အိမ်မှာ ယင်ကောင်တွေပေါလို့ စိတ်အနှောင့်အယှက်ဖြစ်ရင် ဒီနည်းလမ်း (၅) မျိုးကို သုံးကြည့်ပါ

အိမ်ထဲကို ယင်ကောင်တွေ ဝင်လာနေတတ်တာက စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ ယင်ကောင်တွေက အိမ်အနှံ့ လျှောက်သွားနေရင်တော့ မောင်းထုတ်မှ အဆင်ပြေပါလိမ့်မယ်။ ယင်ကောင်တွေက ရောဂါများစွာကို သယ်ဆောင်တဲ့ အကောင်ဖြစ်တာကြောင့် အန္တရာယ် များပါတယ်။

၁။ စီးကပ်စီးကပ် ယင်ကောင် ထောင်ခြောက်က ယင်ကောင်တွေကို ဖယ်ရှားနိုင်မယ့် အလွယ်ဆုံးနည်းပါ။

- ၅ စင်တီမီတာ အကျယ်၊ ၃၀ စင်တီမီတာ အရှည်ရှိတဲ့ စက္ကူကတ်ထူကို ဖြတ်ပါ။ စက္ကူကတ်ထူရဲ့ အစွန်းတစ်ဖက်စီမှာ အပေါက်ဖောက်ထားပြီး အဲဒီအပေါက်မှာ ကြိုးတပ်ထားပါ။

- သကြား၊ ပျားရည်၊ ရေတို့ကို မီးဖိုပေါ်တင်ပြီး ဆူပွက်လာတဲ့အထိ မွှေပါ။ ပြီးရင် မီးဖိုပေါ်ကနေ ချပြီး မိနစ်အနည်းငယ် ကြာအောင် အအေးခံ ထားပါ။ ရလာတဲ့ အရည်ကို စက္ကူကတ်ထူမှာ နှစ်ဖက်လုံး နေရာအနှံ့ သုတ်လိမ်းပြီး နာရီအနည်းငယ်ကြာအောင် အခြောက်ခံပါ။

- ပြီးရင် အဲဒီစက္ကူကတ်ထူကို ယင်ကောင်များတဲ့ နေရာမှာ ချိတ်ဆွဲထားပါ။ စက္ကူမှာ ယင်ကောင်တွေ လာကပ်နေတာကို တွေ့ရပါလိမ့်မယ်။

၂။ ကတ်ကြေးကို အသုံးပြုပြီး ပလက်စတစ်ဘူး ထိပ်ပိုင်းကို ဖြတ်ပါ။ ဖြတ်ထားတဲ့ ပလက်စတစ်ဘူး ထိပ်ပိုင်းကို ဘူးထဲမှာ ဇောက်ထိုးပြန်ထည့်လိုက်ပါ။

- အဲဒီနောက် ပလက်စတစ်ဘူးထဲကို ဆိုဒါထည့်ပါ။ ဘူးအနေအထားကြောင့် ယင်ကောင်တွေ ပြန်ထွက်လို့ မရတော့ပါဘူး။

- ဆိုဒါမရှိရင် အချို၊ ပုပ်သိုးနေတဲ့ မုန့်တွေကို ထည့်ထားလို့ ရပါတယ်။

၃။ သံပုရာသီးကို နှစ်ခြမ်း ခြမ်းလိုက်ပါ။ သံပုရာသီးခြမ်းထဲကို လေးညှင်းပွင့်တွေ စိုက်ထည့်ပါ။

အဲဒီသံပုရာခြမ်းကို ယင်ကောင်ပေါတဲ့ နေရာမှာ ထားပါ။ ယင်ကောင်က သံပုရာနဲ့ လေးညှင်း ပေါင်းစပ်ထားတဲ့ အနံ့ကို ကြောက်ပြီး ထွက်ပြေးသွားပါတယ်။

၄။ ပန်းကန်တစ်လုံးထဲကို ရှာလကာရည်၊ ရေ၊ သကြား၊ ဆပ်ပြာရည်စောထည့်ပါ။

သေချာမွှေပြီး အဲဒီပန်းကန်ကို ယင်ကောင်များတဲ့ နေရာမှာ ထားပါ။ ချိုတဲ့အရသာက ယင်ကောင်တွေကို ဆွဲဆောင်ပြီး သူတို့ ပန်းကန်ကို လာထိရင် မပျံသန်းနိုင်တော့ပါဘူး။ ရောထားတဲ့ အရည်ထဲကို isopropyl ရောမွှေပြီး spray အဖြစ် ဖြန်းလည်းရပါတယ်။

၅။ ယင်ကောင်ပြေးသော အပင်များ

လာဗင်ဒါ။ ပူစီနံ၊ ပင်စိမ်း၊ တောင်ကြာကလေး၊ ကြွေပန်း၊ စမုန်ဖြူ၊ ရို့စ်မေရီနဲ့ နှဲပန်းတွေကို စိုက်ထားရင် ယင်ကောင်တွေ မလာပါဘူး။ အဲဒီအပင်တွေကို ဝရန်တာ၊မီးဖိုချောင်၊ ပြူတင်းပေါက်တွေမှာ စိုက်ထားလို့ ရပါတယ်။

ယင်ကောင်တွေ အိမ်မှာ မရှိစေဖို့

- အဖုံးပါတဲ့ အမှိုက်ပုံးကို အသုံးပြုပါ။

- လမ်းဘေးအမှိုက်ပုံးကို အိမ်တံခါးပေါက်၊ ပြူတင်းပေါက်တို့နဲ့ ဝေးဝေးမှာ ထားပါ။

- ယင်ကောင်တွေ ဝင်မလာစေဖို့ ခြင်လုံဇကာ တပ်ပါ။

- အစားအစာတွေ မှောက်ကျသွားတာနဲ့ ချက်ချင်း သန့်ရှင်းရေး လုပ်သင့်ပါတယ်။

- ပုပ်သိုး အစားအစာတွေ ကြောင့်လည်း အိမ်မှာ ယင်ကောက်တွေ ပေါလာတတ်ပါတယ်။

Zombie (Lovemedia)

for zawgyi

အိမ္မွာ ယင္ေကာင္ေတြေပါလို႔ စိတ္အေႏွာင့္အယွက္ျဖစ္ရင္ ဒီနည္းလမ္း (၅) မ်ိဳးကို သုံးၾကည့္ပါ

အိမ္ထဲကို ယင္ေကာင္ေတြ ဝင္လာေနတတ္တာက စိတ္အေႏွာင့္အယွက္ ျဖစ္စရာပါ။ ယင္ေကာင္ေတြက အိမ္အႏွံ႔ ေလွ်ာက္သြားေနရင္ေတာ့ ေမာင္းထုတ္မွ အဆင္ေျပပါလိမ့္မယ္။ ယင္ေကာင္ေတြက ေရာဂါမ်ားစြာကို သယ္ေဆာင္တဲ့ အေကာင္ျဖစ္တာေၾကာင့္ အႏၲရာယ္မ်ားပါတယ္။

၁။ စီးကပ္စီးကပ္ ယင္ေကာင္ ေထာင္ေျခာက္က ယင္ေကာင္ေတြကို ဖယ္ရွားႏိုင္မယ့္ အလြယ္ဆုံးနည္းပါ။

- ၅ စင္တီမီတာ အက်ယ္၊ ၃၀ စင္တီမီတာ အရွည္ရွိတဲ့ စကၠဴကတ္ထူကို ျဖတ္ပါ။ စကၠဴကတ္ထူရဲ႕ အစြန္းတစ္ဖက္စီမွာ အေပါက္ေဖာက္ထားၿပီး အဲဒီအေပါက္မွာ ႀကိဳးတပ္ထားပါ။

- သၾကား၊ ပ်ားရည္၊ ေရတို႔ကို မီးဖိုေပၚတင္ၿပီး ဆူပြက္လာတဲ့အထိ ေမႊပါ။ ၿပီးရင္ မီးဖိုေပၚကေန ခ်ၿပီး မိနစ္အနည္းငယ္ ၾကာေအာင္ အေအးခံ ထားပါ။ ရလာတဲ့ အရည္ကို စကၠဴကတ္ထူမွာ ႏွစ္ဖက္လုံး ေနရာအႏွံ႔ သုတ္လိမ္းၿပီး နာရီအနည္းငယ္ၾကာေအာင္ အေျခာက္ခံပါ။

- ၿပီးရင္ အဲဒီစကၠဴကတ္ထူကို ယင္ေကာင္မ်ားတဲ့ ေနရာမွာ ခ်ိတ္ဆြဲထားပါ။ စကၠဴမွာ ယင္ေကာင္ေတြ လာကပ္ေနတာကို ေတြ႕ရပါလိမ့္မယ္။

၂။ ကတ္ေၾကးကို အသုံးျပဳၿပီး ပလက္စတစ္ဘူး ထိပ္ပိုင္းကို ျဖတ္ပါ။ ျဖတ္ထားတဲ့ ပလက္စတစ္ဘူး ထိပ္ပိုင္းကို ဘူးထဲမွာ ေဇာက္ထိုးျပန္ထည့္လိုက္ပါ။

- အဲဒီေနာက္ ပလက္စတစ္ဘူးထဲကို ဆိုဒါထည့္ပါ။ ဘူးအေနအထားေၾကာင့္ ယင္ေကာင္ေတြ ျပန္ထြက္လို႔ မရေတာ့ပါဘူး။

- ဆိုဒါမရွိရင္ အခ်ိဳ၊ ပုပ္သိုးေနတဲ့ မုန႔္ေတြကို ထည့္ထားလို႔ ရပါတယ္။

၃။ သံပုရာသီးကို ႏွစ္ျခမ္း ျခမ္းလိုက္ပါ။ သံပုရာသီးျခမ္းထဲကို ေလးညႇင္းပြင့္ေတြ စိုက္ထည့္ပါ။ အဲဒီသံပုရာျခမ္းကို ယင္ေကာင္ေပါတဲ့ ေနရာမွာ ထားပါ။ ယင္ေကာင္က သံပုရာနဲ႔ ေလးညႇင္း ေပါင္းစပ္ထားတဲ့ အနံ႔ကို ေၾကာက္ၿပီး ထြက္ေျပးသြားပါတယ္။

၄။ ပန္းကန္တစ္လုံးထဲကို ရွာလကာရည္၊ ေရ၊ သၾကား၊ ဆပ္ျပာရည္ေစာထည့္ပါ။ ေသခ်ာေမႊၿပီး အဲဒီပန္းကန္ကို ယင္ေကာင္မ်ားတဲ့ ေနရာမွာ ထားပါ။ ခ်ိဳတဲ့အရသာက ယင္ေကာင္ေတြကို ဆြဲေဆာင္ၿပီး သူတို႔ ပန္းကန္ကို လာထိရင္ မပ်ံသန္းႏိုင္ေတာ့ပါဘူး။ ေရာထားတဲ့ အရည္ထဲကို isopropyl ေရာေမႊၿပီး spray အျဖစ္ ျဖန္းလည္းရပါတယ္။

၅။ ယင္ေကာင္ေျပးေသာ အပင္မ်ား

လာဗင္ဒါ။ ပူစီနံ၊ ပင္စိမ္း၊ ေတာင္ၾကာကေလး၊ ေႂကြပန္း၊ စမုန္ျဖဴ၊ ႐ို႕စ္ေမရီနဲ႔ ႏွဲပန္းေတြကို စိုက္ထားရင္ ယင္ေကာင္ေတြ မလာပါဘူး။ အဲဒီအပင္ေတြကို ဝရန္တာ၊မီးဖိုေခ်ာင္၊ ျပဴတင္းေပါက္ေတြမွာ စိုက္ထားလို႔ ရပါတယ္။

ယင္ေကာင္ေတြ အိမ္မွာ မရွိေစဖို႔

- အဖုံးပါတဲ့ အမႈိက္ပုံးကို အသုံးျပဳပါ။

- လမ္းေဘးအမႈိက္ပုံးကို အိမ္တံခါးေပါက္၊ ျပဴတင္းေပါက္တို႔နဲ႔ ေဝးေဝးမွာ ထားပါ။

- ယင္ေကာင္ေတြ ဝင္မလာေစဖို႔ ျခင္လုံဇကာ တပ္ပါ။

- အစားအစာေတြ ေမွာက္က်သြားတာနဲ႔ ခ်က္ခ်င္း သန႔္ရွင္းေရး လုပ္သင့္ပါတယ္။

- ပုပ္သိုး အစားအစာေတြ ေၾကာင့္လည္း အိမ္မွာ ယင္ေကာက္ေတြ ေပါလာတတ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments