ခွေးသေပုပ်ကောင်ကို ခြေထောက်နဲ့ မကန်နဲ့

အမေက ပြောဖူးတဲ့ ခွေးသေပုပ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့ဆိုတဲ့ စကားလေးပါ။ တခုခုဆိုရင် ဆတ်ဆတ်ထိ မခံတတ်တဲ့ အကျင့် ကျွန်မမှာ ရှိခဲ့တယ်။ ကိုယ်ကမှန်တယ် ထင်ရင် ပြောဆိုရဲသလို ၊ မှားတယ် ထင်ရင်လည်း တောင်းပန်ရဲတာ ကျွန်မရဲ့အကျင့် ။

ကိုယ်ကမှန်လို့ ပြောပြီ ဆိုရင် ဘယ်သူ့ရဲ့ မျက်နှာမှ မကြည့်တတ်ခဲ့ဘူး။ အရိုင်းအစိုင်း တစ်ယောက်လိုပဲ ဖြစ်ခဲ့ဖူးတယ်။ မဟုတ်မခံတဲ့ အာ့စိတ်လေးကို မသိစိတ်က သဘောကျမိလေ.. ကျွန်မစိတ်က မောက်မာလာလေပဲ။

သွားတော့မလုပ်နဲ့နော်.. သူက ဆတ်ဆတ်ကြဲ စိတ်လည်း အရမ်းကြီးတယ် ၊ မဟုတ်မခံ ပြန်ပြောတတ်တယ်တဲ့ ။ သူတို့တွေရဲ့ အပြောမှာ ကျွန်မကို ကျွန်မ အဟုတ်ကြီး မှတ်ခဲ့ဘူးတယ်။ မဟုတ်တဲ့ ကိစ္စတစ်ခုကို ရှင်းရမှ စိတ်ကျေနပ်တာ ကျွန်မရဲ့ အကျင့်ဆိုးကြီးလို ဖြစ်နေခဲ့တာ။

တစ်နေ့ အမေနဲ့ အပြင်သွားတော့ လမ်းဘေးက အမှိုက်ပုံတစ်ခုမှာ ခွေးသေပုတ်ကောင်ကြီး အနံတထောင်းထောင်း မြင်တွေ့ရတာ စိတ်ပျက်စရာပါ။ ကျွန်မ နှာခေါင်းရှုံ့လက်နဲ့ကာလို့ မျက်နှာမဲ့သွားတာကို အမေမြင်တော့ အမေက ပြောတယ်။

" သမီး.. အဲ့ခွေးသေပုတ်ကို ခြေထောက်နဲ့ ကန်ရဲလား " တဲ့ ။

" ကန်စရာလား အမေရယ်.. ဒီလောက် ပုတ်စော်နံနေတဲ့ ဟာကို "ဆိုတော့ အမေက ပြုံးတယ် ။

" ဟုတ်တာပေါ့ သမီးရဲ့.. ကိုယ်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူတစ်ပါး ပြောတဲ့စကား ကိုယ့်ကောင်းကျိုးပါလား အရင်ဆုံး တွေးစဉ်းစား " တဲ့ ။

" မဟုတ်တာ ပြောတဲ့လူနဲ့ ကိုယ်က ဖက်ရန်ဖြစ်နေတော့ ဘာပြန်ရလဲတဲ့.. " အမေ့ရဲ့မေးခွန်းကြောင့် ကျွန်မ နှုတ်ဆိတ်နေမိတယ် ။

တစ်ဖက်လူက ဆဲတယ် ၊ ရိုင်းတယ် ။ ကိုယ့်လည်း ပါးစပ်ပါတယ်.. ပြန်ပြောလို့ရတာပဲ ။ ဒါပေမယ့် မတူဘူးတဲ့ အရိုင်းအစိုင်းနဲ့ ဖက်ဖြစ်ရင် ကိုယ်လည်းသူနဲ့ အဆင့်တူတူပဲ ဖြစ်သွားရောတဲ့ ။

အမေပြောတာ ဟုတ်ပါတယ် ။ ကျွန်မ မေ့နေခဲ့တာ.. ကျွန်မရှေ့မှာ မဟုတ်မခံပြောတဲ့ လူတစ်ချို့ကလည်း ကျွန်မရဲ့နောက်ကွယ် အရိုင်းစိုင်းလေးလို့ ပြောနိုင်သားပဲ။ ကိုယ်မဟုတ်တဲ့ ကိစ္စအတွက် လေကုန်ခံ ပြောမနေတော့ဘူး။ အာ့အတွက် ကိုယ်လည်း ဒေါသ မဖြစ်ရသလို မထွက်ရတော့ဘူး ။

အနည်းဆုံးတော့ အမှား ကင်းလာတယ်။ လျစ်လျူရှု တတ်တာ တစ်ခုက အကျင့်ဖြစ်လာတယ်။ လူကြီး လူငယ်ဖြစ်ဖြစ် သူရိုင်းရင် သူ့အကုသိုလ်နဲ့သူ သွားလိမ့်မယ်။ ဘာဆိုဘာမှ မပြောနေတော့ဘူး ။ ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင် နေစရာနေရာ မရှိတော့သလိုပေါ့ ။

အဲ့နောက်ပိုင်း ခွေးသေပုပ်ကိုလည်း ခြေထောက် အပေခံပြီး မကန်တော့သလို ၊ အရာအားလုံးကို လျစ်လျူရှုတတ်အောင် နေနိုင်ခဲ့ပါတယ် ။

Nann

for zawgyi

ေခြးေသပုပ္ေကာင္ကို ေျခေထာက္နဲ႔ မကန္နဲ႔

အေမက ေျပာဖူးတဲ့ ေခြးေသပုပ္ကို ေျခေထာက္နဲ႔ မကန္မိေစနဲ႔ဆိုတဲ့ စကားေလးပါ။ တခုခုဆိုရင္ ဆတ္ဆတ္ထိ မခံတတ္တဲ့ အက်င့္ ကြၽန္မမွာ ရွိခဲ့တယ္။ ကိုယ္ကမွန္တယ္ ထင္ရင္ ေျပာဆိုရဲသလို ၊ မွားတယ္ ထင္ရင္လည္း ေတာင္းပန္ရဲတာ ကြၽန္မရဲ႕အက်င့္ ။

ကိုယ္ကမွန္လို႔ ေျပာၿပီ ဆိုရင္ ဘယ္သူ႔ရဲ႕ မ်က္ႏွာမွ မၾကည့္တတ္ခဲ့ဘူး။ အ႐ိုင္းအစိုင္း တစ္ေယာက္လိုပဲ ျဖစ္ခဲ့ဖူးတယ္။ မဟုတ္မခံတဲ့ အာ့စိတ္ေလးကို မသိစိတ္က သေဘာက်မိေလ.. ကြၽန္မစိတ္က ေမာက္မာလာေလပဲ။

သြားေတာ့မလုပ္နဲ႔ေနာ္.. သူက ဆတ္ဆတ္ႀကဲ စိတ္လည္း အရမ္းႀကီးတယ္ ၊ မဟုတ္မခံ ျပန္ေျပာတတ္တယ္တဲ့ ။ သူတို႔ေတြရဲ႕ အေျပာမွာ ကြၽန္မကို ကြၽန္မ အဟုတ္ႀကီး မွတ္ခဲ့ဘူးတယ္။ မဟုတ္တဲ့ ကိစၥတစ္ခုကို ရွင္းရမွ စိတ္ေက်နပ္တာ ကြၽန္မရဲ႕ အက်င့္ဆိုးႀကီးလို ျဖစ္ေနခဲ့တာ။

တစ္ေန႔ အေမနဲ႔ အျပင္သြားေတာ့ လမ္းေဘးက အမႈိက္ပုံတစ္ခုမွာ ေခြးေသပုတ္ေကာင္ႀကီး အနံတေထာင္းေထာင္း ျမင္ေတြ႕ရတာ စိတ္ပ်က္စရာပါ။ ကြၽန္မ ႏွာေခါင္းရႈံ႕လက္နဲ႔ကာလို႔ မ်က္ႏွာမဲ့သြားတာကို အေမျမင္ေတာ့ အေမက ေျပာတယ္။

" သမီး.. အဲ့ေခြးေသပုတ္ကို ေျခေထာက္နဲ႔ ကန္ရဲလား " တဲ့ ။

" ကန္စရာလား အေမရယ္.. ဒီေလာက္ ပုတ္ေစာ္နံေနတဲ့ ဟာကို "ဆိုေတာ့ အေမက ၿပဳံးတယ္ ။

" ဟုတ္တာေပါ့ သမီးရဲ႕.. ကိုယ္က မွန္သည္ျဖစ္ေစ မွားသည္ျဖစ္ေစ သူတစ္ပါး ေျပာတဲ့စကား ကိုယ့္ေကာင္းက်ိဳးပါလား အရင္ဆုံး ေတြးစဥ္းစား " တဲ့ ။

" မဟုတ္တာ ေျပာတဲ့လူနဲ႔ ကိုယ္က ဖက္ရန္ျဖစ္ေနေတာ့ ဘာျပန္ရလဲတဲ့.. " အေမ့ရဲ႕ေမးခြန္းေၾကာင့္ ကြၽန္မ ႏႈတ္ဆိတ္ေနမိတယ္ ။

တစ္ဖက္လူက ဆဲတယ္ ၊ ႐ိုင္းတယ္ ။ ကိုယ့္လည္း ပါးစပ္ပါတယ္.. ျပန္ေျပာလို႔ရတာပဲ ။ ဒါေပမယ့္ မတူဘူးတဲ့ အ႐ိုင္းအစိုင္းနဲ႔ ဖက္ျဖစ္ရင္ ကိုယ္လည္းသူနဲ႔ အဆင့္တူတူပဲ ျဖစ္သြားေရာတဲ့ ။

အေမေျပာတာ ဟုတ္ပါတယ္ ။ ကြၽန္မ ေမ့ေနခဲ့တာ.. ကြၽန္မေရွ႕မွာ မဟုတ္မခံေျပာတဲ့ လူတစ္ခ်ိဳ႕ကလည္း ကြၽန္မရဲ႕ေနာက္ကြယ္ အ႐ိုင္းစိုင္းေလးလို႔ ေျပာႏိုင္သားပဲ။ ကိုယ္မဟုတ္တဲ့ ကိစၥအတြက္ ေလကုန္ခံ ေျပာမေနေတာ့ဘူး။ အာ့အတြက္ ကိုယ္လည္း ေဒါသ မျဖစ္ရသလို မထြက္ရေတာ့ဘူး ။

အနည္းဆုံးေတာ့ အမွား ကင္းလာတယ္။ လ်စ္လ်ဴရႈ တတ္တာ တစ္ခုက အက်င့္ျဖစ္လာတယ္။ လူႀကီး လူငယ္ျဖစ္ျဖစ္ သူ႐ိုင္းရင္ သူ႔အကုသိုလ္နဲ႔သူ သြားလိမ့္မယ္။ ဘာဆိုဘာမွ မေျပာေနေတာ့ဘူး ။ ေခြးေဟာင္တိုင္းသာ လိုက္ၾကည့္ရင္ ေနစရာေနရာ မရွိေတာ့သလိုေပါ့ ။

အဲ့ေနာက္ပိုင္း ေခြးေသပုပ္ကိုလည္း ေျခေထာက္ အေပခံၿပီး မကန္ေတာ့သလို ၊ အရာအားလုံးကို လ်စ္လ်ဴရႈတတ္ေအာင္ ေနႏိုင္ခဲ့ပါတယ္ ။

Nann

Post a Comment

0 Comments