စကားကြီး ၄ ခွန်း ပုံပြင်

ရှေးရှေးတုန်းက တိုင်းပြည် တစ်ပြည်မှာ အုပ်ချုပ် နေတဲ့ ဘုရင်ကြီး တစ်ပါးဟာ တစ်နေ့မှာ သူဆင်းရဲတစ်ယောက် အယောင်ဆောင် ရုပ်ဖျက်ပြီး တိုင်းပြည်ရဲ့ အခြေအနေ လေ့လာဖို့ မင်းနေပြည်က တိတ်တဆိတ် ထွက်ခဲ့ပါတယ်။ သူ ပထမဦးဆုံး ရောက်ခဲ့တဲ့ နေရာက အလွန်ဆင်းရဲတဲ့ အဖိုးအို လင်မယားနေတဲ့ တဲအိမ် အစုတ်ကလေး ဆီကိုပါ။

အဖိုးအိုတို့ လင်မယားဟာ ပင်ပန်း ဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုး လုပ်ကိုင် စားသောက် နေရတာကို အယောင်ဆောင် ဘုရင်ကြီး တွေ့ခဲ့ရပါတယ်။ အဲ့ဒီမှာ တစ်ညအိပ် တည်းဖို့ ခွင့်တောင်းတော့ အဖိုးအို လင်မယားက ခွင့်ပြုပြီး လိုလေသေး မရှိအောင် ရှိတာလေးနဲ့ ဧည့်ခံ ကျွေးမွေးကြပါတယ်။ လူဆင်းရဲပေမယ့် စေတနာ မဆင်းရဲတဲ့ အဖိုးအိုတို့ လင်မယားကို အယောင်ဆောင် ဘုရင်ကြီးက စိတ်ထဲကြိတ်ပြီး ကျေးဇူး တင်နေမိတာပေါ့။

ညကျတော့ အိပ်ယာ မဝင်ခင် အတူထိုင် စကားစမြီ ပြောကြတဲ့ အခါ ဘုရင်ကြီးက..

" အဖိုးတို့မှာ စားမယ့် သောက်မယ့် လူလဲ မရှိဘဲ ဘာလို့ ဒီလောက် ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေ လုပ်နေ ရတာလဲ.. ဒီအရွယ် ဆိုတာ သားထောက် သမီးခံ အလုပ် လွှဲထားပြီး ဘုရားသွား ကျောင်းတက် လုပ်နေရမှာ မဟုတ်လော " ဟုပြောပါတယ်။ ဒီအခါ အဖိုးအိုက ဒီလိုပြန်ပြီး ပြောတယ်..

" အမောင်ပြောတာ ဟုတ်တော့လဲ ဟုတ်ပါရဲ့။ ဒါပေမယ့် သားသမီး ဆိုတာလဲ သူ့မီးနဲ့ သူ့အပူ ဖြစ်နေကြတာကလား.. ကျုပ်တို့မှာလဲ ကိုယ်စားဖို့တင်မက ခိုးမှူးကြီးလဲ ပေးရသေးတယ်။ အာဂန္တု ဧည့်သည်ကိုလဲ ကျွေးရတယ်။ သမုဒ္ဒရာ ထဲလဲ ပစ်ချနေရသေးတယ်။ ရန်သူကိုလဲ ရှာဖွေကျွေးမွေး နေရပါတယ် "

အဖိုးအိုရဲ့ စကားက ဘုရင်ကြီးအတွက် ထူးဆန်းနေပါတယ်။ အဓိပ္ပါယ်ကိုလဲ သဘောမပေါက်တာကြောင့် အဖိုးအိုကို ပြန်မေးမိ တော့တယ်။

" အဖိုးစကားရဲ့ အဓိပ္ပါယ်ကို တဆိတ်လောက် ရှင်းပြပါလား ခင်ဗျာ.. "

ဒီအခါ အဖိုးအိုက အဓိပ္ပါယ်ကို ရှင်းပြပါတယ်။

" ဒီလိုပါ အမောင်.. ခိုးမှူးကြီးကို ပေးရတယ် ဆိုတာက တိုင်းပြည်ကို ဓားပြ သူခိုး ရန်သူမျိုးတွေရဲ့ ရန်က ကာကွယ် ပေးထားတဲ့ ဘုရင်မင်းမြတ် တို့အား အခွန်ဘဏ္ဍာ ဆက်သပေးနေရတယ် လို့ ဖြစ်ပါတယ် "

" ဘုရင်ကို ဘာလို့ ခိုးမှူးကြီး ဆိုရပါသလဲ အဖိုး "

" ကျုပ်တို့တတွေ နဖူးကချွေး ခြေမကျအောင် ရှာဖွေထားရတဲ့ ဥစ္စာတွေကို သူခိုး ဓားပြ လက်ထဲ မပါရအောင် ကာကွယ် ထိန်းသိမ်း ပေးနိုင်စွမ်း ရှိလို့ ခိုးသူတို့ရဲ့ အကြီးအမှူးလို့ ဆိုလိုတာပါ "

ဘုရင်ကြီးဟာ အဖိုးအိုရဲ့ အဖြေကို သဘောကျ နှစ်ခြိုက် သွားပါတယ်။ ဒါနဲ့ နောက်ထပ် စကားတစ်ခွန်းကို ထပ်မေး ပြန်ပါတယ်။

" အာဂန္တု ဧည့်သည်ကို ကျွေးမွေးရတယ် ဆိုတာကရော ဘယ်လို အဓိပ္ပါယ် ပါလိမ့်ဗျာ "

" လောကမှာ မိဘက ကျွေးမွေး စောင့်ရှောက် ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့ ဧည့်သည်တွေ ပါဘဲ အမောင်..အချိန်တန် အရွယ်ရောက်တဲ့ အခါ သူတို့လမ်း သူတို့ လျှောက်ကြတာဘဲ မဟုတ်လား ။ ဒါကြောင့် သူတို့ကို အာဂန္တု့လို့ ဆိုရတာပါ မောင် "

ဒီစကားကိုလဲ ဘုရင်ကြီး သဘောကျပြန် ပါတယ်။ နောက်ထပ်စကား အဓိပ္ပါယ်ကိုလဲ ထပ်မေးလိုက် ပြန်တယ် ။

" သမုဒ္ဒရာထဲလဲ ချရတယ် ဆိုတာကရော ဘာအဓိပ္ပါယ် ပါလဲအဖိုး "

" ဒါက ဒီလိုပါ... ချောင်းမြစ် အသွယ်သွယ်တို့က လာတဲ့ ရေ မှန်သမျှဟာ ပင်လယ် သမုဒ္ဒရာထဲ စီးဝင်ကြပေမဲ့ ပြည့်ရိုး ထုံးစံ မရှိသလိုဘဲ တနေ့ တနေ့ ကျုပ်တို့စားသမျှ အားလုံး ဝမ်းခေါင်းထဲမှာ ပြည့်တယ်လို့ မရှိတာ အမောင် အသိဘဲ မဟုတ်လား.. ဒါကြောင့် သမုဒ္ဒရာထဲ ပစ်ထဲ့ရတယ် ဆိုတာ ရှာဖွေ ရသမျှ ကျုပ်တို့ အသက်ရှင် သန်ဖို့ ဒီဝမ်းခေါင်းထဲ အစာစားပြီး ဖြည့်ထဲ့နေရတယ် လို့ ဆိုလိုတာပါဘဲ "

" ဒါဆို နောက်ဆုံး စကား ရန်သူကို ရှာဖွေ ကျွေးမွေး နေရတယ် ဆိုကရော.."

" ဒါက ပိုအရေး ကြီးပါတယ် အမောင်။ ကိုယ်က ချစ်ကြင်လို့ ပေါင်းသင်း နေထိုင်နေတဲ့ ဇနီးမယားဟာ ကိုယ့်ရဲ့ ရန်သူပါဘဲ.. "

" အလို ဒီစကားကတော့ အဆန်းပါလား ရှင်းပြပေးပါဦး အဖိုးရဲ့ "

" စိတ်တူ ကိုယ်တူ ဆိုပြီး ကိုယ်က ချစ်ခင် ပေါင်းသင်း နေပေမဲ့ ကိုယ့်ရဲ့ အသက် စည်းစိမ်ကို အများဆုံး ဒုက္ခပေးနိုင်ချေ ရှိတာ ဒီဇနီးမယားပါဘဲ အမောင်။ ဒီစကားကတော့ အရေးကြုံလာတဲ့ အခါမှ အမောင် သိပါလိမ့်မယ်။ အခုကတော့ ရန်သူကိုလဲ ရှာဖွေ ကျွေးမွေး နေတယ်ဘဲ မှတ်သားလိုက်ပါ အမောင် "

နောက်ဆုံး စကားကို ဘဝင်မကျ ပေမယ့် မှတ်သားလောက်စရာပေမို့ လက်ခံလိုက်ပြီး သူဟာ ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုးအိုလင်မယားဟာ ပြူးပြူး ပြဲပြဲ ဖြစ်သွားပါတော့တယ်...။

" မကြောက်ကြပါနဲ့အဖိုး.. တစ်ခုတော့ ပြောပါရစေ အခု အဖိုးပြောတဲ့ စကားကြီး လေးခွန်းကိုတော့ ဘယ်သူကိုမှ မပြောမိစေဖို့ မှာခဲ့ပါရစေ။ တကယ်လို့ ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာကို သဘောပေါက်စေချင်တယ်.."

( ငိုးမဘုရင် ပညာလည်း ပေးရသေးတယ်)

" မပေါက်ကြားစေဖို့ ဂတိ ပေးပါတယ် မင်းကြီး"

ဤသို့ဖြင့် ဘုရင်ကြီးလဲ နန်းတွင်း ပြန်သွားပြီး နောက်တစ်နေ့ ညီလာခံတွင် အဖိုးအို ပြောဆိုခဲ့သော စကားကြီး လေးခွန်းကို မှူးမတ်တွေကို ပြောဆို မေးခွန်း ထုတ်ပြီး အဓိပ္ပါယ်ကို မေးမြန်း ပါတော့တယ် ။

မှူးမတ်တွေ အားလုံး မဖြေဆိုနိုင် ကြပါဘူး။ ဒီတော့ ဘုရင်ကြီးက ဖြေဆိုဖို့ အချိန် ခုနစ်ရက် ပေးလိုက်ပါတယ် ။ မှူးမတ်တွေ အားလုံး အကြပ် ရိုက်နေချိန်မှာ လူလည် အမတ် တစ်ယောက်ကတော့ ဘုရင်ကြီး ခရီးထွက်ပြီး ပြန်လာမှ ဒီစကား လေးခွန်းကို မေးတာ ဆိုတော့ အကြောင်း ရှိရမယ်လို့ စဉ်းစားပြီး ဘုရင်ကြီး သွားခဲ့တဲ့ လမ်းကြောင်းကို စုံစမ်းပြီး ရှာဖွေရာက အဖိုးအို လင်မယား ရှိရာကို ရောက်သွား ပါတော့တယ်။

အမတ်လည်ဟာ အဖိုးအိုကို တံစိုး လက်ဆောင်ပေးပြီး စကားလေးခွန်းကို မေးပေမယ့် အဖိုးအိုဟာ လုံးဝ မပြောပါဘူး။ နောက်ဆုံး အဖိုးအိုရဲ့ ဇနီး ဖွားအိုကို အသပြာငွေ ၁၀၀၀ ပေးပြီး မေးတဲ့အခါ ဖွားအိုက ငွေကို ယူပြီး စကားလေးခွန်း အဓိပ္ပါယ်ကို ဖွင့်ဟ ပြောကြား လိုက်ပါတယ်။

ဒါနဲ့ ရက်ချိန်း ခုနစ်ရက် ပြည့်လို့ ညီလာခံ ပြန်ဝင်တဲ့အခါ ဘုရင်ကြီးကို ဘယ်သူမှ အဖြေမပေးနိုင် ကြပေမယ့် လူလည်အမတ် ကတော့ ခပ်ကြွားကြွားလေး ဖြေနိုင် လိုက်ပါတယ်။ ဒါပေမယ့် ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ ဖြေနိုင်တာ မဟုတ်ဘူးဆိုတာ သိနေတော့ မှန်မှန်မပြောရင် သေဒဏ်ပေးမယ် ဘယ်လို သိလာတာလဲဆိုတာ မှန်မှန်ပြောဆိုပြီး အကြပ်ကိုင် မေးတော့မှ အဖိုးအို လင်မယားဆီက သိလာတာလို့ အမှန် အတိုင်း ပြောပါတော့တယ်။

ဘုရင်ကြီးဟာ အဖိုးအို လင်မယားကို အမျက်မာန်ရှပြီး ရှေ့တော် ဆင့်ခေါ် လိုက်ပါတယ်။ ရှေ့တော် ရောက်တဲ့အခါ...

" အဖိုး.. ပေးခဲ့တဲ့ ဂတိကို ဖျက်ပြီး ဘာလို့ တားမြစ်ချက်ကို လွန်ဆန် ရတာလဲ.. သေဒဏ် ပေးခံရမှာကို မကြောက်ဖူးလား "

" မင်းကြီး.. ကျွန်တော်မျိုးဟာ ဆင်းရဲ နုံခြာပေမယ့် ဂတိတစ်လုံးကို အသက်ထက် ကာကွယ်ပါတယ်... ကျွန်တော်မျိုး၏ ဇနီး ပြောကြားခြင်းသာ ဖြစ်ပါတယ်။ အသပြာငွေ ၁၀၀၀ အတွက် ကျွန်တော်မျိုး၏ အသက်ကို ရောင်းစားသည့် ဇနီးသည်ဟာ အနီးဆုံး ရန်သူ ဖြစ်ကြောင်း မင်းကြီး ဒီလောက်ဆို သဘောပေါက် နားလည်ပြီလို့ ယုံကြည်ပါတယ်.. "

ဒီတော့မှ ဘုရင်ကြီးဟာ စိတ်ထဲ ဘဝင်မကျခဲ့တဲ့ နောက်ဆုံး စကားရဲ့ အဓိပ္ပါယ်ကို နားလည် လက်ခံသွားပြီး သူဆင်းရဲ အဖိုးအို လင်မယားကို ဆုလာဘ်များ ပေးသနားလိုက် ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါဘဲဗျာ..

(မိန်းမတွေကို သတိထားဗျို့ )

Crd

for zawgyi

စကားႀကီး ၄ ခြန္း ပုံျပင္

ေရွးေရွးတုန္းက တိုင္းျပည္ တစ္ျပည္မွာ အုပ္ခ်ဳပ္ ေနတဲ့ ဘုရင္ႀကီး တစ္ပါးဟာ တစ္ေန႔မွာ သူဆင္းရဲတစ္ေယာက္ အေယာင္ေဆာင္ ႐ုပ္ဖ်က္ၿပီး တိုင္းျပည္ရဲ႕ အေျခအေန ေလ့လာဖို႔ မင္းေနျပည္က တိတ္တဆိတ္ ထြက္ခဲ့ပါတယ္။ သူ ပထမဦးဆုံး ေရာက္ခဲ့တဲ့ ေနရာက အလြန္ဆင္းရဲတဲ့ အဖိုးအို လင္မယားေနတဲ့ တဲအိမ္ အစုတ္ကေလး ဆီကိုပါ။

အဖိုးအိုတို႔ လင္မယားဟာ ပင္ပန္း ဆင္းရဲစြာနဲ႔ ယာခင္းထဲမွာ စိုက္ပ်ိဳး လုပ္ကိုင္ စားေသာက္ ေနရတာကို အေယာင္ေဆာင္ ဘုရင္ႀကီး ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီမွာ တစ္ညအိပ္ တည္းဖို႔ ခြင့္ေတာင္းေတာ့ အဖိုးအို လင္မယားက ခြင့္ျပဳၿပီး လိုေလေသး မရွိေအာင္ ရွိတာေလးနဲ႔ ဧည့္ခံ ေကြၽးေမြးၾကပါတယ္။ လူဆင္းရဲေပမယ့္ ေစတနာ မဆင္းရဲတဲ့ အဖိုးအိုတို႔ လင္မယားကို အေယာင္ေဆာင္ ဘုရင္ႀကီးက စိတ္ထဲႀကိတ္ၿပီး ေက်းဇူး တင္ေနမိတာေပါ့။

ညက်ေတာ့ အိပ္ယာ မဝင္ခင္ အတူထိုင္ စကားစၿမီ ေျပာၾကတဲ့ အခါ ဘုရင္ႀကီးက..

" အဖိုးတို႔မွာ စားမယ့္ ေသာက္မယ့္ လူလဲ မရွိဘဲ ဘာလို႔ ဒီေလာက္ ပင္ပင္ပန္းပန္းနဲ႔ အလုပ္ေတြ လုပ္ေန ရတာလဲ.. ဒီအ႐ြယ္ ဆိုတာ သားေထာက္ သမီးခံ အလုပ္ လႊဲထားၿပီး ဘုရားသြား ေက်ာင္းတက္ လုပ္ေနရမွာ မဟုတ္ေလာ " ဟုေျပာပါတယ္။ ဒီအခါ အဖိုးအိုက ဒီလိုျပန္ၿပီး ေျပာတယ္..

" အေမာင္ေျပာတာ ဟုတ္ေတာ့လဲ ဟုတ္ပါရဲ႕။ ဒါေပမယ့္ သားသမီး ဆိုတာလဲ သူ႔မီးနဲ႔ သူ႔အပူ ျဖစ္ေနၾကတာကလား.. က်ဳပ္တို႔မွာလဲ ကိုယ္စားဖို႔တင္မက ခိုးမႉးႀကီးလဲ ေပးရေသးတယ္။ အာဂႏၲဳ ဧည့္သည္ကိုလဲ ေကြၽးရတယ္။သမုဒၵရာ ထဲလဲ ပစ္ခ်ေနရေသးတယ္။ ရန္သူကိုလဲ ရွာေဖြေကြၽးေမြး ေနရပါတယ္ "

အဖိုးအိုရဲ႕ စကားက ဘုရင္ႀကီးအတြက္ ထူးဆန္းေနပါတယ္။ အဓိပၸါယ္ကိုလဲ သေဘာမေပါက္တာေၾကာင့္ အဖိုးအိုကို ျပန္ေမးမိ ေတာ့တယ္။

" အဖိုးစကားရဲ႕ အဓိပၸါယ္ကို တဆိတ္ေလာက္ ရွင္းျပပါလား ခင္ဗ်ာ.. "

ဒီအခါ အဖိုးအိုက အဓိပၸါယ္ကို ရွင္းျပပါတယ္။

" ဒီလိုပါ အေမာင္.. ခိုးမွဴးႀကီးကို ေပးရတယ္ ဆိုတာက တိုင္းျပည္ကို ဓားျပ သူခိုး ရန္သူမ်ိဳးေတြရဲ႕ ရန္က ကာကြယ္ ေပးထားတဲ့ ဘုရင္မင္းျမတ္ တို႔အား အခြန္ဘ႑ာ ဆက္သေပးေနရတယ္ လို႔ ျဖစ္ပါတယ္ "

" ဘုရင္ကို ဘာလို႔ ခိုးမွဴးႀကီး ဆိုရပါသလဲ အဖိုး "

" က်ဳပ္တို႔တေတြ နဖူးကေခြၽး ေျခမက်ေအာင္ ရွာေဖြထားရတဲ့ ဥစၥာေတြကို သူခိုး ဓားျပ လက္ထဲ မပါရေအာင္ ကာကြယ္ ထိန္းသိမ္း ေပးႏိုင္စြမ္း ရွိလို႔ ခိုးသူတို႔ရဲ႕ အႀကီးအမွဴးလို႔ ဆိုလိုတာပါ "

ဘုရင္ႀကီးဟာ အဖိုးအိုရဲ႕ အေျဖကို သေဘာက် ႏွစ္ၿခိဳက္ သြားပါတယ္။ ဒါနဲ႔ ေနာက္ထပ္ စကားတစ္ခြန္းကို ထပ္ေမး ျပန္ပါတယ္။

" အာဂႏၲဳ ဧည့္သည္ကို ေကြၽးေမြးရတယ္ ဆိုတာကေရာ ဘယ္လို အဓိပၸါယ္ ပါလိမ့္ဗ်ာ "

" ေလာကမွာ မိဘက ေကြၽးေမြး ေစာင့္ေရွာက္ ခဲ့ရတဲ့ သားသမီးဆိုတာ တကယ္ေတာ့ ဧည့္သည္ေတြ ပါဘဲ အေမာင္..အခ်ိန္တန္ အ႐ြယ္ေရာက္တဲ့ အခါ သူတို႔လမ္း သူတို႔ ေလွ်ာက္ၾကတာဘဲ မဟုတ္လား ။ ဒါေၾကာင့္ သူတို႔ကို အာဂႏၲဳ့လို႔ ဆိုရတာပါ ေမာင္ "

ဒီစကားကိုလဲ ဘုရင္ႀကီး သေဘာက်ျပန္ ပါတယ္။ ေနာက္ထပ္စကား အဓိပၸါယ္ကိုလဲ ထပ္ေမးလိုက္ ျပန္တယ္ ။

" သမုဒၵရာထဲလဲ ခ်ရတယ္ ဆိုတာကေရာ ဘာအဓိပၸါယ္ ပါလဲအဖိုး "

" ဒါက ဒီလိုပါ... ေခ်ာင္းျမစ္ အသြယ္သြယ္တို႔က လာတဲ့ ေရ မွန္သမွ်ဟာ ပင္လယ္ သမုဒၵရာထဲ စီးဝင္ၾကေပမဲ့ ျပည့္႐ိုး ထုံးစံ မရွိသလိုဘဲ တေန႔ တေန႔ က်ဳပ္တို႔စားသမွ် အားလုံး ဝမ္းေခါင္းထဲမွာ ျပည့္တယ္လို႔ မရွိတာ အေမာင္ အသိဘဲ မဟုတ္လား.. ဒါေၾကာင့္ သမုဒၵရာထဲ ပစ္ထဲ့ရတယ္ ဆိုတာ ရွာေဖြ ရသမွ် က်ဳပ္တို႔ အသက္ရွင္ သန္ဖို႔ ဒီဝမ္းေခါင္းထဲ အစာစားၿပီး ျဖည့္ထဲ့ေနရတယ္ လို႔ ဆိုလိုတာပါဘဲ "

" ဒါဆို ေနာက္ဆုံး စကား ရန္သူကို ရွာေဖြ ေကြၽးေမြး ေနရတယ္ ဆိုကေရာ.."

" ဒါက ပိုအေရး ႀကီးပါတယ္ အေမာင္။ ကိုယ္က ခ်စ္ၾကင္လို႔ ေပါင္းသင္း ေနထိုင္ေနတဲ့ ဇနီးမယားဟာ ကိုယ့္ရဲ႕ ရန္သူပါဘဲ.. "

" အလို ဒီစကားကေတာ့ အဆန္းပါလား ရွင္းျပေပးပါဦး အဖိုးရဲ႕ "

" စိတ္တူ ကိုယ္တူ ဆိုၿပီး ကိုယ္က ခ်စ္ခင္ ေပါင္းသင္း ေနေပမဲ့ ကိုယ့္ရဲ႕ အသက္ စည္းစိမ္ကို အမ်ားဆုံး ဒုကၡေပးႏိုင္ေခ် ရွိတာ ဒီဇနီးမယားပါဘဲ အေမာင္။ ဒီစကားကေတာ့ အေရးႀကဳံလာတဲ့ အခါမွ အေမာင္ သိပါလိမ့္မယ္။ အခုကေတာ့ ရန္သူကိုလဲ ရွာေဖြ ေကြၽးေမြး ေနတယ္ဘဲ မွတ္သားလိုက္ပါ အေမာင္ "

ေနာက္ဆုံး စကားကို ဘဝင္မက် ေပမယ့္ မွတ္သားေလာက္စရာေပမို႔ လက္ခံလိုက္ၿပီး သူဟာ ဘုရင္ျဖစ္ေၾကာင္း ေျပာဆိုလိုက္ေတာ့ အဖိုးအိုလင္မယားဟာ ျပဴးျပဴး ၿပဲၿပဲ ျဖစ္သြားပါေတာ့တယ္...။

" မေၾကာက္ၾကပါနဲ႔အဖိုး.. တစ္ခုေတာ့ ေျပာပါရေစ အခု အဖိုးေျပာတဲ့ စကားႀကီး ေလးခြန္းကိုေတာ့ ဘယ္သူကိုမွ မေျပာမိေစဖို႔ မွာခဲ့ပါရေစ။ တကယ္လို႔ ေပါက္ၾကားခဲ့ရင္ ေသဒဏ္သင့္မွာကို သေဘာေပါက္ေစခ်င္တယ္.."

( ငိုးမဘုရင္ ပညာလည္း ေပးရေသးတယ္)

" မေပါက္ၾကားေစဖို႔ ဂတိ ေပးပါတယ္ မင္းႀကီး"

ဤသို႔ျဖင့္ ဘုရင္ႀကီးလဲ နန္းတြင္း ျပန္သြားၿပီး ေနာက္တစ္ေန႔ ညီလာခံတြင္ အဖိုးအို ေျပာဆိုခဲ့ေသာ စကားႀကီး ေလးခြန္းကို မွဴးမတ္ေတြကို ေျပာဆို ေမးခြန္း ထုတ္ၿပီး အဓိပၸါယ္ကို ေမးျမန္း ပါေတာ့တယ္ ။

မွဴးမတ္ေတြ အားလုံး မေျဖဆိုႏိုင္ ၾကပါဘူး။ ဒီေတာ့ ဘုရင္ႀကီးက ေျဖဆိုဖို႔ အခ်ိန္ ခုနစ္ရက္ ေပးလိုက္ပါတယ္ ။ မႉးမတ္ေတြ အားလုံး အၾကပ္ ႐ိုက္ေနခ်ိန္မွာ လူလည္ အမတ္ တစ္ေယာက္ကေတာ့ ဘုရင္ႀကီး ခရီးထြက္ၿပီး ျပန္လာမွ ဒီစကား ေလးခြန္းကို ေမးတာ ဆိုေတာ့ အေၾကာင္း ရွိရမယ္လို႔ စဥ္းစားၿပီး ဘုရင္ႀကီး သြားခဲ့တဲ့ လမ္းေၾကာင္းကို စုံစမ္းၿပီး ရွာေဖြရာက အဖိုးအို လင္မယား ရွိရာကို ေရာက္သြား ပါေတာ့တယ္။

အမတ္လည္ဟာ အဖိုးအိုကို တံစိုး လက္ေဆာင္ေပးၿပီး စကားေလးခြန္းကို ေမးေပမယ့္ အဖိုးအိုဟာ လုံးဝ မေျပာပါဘူး။ ေနာက္ဆုံး အဖိုးအိုရဲ႕ ဇနီး ဖြားအိုကို အသျပာေငြ ၁၀၀၀ ေပးၿပီး ေမးတဲ့အခါ ဖြားအိုက ေငြကို ယူၿပီး စကားေလးခြန္း အဓိပၸါယ္ကို ဖြင့္ဟ ေျပာၾကား လိုက္ပါတယ္။

ဒါနဲ႔ ရက္ခ်ိန္း ခုနစ္ရက္ ျပည့္လို႔ ညီလာခံ ျပန္ဝင္တဲ့အခါ ဘုရင္ႀကီးကို ဘယ္သူမွ အေျဖမေပးႏိုင္ ၾကေပမယ့္ လူလည္အမတ္ ကေတာ့ ခပ္ႂကြားႂကြားေလး ေျဖႏိုင္ လိုက္ပါတယ္။ ဒါေပမယ့္ ဘုရင္ႀကီးက သူ႔အစြမ္းအစနဲ႔ ေျဖႏိုင္တာ မဟုတ္ဘူးဆိုတာ သိေနေတာ့ မွန္မွန္မေျပာရင္ ေသဒဏ္ေပးမယ္ ဘယ္လို သိလာတာလဲဆိုတာ မွန္မွန္ေျပာဆိုၿပီး အၾကပ္ကိုင္ ေမးေတာ့မွ အဖိုးအို လင္မယားဆီက သိလာတာလို႔ အမွန္ အတိုင္း ေျပာပါေတာ့တယ္။

ဘုရင္ႀကီးဟာ အဖိုးအို လင္မယားကို အမ်က္မာန္ရွၿပီး ေရွ႕ေတာ္ ဆင့္ေခၚ လိုက္ပါတယ္။ ေရွ႕ေတာ္ ေရာက္တဲ့အခါ...

" အဖိုး.. ေပးခဲ့တဲ့ ဂတိကို ဖ်က္ၿပီး ဘာလို႔ တားျမစ္ခ်က္ကို လြန္ဆန္ ရတာလဲ.. ေသဒဏ္ ေပးခံရမွာကို မေၾကာက္ဖူးလား "

" မင္းႀကီး.. ကြၽန္ေတာ္မ်ိဳးဟာ ဆင္းရဲ ႏုံျခာေပမယ့္ ဂတိတစ္လုံးကို အသက္ထက္ ကာကြယ္ပါတယ္... ကြၽန္ေတာ္မ်ိဳး၏ ဇနီး ေျပာၾကားျခင္းသာ ျဖစ္ပါတယ္။ အသျပာေငြ ၁၀၀၀ အတြက္ ကြၽန္ေတာ္မ်ိဳး၏ အသက္ကို ေရာင္းစားသည့္ ဇနီးသည္ဟာ အနီးဆုံး ရန္သူ ျဖစ္ေၾကာင္း မင္းႀကီး ဒီေလာက္ဆို သေဘာေပါက္ နားလည္ၿပီလို႔ ယုံၾကည္ပါတယ္.. "

ဒီေတာ့မွ ဘုရင္ႀကီးဟာ စိတ္ထဲ ဘဝင္မက်ခဲ့တဲ့ ေနာက္ဆုံး စကားရဲ႕ အဓိပၸါယ္ကို နားလည္ လက္ခံသြားၿပီး သူဆင္းရဲ အဖိုးအို လင္မယားကို ဆုလာဘ္မ်ား ေပးသနားလိုက္ ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒါပါဘဲဗ်ာ..

(မိန္းမေတြကို သတိထားဗ်ိဳ႕ )

Crd

Post a Comment

0 Comments