ဖျောက်မရတဲ့ ဗီဇ

တခါတုန်းက ကင်းမြီးကောက်လေး တစ်ကောင်ဟာ သူနေတဲ့ ကျွန်းကလေး တခုကနေ မြစ်ရဲ့ တဖက်ကမ်းမှာရှိတဲ့ နောက်ကျွန်းတခုကို သွားချင်နေတယ်။ ဒါပေမဲ့ ကင်မြီးကောက်ဟာ ရေမကူးတတ်လို့ မြစ်ကိုဖြတ်ဖို့ရာ အခက်အခဲ တွေ့နေတယ်။

ဒါနဲ့ မြစ်ကမ်းဘေးမှာ လျှောက်သွားရင်း ဒီမြစ်ကို ဘယ်လို ကူးရပါ့လို့ အကြံထုတ်နေတုန်း.. ရုတ်တရက် မြစ်ရေစပ်မှာ ရေစိမ်နေတဲ့ ဖားတစ်ကောင်ကို တွေ့လိုက်လို့ သွားစကားပြော ကြည့်လိုက်တယ်။

" ဗျို့.. ကိုရွှေဖါးရေ.. ခင်များ အားနေရင် ကျနော့်ကို ခင်ဗျားရဲ့ ကျောပေါ်တင်ပြီး ဟိုဖက်ကမ်းကို ပို့ပေးပါလား ၊ ကျေးဇူး မမေ့ပါဘူးဗျာ "

" ဟာ.. အဲ့လိုတော့ ဘယ်ဖြစ်မလဲ ။ မင်းကို ကျောပိုးသွားတဲ့အခါ ငါ့ကိုမင်းရဲ့ အဆိပ်ရှိတဲ့ အစွယ်နဲ့ ထိုးလိုက်ရင် ငါရေနစ် သေသွားမှာပေါ့ "

" အာ.. ကိုရွှေဖါးရယ် ခင်ဗျားကို ကျနော်က အစွယ်နဲ့ ထိုးပါ့မလားဗျာ။ ကျနော့်ကို ဟိုဖက်ကမ်း ပို့ပေးတဲ့ ကျေးဇူးရှင်ကို လုပ်ရက်ပါ့မလား ။ နောက်ပြီး ခင်ဗျားကို အစွယ်နဲ့ ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်း ရေနစ်သေမှာပဲလေ။ ကျနော် ရေမကူးတတ်ဖူး ဆိုတာ ခင်ဗျားလည်း သိပါတယ်ဗျာ "

အဲ့ဒါနဲ့ ဖားလည်း စဉ်းစားတယ်။ ကင်းမြီးကောက် ပြောတာလဲ ဟုတ်ပေသားပဲ။ သူ့ကိုယ်သူ ရေနစ်အသေခံပြီးတော့ ငါ့ကိုအစွယ်နဲ့ ထိုးစရာ အကြောင်း မရှိဘူးလေ။ အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကို ပို့ပေးမယ်လို့ သဘောတူလိုက်တယ်။

ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကို ရေအပေါ် ပေါ်အောင် ကြိုးစားပြီး မြစ်ကို စတင်ဖြတ်ကူးပါတော့တယ်။

မြစ်လယ်လောက်ရောက်တော့ ဖားဟာ သူ့ကျောမှာ စူးခနဲ တချက် ခံစားလိုက်ရတယ်။ အဲ့ဒါနဲ့ နောက်ကို အသာလှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေ ဆွဲနှုတ်နေလိုက်တာ တွေ့ရတယ်။ ဖားလည်း နာကျင်တဲ့ ဝေဒနာခံစားရင်း ပြောလိုက်တယ်။

"ဟာ.. ကင်းမြီးကောက်ရယ်.. မင်း ဘယ်လိုလုပ်လိုက်တာလဲ။ မင်းပဲ စောစောက ပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့ မထိုးဘူးလို့။ အခုငါ့မှာ အဆိပ်တက်နေပြီ။ ငါရေနစ်ပြီးသေရင် မင်းလည်း ရေနစ်သေမှာ မကြောက်ဖူးလား "

အဲ့ဒီအခါ ကင်းမြီကောက်က ဘာပြန်ပြောသလဲ ဆိုတော့..

" ခင်ဗျားသေရင် ကျနော်လည်း ရေနစ်သေမှာ သိပါတယ်။ ဒါပေမဲ့ တခြားသတ္တဝါ တစ်ကောင်ကိုတွေ့ရင် အစွယ်နဲ့ထိုးတတ်တဲ့ ကျနော့်ရဲ့ဗီဇကို ဖျောက်မရလို့ပါဗျာ "

နောက်ဆုံးမှာတော့ ဖားရော ကင်းမြီးကောက်ရော ၂ ကောင်စလုံး မြစ်ရေထဲ နစ်မြုပ် သေဆုံးသွား ကြပါတော့တယ်။ ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ ပုံပြင်လေးပါ။

လူတွေရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ ပုံပြင်ပါ။ သနားလို့ ကူညီပေမဲ့လည်း အဲဒီလို ဗီဇမဖျောက်နိုင်တဲ့ လူနဲ့တွေ့ရင် ကူညီသူပါ ဒုက္ခရာက်တတ်တယ် ဆိုတဲ့ သတိပေး သင်ခန်းစာလေးပါ။

ဗန်းမော်သိန်းဖေ

for zawgyi

ေဖ်ာက္မရတဲ့ ဗီဇ

တခါတုန္းက ကင္းၿမီးေကာက္ေလး တစ္ေကာင္ဟာ သူေနတဲ့ ကြၽန္းကေလး တခုကေန ျမစ္ရဲ႕ တဖက္ကမ္းမွာရွိတဲ့ ေနာက္ကြၽန္းတခုကို သြားခ်င္ေနတယ္။ ဒါေပမဲ့ ကင္ၿမီးေကာက္ဟာ ေရမကူးတတ္လို႔ ျမစ္ကိုျဖတ္ဖို႔ရာ အခက္အခဲ ေတြ႕ေနတယ္။

ဒါနဲ႔ ျမစ္ကမ္းေဘးမွာ ေလွ်ာက္သြားရင္း ဒီျမစ္ကို ဘယ္လို ကူးရပါ့လို႔ အႀကံထုတ္ေနတုန္း.. ႐ုတ္တရက္ ျမစ္ေရစပ္မွာ ေရစိမ္ေနတဲ့ ဖားတစ္ေကာင္ကို ေတြ႕လိုက္လို႔ သြားစကားေျပာ ၾကည့္လိုက္တယ္။

" ဗ်ိဳ႕.. ကိုေ႐ႊဖါးေရ.. ခင္မ်ား အားေနရင္ က်ေနာ့္ကို ခင္ဗ်ားရဲ႕ေက်ာေပၚတင္ၿပီး ဟိုဖက္ကမ္းကို ပို႔ေပးပါလား ၊ ေက်းဇူး မေမ့ပါဘူးဗ်ာ "

" ဟာ.. အဲ့လိုေတာ့ ဘယ္ျဖစ္မလဲ ။ မင္းကို ေက်ာပိုးသြားတဲ့အခါ ငါ့ကိုမင္းရဲ႕အဆိပ္ရွိတဲ့ အစြယ္နဲ႔ ထိုးလိုက္ရင္ ငါေရနစ္ ေသသြားမွာေပါ့ "

" အာ.. ကိုေ႐ႊဖါးရယ္ ခင္ဗ်ားကို က်ေနာ္က အစြယ္နဲ႔ ထိုးပါ့မလားဗ်ာ။ က်ေနာ့္ကို ဟိုဖက္ကမ္း ပို႔ေပးတဲ့ ေက်းဇူးရွင္ကို လုပ္ရက္ပါ့မလား ။ ေနာက္ၿပီး ခင္ဗ်ားကို အစြယ္နဲ႔ ထိုးလိုက္လို႔ ခင္ဗ်ားေရနစ္ရင္ က်ေနာ္လည္း ေရနစ္ေသမွာပဲေလ။ က်ေနာ္ ေရမကူးတတ္ဖူး ဆိုတာ ခင္ဗ်ားလည္း သိပါတယ္ဗ်ာ "

အဲ့ဒါနဲ႔ ဖားလည္း စဥ္းစားတယ္။ ကင္းၿမီးေကာက္ ေျပာတာလဲ ဟုတ္ေပသားပဲ။ သူ႔ကိုယ္သူ ေရနစ္အေသခံၿပီးေတာ့ ငါ့ကိုအစြယ္နဲ႔ ထိုးစရာ အေၾကာင္း မရွိဘူးေလ။ အဲဒီေတာ့ ဖားလည္း ဟိုဖက္ကမ္းကို ပို႔ေပးမယ္လို႔ သေဘာတူလိုက္တယ္။

ဒါနဲ႔ ဖားဟာ ကင္းၿမီးေကာက္ကို ေက်ာေပၚတင္လို႔ ေရစီးသန္တဲ့ျမစ္မွာ သူ႔ကိုယ္ကို ေရအေပၚ ေပၚေအာင္ ႀကိဳးစားၿပီး ျမစ္ကို စတင္ျဖတ္ကူးပါေတာ့တယ္။

ျမစ္လယ္ေလာက္ေရာက္ေတာ့ ဖားဟာ သူ႔ေက်ာမွာ စူးခနဲ တခ်က္ ခံစားလိုက္ရတယ္။ အဲ့ဒါနဲ႔ ေနာက္ကို အသာလွည့္ၾကည့္လိုက္ေတာ့ ကင္းၿမီးေကာက္ဟာ အစြယ္ကို သူ႔ရဲ႕ေနာက္ေက်ာကေန ဆြဲႏႈတ္ေနလိုက္တာ ေတြ႕ရတယ္။ ဖားလည္း နာက်င္တဲ့ ေဝဒနာခံစားရင္း ေျပာလိုက္တယ္။

"ဟာ.. ကင္းၿမီးေကာက္ရယ္.. မင္း ဘယ္လိုလုပ္လိုက္တာလဲ။ မင္းပဲ ေစာေစာက ေျပာတယ္ေလ။ ငါ့ကိုအစြယ္နဲ႔ မထိုးဘူးလို႔။ အခုငါ့မွာ အဆိပ္တက္ေနၿပီ။ ငါေရနစ္ၿပီးေသရင္ မင္းလည္း ေရနစ္ေသမွာ မေၾကာက္ဖူးလား "

အဲ့ဒီအခါ ကင္းၿမီေကာက္က ဘာျပန္ေျပာသလဲ ဆိုေတာ့..

" ခင္ဗ်ားေသရင္ က်ေနာ္လည္း ေရနစ္ေသမွာ သိပါတယ္။ ဒါေပမဲ့ တျခားသတၱဝါ တစ္ေကာင္ကိုေတြ႕ရင္ အစြယ္နဲ႔ထိုးတတ္တဲ့ က်ေနာ့္ရဲ႕ဗီဇကို ေဖ်ာက္မရလို႔ပါဗ်ာ "

ေနာက္ဆုံးမွာေတာ့ ဖားေရာ ကင္းၿမီးေကာက္ေရာ ၂ ေကာင္စလုံး ျမစ္ေရထဲ နစ္ျမဳပ္ ေသဆုံးသြား ၾကပါေတာ့တယ္။ ဒီပုံျပင္ေလးဟာ ႏိုင္ငံျခားမွာ အလြန္နာမည္ႀကီးတဲ့ ပုံျပင္ေလးပါ။

လူေတြရဲ႕အက်င့္စာရိတၱနဲ႔ ပတ္သက္တဲ့ လူႀကီးေတြကို အသိပညာေပးတဲ့ ပုံျပင္ပါ။ သနားလို႔ ကူညီေပမဲ့လည္း အဲဒီလို ဗီဇမေဖ်ာက္ႏိုင္တဲ့ လူနဲ႔ေတြ႕ရင္ ကူညီသူပါ ဒုကၡရာက္တတ္တယ္ ဆိုတဲ့ သတိေပး သင္ခန္းစာေလးပါ။

ဗန္းေမာ္သိန္းေဖ

Post a Comment

0 Comments