သူဌေးကြီးကို ဆုံးမပေးလိုက်တဲ့ တံငါသည်

တခါတုန်းက တံငါရွာလေး တရွာရဲ့ သဲသောင်ပြင်ပေါ်မှာ တံငါသည် တယောက်ဟာ ခြေပစ် လက်ပစ်နဲ့ ဇိမ်ကျကျလေး အနားယူ နေတယ် ။ ဆေးလိပ်လေး ဖွာလိုက် ကောင်းကင်ကြီးကို မော့ကြည့်ရင်း သီချင်းလေး ဆိုလိုက် နဲ့ပေါ့ ။

အဲ့အချိန်မှာ အပန်းဖြေခရီး ထွက်လာတဲ့ သူဋ္ဌေးကြီး တယောက်ဟာ သောင်ပြင် တလျှောက် လျှောက်လာနေတယ် ။ သူဋ္ဌေးကြီးက လျှောက်လာနေရင်း တံငါသည်ကို တွေ့တဲ့အခါ အနားကို လျှောက်လာပြီး စကား စလိုက်တယ် ။

" မောင်ရင်က ဒီမှာ ဘာလုပ် နေတာတုန်း "

ထိုအခါ တံငါသည်က သူ ဇိမ်ကျနေတာကို နှောက်ယှက်ရန်ကော ဆိုတဲ့ မျက်နှာမျိုးနဲ့ သူဋ္ဌေးကြီးကို ကြည့်ရင်း ဖြေတယ် ။

" ခင်များ မြင်တဲ့ အတိုင်းပဲလေ သူဋ္ဌေးမင်းရယ် ၊ သောင်ပြင်မှာ ဇိမ်ကျနေတာလေ "

" ဟ.. မောင်ရင်က ဒီအချိန်ကြီး အနားယူနေပြီလားကွ.. အလုပ် ဆက်မလုပ်တော့ ဘူးလား "

" ဟောဗျာ ကျူပ် မနက်က လုပ်ပြီးပြီလေဗျာ.. နေ့ဖို့ ညစာ ရပြီးပြီ လေ တော်ပြီပေါ့ "

" မဟုတ်သေးဘူးလေ မောင်ရင်ရ.. ဒီအချိန်မှာ နားမနေဘဲ အလုပ်သာ ဆက်လုပ်နေမယ် ဆိုရင် မောင်ရင် ငါးတွေ အများကြီး ရမှာပေါ့ကွယ် "

" ဟောဗျာ ငါးတွေ အများကြီး ရတော့ ဘာလုပ်ရမှာလဲ.. အခုလဲ ကျုပ်တို့ စားလောက် နေတာပဲ "

" ဟ.. ငါးတွေ အများကြီး ရတော့.. ဈေးမှာ သွားရောင်းပီး ပိုက်ဆံတွေ အများကြီး ရတာပေါ့ကွ "

" ကဲဗျာ.. ခင်များပြောတဲ့ ပိုက်ဆံတွေ အများကြီး ရလာတော့ကော ကျုပ်က ဘာလုပ်ရမှာလဲ "

" ဟာ ဒီကောင်နဲ့တော့ ခက်ပီ.. ပိုက်ဆံတွေ အများကြီး ရလာတော့ ငါ့လို စက်လှေဝယ်ပြီး လူငှားနဲ့ ဖမ်းခိုင်းပေါ့ကွ။ ပြီးရင် ရတဲ့ ပိုက်ဆံနဲ့ စက်လှေတွေ ထပ်ထပ်ပီး ဝယ် ၊ လူတွေ ထပ်ထပ်ငှား ပိုက်ဆံတွေ ရပြီးရင်းရ ပိုက်ဆံတွေ ဝင်လာမစဲ တသဲသဲပဲ ပေါ့ကွာ "

" ဟုတ်ပါပြီ သူဌေးမင်းရယ်.. ပိုက်ဆံတွေ အဲလို ဝင်လာမစဲ တသဲသဲ ဖြစ်လာတော့ ဘာဖြစ်တုန်း "

ဒီ တခါတော့ သူဋ္ဌေးကြီးက စိတ်မရှည်တော့တဲ့ လေသံနဲ့..

" ဟ တော်တော်ပိန်းတဲ့ကောင်ပဲ.. ကိုယ် ကိုယ်တိုင် အလုပ် မလုပ်တော့ဘဲ ပိုက်ဆံကို ပြန်အလုပ် လုပ်ခိုင်းနိုင် မှတော့ မင်း ငါ့လို ဇိမ်နဲ့ နေနိုင်ပြီလေ ။ အလုပ် မလုပ်ပဲ နေနိုင်ပြီပေါ့ကွ ငတုံးရ "

ထိုအခါ တံငါသည်က သူဋ္ဌေးကြီးကို " ခင်များ အ ရန် ကော " ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ စောင်းငဲ့ ကြည့်တယ်။ ပြီး တော့ ဒီလို ပြောပါလေရော..

" ဟ ကျုပ်က မတုံးဘူးဗျ.. ခင်ဗျားကြီးကမှ တုံး တာ။ အခုရော ကျုပ်က ဘာလုပ်နေတယ် ထင်တုန်း။ သောင်ပြင်မှာ အလုပ် မလုပ်ဘဲ ဇိမ်ကျကျနဲ့ နှပ်နေတာလေ။ ခင်ဗျားကမှ ခင်ဗျားရဲ့ စက်လှေတွေ ရန်သူမျိုး ငါးပါး ဖျက်ဆီးမလား။ အလုပ်သမားတွေများ မဟုတ်တာ လုပ်မလား ဆိုတာတွေကို စိတ်ပူရင် ပူရမယ်။ ကျုပ်က အေးဆေးပဲဗျ ဘာ အပူ အပင်တွေမှ မရှိဘူး။ အခု ခင်ဗျား နားနေနိုင်တာ ထက်တောင် ကျုပ်က နားနေနိုင်သေးတယ်။ ခင်ဗျား မြင်တဲ့ အတိုင်းပဲ မဟုတ်လား "

တံငါသည်ရဲ့ စကား အဆုံးမှာတော့ သူဋ္ဌေးကြီး တယောက် တံငါသည်ကို ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အ သွားလေရဲ့။

လောကနီတိသုတစာပေ

for zawgyi

သူေဌးႀကီးကို ဆံုးမေပးလိုက္တဲ့ တံငါသည္

တခါတုန္းက တံငါရြာေလး တရြာရဲ့ သဲေသာင္ျပင္ေပၚမွာ တံငါသည္ တေယာက္ဟာ ေျခပစ္ လက္ပစ္နဲ႔ ဇိမ္က်က်ေလး အနားယူ ေနတယ္ ။ ေဆးလိပ္ေလး ဖြာလိုက္ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ရင္း သီခ်င္းေလး ဆိုလိုက္ နဲ႔ေပါ့ ။

အဲ့အခ်ိန္မွာ အပန္းေျဖခရီး ထြက္လာတဲ့ သူေ႒းႀကီး တေယာက္ဟာ ေသာင္ျပင္ တေလွ်ာက္ ေလွ်ာက္လာေနတယ္ ။ သူေ႒းႀကီးက ေလွ်ာက္လာေနရင္း တံငါသည္ကို ေတြ႔တဲ့အခါ အနားကို ေလွ်ာက္လာၿပီး စကား စလိုက္တယ္ ။

" ေမာင္ရင္က ဒီမွာ ဘာလုပ္ ေနတာတုန္း "

ထိုအခါ တံငါသည္က သူ ဇိမ္က်ေနတာကို ေႏွာက္ယွက္ရန္ေကာ ဆိုတဲ့ မ်က္ႏွာမ်ိဳးနဲ႔ သူေ႒းႀကီးကို ၾကည့္ရင္း ေျဖတယ္ ။

" ခင္မ်ား ျမင္တဲ့ အတိုင္းပဲေလ သူေ႒းမင္းရယ္ ၊ ေသာင္ျပင္မွာ ဇိမ္က်ေနတာေလ "

" ဟ.. ေမာင္ရင္က ဒီအခ်ိန္ႀကီး အနားယူေနၿပီလားကြ.. အလုပ္ ဆက္မလုပ္ေတာ့ ဘူးလား "

" ေဟာဗ်ာ က်ဴပ္ မနက္က လုပ္ၿပီးၿပီေလဗ်ာ.. ေန႔ဖို႔ ညစာ ရၿပီးၿပီ ေလ ေတာ္ၿပီေပါ့ "

" မဟုတ္ေသးဘူးေလ ေမာင္ရင္ရ.. ဒီအခ်ိန္မွာ နားမေနဘဲ အလုပ္သာ ဆက္လုပ္ေနမယ္ ဆိုရင္ ေမာင္ရင္ ငါးေတြ အမ်ားၾကီး ရမွာေပါ့ကြယ္ "

