ရနံ့ဆီတွေရဲ့ မှော်ဆန်သော အသုံးဝင်ပုံ (၇) မျိုး

လူတော်တော်များများက ရနံ့ဆီကို ကြိုက်နှစ်သက် ကြပါတယ်။ ရနံ့ဆီရဲ့ အသုံးဝင်ပုံတွေ အများကြီး ရှိပါတယ်။

၁။ ပက်ပါမင့်ဆီက နာကျင်ခြင်းကို သက်သာစေတယ်။

ခေါင်းကိုက်နေတယ် ဆိုရင် ပက်ပါမင့်ဆီ အနည်းငယ်ကို ယူပြီး နားထင်ကို လိမ်းလိုက်ပါ။ ဓမ္မတာလာချိန်မှာ ဗိုက်အောင့်တယ် ဆိုရင် ပက်ပါမင့်ဆီနဲ့ ဟင်းသီးဟင်းရွက်ဆီကို ရောပြီး လိမ်းပေးပါ။

၂။ ဆီထရစ်ရနံ့ဆီက ကိုယ်အလေးချိန်ကို ကျစေတယ်။

ဆီထရစ်ရနံ့ဆီ အနည်းငယ်ကို လေသန့်စက်ထဲ ထည့်ထားရင် အိမ်ထဲမှာ အမွှေးနံ့သင်းသင်း ရစေပါတယ်။ ဆီထရစ်ရနံ့က အစားစားချင်စိတ်ကို လျော့စေပါတယ်။ ဆီထရစ်ရနံ့ဆီနဲ့ ဟင်းသီးဟင်းရွက်ဆီ (သံလွင်ဆီ) ကိုရောပြီး ဟင်းသီးဟင်းရွက်နဲ့ သုပ်စားတဲ့အခါ ခန္ဓာကိုယ်က အဆိပ်ဓာတ်တွေကို ဖယ်ရှားပေးပါတယ်။

၃။ လက်ဖက်ဆီက အသားအရေကို ကြည်လင်စေတယ်။

လက်ဖက်ဆီက ဝက်ခြံကို ကုသရာမှာ ထိရောက်ပါတယ်။ ကြက်ဆူဆီတစ်စက်၊ ဗီသွာဆီသုံးစက်၊ လက်ဖက်ဆီ သုံးစက်ကို ရောပြီး မျက်နှာကို လိမ်းပေးပါ။ ပြီးရင်တော့ မျက်နှာကို ရေနွေးနဲ့စိမ်ထားတဲ့ ပုဝါနဲ့သုတ်ပြီး ကျန်ရှိနေတဲ့ ဆီတွေနဲ့ အမဲစက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ခြေသည်းမှာ မှိုဆွဲရင် လက်ဖက်ဆီနဲ့ လိမ်းပေးလို့ရပါတယ်။ အေးတဲ့ရာသီဥတုမှာ နှုတ်ခမ်းကွဲရင်လည်း လက်ဖက်ဆီ လိမ်းပေးလို့ ရပါတယ်။

၄။ လာဗင်ဒါရနံ့ဆီက အင်းဆက်ပိုးတွေကို ဖယ်ရှားပေးတယ်။

လာဗင်ဒါရနံ့ကို အင်းဆက်ပိုးတွေက ကြောက်ကြပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးတွေလည်း လာဗင်ဒါရနံ့ဆီကို သုံးသင့်ပါတယ်။ ဗီရိုထဲမှာ ပိုးဟပ်ရှိရင် အပ်ချည်လုံးကို လာဗင်ဒါရနံ့ဆီနဲ့ ဖျန်းပြီး ဗီရိုအမိုးပေါ် တင်ထားလိုက်ပါ။

၅။ စံပယ်ပန်းရနံ့ဆီက ဆံပင်ကို ပျော့ပျောင်းစေတယ်။

စံပယ်ပန်းရနံ့ဆီ ထည့်ပြီး ပြုလုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်းထားရင် ပျော်ရွှင်စေပြီး တစ်ယောက်ကို တစ်ယောက် ရင်းနှီးစေပါတယ်။ အသားအရေကို နူးညံ့စေချင်ရင် စံပယ်ပန်းရနံ့ဆီနဲ့ အရေပြားကို နှိပ်နှယ်ပေးလို့ရပါတယ်။ စံပယ်ပန်းရနံ့ဆီက ဆံပင်ကိုအားဖြည့်ပေးပြီး နူးညံ့စေပါတယ်။ ခေါင်းလျှော်ရည်ထဲမှာ စံပယ်ပန်းရနံ့ဆီ ၅ စက်လောက် ထည့်ပြီး ခေါင်းလျှော်ရင် ဆံပင်လေးတွေ ပျော့ပျောင်းနေမှာပါ။

၆။ ယူကလစ်ရနံ့ဆီက ကိုယ်ခံအားကောင်းစေတယ်။

ယူကလစ်ရနံ့ဆီက နှာစေးခြင်းကို သက်သာစေပါတယ်။ လည်ချောင်းနာရင် ယူကလစ်ရနံ့ဆီ ၂ စက်ကို ရေနဲ့ဖျော်ပြီး ပါးလုပ်ကျင်းပေးလို့ရပါတယ်။ အသက်ရှူကြပ်ရင် ယူကလစ်ရနံ့ဆီကို ရှူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ပွန်းပဲ့ရာရတဲ့အခါ၊ သွေးအနည်းငယ်ထွက်တဲ့အခါ၊ မီးလောင်ရည်ကြည်ဖု ထလာတဲ့အခါ ယူကလစ်ဆီကို ဟင်းသီးဟင်းရွက်ဆီနဲ့ရောပြီး လိမ်းပေးနိုင်ပါတယ်။

၇။ ထင်းရှူးရနံ့ဆီက အိမ်ကို သန့်ရှင်းစေတယ်။

လေသန့်စက်က အိမ်ရဲ့လေထုကို သန့်ရှင်းပေးပြီး မကောင်းတဲ့ လေတွေကို ဖယ်ပေးပါတယ်။ လေသန့်စက်ထဲကို ထင်းရှူးရနံ့ဆီ အနည်းငယ် ထည့်ပေးပြီး သုံးရင် နှစ်သက်စရာ ရနံ့လေးတွေ ရနေမှာပါ။ ထင်းရှူးရနံ့ဆီက အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ထင်းရှုးရနံ့ဆီ အနည်းငယ်ကို ဆားပန်းကန်ထဲထည့်ထားရင် အနံ့ဆိုးတွေ ပျောက်ပါတယ်။ ပန်းကန်ဆေး ဆပ်ပြာရည်ထဲမှာ ထင်းရှူးရနံ့ဆီတွေကို ထည့်ထားပြီး ဆေးရင် ပန်းကန်တွေ တောက်ပြောင်နေမှာပါ။

Zombie (Lovemedia)

for zawgyi

ရနံ႔ဆီေတြရဲ႕ ေမွာ္ဆန္ေသာ အသုံးဝင္ပုံ (၇) မ်ိဳး

လူေတာ္ေတာ္မ်ားမ်ားက ရနံ႔ဆီကို ႀကိဳက္ႏွစ္သက္ ၾကပါတယ္။ ရနံ႔ဆီရဲ႕ အသုံးဝင္ပုံေတြ အမ်ားႀကီး ရွိပါတယ္။

၁။ ပက္ပါမင့္ဆီက နာက်င္ျခင္းကို သက္သာေစတယ္။

ေခါင္းကိုက္ေနတယ္ ဆိုရင္ ပက္ပါမင့္ဆီ အနည္းငယ္ကို ယူၿပီး နားထင္ကို လိမ္းလိုက္ပါ။ ဓမၼတာလာခ်ိန္မွာ ဗိုက္ေအာင့္တယ္ ဆိုရင္ ပက္ပါမင့္ဆီနဲ႔ ဟင္းသီးဟင္း႐ြက္ဆီကို ေရာၿပီး လိမ္းေပးပါ။

၂။ ဆီထရစ္ရနံ႔ဆီက ကိုယ္အေလးခ်ိန္ကို က်ေစတယ္။

ဆီထရစ္ရနံ႔ဆီ အနည္းငယ္ကို ေလသန႔္စက္ထဲ ထည့္ထားရင္ အိမ္ထဲမွာ အေမႊးနံ႔သင္းသင္း ရေစပါတယ္။ ဆီထရစ္ရနံ႔က အစားစားခ်င္စိတ္ကို ေလ်ာ့ေစပါတယ္။ ဆီထရစ္ရနံ႔ဆီနဲ႔ ဟင္းသီးဟင္း႐ြက္ဆီ (သံလြင္ဆီ) ကိုေရာၿပီး ဟင္းသီးဟင္း႐ြက္နဲ႔ သုပ္စားတဲ့အခါ ခႏၶာကိုယ္က အဆိပ္ဓာတ္ေတြကို ဖယ္ရွားေပးပါတယ္။

၃။ လက္ဖက္ဆီက အသားအေရကို ၾကည္လင္ေစတယ္။

လက္ဖက္ဆီက ဝက္ၿခံကို ကုသရာမွာ ထိေရာက္ပါတယ္။ ၾကက္ဆူဆီတစ္စက္၊ ဗီသြာဆီသုံးစက္၊ လက္ဖက္ဆီ သုံးစက္ကို ေရာၿပီး မ်က္ႏွာကို လိမ္းေပးပါ။ ၿပီးရင္ေတာ့ မ်က္ႏွာကို ေရေႏြးနဲ႔စိမ္ထားတဲ့ ပုဝါနဲ႔သုတ္ၿပီး က်န္ရွိေနတဲ့ ဆီေတြနဲ႔ အမဲစက္ေတြကို ဖယ္ရွားႏိုင္ပါတယ္။ ေျခသည္းမွာ မႈိဆြဲရင္ လက္ဖက္ဆီနဲ႔ လိမ္းေပးလို႔ရပါတယ္။ ေအးတဲ့ရာသီဥတုမွာ ႏႈတ္ခမ္းကြဲရင္လည္း လက္ဖက္ဆီ လိမ္းေပးလို႔ ရပါတယ္။

၄။ လာဗင္ဒါရနံ႔ဆီက အင္းဆက္ပိုးေတြကို ဖယ္ရွားေပးတယ္။

လာဗင္ဒါရနံ႔ကို အင္းဆက္ပိုးေတြက ေၾကာက္ၾကပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္ေတြနဲ႔ ကေလးေတြလည္း လာဗင္ဒါရနံ႔ဆီကို သုံးသင့္ပါတယ္။ ဗီ႐ိုထဲမွာ ပိုးဟပ္ရွိရင္ အပ္ခ်ည္လုံးကို လာဗင္ဒါရနံ႔ဆီနဲ႔ ဖ်န္းၿပီး ဗီ႐ိုအမိုးေပၚ တင္ထားလိုက္ပါ။

၅။ စံပယ္ပန္းရနံ႔ဆီက ဆံပင္ကို ေပ်ာ့ေပ်ာင္းေစတယ္။

စံပယ္ပန္းရနံ႔ဆီ ထည့္ၿပီး ျပဳလုပ္ထားတဲ့ ဖေယာင္းတိုင္ကို ထြန္းထားရင္ ေပ်ာ္႐ႊင္ေစၿပီး တစ္ေယာက္ကို တစ္ေယာက္ ရင္းႏွီးေစပါတယ္။ အသားအေရကို ႏူးညံ့ေစခ်င္ရင္ စံပယ္ပန္းရနံ႔ဆီနဲ႔ အေရျပားကို ႏွိပ္ႏွယ္ေပးလို႔ရပါတယ္။ စံပယ္ပန္းရနံ႔ဆီက ဆံပင္ကိုအားျဖည့္ေပးၿပီး ႏူးညံ့ေစပါတယ္။ ေခါင္းေလွ်ာ္ရည္ထဲမွာ စံပယ္ပန္းရနံ႔ဆီ ၅ စက္ေလာက္ ထည့္ၿပီး ေခါင္းေလွ်ာ္ရင္ ဆံပင္ေလးေတြ ေပ်ာ့ေပ်ာင္းေနမွာပါ။

၆။ ယူကလစ္ရနံ႔ဆီက ကိုယ္ခံအားေကာင္းေစတယ္။

ယူကလစ္ရနံ႔ဆီက ႏွာေစးျခင္းကို သက္သာေစပါတယ္။ လည္ေခ်ာင္းနာရင္ ယူကလစ္ရနံ႔ဆီ ၂ စက္ကို ေရနဲ႔ေဖ်ာ္ၿပီး ပါးလုပ္က်င္းေပးလို႔ရပါတယ္။ အသက္ရႉၾကပ္ရင္ ယူကလစ္ရနံ႔ဆီကို ရႉေပးႏိုင္ပါတယ္။ ခႏၶာကိုယ္မွာ ပြန္းပဲ့ရာရတဲ့အခါ၊ ေသြးအနည္းငယ္ထြက္တဲ့အခါ၊ မီးေလာင္ရည္ၾကည္ဖု ထလာတဲ့အခါ ယူကလစ္ဆီကို ဟင္းသီးဟင္း႐ြက္ဆီနဲ႔ေရာၿပီး လိမ္းေပးႏိုင္ပါတယ္။

၇။ ထင္းရႉးရနံ႔ဆီက အိမ္ကို သန႔္ရွင္းေစတယ္။

ေလသန႔္စက္က အိမ္ရဲ႕ေလထုကို သန႔္ရွင္းေပးၿပီး မေကာင္းတဲ့ ေလေတြကို ဖယ္ေပးပါတယ္။ ေလသန႔္စက္ထဲကို ထင္းရႉးရနံ႔ဆီ အနည္းငယ္ ထည့္ေပးၿပီး သုံးရင္ ႏွစ္သက္စရာ ရနံ႔ေလးေတြ ရေနမွာပါ။ ထင္းရႉးရနံ႔ဆီက အနံ႔ဆိုးေတြကို ဖယ္ရွားေပးပါတယ္။ ထင္းရႈးရနံ႔ဆီ အနည္းငယ္ကို ဆားပန္းကန္ထဲထည့္ထားရင္ အနံ႔ဆိုးေတြ ေပ်ာက္ပါတယ္။ ပန္းကန္ေဆး ဆပ္ျပာရည္ထဲမွာ ထင္းရႉးရနံ႔ဆီေတြကို ထည့္ထားၿပီး ေဆးရင္ ပန္းကန္ေတြ ေတာက္ေျပာင္ေနမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments