မာန်တက်တဲ့ ဆင်ကြီး

တခါတုန်းက တောနက်ကြီး တစ်ခုထဲမှ ဆင်ကြီးတစ်ကောင်ဟာ အရှိန်ဟုန်ပြင်းစွာဖြင့် ပြေးနေခဲ့ပါသည်။ ထိုဆင်ကြီး ပြေးလာရာ လမ်းတည့်တည့်မှာ နှာပြည်စုတ် ငှက်မလေးက ရှေ့မှာ သူမ၏ အသိုက်လေး ရှိကြောင်း၊ ထိုအသိုက်လေးထဲမှာ သူမ၏ သားငယ် ၊ သမီးငယ် အကောင်ပေါက်လေးတွေ ရှိသောကြောင့် ထိုနေရာရောက်လျှင် ရှောင်ကွင်းသွားပါဟု ဆင်ကြီးအား မေတ္တာရပ်ခံလေသည်။ ထိုအခါ မာန်တက်နေတဲ့ ဆင်ကြီးက..

" ဟမ်.. နင်လို မလောက်လေး မလောက်စား ငှက်မလေးကများ ငါ့ကို ဆရာလုပ်ရမလား " ဆိုပြီး သူမ၏ သားငယ် ၊ သမီးငယ် ငှက်ပေါက်လေးများကို ခြေထောက်ကြီးဖြင့် နင်းခြေဖျက်စီး သက်ဖြတ်ပြစ်လေသည်။

ထိုအခါ နှာပြည်စုတ် ငှက်လေးမှာ အသဲကွဲမတတ် ဝမ်းနည်းငိုကြွေးနေချိန်မှာ တောစပ်တနေရာ ရေအိုင်ကြီးဘေးရှိ ညောင်ပင်ကြီးပေါ်မှ ကျီးကန်းအုပ်ကြီး တစ်အုပ်သည် ထို ငှက်မလေး ရှိရာသို့ ပျံသွားကာ ပြောလေသည်။

" အသင် ငှက်မလေး အသင်ဘာမှ အားမငယ်ပါနဲ့ ။ သင်၏ မိသားစု အသိုက်မြုံလေးကို ဖျက်စီးတဲ့ ဒီဆင်ကြီးကို ဒီနေ့ကစပြီး ငါတို့ နှိမ်နင်းတော့မယ်။ ဒီအတွက် ငါတို့ ယင်ကောင်တွေရယ်၊ ဖားတွေနဲ့ ၊ ငါတို့တိုင်ပင် ထားကြပြီးပါပြီ။ "

အဲ့ဒီလိုနဲ့ ကျီးကန်း တစ်သိုက်ဟာ ထိုဆင်ကြီးရဲ့ နောက်ကိုလိုက်၍ ထိုဆင်ကြီးရဲ့ ဦးခေါင်းမှ မျက်လုံး ၂ လုံးကို ဝိုင်းအုံပြီး တစ်ကောင်ပြီး တစ်ကောင် အတောင်များနှင့် ပုတ်ခပ်ပြီး နှုတ်သီးများဖြင့် ထိုးစိတ်လိုက်ကြတာ မကြာခင်မှာပဲ ကျီးကန်းတွေရဲ့ ထိုးစိတ်ချက်တွေကြောင့် ဆင်ကြီးရဲ့ မျက်လုံးအိမ်ထဲမှ သွေးများ ယိုစီး၍ ကျလာသည်။

ထိုအခါ ယင်ကောင်လေးတွေဟာ ထိုဆင်ကြီး၏ မျက်လုံးအိမ်မှ ဒဏ်ရာတွေပေါ်မှာ ဝိုင်းအုံပြီး ဥများကို ဥစေသည်။ ဒီလိုနဲ့ နောက်တော့ ဆင်ကြီးဟာ ရက်တွေက တစ်ရက်ပြီး တစ်ရက် ကြာလာသည်နှင့်အမျှ အနာကြီးမှာ ရင်းပြီး မျက်လုံးနှစ်ဖက်လုံး ဖုံးကွယ်သွားလေသည်။

ဒီလိုနဲ့ ဆင်ကြီးဟာ ထိုတောနက်ကြီးထဲမှာ ဆင်ကန်းတောတိုး ဆိုတဲ့အတိုင်း ဟိုလျှောက်သွား.. ဒီလျှောက်သွားနဲ့ အစာတွေငတ် ၊ ရေတွေကလည်းငတ် နေတဲ့အချိန်မှာ သူ၏ နားထဲမှာ ဖားအော်သံလေးကို ကြားလိုက်ရသည်။ ဒီတော့ ဆင်ကြီးက တွေးသည်မှာ..

" ဖားရှိတဲ့ နေရာဟာ ရေအိုင်ဖြစ်ရမယ် " ဆိုသော အတွေဖြင့် ဖားအော်သံနောက်ကို တဖြေးဖြေးနဲ့ လိုက်သွားလေသည်။ ဖားလေးဟာ အဖြေးဖြေးနဲ့ မြှားပြီးခေါ်သွားလိုက်တာ ဒီလိုနဲ့ တနေရာအရောက်မှာ ဖားတွေဟာ အစုလိုက် ၊ အပြုံလိုက်နဲ့ ဝိုင်းပြီး တအောက်.. အောက်နဲ့ အော်လိုက်ချိန်မှာ ဆင်ကြီးဟာ ရေအိုင်ကြီးဆိုပြီး အရှိန်နဲ့ ခုန်ချလိုက်တာ သူထင်ထားတဲ့ ရေအိုင် မဟုတ်ပဲ ပေပေါင်း ထောင်ချီနက်တဲ့ ချောက်ကမ်းပါးပျက်ကြီးထဲသို့ မျက်မမြင် ဆင်ကန်းကြီး ထိုးကြသွားလေသည်။

ဒီတော့မှ ထိုတောနက်ထဲရှိ တိရိစ္ဆာန် အားလုံးသည် ကျီးကန်းရယ် ၊ ယင်ကောင်ရယ်။ ဖားလေးတွေရဲ့ ညီညွတ်မှုတွေကြောင့် ဆင်ကြီးရန်မှ ကင်းဝေးပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ကြလေတော့သည်။

ဒီပုံပြင်လေးရဲ့ အနှစ်ချုပ်ကတော့...

ပညာအတွက် မာန်တတ်တဲ့ နေ့ဟာ ပညာပျောက်တဲ့နေ့ပါ။ ဥစ္စာ အတွက် မာန်တတ်တဲ့နေဟာ ဥစ္စာပျောက်တဲ့နေ့ပါ။ အလှအတွက် မာန်တတ်တဲ့နေ့ဟာ အလှပျက်တဲ့နေ့ပါ။ ရာထူးအတွက် မာန်တတ်တဲ့နေ့ဟာ ရာထူးပျောက်တဲ့နေ့ပါ။

တစ်ခုခုကြောင့် မာန်တတ်တော့မယ် ဆိုရင် ကျီး ၊ ယင် ၊ ဖား ပုံပြင်လေးကို သတိရလိုက်ပါ။

မေတ္တာဖြင့်

Z.C ( ရွှေကုန်းရွာ )

for zawgyi

မာန္တက္တဲ့ ဆင္ႀကီး

တခါတုန္းက ေတာနက္ႀကီး တစ္ခုထဲမွ ဆင္ႀကီးတစ္ေကာင္ဟာ အရွိန္ဟုန္ျပင္းစြာျဖင့္ ေျပးေနခဲ့ပါသည္။ ထိုဆင္ႀကီး ေျပးလာရာ လမ္းတည့္တည့္မွာ ႏွာျပည္စုတ္ ငွက္မေလးက ေရွ႕မွာ သူမ၏ အသိုက္ေလးရွိေၾကာင္း၊ ထိုအသိုက္ေလးထဲမွာ သူမ၏ သားငယ္ ၊ သမီးငယ္ အေကာင္ေပါက္ေလးေတြ ရွိေသာေၾကာင့္ ထိုေနရာေရာက္လွ်င္ ေရွာင္ကြင္းသြားပါဟု ဆင္ႀကီးအား ေမတၱာရပ္ခံေလသည္။ ထိုအခါ မာန္တက္ေနတဲ့ ဆင္ႀကီးက..

" ဟမ္.. နင္လို မေလာက္ေလး မေလာက္စား ငွက္မေလးကမ်ား ငါ့ကို ဆရာလုပ္ရမလား " ဆိုၿပီး သူမ၏ သားငယ္ ၊ သမီးငယ္ ငွက္ေပါက္ေလးမ်ားကို ေျခေထာက္ႀကီးျဖင့္ နင္းေျခဖ်က္စီး သက္ျဖတ္ျပစ္ေလသည္။

ထိုအခါ ႏွာျပည္စုတ္ ငွက္ေလးမွာ အသဲကြဲမတတ္ ဝမ္းနည္းငိုေႂကြးေနခ်ိန္မွာ ေတာစပ္တေနရာ ေရအိုင္ႀကီးေဘးရွိ ေညာင္ပင္ႀကီးေပၚမွ က်ီးကန္းအုပ္ႀကီး တစ္အုပ္သည္ ထို ငွက္မေလး ရွိရာသို႔ ပ်ံသြားကာ ေျပာေလသည္။

" အသင္ ငွက္မေလး အသင္ဘာမွ အားမငယ္ပါနဲ႔ ။ သင္၏ မိသားစု အသိုက္ၿမဳံေလးကို ဖ်က္စီးတဲ့ ဒီဆင္ႀကီးကို ဒီေန႔ကစၿပီး ငါတို႔ ႏွိမ္နင္းေတာ့မယ္။ ဒီအတြက္ ငါတို႔ ယင္ေကာင္ေတြရယ္၊ ဖားေတြနဲ႔ ၊ ငါတို႔တိုင္ပင္ ထားၾကၿပီးပါၿပီ။ "

