ရည်းစားဟောင်းကို ချစ်နေသေးတဲ့သူတွေ ဖတ်ဖို့

ရည်းစားဟောင်းက ရည်းစားအသစ် ရသွားတာကို ဘာလို့ သဝန်တိုနေ မိတာလဲ ? ဘာလို့ နောင်တ ရမိသလို ဖြစ်နေတာလဲ ? ငါ သူနဲ့ ပြန်တွဲချင် သေးလား ?

ဟင့်အင်း.. အဲ့ဒါလဲ မဟုတ်သေး ပါဘူး။ ဒါဆို ငါ ဘာဖြစ်နေတာလဲ ? ဘာဖြစ်ချင် နေတာလဲ ?

အဲ့ဒီ အဖြေကို ဥပမာလေးနဲ့ ပြောပြ ပါမယ် ။

ကျွန်မမှာ အရမ်းကို လှတဲ့ ဖိနပ်လေး တစ်ရံ ရှိပါတယ်။ အရမ်းလည်း ဈေးကြီးတယ်။ လိုချင်လွန်းလို့ ပိုက်ဆံကို သေချာစုပြီး ဝယ်ထား တာလေး ပေါ့။ ဒါပေမဲ့ ဖိနပ်လေးက နည်းနည်းလေး သေးနေတယ်။ အပြင်ကို သွားခါနီးတိုင်း စီးဖို့ ကြိုးစားပေမယ့် ဘယ်တော့မှ အဆင်မပြေ ပါဘူး။ သူများကို ပေးပစ် ဖို့လည်း အရမ်းကို နှမြောမိလို့ မစီးဖြစ် ပေမယ့် သိမ်းထားတာပါ ။

တစ်နေ့တော့ စိတ်ကူး ပေါက်ပြီး သူငယ်ချင်း တစ်ယောက်ကို ပေးလိုက်တယ်။ နောက်ရက် တွေ့တော့ သူမက အဲ့ဒီ ဖိနပ်လေးကို စီးလာတယ် လေ။ သူမနဲ့ အရမ်းကို လိုက်ပြီး အရမ်းကို လှနေ ပါတယ်။ ဖိနပ်လေး ကြောင့် သူမရဲ့ အလှက ပိုပီး ပေါ်လွင် သွားပါတယ် ။

ငါလည်း အဲ့ဖိနပ်လေးကိုသာ ကြိုးစားပြီး ဝတ်ကြည့်ရင် အရမ်း လှမှာပဲလို့ တွေးမိလာ ပါတယ်။ ဒါပေမဲ့ ဖိနပ်လေးကို ယူပြီး ထပ်စီးကြည့် တော့လည်း Size သေးနေတော့ ကျမ ခြေထောက် အရမ်းနာပြီး လမ်းတောင် မလျှောက်နိုင်လောက် အောင်ပါပဲ ။ ဘယ်လိုမှ အဆင်မပြေ တာပါ ။ ဒါပေမယ့် သူမနဲ့ ကတော့ သိပ်လှ ပါတယ်။

အဲ့လိုပါပဲ။ ရည်းစားဟောင်း ဆိုတာ ဟာလဲ အမှတ်တရတွေ အများကြီး ရှိဖူးတယ်။ အရာအားလုံး မြှုပ်နှံပြီး ချစ်ခဲ့ ဖူးကြတဲ့ သူတွေပါ။ အဲ့ဒါကြောင့်ပဲ တခြားသူ ဆီမှာ တွေ့တဲ့ အခါ ၊ တခြားသူဆီ ရောက်သွားတဲ့ အခါ ပိုက်ဆံ အများကြီး ပေးထားတဲ့ ပစ္စည်း သူများကို ပေးရမှာ နှမြောမိသလို ခံစားချက် အများကြီး ပေးထားတဲ့ သူကို တခြားသူကို ပေးရမှာ နှမြောမိယုံ သက်သက်ပါ ။

ငါ ခုနေ တစ်ခါလောက် ထပ်စီး ကြည့်ရင် ကောင်းမလားလို့ တွေးမိတိုင်း သင် စီးခဲ့ တုန်းက ဘယ်လောက်တောင် နာခဲ့လဲ ပြန် သတိရပါ။ အဲ့ ဖိနပ်ကို ချွတ်လိုက်တဲ့ အချိန်မှာ သင် ဘယ်လောက် စိတ်သက်သာရာ ရသွားတယ် ၊ နာကျင် တာတွေ ပျောက်သွားတယ် ဆိုတာ ပြန် သတိရကြည့် ပါ ။

သူတို့အတွဲ ပျော်နေတဲ့ ပုံတွေ fb မှာ တွေ့တဲ့အခါ သူငယ်ချင်းတွေက လာပြောပြတဲ့ အခါ တွေမှာလည်း..

" ငါကတော့ ငတုံးပဲ ၊ တကယ်ဆို ဒါ ငါ့ဟာပဲ ၊ သူများကို မပေးသင့်ဘူး။ ခုချိန် သူ့ရည်းစား အသစ်က ပျော်နေသင့်တာ မဟုတ်ဘူး ငါ ပျော်နေရမှာ " လို့ တွေးမိတတ် ပါတယ် ။

အဲ့ဒီ အတွေးက တကယ်တော့ မှားပါတယ်။ သူတို့ နှစ်ယောက် ပျော်နေ ပေမယ့် တကယ်တမ်း သူ ကျမ အနားမှာ ရှိရင်လည်း ကျမ ပျော်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အစထဲက မတော်တဲ့ဟာ မို့လို့ပါ ။

အခုချိန်မှာ သူများနဲ့ လှတာ မြင်တိုင်း ကိုယ်နဲ့လည်း လှမယ် ၊ အဆင်ပြေမယ် လို့ မတွေးမိတော့ ပါဘူး။ ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကို သူများ စီးထားလို့ လှတာ မြင်ရင်လည်း ပြန်မလိုချင် တော့ပါဘူး ။ နှမြောတာ သက်သက်နဲ့ အနာခံပြီး လဲမစီးသင့် တော့ပါဘူး ။

တစ်နေ့ မှာတော့ ကိုယ်နဲ့ ကွက်တိ ဖြစ်မယ့် ဖိနပ် လှလှလေး တစ်ရံ တွေ့ဦးမယ် လို့ ယုံကြည်ပါတယ် ။

Crd

for zawgyi

ရည္းစားေဟာင္းကို ခ်စ္ေနေသးတဲ့သူေတြ ဖတ္ဖို႔

ရည္းစားေဟာင္းက ရည္းစားအသစ္ ရသြားတာကို ဘာလို႔ သဝန္တိုေန မိတာလဲ ? ဘာလို႔ ေနာင္တ ရမိသလို ျဖစ္ေနတာလဲ ? ငါ သူနဲ႔ ျပန္တြဲခ်င္ ေသးလား ?

ဟင့္အင္း.. အဲ့ဒါလဲ မဟုတ္ေသး ပါဘူး။ ဒါဆို ငါ ဘာျဖစ္ေနတာလဲ ? ဘာျဖစ္ခ်င္ ေနတာလဲ ?

အဲ့ဒီ အေျဖကို ဥပမာေလးနဲ႔ ေျပာျပ ပါမယ္ ။

ကၽြန္မမွာ အရမ္းကို လွတဲ့ ဖိနပ္ေလး တစ္ရံ ရွိပါတယ္။ အရမ္းလည္း ေဈးႀကီးတယ္။ လိုခ်င္လြန္းလို႔ ပိုက္ဆံကို ေသခ်ာစုၿပီး ဝယ္ထား တာေလး ေပါ့။ ဒါေပမဲ့ ဖိနပ္ေလးက နည္းနည္းေလး ေသးေနတယ္။ အျပင္ကို သြားခါနီးတိုင္း စီးဖို႔ ႀကိဳးစားေပမယ့္ ဘယ္ေတာ့မွ အဆင္မေျပ ပါဘူး။ သူမ်ားကို ေပးပစ္ ဖို႔လည္း အရမ္းကို ႏွေျမာမိလို႔ မစီးျဖစ္ ေပမယ့္ သိမ္းထားတာပါ ။

တစ္ေန႔ေတာ့ စိတ္ကူး ေပါက္ၿပီး သူငယ္ခ်င္း တစ္ေယာက္ကို ေပးလိုက္တယ္။ ေနာက္ရက္ ေတြ႕ေတာ့ သူမက အဲ့ဒီ ဖိနပ္ေလးကို စီးလာတယ္ ေလ။ သူမနဲ႔ အရမ္းကို လိုက္ၿပီး အရမ္းကို လွေန ပါတယ္။ ဖိနပ္ေလး ေၾကာင့္ သူမရဲ႕ အလွက ပိုပီး ေပၚလြင္ သြားပါတယ္ ။

ငါလည္း အဲ့ဖိနပ္ေလးကိုသာ ႀကိဳးစားၿပီး ဝတ္ၾကည့္ရင္ အရမ္း လွမွာပဲလို႔ ေတြးမိလာ ပါတယ္။ ဒါေပမဲ့ ဖိနပ္ေလးကို ယူၿပီး ထပ္စီးၾကည့္ ေတာ့လည္း Size ေသးေနေတာ့ က်မ ေျခေထာက္ အရမ္းနာၿပီး လမ္းေတာင္ မေလွ်ာက္ႏိုင္ေလာက္ ေအာင္ပါပဲ ။ ဘယ္လိုမွ အဆင္မေျပ တာပါ ။ ဒါေပမယ့္ သူမနဲ႔ ကေတာ့ သိပ္လွ ပါတယ္။

အဲ့လိုပါပဲ။ ရည္းစားေဟာင္း ဆိုတာ ဟာလဲ အမွတ္တရေတြ အမ်ားႀကီး ရွိဖူးတယ္။ အရာအားလုံး ျမႇဳပ္ႏွံၿပီး ခ်စ္ခဲ့ ဖူးၾကတဲ့ သူေတြပါ။ အဲ့ဒါေၾကာင့္ပဲ တျခားသူ ဆီမွာ ေတြ႕တဲ့ အခါ ၊ တျခားသူဆီ ေရာက္သြားတဲ့ အခါ ပိုက္ဆံ အမ်ားႀကီး ေပးထားတဲ့ ပစၥည္း သူမ်ားကို ေပးရမွာ ႏွေျမာမိသလို ခံစားခ်က္ အမ်ားႀကီး ေပးထားတဲ့ သူကို တျခားသူကို ေပးရမွာ ႏွေျမာမိယုံ သက္သက္ပါ ။

ငါ ခုေန တစ္ခါေလာက္ ထပ္စီး ၾကည့္ရင္ ေကာင္းမလားလို႔ ေတြးမိတိုင္း သင္ စီးခဲ့ တုန္းက ဘယ္ေလာက္ေတာင္ နာခဲ့လဲ ျပန္ သတိရပါ။ အဲ့ ဖိနပ္ကို ခြၽတ္လိုက္တဲ့ အခ်ိန္မွာ သင္ ဘယ္ေလာက္ စိတ္သက္သာရာ ရသြားတယ္ ၊ နာက်င္ တာေတြ ေပ်ာက္သြားတယ္ ဆိုတာ ျပန္ သတိရၾကည့္ ပါ ။

သူတို႔အတြဲ ေပ်ာ္ေနတဲ့ ပုံေတြ fb မွာ ေတြ႕တဲ့အခါ သူငယ္ခ်င္းေတြက လာေျပာျပတဲ့ အခါ ေတြမွာလည္း..

" ငါကေတာ့ ငတုံးပဲ ၊ တကယ္ဆို ဒါ ငါ့ဟာပဲ ၊ သူမ်ားကို မေပးသင့္ဘူး။ ခုခ်ိန္ သူ႔ရည္းစား အသစ္က ေပ်ာ္ေနသင့္တာ မဟုတ္ဘူး ငါ ေပ်ာ္ေနရမွာ " လို႔ ေတြးမိတတ္ ပါတယ္ ။

အဲ့ဒီ အေတြးက တကယ္ေတာ့ မွားပါတယ္။ သူတို႔ ႏွစ္ေယာက္ ေပ်ာ္ေန ေပမယ့္ တကယ္တမ္း သူ က်မ အနားမွာ ရွိရင္လည္း က်မ ေပ်ာ္မွာ မဟုတ္ပါဘူး။ ဘာလို႔လဲ ဆိုေတာ့ အစထဲက မေတာ္တဲ့ဟာ မို႔လို႔ပါ ။

အခုခ်ိန္မွာ သူမ်ားနဲ႔ လွတာ ျမင္တိုင္း ကိုယ္နဲ႔လည္း လွမယ္ ၊ အဆင္ေျပမယ္ လို႔ မေတြးမိေတာ့ ပါဘူး။ ကိုယ္နဲ႔ မေတာ္တဲ့ ဖိနပ္ကို သူမ်ား စီးထားလို႔ လွတာ ျမင္ရင္လည္း ျပန္မလိုခ်င္ ေတာ့ပါဘူး ။ ႏွေျမာတာ သက္သက္နဲ႔ အနာခံၿပီး လဲမစီးသင့္ ေတာ့ပါဘူး ။

တစ္ေန႔ မွာေတာ့ ကိုယ္နဲ႔ ကြက္တိ ျဖစ္မယ့္ ဖိနပ္ လွလွေလး တစ္ရံ ေတြ႕ဦးမယ္ လို႔ ယုံၾကည္ပါတယ္ ။

Crd

Post a Comment

0 Comments