နဖူးက အရေးအကြောင်းတွေကို နည်းပါးသွားစေမယ့် သဘာဝနည်းလမ်း (၅) မျိုး

အသက်အရွယ်၊ မျိုးရိုး၊ မျက်နှာအမူအရာ၊ နေရောင်ခြည် ထိတွေ့မှုစတဲ့ အကြောင်းအရာတွေကြောင့် နဖူးမှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။ နဖူးက အရေးအကြောင်းတွေကို လုံးဝပျောက်သွားအောင် လုပ်လို့မရပေမယ့် လျော့ပါးသ့ားအောင် လို့ သဘာဝနည်းလမ်းတွေနဲ့ လုပ်လို့ရပါတယ်။

၁။ ငှက်ပျောသီး

ငှက်ပျောသီးက အသားအရေကို တင်းရင်းလှပစေတဲ့ လျှို့ဝှက်ချက် တစ်ခုပါ။ ငှက်ပျောသီးမှာ ဗီတာမင်နဲ့ သဘာဝအဆီတွေ ပါဝင်တာကြောင့် အသားအရေ ကျန်းမာရေး ကောင်းလာစေပါတယ်။ ငှက်ပျောသီးကို အနှစ်ရအောင် လုပ်ပြီး နှဖူးပေါ်မှာ လိမ်းပါ။ ပြီးရင် ၁၅ မိနစ်ကနေ မိနစ်၂၀ ကြာအောင် ထားပါ။ ပြီးရင်တော့ ရေဆေးချလို့ ရပါပြီ။ တစ်ပတ်ကို သုံးကြိမ်ခန့် လုပ်ပေးတဲ့အခါ နဖူးပေါ်က အရေးအကြောင်းတွေ နည်းလာပြီး ချောမွေ့နေတာကို တွေ့ရမှာပါ။

၂။ ရှောက်သီး၊ သံပုရာသီး

ရှောက်သီး၊ သံပုရာသီးတွေမှာ ဗီတာမင် E နဲ့ C ပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေပါတယ်။ ရှောက်သီး၊ သံပုရာသီးတွေကို အကွင်းလိုက် လှီးပြီး နဖူးပေါ်မှာ ၁၀ မိနစ်ကြာ တင်ထားပါ။ ဒါက အလွယ်ကူဆုံး သဘာဝ mask ပါပဲ။ နောက်တစ်နည်းကတော့ သံပုရာရည်နဲ့ ဂျုံကိုရောပြီး ရလာတဲ့အနှစ်ကို နဖူးပေါ်မှာ ၂၀ မိနစ်ကြာ လိမ်းထားပါ။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးချလိုက်ပါ။

၃။ သဘာဝအဆီများ

အုန်းဆီနဲ့ သံလွင်ဆီက အရေပြားကို တင်းရင်းပြီး ရေဓါတ်ဖြည့် ပေးပါတယ်။ ခြောက်သွေ့နေတဲ့ အသားအရေမှာ အရေးအကြောင်းတွေကို ပိုမြင်ရပါတယ်။ အဲဒါကြောင့် အိပ်ရာမဝင်ခင်မှာ အုန်းဆီ သို့မဟုတ် သံလွင်ဆီကို နဖူးပေါ်မှာ သုတ်လိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ အုန်းဆီနဲ့ သံလွင်ဆီကို ရောလိမ်းလည်း ရပါတယ်။

၄။ ကြက်ဥအကာ

ကြက်ဥအကာထဲကို ပျားရည်ထည့်ပြီး နဖူးပေါ်လိမ်းပေးတဲ့အခါ အရေးအကြောင်း ပါလာရုံတင် မကပါဘူး။ အသားအရေကိုပါ ဝင်းလာစေပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ကြက်ဥအကာ တစ်လုံးကို ရောမွှေပြီး နဖူးပေါ်မှာ လိမ်းပါ။ ၁၅ မိနစ်ကြာရင်တော့ ရေအေးနဲ့ ဆေးလိုက်လို့ ရပါပြီ။

၅။ နဖူးလေ့ကျင့်ခန်း

နဖူးကို လေ့ကျင့်ခန်း လုပ်ပေးတဲ့အခါ အရေးအကြောင်းတွေ နည်းလာရုံမက မျက်ခွံပိကျလာတာကိုလည်း သက်သာစေပါတယ်။

- မျက်လုံးပေါ်မှာ လက်ကို C ပုံစံဖြစ်အောင်ထားပါ။

- C ပုံစံအနေအထားမှာ မျက်လုံးကို ၅ စက္ကန့်ကြာ ပြူးထားပါ။ မျက်ခုံးကို လက်ညိုးနဲ့ ပင့်တင်ထားပါ။

- ပြီးရင် မျက်လုံးကို မှေးလိုက်၊ ပိတ်လိုက် ၅ ကြိမ်လုပ်ပါ။ ၅ စက္ကန့်နားပြီး နောက်ထပ် ၂ ကြိမ်ခန့် ပြုလုပ်လို့ ရပါတယ်။

Zombie (Lovemedia)

for zawgyi



၁။ ငှက်ပျောသီး


၂။ ရှောက်သီး၊ သံပုရာသီး


၃။ သဘာဝအဆီများ


၎။ ကြက်ဥအကာ


၅။ နဖူးလေ့ကျင့်ခန်း





Zombie (Lovemedia)

Post a Comment

0 Comments