အဲ့ဒီလိုနဲ႔ က်ီးကန္း တစ္သိုက္ဟာ ထိုဆင္ႀကီးရဲ႕ ေနာက္ကိုလိုက္၍ ထိုဆင္ႀကီးရဲ႕ ဦးေခါင္းမွ မ်က္လုံး ၂ လုံးကို ဝိုင္းအုံၿပီး တစ္ေကာင္ၿပီး တစ္ေကာင္ အေတာင္မ်ားႏွင့္ ပုတ္ခပ္ၿပီး ႏႈတ္သီးမ်ားျဖင့္ ထိုးစိတ္လိုက္ၾကတာ မၾကာခင္မွာပဲ က်ီးကန္းေတြရဲ႕ ထိုးစိတ္ခ်က္ေတြေၾကာင့္ ဆင္ႀကီးရဲ႕ မ်က္လုံးအိမ္ထဲမွ ေသြးမ်ား ယိုစီး၍ က်လာသည္။

ထိုအခါ ယင္ေကာင္ေလးေတြဟာ ထိုဆင္ႀကီး၏ မ်က္လုံးအိမ္မွ ဒဏ္ရာေတြေပၚမွာ ဝိုင္းအုံၿပီး ဥမ်ားကို ဥေစသည္။ ဒီလိုနဲ႔ ေနာက္ေတာ့ ဆင္ႀကီးဟာ ရက္ေတြက တစ္ရက္ၿပီး တစ္ရက္ ၾကာလာသည္ႏွင့္အမွ် အနာႀကီးမွာ ရင္းၿပီး မ်က္လုံးႏွစ္ဖက္လုံး ဖုံးကြယ္သြားေလသည္။

ဒီလိုနဲ႔ ဆင္ႀကီးဟာ ထိုေတာနက္ႀကီးထဲမွာ ဆင္ကန္းေတာတိုး ဆိုတဲ့အတိုင္း ဟိုေလွ်ာက္သြား.. ဒီေလွ်ာက္သြားနဲ႔ အစာေတြငတ္ ၊ ေရေတြကလည္းငတ္ ေနတဲ့အခ်ိန္မွာ သူ၏ နားထဲမွာ ဖားေအာ္သံေလးကို ၾကားလိုက္ရသည္။ ဒီေတာ့ ဆင္ႀကီးက ေတြးသည္မွာ..

" ဖားရွိတဲ့ ေနရာဟာ ေရအိုင္ျဖစ္ရမယ္ " ဆိုေသာ အေတြျဖင့္ ဖားေအာ္သံေနာက္ကို တေျဖးေျဖးနဲ႔ လိုက္သြားေလသည္။ ဖားေလးဟာ အေျဖးေျဖးနဲ႔ ျမႇားၿပီးေခၚသြားလိုက္တာ ဒီလိုနဲ႔ တေနရာအေရာက္မွာ ဖားေတြဟာ အစုလိုက္ ၊ အၿပဳံလိုက္နဲ႔ ဝိုင္းၿပီး တေအာက္.. ေအာက္နဲ႔ ေအာ္လိုက္ခ်ိန္မွာ ဆင္ႀကီးဟာ ေရအိုင္ႀကီးဆိုၿပီး အရွိန္နဲ႔ ခုန္ခ်လိုက္တာ သူထင္ထားတဲ့ ေရအိုင္ မဟုတ္ပဲ ေပေပါင္း ေထာင္ခ်ီနက္တဲ့ ေခ်ာက္ကမ္းပါးပ်က္ႀကီးထဲသို႔ မ်က္မျမင္ ဆင္ကန္းႀကီး ထိုးၾကသြားေလသည္။

ဒီေတာ့မွ ထိုေတာနက္ထဲရွိ တိရိစာၦန္ အားလုံးသည္ က်ီးကန္းရယ္ ၊ ယင္ေကာင္ရယ္။ ဖားေလးေတြရဲ႕ ညီၫြတ္မႈေတြေၾကာင့္ ဆင္ႀကီးရန္မွ ကင္းေဝးၿပီးေပ်ာ္႐ႊင္စြာ ေနထိုင္ႏိုင္ၾကေလေတာ့သည္။

ဒီပုံျပင္ေလးရဲ႕ အႏွစ္ခ်ဳပ္ကေတာ့...

ပညာအတြက္ မာန္တတ္တဲ့ ေန႔ဟာ ပညာေပ်ာက္တဲ့ေန႔ပါ။ ဥစၥာ အတြက္ မာန္တတ္တဲ့ေနဟာ ဥစၥာေပ်ာက္တဲ့ေန႔ပါ။ အလွအတြက္ မာန္တတ္တဲ့ေန႔ဟာ အလွပ်က္တဲ့ေန႔ပါ။ ရာထူးအတြက္ မာန္တတ္တဲ့ေန႔ဟာ ရာထူးေပ်ာက္တဲ့ေန႔ပါ။

တစ္ခုခုေၾကာင့္ မာန္တတ္ေတာ့မယ္ ဆိုရင္ က်ီး ၊ ယင္ ၊ ဖား ပုံျပင္ေလးကို သတိရလိုက္ပါ။

ေမတၱာျဖင့္

Z.C ( ေ႐ႊကုန္း႐ြာ )

Post a Comment

0 Comments