ဖားကလေးကပေးတဲ့ သင်ခန်းစာ

တခါတုန်းက ဖားငယ်လေး တကောင်ဟာ ဘုန်းတော်ကြီးကျောင်းနဲ့ မနီး မဝေးမှာ နေထိုင်ပါတယ် ။ တနေ့မှာ ဖားကလေးဟာ ဘုန်းကြီးတွေ ဆွမ်းခံကြွပြီး ပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်းနဲ့ အတွေးတခု ဝင်လာတယ် ။

" အင်း.. ငါသာ ဘုန်းကြီး ဖြစ်ရင် သိပ်ကောင်းမှာပဲ " ။ အလုပ် ဆိုလို့ ထွေထွေထူးထူး လုပ်စရာ မလိုပဲ မိုးလင်း လမ်းလျှောက် ထွက်ရုံမျှနဲ့ တဝမ်းစာကို ပူပင်စရာ မလိုပဲ နေကြရတာကို တွေးပြီး အားကျ နေမိတယ် ။

ဆွမ်းဘုန်းပေး အပြီး ဘုန်ကြီးကျောင်းသားတွေကို မြင်ပြန်တော့ ကိုရွှေဖားက အတွေးပြောင်း ပြန်တယ် ။ ဘုန်းကြီးတွေလို အစောကြီး ထစရာ မလိုပဲ အချိန်တန်လျှင် ထ စားရတဲ့ ဘုန်းကြီးကျောင်းသား တွေကို အားကျနေ မိပြန်တယ် ။

ဘုန်ကြီးကျောင်းသားတွေ စားလို့ မကုန်တဲ့ ထမင်းဟင်း တွေကို ကျောင်းစောင့် ခွေးများကို ကျွေးတာ မြင်တော့လည်း ရှေ့နည်းတူ ကိုရွှေဖားက ခုံတလုံးမှ သိမ်းစရာ မလို ပန်းကန် တလုံးမှ ဆေးစရာ မလိုပဲ စားနေရတဲ့ ခွေးတွေကို အားကျမိ ပြန်တယ် ။

ခွေးတွေ စားပြီး မကုန်တဲ့ အရိုးအကပ်တွေကို လာစားတဲ့ ယင်ကောင်တွေ မြင်မိပြန် တော့လည်း သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ ခွေးလောက်တောင် မပင်ပန်းပဲ စားရတဲ့ အဖြစ်ကို အားကျနေ ပြန်တယ် ။

ဒီလို အားကျ နေတဲ့အခိုက်မှာ အရိုးနားက ယင်တစ်ကောင် ဖားနားသို့ ပျံ၍ ဖြတ်သန်း မိရာ ဖားတို့ရဲ့ သဘာဝအတိုင်း လျှာထုတ်၍ ပစ်ဖမ်းပြီး စားမိကာ မှ ကိုရွှေဖားလည်း အသိတရား ဝင်လာတော့တယ်.. ။

သူဆိုတာ ငါမဟုတ် ငါဆိုတာလည်း သူမဟုတ် သူ့အလုပ်နဲ့သူ သူ့နေရာနှင့်သူ သူဒုက္ခနဲ့ သူ ။ သူ့ကို အားကျနေသမျှ ငါလည်း အစာ ဝမည်မဟုတ် ။

လူအများစုက ကိုယ့်အလုပ်ကိုယ် လုပ်ကြပေမယ့် ကိုယ့်ထက်သာ သူတွေကို အားကျ မိတတ် ကြတယ်။ အဲသလို အားကျမှု တွေကြောင့်လည်း ကိုယ်လုပ်သမျှ မအောင်မြင်ပဲ ဆုံးရူံးတတ် ကြတယ်.. ။

လူတစ်ဦး တယောက်စီမှာ အားကျ စရာတွေ ရှိသလို စိတ်ပျက်စရာ ဒုက္ခတွေကလည်း ကိုယ်စီ နဲ့ပါ။ သူတပါးကို အားကျ၍ ကိုယ် ဝမ်းဝမည် မဟုတ်သလို .. ကိုယ်လုပ်မှ ကိုယ်စား ကိုယ်ရုန်းမှ ကိုယ်လွတ်မယ့် ဒုက္ခ အခက်ခဲ ကြားမှာ ကိုယ့်ဘဝ ကိုယ့်စတိုင်နဲ့ မယိုင်မလဲ တပြိုင်တည်း မြဲမြဲ လျှောက်နိုင်မှ သာလျှင် ကိုယ့်ဘဝက သာယာနိုင်မှာ ပါလေ ။

Crd

for zawgyi

ဖားကေလးကေပးတဲ့ သင္ခန္းစာ

တခါတုန္းက ဖားငယ္ေလး တေကာင္ဟာ ဘုန္းေတာ္ႀကီးေက်ာင္းနဲ႔ မနီး မေဝးမွာ ေနထိုင္ပါတယ္ ။ တေန႔မွာ ဖားကေလးဟာ ဘုန္းႀကီးေတြ ဆြမ္းခံၾကြၿပီး ျပန္အလာ ဆြမ္းဘုန္းေပးတာကို ၾကည့္ရင္းနဲ႔ အေတြးတခု ဝင္လာတယ္ ။

" အင္း.. ငါသာ ဘုန္းႀကီး ျဖစ္ရင္ သိပ္ေကာင္းမွာပဲ " ။ အလုပ္ ဆိုလို႔ ေထြေထြထူးထူး လုပ္စရာ မလိုပဲ မိုးလင္း လမ္းေလၽွာက္ ထြက္ရုံမၽွနဲ႔ တဝမ္းစာကို ပူပင္စရာ မလိုပဲ ေနၾကရတာကို ေတြးၿပီး အားက် ေနမိတယ္ ။

ဆြမ္းဘုန္းေပး အၿပီး ဘုန္ႀကီးေက်ာင္းသားေတြကို ျမင္ျပန္ေတာ့ ကိုေရႊဖားက အေတြးေျပာင္း ျပန္တယ္ ။ ဘုန္းႀကီးေတြလို အေစာႀကီး ထစရာ မလိုပဲ အခ်ိန္တန္လၽွင္ ထ စားရတဲ့ ဘုန္းႀကီးေက်ာင္းသား ေတြကို အားက်ေန မိျပန္တယ္ ။

ဘုန္ႀကီးေက်ာင္းသားေတြ စားလို႔ မကုန္တဲ့ ထမင္းဟင္း ေတြကို ေက်ာင္းေစာင့္ ေခြးမ်ားကို ေကၽြးတာ ျမင္ေတာ့လည္း ေရွ႕နည္းတူ ကိုေရႊဖားက ခုံတလုံးမွ သိမ္းစရာ မလို ပန္းကန္ တလုံးမွ ေဆးစရာ မလိုပဲ စားေနရတဲ့ ေခြးေတြကို အားက်မိ ျပန္တယ္ ။

ေခြးေတြ စားၿပီး မကုန္တဲ့ အရိုးအကပ္ေတြကို လာစားတဲ့ ယင္ေကာင္ေတြ ျမင္မိျပန္ ေတာ့လည္း သူတို႔ေတြက ေက်ာင္းေစာင့္ၿပီး ေဟာင္ေနရတဲ့ ေခြးေလာက္ေတာင္ မပင္ပန္းပဲ စားရတဲ့ အျဖစ္ကို အားက်ေန ျပန္တယ္ ။

ဒီလို အားက် ေနတဲ့အခိုက္မွာ အရိုးနားက ယင္တစ္ေကာင္ ဖားနားသို႔ ပ်ံ၍ ျဖတ္သန္း မိရာ ဖားတို႔ရဲ႕ သဘာဝအတိုင္း လၽွာထုတ္၍ ပစ္ဖမ္းၿပီး စားမိကာ မွ ကိုေရႊဖားလည္း အသိတရား ဝင္လာေတာ့တယ္.. ။

သူဆိုတာ ငါမဟုတ္ ငါဆိုတာလည္း သူမဟုတ္ သူ႔အလုပ္နဲ႔သူ သူ႔ေနရာႏွင့္သူ သူဒုကၡနဲ႔ သူ ။ သူ႕ကို အားက်ေနသမၽွ ငါလည္း အစာ ဝမည္မဟုတ္ ။

လူအမ်ားစုက ကိုယ့္အလုပ္ကိုယ္ လုပ္ၾကေပမယ့္ ကိုယ့္ထက္သာ သူေတြကို အားက် မိတတ္ ၾကတယ္။ အဲသလို အားက်မႈ ေတြေၾကာင့္လည္း ကိုယ္လုပ္သမၽွ မေအာင္ျမင္ပဲ ဆုံးရူံးတတ္ ၾကတယ္.. ။

လူတစ္ဦး တေယာက္စီမွာ အားက် စရာေတြ ရွိသလို စိတ္ပ်က္စရာ ဒုကၡေတြကလည္း ကိုယ္စီ နဲ႔ပါ။ သူတပါးကို အားက်၍ ကိုယ္ ဝမ္းဝမည္ မဟုတ္သလို .. ကိုယ္လုပ္မွ ကိုယ္စား ကိုယ္ရုန္းမွ ကိုယ္လြတ္မယ့္ ဒုကၡ အခက္ခဲ ၾကားမွာ ကိုယ့္ဘဝ ကိုယ့္စတိုင္နဲ႔ မယိုင္မလဲ တၿပိဳင္တည္း ျမဲျမဲ ေလၽွာက္ႏိုင္မွ သာလၽွင္ ကိုယ့္ဘဝက သာယာႏိုင္မွာ ပါေလ ။

Crd

Post a Comment

0 Comments