ဂျပန်မိန်းကလေးတွေ ဆန်ဆေးရေကိုသုံးပြီး အရွယ်တင်နုပျိုနေအောင် လုပ်တဲ့နည်း (၆) ခု

ဂျပန်နိုင်ငံက ကောင်မလေးတွေနဲ့ အမျိုးသမီးတိုင်းရဲ့ မျက်နှာတွေဟာ အရမ်းကို ဖြူနုဖွေးဥနေတာကြောင့် ကမ္ဘာကျော်ပါတယ်။ ဂျပန်နိုင်ငံဟာ စက်မှုအရမ်းထွန်းကားတဲ့ နိုင်ငံဖြစ်ပေမယ့်လည်း အမျိုးသမီးတွေ လှနေခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ဓာတုဆေးဝါးတွေ အသုံးပြုကြလို့ မဟုတ်ပါဘူး။ သဘာဝစစ်စစ်နဲ့ ပြုလုပ်ထားပြီး ကုန်ကျစရိတ်လဲ သက်သာတဲ့ ဆန်ဆေးရည်ကို အသုံးပြုကြလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ဆေးရည်က အသားအရေအတွက် ဘယ်လောက်ထိ အကျိုးပြုလဲ ဆိုတာကို အချက်အလက်တွေနဲ့ ရှင်းပြပေးသွားပါမယ်နော်။

၁။ အရွယ်မတိုင်မှီ အသားအရေတွန့်ခြင်းကနေ ကာကွယ်ပေးတယ်

ဆန်ဆေးရည်ကို မျက်နှာသစ်တိုင်း အသုံးပြုရင် အသားအရေတွန့်တာတွေကနေ ကာကွယ်ပေးပါတယ်။ ဆန်ကို ရေထဲမှာ စိမ်လိုက်တဲ့အခါ collagen ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်လာပြီး အသားအရေကို နုပျိုစေပါတယ်။ ဆန်ဆေးရည်မှာ ဓာတ်တွေများစွာ ပါဝင်တာကြောင့် အရေးအကြောင်း ထတာတွေကိုလည်း အများကြီး ကာကွယ်ပေးနိုင်ပါတယ်။

၂။ နေရောင်ခြည်ဒဏ် ကနေလည်း ကာကွယ်ပေးတယ်

ဆန်ဆေးရည်မှာ သဘာဝအတိုင်း အေးတဲ့ဓာတ် ရှိတာကြောင့် အရေပြားပေါ်မှာ လိမ်းထားရင် အေးနေပြီးတော့ ယားယံတာတွေကနေလည်း ကာကွယ်ပေးပါသေးတယ်။ ပညာရှင်တွေကလည်း ဆန်မှာပါတဲ့ ဒြပ်စင်တွေက နေရောင်ကနေ ကာကွယ်ပေးနိုင်တယ် ဆိုတာကို ပြောထားပါတယ်။ အသားအရေ ပျက်စီးရတဲ့ အချက်တွေထဲမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာလည်း ပါဝင်ပါတယ်။ ဆန်ဆေးရည်ကိုသာ အသုံးပြုမယ် ဆိုရင်တော့ နေရောင်ကနေဖြစ်တဲ့ အသားမဲတာတွေ၊ လောင်တာတွေကို အများကြီး သက်သာစေမှာပါ။

၃။ ပျက်စီးသွားတဲ့ အရေပြားတွေကို အားတွေပြန်လည် ဖြည့်တင်းပေးတယ်

အသားအရေကို လှပဖို့အတွက် လူတွေဟာ အကောင်းစားခရင်မ်တွေကို ဝယ်ပြီးလိမ်းကြပါတယ်။ ဒီလို လိမ်းတဲ့နေရာမှာ ငွေကြေးကုန်ကျမှုလည်း များနိုင်သလို ဓာတ်မတည့်တာတွေလည်း ရှိနိုင်ပါတယ်။ ဆန်ဆေးရည်ကိုသာ အသုံးပြုမယ် ဆိုရင်တော့ ဈေးကြီးခရင်မ်တွေကို ဝယ်လိမ်းစရာ မလိုတဲ့အပြင် ဓာတ်မတည့်မှုတွေဖြစ်မှာကို စိုးရိမ်နေစရာ မလိုတော့ပါဘူး။ ဆန်ဆေးရည်က အရေးအကြောင်းတွေကို လျှော့ချပေးတဲ့အပြင် atopic dermatitis လိုမျိုး အရေပြား ရောဂါတွေမှာတောင် အသုံးပြုနိုင်ပါသေးတယ်။

၄။ အသားအရေကို စိုပြေစေတယ်

Hyperpigmentation လိုမျိုးက လူအတွက် ဘာမှအန္တရာယ် မရှိပေမယ့်လည်း တချို့လူတွေကတော့ ဒါမျိုးဖြစ်တာကို မကြိုက်ကြပါဘူး။ ကြာလာရင် အမာရွတ်တွေ ဖြစ်လာနိုင်ပြီးတော့ မျက်နှာကို မညီမညာတောင် ဖြစ်လာစေနိုင်ပါတယ်။ ဒါကို ပျောက်ကင်းဖို့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကတော့ ဘာဆေးဝါးမှ မလိမ်းဘဲ ဆန်ဆေးရည်ကိုသာ အသုံးပြုပါ။ ဆန်ဆေးရည်က melanin ထုတ်လွှတ်တာကို မြှင့်တင်ပေးပြီးတော့ hyperpigmentation ဖြစ်တာကို အများကြီး လျှော့ချပေးနိုင်ပါတယ်။

၅။ အဆီပြန်တာတွေကနေလည်း ကာကွယ်ပေးတယ်

သဘာဝအဆီတွေက သင့်အသားအရေ ကျန်းမာရေးအတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ သူတို့က အစိုဓာတ်ကို ထိန်းသိမ်းပေးပြီးတော့ ပြင်ပက ဖုန်တွေ၊၊ အညစ်အကြေးတွေ မဝင်နိုင်အောင် ကာကွယ်ပေးပါတယ်။

ဒါပေမယ့် မျက်နှာမှာ အဆီပြန်လွန်းရင်တော့ သိပ်ကြည့်မကောင်းပါဘူး။ သင့်ရဲ့ လှပတဲ့မျက်နှာရဲ့ ဆွဲဆောင်မှုကို ကျသွားစေပါတယ်။ ဒီလိုတွေ မဖြစ်အောင် tone တို့ မျက်နှာသစ်ဆေးတို့ သုံးကြပေမယ့်လည်း အဆင်မပြေတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ တကယ်တော့ အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းပစ္စည်း တော်တော်များများမှာ အဆီတွေ ပါဝင်ပြီးတော့ အဆီကြည်ဂလင်းရဲ့ လုပ်ဆောင်မှုကို နှောင့်ယှက်ပြီး sebum ထုတ်လုပ်မှုကိုပိုဖြစ်စေပါတယ်။

ဆန်ဆေးရည်ကို အသုံးပြုရင်တော့ အဆီပြန်တာတွေကို ထိန်းညှိပေးပြီး ပိုနေတဲ့ အဆီတွေကိုတောင် ဖယ်ရှားပေးပါသေးတယ်။ ပြီးတော့ အသားအရေကိုလည်း မခြောက်သွေ့စေပါဘူး။

၆။ ခန္ဒာကိုယ်အတွက် ကောင်းစေတယ်

ဆန်ဆေးရည်ကို လိမ်းရင် အသားအရေအတွက် အလွန်အသုံးဝင်တဲ့အပြင် ဆန်ဆေးရည်ကို သောက်ရင်လည်း သင့်ကျန်းမာရေးကို အကျိုးရှိစေပါတယ်။ ဆန်ဆေးရည်ဟာ အစာကြေလွယ်စေတဲ့အပြင် prebiotics ဆိုတဲ့ဓာတ် ပါဝင်တာကြောင့် အစာအဆိပ်သင့်တာကိုတောင် သက်သာစေနိုင်ပါသေးတယ်။ သင်သာ အသားအရေကို တကယ်လှပစေချင်တယ် ဆိုရင်တော့ ဆန်ဆေးရည်ကို နေ့တိုင်းသောက်ပေး သင့်ပါတယ်။ အဲ့ဒါမှသာ အူလမ်းကြောင်းထဲ ရှင်းလင်းပြီးတော့ အသားအရေကို ကြည်လင်ဝင်းပလာစေမှာ ဖြစ်ပါတယ်။

Bonus

အချိုးကျတဲ့ ဆန်ဆေးရည်ဖြစ်အောင် ဘယ်လိုလုပ်မလဲ

- ဆန်ကို ရေဆေးပြီး ရေ ၂ ခွက် (သို့) ၃ ခွက် လောင်းထည့်ပါ။

- သာမန် အခန်းအပူချိန်မှာ (၄၈) နာရီလောက် ထားထားပါ။

- အချိန်ပြည့်သွားရင် ဆန်ဆေးရည် ရလာအောင် ရေစစ်ထားလိုက်ပါ။

- ဆန်ဆေးရည် ရလာရင်တော့ ဘူးတစ်ခုထဲမှာ လုံအောင် သိမ်းထားပြီးတော့ သင့်ခေါင်းတွေ၊ ဆံပင်တွေကို လိမ်းနိုင်ပါတယ်။ သက်တမ်းကလည်း (၇) ရက်အထိ သိုလှောင်ထားနိုင်ပါတယ်။

Zombie (Lovemedia)

for zawgyi

ဂ်ပန္မိန္းကေလးေတြ ဆန္ေဆးေရကိုသုံးၿပီး အ႐ြယ္တင္ႏုပ်ိဳေနေအာင္ လုပ္တဲ့နည္း (၆) ခု

ဂ်ပန္ႏိုင္ငံက ေကာင္မေလးေတြနဲ႔ အမ်ိဳးသမီးတိုင္းရဲ႕မ်က္ႏွာေတြဟာ အရမ္းကို ျဖဴႏုေဖြးဥေနတာေၾကာင့္ ကမာၻေက်ာ္ပါတယ္။ ဂ်ပန္ႏိုင္ငံဟာ စက္မႈအရမ္းထြန္းကားတဲ့ ႏိုင္ငံျဖစ္ေပမယ့္လည္း အမ်ိဳးသမီးေတြ လွေနျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ဓာတုေဆးဝါးေတြ အသုံးျပဳၾကလို႔ မဟုတ္ပါဘူး။ သဘာဝစစ္စစ္နဲ႔ ျပဳလုပ္ထားၿပီး ကုန္က်စရိတ္လဲ သက္သာတဲ့ ဆန္ေဆးရည္ကို အသုံးျပဳၾကလို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဆန္ေဆးရည္က အသားအေရအတြက္ ဘယ္ေလာက္ထိ အက်ိဳးျပဳလဲ ဆိုတာကို အခ်က္အလက္ေတြနဲ႔ ရွင္းျပေပးသြားပါမယ္ေနာ္။

၁။ အ႐ြယ္မတိုင္မွီ အသားအေရတြန႔္ျခင္းကေန ကာကြယ္ေပးတယ္

ဆန္ေဆးရည္ကို မ်က္ႏွာသစ္တိုင္း အသုံးျပဳရင္ အသားအေရတြန႔္တာေတြကေန ကာကြယ္ေပးပါတယ္။ ဆန္ကို ေရထဲမွာ စိမ္လိုက္တဲ့အခါ collagen ဆိုတဲ့ဓာတ္တစ္မ်ိဳးထြက္လာၿပီး အသားအေရကို ႏုပ်ိဳေစပါတယ္။ ဆန္ေဆးရည္မွာ ဓာတ္ေတြမ်ားစြာ ပါဝင္တာေၾကာင့္ အေရးအေၾကာင္း ထတာေတြကိုလည္း အမ်ားႀကီး ကာကြယ္ေပးႏိုင္ပါတယ္။

၂။ ေနေရာင္ျခည္ဒဏ္ ကေနလည္း ကာကြယ္ေပးတယ္

ဆန္ေဆးရည္မွာ သဘာဝအတိုင္း ေအးတဲ့ဓာတ္ ရွိတာေၾကာင့္ အေရျပားေပၚမွာ လိမ္းထားရင္ ေအးေနၿပီးေတာ့ ယားယံတာေတြကေနလည္း ကာကြယ္ေပးပါေသးတယ္။ ပညာရွင္ေတြကလည္း ဆန္မွာပါတဲ့ ျဒပ္စင္ေတြက ေနေရာင္ကေန ကာကြယ္ေပးႏိုင္တယ္ ဆိုတာကို ေျပာထားပါတယ္။ အသားအေရ ပ်က္စီးရတဲ့ အခ်က္ေတြထဲမွာ ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ထိေတြ႕တာလည္း ပါဝင္ပါတယ္။ ဆန္ေဆးရည္ကိုသာ အသုံးျပဳမယ္ ဆိုရင္ေတာ့ ေနေရာင္ကေနျဖစ္တဲ့ အသားမဲတာေတြ၊ ေလာင္တာေတြကို အမ်ားႀကီး သက္သာေစမွာပါ။

၃။ ပ်က္စီးသြားတဲ့ အေရျပားေတြကို အားေတြျပန္လည္ျဖည့္တင္းေပးတယ္

အသားအေရကို လွပဖို႔အတြက္ လူေတြဟာ အေကာင္းစားခရင္မ္ေတြကို ဝယ္ၿပီးလိမ္းၾကပါတယ္။ ဒီလို လိမ္းတဲ့ေနရာမွာ ေငြေၾကးကုန္က်မႈလည္း မ်ားႏိုင္သလို ဓာတ္မတည့္တာေတြလည္း ရွိႏိုင္ပါတယ္။ ဆန္ေဆးရည္ကိုသာ အသုံးျပဳမယ္ ဆိုရင္ေတာ့ ေဈးႀကီးခရင္မ္ေတြကို ဝယ္လိမ္းစရာ မလိုတဲ့အျပင္ ဓာတ္မတည့္မႈေတြျဖစ္မွာကို စိုးရိမ္ေနစရာ မလိုေတာ့ပါဘူး။ ဆန္ေဆးရည္က အေရးအေၾကာင္းေတြကို ေလွ်ာ့ခ်ေပးတဲ့အျပင္ atopic dermatitis လိုမ်ိဳး အေရျပား ေရာဂါေတြမွာေတာင္ အသုံးျပဳႏိုင္ပါေသးတယ္။

၄။ အသားအေရကို စိုေျပေစတယ္

Hyperpigmentation လိုမ်ိဳးက လူအတြက္ ဘာမွအႏၲရာယ္ မရွိေပမယ့္လည္း တခ်ိဳ႕လူေတြကေတာ့ ဒါမ်ိဳးျဖစ္တာကို မႀကိဳက္ၾကပါဘူး။ ၾကာလာရင္ အမာ႐ြတ္ေတြ ျဖစ္လာႏိုင္ၿပီးေတာ့ မ်က္ႏွာကို မညီမညာေတာင္ ျဖစ္လာေစႏိုင္ပါတယ္။ ဒါကို ေပ်ာက္ကင္းဖို႔ အလြယ္ကူဆုံးနဲ႔ အ႐ိုးရွင္းဆုံး နည္းလမ္းကေတာ့ ဘာေဆးဝါးမွ မလိမ္းဘဲ ဆန္ေဆးရည္ကိုသာ အသုံးျပဳပါ။ ဆန္ေဆးရည္က melanin ထုတ္လႊတ္တာကို ျမႇင့္တင္ေပးၿပီးေတာ့ hyperpigmentation ျဖစ္တာကို အမ်ားႀကီး ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၅။ အဆီျပန္တာေတြကေနလည္း ကာကြယ္ေပးတယ္

သဘာဝအဆီေတြက သင့္အသားအေရ က်န္းမာေရးအတြက္ မရွိမျဖစ္ကို လိုအပ္ပါတယ္။ သူတို႔က အစိုဓာတ္ကို ထိန္းသိမ္းေပးၿပီးေတာ့ ျပင္ပက ဖုန္ေတြ၊၊ အညစ္အေၾကးေတြ မဝင္ႏိုင္ေအာင္ ကာကြယ္ေပးပါတယ္။

ဒါေပမယ့္ မ်က္ႏွာမွာ အဆီျပန္လြန္းရင္ေတာ့ သိပ္ၾကည့္မေကာင္းပါဘူး။ သင့္ရဲ႕ လွပတဲ့မ်က္ႏွာရဲ႕ ဆြဲေဆာင္မႈကို က်သြားေစပါတယ္။ ဒီလိုေတြ မျဖစ္ေအာင္ tone တို႔ မ်က္ႏွာသစ္ေဆးတို႔ သုံးၾကေပမယ့္လည္း အဆင္မေျပတာေတြ ရွိေကာင္းရွိႏိုင္ပါတယ္။ တကယ္ေတာ့ အဆီျပန္တဲ့ အသားအေရကို ထိန္းသိမ္းပစၥည္းေတာ္ေတာ္မ်ားမ်ားမွာ အဆီေတြ ပါဝင္ၿပီးေတာ့ အဆီၾကည္ဂလင္းရဲ႕ လုပ္ေဆာင္မႈကို ေႏွာင့္ယွက္ၿပီး sebum ထုတ္လုပ္မႈကိုပိုျဖစ္ေစပါတယ္။

ဆန္ေဆးရည္ကို အသုံးျပဳရင္ေတာ့ အဆီျပန္တာေတြကို ထိန္းညႇိေပးၿပီး ပိုေနတဲ့ အဆီေတြကိုေတာင္ ဖယ္ရွားေပးပါေသးတယ္။ ၿပီးေတာ့ အသားအေရကိုလည္း မေျခာက္ေသြ႕ေစပါဘူး။

၆။ ခႏၵာကိုယ္အတြက္ ေကာင္းေစတယ္

ဆန္ေဆးရည္ကို လိမ္းရင္ အသားအေရအတြက္ အလြန္အသုံးဝင္တဲ့အျပင္ ဆန္ေဆးရည္ကို ေသာက္ရင္လည္း သင့္က်န္းမာေရးကို အက်ိဳးရွိေစပါတယ္။ ဆန္ေဆးရည္ဟာ အစာေၾကလြယ္ေစတဲ့အျပင္ prebiotics ဆိုတဲ့ဓာတ္ ပါဝင္တာေၾကာင့္ အစာအဆိပ္သင့္တာကိုေတာင္ သက္သာေစႏိုင္ပါေသးတယ္။ သင္သာ အသားအေရကို တကယ္လွပေစခ်င္တယ္ ဆိုရင္ေတာ့ ဆန္ေဆးရည္ကို ေန႔တိုင္းေသာက္ေပး သင့္ပါတယ္။ အဲ့ဒါမွသာ အူလမ္းေၾကာင္းထဲ ရွင္းလင္းၿပီးေတာ့ အသားအေရကို ၾကည္လင္ဝင္းပလာေစမွာ ျဖစ္ပါတယ္။

Bonus

အခ်ိဳးက်တဲ့ ဆန္ေဆးရည္ျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ

- ဆန္ကို ေရေဆးၿပီး ေရ ၂ ခြက္ (သို႔) ၃ ခြက္ ေလာင္းထည့္ပါ။

- သာမန္ အခန္းအပူခ်ိန္မွာ (၄၈) နာရီေလာက္ ထားထားပါ။

- အခ်ိန္ျပည့္သြားရင္ ဆန္ေဆးရည္ ရလာေအာင္ ေရစစ္ထားလိုက္ပါ။

- ဆန္ေဆးရည္ ရလာရင္ေတာ့ ဘူးတစ္ခုထဲမွာ လုံေအာင္ သိမ္းထားၿပီးေတာ့ သင့္ေခါင္းေတြ၊ ဆံပင္ေတြကို လိမ္းႏိုင္ပါတယ္။ သက္တမ္းကလည္း (၇) ရက္အထိ သိုေလွာင္ထားႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments