ခြာလပတ် ရမ်းနေတယ်

လူတစ်ယောက်ဟာ လေပူပေါင်းကြီး စီးပြီး ကောင်းကင်ထဲ ပျံနေရာကနေ သူဘယ်ကို ရောက်နေမှန်း မသိတော့တာနဲ့ လေလျှော့ပီး ၊ အောက်ကို ဆင်းဖို့ လုပ်နေချိန်မှာ အမျိုးသမီး တယောက်ကို လှမ်းတွေ့လိုက်ရ သတဲ့ ။ အဲ့ဒါနဲ့..

" အမ ၊ အခု ကျနော် ဘယ်နေရာ ရောက်နေတယ် ဆိုတာ ပြောပြနိုင်မလား ။ ကျနော့် မိတ်ဆွေ တယောက်နဲ့ တနာရီအတွင်း တွေ့ဖို့ ကတိပေးထားတာလည်း ရှိနေလို့ပါ "

" ရှင်အခု ရောက်နေတာက လေပူပေါင်းကြီး အပေါ်မှာပါ။ မြေပြင်ကနေ ကိုက် ၂၀ လောက် မြင့်တယ် ။ လတ္တီကျု ၄၀ ၊ ၄၁ ကြား ၊ လောင်ဂျီကျု ၅၄ ၊ ၅၅ ကြားမှာ ရှိနေပါတယ် " လို့ အမျိုးသမီးက လှမ်းဖြေတယ် ။

" အမက အင်ဂျင်နီယာ ဖြစ်ရမယ် "

" ဟုတ်ပါတယ်.. ဒါနဲ့ ရှင်က ဘာဖြစ်လို့ ဒီလို ပြောနိုင်ရတာလဲ "

" အမရဲ့ ဖြေပုံက နည်းပညာ အားဖြင့် အမှားအယွင်းမရှိ ကွက်တိပါပဲ။ ဒါပေမဲ့ ကျနော့်အတွက် ဘာမှ အသုံးမဝင်ဘူး ဖြစ်နေတယ် "

ထိုအခါ အမျိုးသမီးကလည်း..

" ရှင်ကလည်း အစိုးရအဖွဲ့ထဲက ရာထူးကြီးကြီး ရထားတဲ့လူပဲ ဖြစ်ရမယ် "

" မှန်ပါတယ်.. ဒါနဲ့ အမက ဘာလို့ အဲ့ဒီလို ပြောနိုင်ရတာလဲ "

" ဒါက လွယ်ပါတယ်.. "

" တစ်.. ရှင်က ကိုယ် ဘယ်နေရာကို ရောက်နေတယ် ၊ ဘယ်ကို ဦးတည်နေတယ် ဆိုတာကို မသိဘူး။ အမှန်က ရှင်ဘယ်မှ မရောက်သေးဘူး.. လေပူပေါင်းကြီး အရှိန်နဲ့သာ အထက်နည်းနည်း မြင့်တဲ့ နေရာ ရောက်နေတာ ။ "

" နှစ်.. ဘယ်လို တည်ရမှန်း မသိတဲ့ ကတိတခုကို အလွယ်တကူ ပေးခဲ့တယ် ။ "

" သုံး.. ရှင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင့်အောက်က လူတွေ ဖြေရှင်းပေးလိမ့်မယ် လို့ ရှင်က ယုံကြည်နေတယ် ။ "

" တကယ်တော့ ရှင် ဘယ်ကိုမှ မရောက်သေးဘူး.. ဒီနားမှာပဲ ခြာလပတ် ယမ်းနေတာ "

The world joke book

for zawgyi

ျခာလပတ္ ရမ္းေနတယ္

လူတစ္ေယာက္ဟာ ေလပူေပါင္းႀကီး စီးၿပီး ေကာင္းကင္ထဲ ပ်ံေနရာကေန သူဘယ္ကို ေရာက္ေနမွန္း မသိေတာ့တာနဲ႔ ေလေလွ်ာ့ပီး ၊ ေအာက္ကို ဆင္းဖို႔ လုပ္ေနခ်ိန္မွာ အမ်ိဳးသမီး တေယာက္ကို လွမ္းေတြ႕လိုက္ရ သတဲ့ ။ အဲ့ဒါနဲ႔..

" အမ ၊ အခု က်ေနာ္ ဘယ္ေနရာ ေရာက္ေနတယ္ ဆိုတာ ေျပာျပႏိုင္မလား ။ က်ေနာ့္ မိတ္ေဆြ တေယာက္နဲ႔ တနာရီအတြင္း ေတြ႕ဖို႔ ကတိေပးထားတာလည္း ရွိေနလို႔ပါ "

" ရွင္အခု ေရာက္ေနတာက ေလပူေပါင္းႀကီး အေပၚမွာပါ။ ေျမျပင္ကေန ကိုက္ ၂၀ ေလာက္ ျမင့္တယ္ ။ လတၱီက်ဳ ၄၀ ၊ ၄၁ ၾကား ၊ ေလာင္ဂ်ီက်ဳ ၅၄ ၊ ၅၅ ၾကားမွာ ရွိေနပါတယ္ " လို႔ အမ်ိဳးသမီးက လွမ္းေျဖတယ္ ။

" အမက အင္ဂ်င္နီယာ ျဖစ္ရမယ္ "

" ဟုတ္ပါတယ္.. ဒါနဲ႔ ရွင္က ဘာျဖစ္လို႔ ဒီလို ေျပာႏိုင္ရတာလဲ "

" အမရဲ႕ ေျဖပုံက နည္းပညာ အားျဖင့္ အမွားအယြင္းမရွိ ကြက္တိပါပဲ။ ဒါေပမဲ့ က်ေနာ့္အတြက္ ဘာမွ အသုံးမဝင္ဘူး ျဖစ္ေနတယ္ "

ထိုအခါ အမ်ိဳးသမီးကလည္း..

" ရွင္ကလည္း အစိုးရအဖြဲ႕ထဲက ရာထူးႀကီးႀကီး ရထားတဲ့လူပဲ ျဖစ္ရမယ္ "

" မွန္ပါတယ္.. ဒါနဲ႔ အမက ဘာလို႔ အဲ့ဒီလို ေျပာႏိုင္ရတာလဲ "

" ဒါက လြယ္ပါတယ္.. "

" တစ္.. ရွင္က ကိုယ္ ဘယ္ေနရာကို ေရာက္ေနတယ္ ၊ ဘယ္ကို ဦးတည္ေနတယ္ ဆိုတာကို မသိဘူး။ အမွန္က ရွင္ဘယ္မွ မေရာက္ေသးဘူး.. ေလပူေပါင္းႀကီး အရွိန္နဲ႔သာ အထက္နည္းနည္း ျမင့္တဲ့ ေနရာ ေရာက္ေနတာ ။ "

" ႏွစ္.. ဘယ္လို တည္ရမွန္း မသိတဲ့ ကတိတခုကို အလြယ္တကူ ေပးခဲ့တယ္ ။ "

" သုံး.. ရွင္ႀကဳံေတြ႕ေနရတဲ့ အခက္အခဲကို ရွင့္ေအာက္က လူေတြ ေျဖရွင္းေပးလိမ့္မယ္ လို႔ ရွင္က ယုံၾကည္ေနတယ္ ။ "

" တကယ္ေတာ့ ရွင္ ဘယ္ကိုမွ မေရာက္ေသးဘူး.. ဒီနားမွာပဲ ျခာလပတ္ ယမ္းေနတာ "

The world joke book

Post a Comment

0 Comments