်ထဲက လွတ်မှာဘဲကွ " ဟု ဆိုကာ အေးအေးဆေးဆေး အိပ်စက်နေ ခဲ့တယ် ။
ဝီရိယကို အားကိုးတဲ့ ငါးလေးကတော့..
" ဟ.. ဒီကောင်တော့ခက်ပီ ။ ကိုယ်တိုင်က ကြိုးစား အားထုတ်မှု မရှိရင် လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ မရောက်ဘူးကွ ။ ငါတော့ ဒီက လွတ်အောင် ကြိုးစားမယ် " ဟုဆိုကာ တံငါသည် လှေထဲကနေ " ဖလပ် " ဖလပ် " နဲ့ အကြိမ်ကြိမ် ခုန်ထွက်ဖို့ ကြိုးစားနေ ပါတယ် ။
အကြိမ်ဖန် များစွာ ခုန်ထွက်ဖို့ ကြိုးစားနေတာကို တံငါသည် သတိပြုမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့ ရိုက်သတ်ခြင်း ခံလိုက်ရ ပါတယ်။ အဲ့ဒီအချိန်မှာ ဉာဏ်ကို အားကိုးတဲ့ ငါးလေး ကတော့ အခွင့်ခါသင့် အချိန်ကို စောင့်နေခဲ့ ပါတယ် ။
ခဏကြာတော့ လေပြင်းတစ်ချက် တိုက်ခတ်ပြီး လှိုင်းတချက် ပုတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ ပါတယ် ။ အဲဒီအချိန် ဉာဏ်ကို အားကိုးတဲ့ ငါးလေးက " ဟာ အခွင်ရေးဘဲ " ဆိုပြီး တစ်ချက်ဘဲ ခုန်လိုက်ရပြီး အသက်သေဘေးမှ လွတ် မြောက်သွားခဲ့ရ ပါတယ် ။
တံငါသည်လည်း ငါးတစ်ကောင် လွတ်သွားတာကို သတိပြုမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာမို့ ချက်ခြင်းဘဲ ကံကို အားကိုးတဲ့ ငါးကို ရိုက်သတ်လိုက် ပါတယ် ။
ရည်မှန်းချက်တွေ အောင်မြင်ဖို့ " ကံ နဲ့ ဝိရိယ " ရှိနေခဲ့ ရုံနဲ့ မရဘဲ " ကံ ၊ ဉာဏ် ၊ ဝိရိယ " သုံးခုစလုံးကို သေချာ ပိုင်နိုင်စွာ အသုံးချနိုင်မှသာလျင် လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်လိမ့်လို့ ရည်ညွန်းထားခဲ့ခြင်းဖြစ်ပါတယ် ။
Crd
for zawgyi
ကံရယ္ ၊ ဥာဏ္ရယ္ ၊ ဝီရိယရယ္
တစ္ခါတုန္းကေပါ့.. ကံကို အားကိုတဲ့ ငါးရယ္ ၊ ဥာဏ္ကို အားကိုးတဲ့ ငါးရယ္ ၊ ဝီရိယကို အားကိုးတဲ့ ငါးေလး သုံးေကာင္ ရွိခဲ့တယ္ ။ တစ္ေန႔ေတာ့ သူတို႔သုံးေကာင္ ပင္လယ္ထဲမွာ ေပ်ာ္ျမဴးရင္းနဲ႔ တံငါသည္ရဲ႕ ပိုက္ကြန္ထဲကို တိုးဝင္မိၿပီး တံငါရဲ႕ ေလွေပၚကို ေရာက္သြားခဲ့ ပါတယ္ ။
ကံ ကို အားကိုးတဲ့ ငါးေလးေျပာတာက..
" တကယ္လိုကြာ ငါသာ ေသဖို႔ကံ ပါမလာခဲ့ဘူး ဆိုရင္ ဒီတံငါသည္ရဲ႕ လက္ထဲက လြတ္မွာဘဲကြ " ဟု ဆိုကာ ေအးေအးေဆးေဆး အိပ္စက္ေန ခဲ့တယ္ ။
ဝီရိယကို အားကိုးတဲ့ ငါးေလးကေတာ့..
" ဟ.. ဒီေကာင္ေတာ့ခက္ပီ ။ ကိုယ္တိုင္က ႀကိဳးစား အားထုတ္မႈ မရွိရင္ လိုခ်င္တဲ့ ပန္းတိုင္ကို ဘယ္ေတာ့မွ မေရာက္ဘူးကြ ။ ငါေတာ့ ဒီက လြတ္ေအာင္ ႀကိဳးစားမယ္ " ဟုဆိုကာ တံငါသည္ ေလွထဲကေန " ဖလပ္ " ဖလပ္ " နဲ႔ အႀကိမ္ႀကိမ္ ခုန္ထြက္ဖို႔ ႀကိဳးစားေန ပါတယ္ ။
အႀကိမ္ဖန္ မ်ားစြာ ခုန္ထြက္ဖို႔ ႀကိဳးစားေနတာကို တံငါသည္ သတိျပဳမိသြားေတာ့ ခ်က္ခ်င္းဘဲ ေလွာ္တက္နဲ႔ ႐ိုက္သတ္ျခင္း ခံလိုက္ရ ပါတယ္။ အဲ့ဒီအခ်ိန္မွာ ဉာဏ္ကို အားကိုးတဲ့ ငါးေလး ကေတာ့ အခြင့္ခါသင့္ အခ်ိန္ကို ေစာင့္ေနခဲ့ ပါတယ္ ။
ခဏၾကာေတာ့ ေလျပင္းတစ္ခ်က္ တိုက္ခတ္ၿပီး လႈိင္းတခ်က္ ပုတ္တာေၾကာင့္ ေလွဟာ အနည္းငယ္ ေစာင္းသြားခဲ့ ပါတယ္ ။ အဲဒီအခ်ိန္ ဉာဏ္ကို အားကိုးတဲ့ ငါးေလးက " ဟာ အခြင္ေရးဘဲ " ဆိုၿပီး တစ္ခ်က္ဘဲ ခုန္လိုက္ရၿပီး အသက္ေသေဘးမွ လြတ္ ေျမာက္သြားခဲ့ရ ပါတယ္ ။
တံငါသည္လည္း ငါးတစ္ေကာင္ လြတ္သြားတာကို သတိျပဳမိၿပီး က်န္ေနတဲ့ ငါးတစ္ေကာင္လဲ လြတ္မွာ စိုးရိမ္တာမို႔ ခ်က္ျခင္းဘဲ ကံကို အားကိုးတဲ့ ငါးကို ႐ိုက္သတ္လိုက္ ပါတယ္ ။
ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ " ကံ နဲ႔ ဝိရိယ " ရွိေနခဲ့ ႐ုံနဲ႔ မရဘဲ " ကံ ၊ ဥာဏ္ ၊ ဝိရိယ " သုံးခုစလုံးကို ေသခ်ာ ပိုင္ႏိုင္စြာ အသုံးခ်ႏိုင္မွသာလ်င္ လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ႏိုင္လိမ့္လို႔ ရည္ၫြန္းထားခဲ့ျခင္းျဖစ္ပါတယ္ ။
Crd
0 Comments