" ေဟာဗ်ာ ငါးေတြ အမ်ားႀကီး ရေတာ့ ဘာလုပ္ရမွာလဲ.. အခုလဲ က်ဳပ္တို႔ စားေလာက္ ေနတာပဲ "

" ဟ.. ငါးေတြ အမ်ားႀကီး ရေတာ့.. ေစ်းမွာ သြားေရာင္းပီး ပိုက္ဆံေတြ အမ်ားႀကီး ရတာေပါ့ကြ "

" ကဲဗ်ာ.. ခင္မ်ားေျပာတဲ့ ပိုက္ဆံေတြ အမ်ားႀကီး ရလာေတာ့ေကာ က်ုပ္က ဘာလုပ္ရမွာလဲ "

" ဟာ ဒီေကာင္နဲ႔ေတာ့ ခက္ပီ.. ပိုက္ဆံေတြ အမ်ားႀကီး ရလာေတာ့ ငါ့လို စက္ေလွဝယ္ျပီး လူငွားနဲ႔ ဖမ္းခိုင္းေပါ့ကြ။ ၿပီးရင္ ရတဲ့ ပိုက္ဆံနဲ႔ စက္ေလွေတြ ထပ္ထပ္ပီး ဝယ္ ၊ လူေတြ ထပ္ထပ္ငွား ပိုက္ဆံေတြ ရၿပီးရင္းရ ပိုက္ဆံေတြ ဝင္လာမစဲ တသဲသဲပဲ ေပါ့ကြာ "

" ဟုတ္ပါၿပီ သူေဌးမင္းရယ္.. ပိုက္ဆံေတြ အဲလို ဝင္လာမစဲ တသဲသဲ ျဖစ္လာေတာ့ ဘာျဖစ္တုန္း "

ဒီ တခါေတာ့ သူေ႒းႀကီးက စိတ္မရွည္ေတာ့တဲ့ ေလသံနဲ႔..

" ဟ ေတာ္ေတာ္ပိန္းတဲ့ေကာင္ပဲ.. ကိုယ္ ကိုယ္တိုင္ အလုပ္ မလုပ္ေတာ့ဘဲ ပိုက္ဆံကို ျပန္အလုပ္ လုပ္ခိုင္းႏိုင္ မွေတာ့ မင္း ငါ့လို ဇိမ္နဲ႔ ေနႏိုင္ၿပီေလ ။ အလုပ္ မလုပ္ပဲ ေနႏိုင္ၿပီေပါ့ကြ ငတုံးရ "

ထိုအခါ တံငါသည္က သူေ႒းႀကီးကို " ခင္မ်ား အ ရန္ ေကာ " ဆိုတဲ့ မ်က္ႏွာေပးမ်ိဳးနဲ႔ ေစာင္းငဲ့ ၾကည့္တယ္။ ၿပီး ေတာ့ ဒီလို ေျပာပါေလေရာ..

" ဟ က်ဳပ္က မတုံးဘူးဗ်.. ခင္ဗ်ားႀကီးကမွ တုံး တာ။ အခုေရာ က်ဳပ္က ဘာလုပ္ေနတယ္ ထင္တုန္း။ ေသာင္ျပင္မွာ အလုပ္ မလုပ္ဘဲ ဇိမ္က်က်နဲ႔ ႏွပ္ေနတာေလ။ ခင္ဗ်ားကမွ ခင္ဗ်ားရဲ့ စက္ေလွေတြ ရန္သူမ်ိဳး ငါးပါး ဖ်က္ဆီးမလား။ အလုပ္သမားေတြမ်ား မဟုတ္တာ လုပ္မလား ဆိုတာေတြကို စိတ္ပူရင္ ပူရမယ္။ က်ဳပ္က ေအးေဆးပဲဗ် ဘာ အပူ အပင္ေတြမွ မရွိဘူး။ အခု ခင္ဗ်ား နားေနႏိုင္တာ ထက္ေတာင္ က်ဳပ္က နားေနႏိုင္ေသးတယ္။ ခင္ဗ်ား ျမင္တဲ့ အတိုင္းပဲ မဟုတ္လား "

တံငါသည္ရဲ့ စကား အဆုံးမွာေတာ့ သူေ႒းႀကီး တေယာက္ တံငါသည္ကို ဘာျပန္ေျပာရမွန္း မသိဘဲ ဆြံ႔အ သြားေလရဲ႕။

ေလာကနီတိသုတစာေပ

Post a Comment

0 Comments