ပန်းသီးပုံစံနဲ့ ငှက်ပျောသီးအရသာထွက်တဲ့ ထူးခြားတဲ့ သရက်သီး

အိန္ဒိယနိုင်ငံတောင်ပိုင်း Mandya ခရိုင်၊ Kirugavalu ရွာက ခြံပိုင်ရှင်တစ်ဦးက ခြံစိုက်ပျိူးရတာကို အရမ်း စိတ်ဝင်စားပါတယ်။ သူ့ဆီမှာ သရက်ပင်အမျိုးအစားပေါင်း ၁၁၉ မျိုးလောက် ရှိပါတယ်။ တချို့ သရက်မျိူးတွေ ဆိုရင် ကမ္ဘာပေါ်က ဘယ်နေရာမှာမှတောင် မတွေ့နိုင်ပါဘူး။

ခြံပိုင်ရှင်နာမည်ကတော့ Syed Ghani Khan ဖြစ်ပါတယ်။ သူ့ခြံထဲက အပင်တွေက ဘိုးဘွားတွေ လက်ထက်ကတည်းက စိုက်ခဲ့တာပါ။ တချို့အပင်တွေဆိုရင် နှစ်ပေါင်း ၂၀၀ သက်တမ်းရှိပါပြီ။ ဟိုးရှေးရှေးက သူ့ခြံထဲက အသီးတွေကို Mysore မဟာရာဇာနန်းတော်ဆီကို ဆက်သဖူးတဲ့ မှတ်တမ်းရှိပါတယ်။

Khan က ဘိုးဘွားပိုင်ခြံကို လက်ဆင့်ကမ်း စောင့်ရှောက်နေသူပါ။ သူ့ခြံထဲက သရက်သီးတွေက တခြားသရက်သီးတွေနဲ့ မတူထူးခြားပြီး အရသာက ကွဲထွက်နေပါတယ်။ အထူးခြားဆုံးကတော့ Khanရဲ့ ခြံထဲက သရက်သီးတွေက ပန်းသီးပုံစံတဲ့တူပြီး အရသာက ငှက်ပျောသီးအရသာ ဖြစ်နေတာပါ။

Khan က စိုက်ပျိုးရေးဝါသနာပါတာကြောင့် သရက်သီးတွေကို အမြဲလေ့လာနေတာပါ။ လေ့လာရင်းနဲ့ ကိုင်းတွေဆက် စိုက်ပျိုးရာကနေ ထူးထူးဆန်းဆန်း သရက်သီးတွေ ထွက်ပေါ်လာပါတယ်။ တချို့ သရက်သီးတွေကကျတော့ သံပုရာသီးအရသာ ရှိပါတယ်။ တချို့သရက်သီးတွေဆိုရင် အရသာကို ဖော်ပြဖို့ မရလောက်အောင် ထူးခြားဆန်းပြား နေပါတယ်။

သူ့ခြံထဲက သရက်သီးတွေက ရာသီဥတုဒဏ်တွေကိုတောင် ကြံ့ကြံ့ခံပြီး သီးပါတယ်။ Khan ကသူ့ခြံထဲက သရက်သီးတွေကို အိန္ဒိယသစ်သီးဝလံ သုတေသနဌာနကို အများကြီး ပေးဖူးပါတယ်။ တချို့ သရက်သီးမျိုးတွေကို ဘယ်နေရာမှာမှ မတွေ့နိုင်လို့ သုတေသနပြုကြတာပါ။ တချို့ကိုလည်း သစ်သီးဝလံ သုတေသနဌာနမှာ စိုက်ပျိူးထားပါတယ်။

အိန္ဒိယမှာ သစ်သီးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Sagaja Samruda မှာ Kham ရဲ့အသီးတွေကို ရောင်းချပါတယ်။ သူတို့ရဲ့ စတိုးဆိုင်ခွဲတွေမှာတော့ Kham ရဲ့အသီးတွေက ရောင်းအကောင်းဆုံးပါပဲ။

Zombie (Lovemedia)

for zawgyi

ပန္းသီးပုံစံနဲ႔ ငွက္ေပ်ာသီးအရသာထြက္တဲ့ ထူးျခားတဲ့ သရက္သီး

အိႏၵိယႏိုင္ငံေတာင္ပိုင္း Mandya ခ႐ိုင္၊ Kirugavalu ႐ြာက ၿခံပိုင္ရွင္တစ္ဦးက ၿခံစိုက္ပ်ိဴးရတာကို အရမ္း စိတ္ဝင္စားပါတယ္။ သူ႔ဆီမွာ သရက္ပင္အမ်ိဳးအစားေပါင္း ၁၁၉ မ်ိဳးေလာက္ ရွိပါတယ္။ တခ်ိဳ႕ သရက္မ်ိဴးေတြ ဆိုရင္ ကမာၻေပၚက ဘယ္ေနရာမွာမွေတာင္ မေတြ႕ႏိုင္ပါဘူး။

ၿခံပိုင္ရွင္နာမည္ကေတာ့ Syed Ghani Khan ျဖစ္ပါတယ္။ သူ႔ၿခံထဲက အပင္ေတြက ဘိုးဘြားေတြ လက္ထက္ကတည္းက စိုက္ခဲ့တာပါ။ တခ်ိဳ႕အပင္ေတြဆိုရင္ ႏွစ္ေပါင္း ၂၀၀ သက္တမ္းရွိပါၿပီ။ ဟိုးေရွးေရွးက သူ႔ၿခံထဲက အသီးေတြကို Mysore မဟာရာဇာနန္းေတာ္ဆီကို ဆက္သဖူးတဲ့ မွတ္တမ္းရွိပါတယ္။

Khan က ဘိုးဘြားပိုင္ၿခံကို လက္ဆင့္ကမ္း ေစာင့္ေရွာက္ေနသူပါ။ သူ႔ၿခံထဲက သရက္သီးေတြက တျခားသရက္သီးေတြနဲ႔ မတူထူးျခားၿပီး အရသာက ကြဲထြက္ေနပါတယ္။ အထူးျခားဆုံးကေတာ့ Khanရဲ႕ ၿခံထဲက သရက္သီးေတြက ပန္းသီးပုံစံတဲ့တူၿပီး အရသာက ငွက္ေပ်ာသီးအရသာ ျဖစ္ေနတာပါ။

Khan က စိုက္ပ်ိဳးေရးဝါသနာပါတာေၾကာင့္ သရက္သီးေတြကို အၿမဲေလ့လာေနတာပါ။ ေလ့လာရင္းနဲ႔ ကိုင္းေတြဆက္ စိုက္ပ်ိဳးရာကေန ထူးထူးဆန္းဆန္း သရက္သီးေတြ ထြက္ေပၚလာပါတယ္။ တခ်ိဳ႕ သရက္သီးေတြကက်ေတာ့ သံပုရာသီးအရသာ ရွိပါတယ္။ တခ်ိဳ႕သရက္သီးေတြဆိုရင္ အရသာကို ေဖာ္ျပဖို႔ မရေလာက္ေအာင္ ထူးျခားဆန္းျပား ေနပါတယ္။

သူ႔ၿခံထဲက သရက္သီးေတြက ရာသီဥတုဒဏ္ေတြကိုေတာင္ ႀကံ့ႀကံ့ခံၿပီး သီးပါတယ္။ Khan ကသူ႔ၿခံထဲက သရက္သီးေတြကို အိႏၵိယသစ္သီးဝလံ သုေတသနဌာနကို အမ်ားႀကီး ေပးဖူးပါတယ္။ တခ်ိဳ႕ သရက္သီးမ်ိဳးေတြကို ဘယ္ေနရာမွာမွ မေတြ႕ႏိုင္လို႔ သုေတသနျပဳၾကတာပါ။ တခ်ိဳ႕ကိုလည္း သစ္သီးဝလံသုေတသနဌာနမွာ စိုက္ပ်ိဴးထားပါတယ္။

အိႏၵိယမွာ သစ္သီးကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ Sagaja Samruda မွာ Kham ရဲ႕အသီးေတြကို ေရာင္းခ်ပါတယ္။ သူတို႔ရဲ႕ စတိုးဆိုင္ခြဲေတြမွာေတာ့ Kham ရဲ႕အသီးေတြက ေရာင္းအေကာင္းဆုံးပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments