အိမ်သာသွားဖို့ အဆင်မပြေတဲ့ အခြေအနေမှာ ဆီးကိုထိန်းနိုင်မယ့် နည်းလမ်း (၉) ခု

သင့်ရဲ့ ဆီးအိမ်အထဲမှာ ဆီးတွေ ပြည့်သွားတဲ့အခါ သင်အပေါ့သွားချင် လာပါလိမ့်မယ်။ ဒါပေမယ့် အိမ်သာမရှိတဲ့ အချိန်မျိုးမှာ ဆိုရင်တော့ သင်ခဏတဖြုတ်လောက်ပဲ အောင့်ထားနိုင်မှာပါ။ အချိန်အကြာကြီးတော့ အောင့်ထားလို့ အဆင်မပြေလောက်ပါဘူး။ အခန့်မသင့်ရင် ထွက်တောင် ကျသွားနိုင်ပါတယ်။

အဲ့ဒါကြောင့် အိမ်သာသွားလို့ အဆင်မပြေတဲ့အချိန် ဆီးကို အချိန်အကြာကြီး ဘယ်လို အောင့်ထားရမလဲ ဆိုတာကို love media ကနေ ပြောပြသွားပါမယ်နော်။

၁။ လေလည်လိုက်ပါ

လေလည်လိုက်တာဟာ ဗိုက်ထဲမှာရှိတဲ့ ဓာတ်ငွေ့တွေကို လျော့ကျသွားစေပါတယ်။ လေလည်လိုက်ခြင်းဖြင့် ဆီးအိမ်ပေါ်ကို ဖိအားတွေ မသက်ရောက်စေတော့ပါဘူး။ သင့်ကိုလည်း ဆီးအချိန်အကြာကြီး ထိန်းထားစေနိုင်ပါလိမ့်မယ်။ ဒါပေမယ့် လေလည်ရင်း ဆီးတွေ ထွက်မကျဖို့တော့ ဂရုစိုက်ဖို့ လိုပါတယ်။

၂။ ခါးကို မတ်မတ်ထားပြီးထိုင်ပါ

သင်ထိုင်တဲ့ပုံစံ မှားတဲ့အခါ ဆီးအိမ်ရဲ့ ပတ်ပတ်လည်က ကြွက်သားတွေကို ဖိသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခါးကို မတ်မတ်ထားပြီး ပြောင်းထိုင်လိုက်ပါ။ ခန္ဒာကိုယ်ပုံစံက တည့်မတ်သွားတာနဲ့ ဗိုက်ထဲက ကလီစာတွေက ပြန်တည့်သွားပါတယ်။ ပြီးတော့ ဆီးကိုလည်း ထိန်းပေးလိုက်ပါတယ်။

၃။ နွေးနွေးထွေးထွေး နေပါ

အေးလာတဲ့အခါမှာ ခန္ဒာကိုယ် အပူချိန်က ကျဆင်းသွားပါတယ်။ အကျိုးဆက်အနေကတော့ သင့်ကို ဆီးခဏခဏ သွားစေမှာပါ။ မိုးအရမ်းရွာတဲ့ နေ့တွေဆို သင်သတိထားမိ ပါလိမ့်မယ်။ ဒါကြောင့် တတ်နိုင်သလောက် အအေးမခံပါနဲ့။

၄။ လှဲချလိုက်ပါ

လေ့လာမှုတွေ အရကတော့ မတ်တပ်ရပ်နေတာထက် လှဲချလိုက်တာက သင့်ဆီးအိမ်ရဲ့ ဖိအားကို ပိုလျော့ကျစေပါတယ်။ မတ်တပ်ရပ်ထားတဲ့အခါ ဗိုက်ထဲကကလီစာတွေက ဆီးအိမ်ကို ဖိမိနေတာကြောင့် သင် ဆီးပိုသွားချင် လာပါလိမ့်မယ်။

၅။ ခြေထောက်ကို ကြက်ခြေခတ်ပုံစံ ပြောင်းရပ်လိုက်ပါ

ဒီလိုပုံစံ လုပ်လိုက်တာက ခန္ဒာကိုယ်မှာရှိတဲ့ ဆီးပြွန်ကို ညှစ်ထားလိုက်သလို ပါပဲ။ ဒါက ဆီးထွက်ခြင်းကို တားဆီးပေးတဲ့ ပုံစံဖြစ်တာကြောင့် သင်လှဲချလို့မရတဲ့ အခြေအနေတွေ၊ ထိုင်ချလို့မရတဲ့ အခြေအနေတွေမှာ သုံးသင့်ပါတယ်။

၆။ တတ်နိုင်သမျှ မရယ်မိအောင်နေပါ

ရယ်လိုက်တဲ့အခါမှာ တစ်ကိုယ်လုံးက ကြွက်သားတွေက တင်းကျပ်လာတာကြောင့် ဆီးအိမ်ကို သွားပြီးဖိအားပေးသလို ဖြစ်နေပါတယ်။ ရယ်ပြီး ရပ်လိုက်တဲ့အခါမှာ ကြွက်သားတွေက ပြေလျော့သွားပြီး ဆီးအိမ်က ကြွက်သားတွေကပါ လိုက်လျော့သွားပါတယ်။ ဒါဆိုရင်တော့ သင်ထွက်ကျမှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် လုံးဝကို မရယ်ပါနဲ့။

၇။ အာရုံ အပြောင်းအလဲဖြစ်အောင် နေပါ

ဆီးအိမ်ထဲမှာ ဆီးတွေပြည့်လာတဲ့အခါ ဆီးအိမ်မှာရှိတဲ့ အာရုံကြောတွေက ဒါတွေကို စွန့်ထုတ်သင့်ကြောင်း မသိမ်းထားသင့်ကြောင်း သင့်ဦးနှောက်ကို သတင်းပို့ပါလိမ့်မယ်။ တစ်ခါတစ်လေ ဆီးအနည်းငယ် ရှိရင်တောင်မှပဲ ဦးနှောက်ကို သတင်းပို့ပါတယ်။ ဒါကြောင့် တကယ့်တကယ်တမ်းသွားရင်လည်း နည်းနည်းပဲထွက်ပါတယ်။ ခဏခဏ ထသွားနေရတာကလည်း အလုပ်ပျက်စေပါတယ်။ ဒါကြောင့် ဆီးသွားချင်စိတ် ပျောက်သွားအောင် အာရုံအပြောင်းအလဲလေး လုပ်ပါ။ ပတ်ဝန်းကျင်ကို ကြည့်တာပဲဖြစ်ဖြစ်၊ ဖုန်းကို ခဏထုတ်ကြည့်တာမျိုးပဲဖြစ်ဖြစ် လုပ်ပါ။

၈။ တင်ပါးကို ကျုံ့ထားပါ

ဆီးကို ထုတ်လွှတ်ပေးတဲ့ ကြွက်သားတွေအပေါ် ထိန်းချုပ်တာကို တင်ပါးဆုံနားက ကြွက်သားတွေက အလုပ်လုပ် ပေးပါတယ်။ ဒါကြောင့် သင်ဆီးအရမ်းသွားချင်လာတဲ့အခါ တင်ပါးမှာရှိတဲ့ ကြွက်သားတွေကို ကျုံ့လိုက်သင့်ပါတယ်။

ဒီလိုကျုံ့တာကိုတော့ သင်ထိုင်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်လျက်ပဲဖြစ်ဖြစ်၊ လမ်းလျှောက်ရင်းပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

၉။ ရေထဲမဆင်းပါနှင့်

ဒီအချက်ကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ အအေးကို ရှောင်ပါ။ အေးတာက သင့်ကို ဆီးသွားချင်စိတ် ဖြစ်စေပါတယ်။ ကြွက်သားတွေကိုလည်း သင်ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ရေထဲဆင်းပြီး သွားရင်တော့ တစ်မျိုးပေါ့နော်။

Bonus

အချို့လူတွေအတွက် ဆီးကို ထိန်းနိုင်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး လေ့ကျင့်ရင်တော့ ထိန်းနိုင်သွားပါတယ်။

- ဆီးကို ပုံမှန်သွားချိန် ကန့်သတ်ထားပါ။

- အိမ်သာသွားရင်လည်း (၁၅) မိနစ်လောက် အောင့်ထားပြီးမှ သွားပါ။

- မနက်အိပ်ရာထတိုင်း ဆီးကို အကုန်ကုန်အောင် စွန့်တဲ့ အလေ့အကျင့်လုပ်ပါ။ မတ်တပ်ရပ်သွားတာထက် ထိုင်သွားတာက ပိုထွက်စေပါတယ်။

- အောင့်ထားတဲ့အချိန်ကို (၁၅) မိနစ်အထက် တဖြည်းဖြည်းတိုးပြီး လေ့ကျင့်ပါ။ ခရီးထွက်တဲ့ အချိန်တွေ၊ ကားစောင့်တဲ့ အချိန်တွေမှာ သင့်အတွက် အကျိုးရှိစေပါလိမ့်မယ်။

Zombie (Lovemedia)

for zawgyi

အိမ္သာသြားဖို႔ အဆင္မေျပတဲ့ အေျခအေနမွာ ဆီးကိုထိန္းႏိုင္မယ့္ နည္းလမ္း (၉) ခု

သင့္ရဲ႕ဆီးအိမ္အထဲမွာ ဆီးေတြ ျပည့္သြားတဲ့အခါ သင္အေပါ့သြားခ်င္ လာပါလိမ့္မယ္။ ဒါေပမယ့္ အိမ္သာမရွိတဲ့ အခ်ိန္မ်ိဳးမွာ ဆိုရင္ေတာ့ သင္ခဏတျဖဳတ္ေလာက္ပဲ ေအာင့္ထားႏိုင္မွာပါ။ အခ်ိန္အၾကာႀကီးေတာ့ ေအာင့္ထားလို႔ အဆင္မေျပေလာက္ပါဘူး။ အခန႔္မသင့္ရင္ ထြက္ေတာင္ က်သြားႏိုင္ပါတယ္။

အဲ့ဒါေၾကာင့္ အိမ္သာသြားလို႔ အဆင္မေျပတဲ့အခ်ိန္ ဆီးကို အခ်ိန္အၾကာႀကီး ဘယ္လို ေအာင့္ထားရမလဲ ဆိုတာကို love media ကေန ေျပာျပသြားပါမယ္ေနာ္။

၁။ ေလလည္လိုက္ပါ

ေလလည္လိုက္တာဟာ ဗိုက္ထဲမွာရွိတဲ့ ဓာတ္ေငြ႕ေတြကို ေလ်ာ့က်သြားေစပါတယ္။ ေလလည္လိုက္ျခင္းျဖင့္ ဆီးအိမ္ေပၚကို ဖိအားေတြ မသက္ေရာက္ေစေတာ့ပါဘူး။ သင့္ကိုလည္း ဆီးအခ်ိန္အၾကာႀကီး ထိန္းထားေစႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ ေလလည္ရင္း ဆီးေတြ ထြက္မက်ဖို႔ေတာ့ ဂ႐ုစိုက္ဖို႔ လိုပါတယ္။

၂။ ခါးကို မတ္မတ္ထားၿပီးထိုင္ပါ

သင္ထိုင္တဲ့ပုံစံ မွားတဲ့အခါ ဆီးအိမ္ရဲ႕ ပတ္ပတ္လည္က ႂကြက္သားေတြကို ဖိသလို ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ခါးကို မတ္မတ္ထားၿပီး ေျပာင္းထိုင္လိုက္ပါ။ ခႏၵာကိုယ္ပုံစံက တည့္မတ္သြားတာနဲ႔ ဗိုက္ထဲက ကလီစာေတြက ျပန္တည့္သြားပါတယ္။ ၿပီးေတာ့ ဆီးကိုလည္း ထိန္းေပးလိုက္ပါတယ္။

၃။ ေႏြးေႏြးေထြးေထြး ေနပါ

ေအးလာတဲ့အခါမွာ ခႏၵာကိုယ္ အပူခ်ိန္က က်ဆင္းသြားပါတယ္။ အက်ိဳးဆက္အေနကေတာ့ သင့္ကို ဆီးခဏခဏ သြားေစမွာပါ။ မိုးအရမ္း႐ြာတဲ့ ေန႔ေတြဆို သင္သတိထားမိ ပါလိမ့္မယ္။ ဒါေၾကာင့္ တတ္ႏိုင္သေလာက္ အေအးမခံပါနဲ႔။

၄။ လွဲခ်လိုက္ပါ

ေလ့လာမႈေတြ အရကေတာ့ မတ္တပ္ရပ္ေနတာထက္ လွဲခ်လိုက္တာက သင့္ဆီးအိမ္ရဲ႕ ဖိအားကို ပိုေလ်ာ့က်ေစပါတယ္။ မတ္တပ္ရပ္ထားတဲ့အခါ ဗိုက္ထဲကကလီစာေတြက ဆီးအိမ္ကို ဖိမိေနတာေၾကာင့္ သင္ ဆီးပိုသြားခ်င္ လာပါလိမ့္မယ္။

၅။ ေျခေထာက္ကို ၾကက္ေျခခတ္ပုံစံ ေျပာင္းရပ္လိုက္ပါ

ဒီလိုပုံစံ လုပ္လိုက္တာက ခႏၵာကိုယ္မွာရွိတဲ့ ဆီးႁပြန္ကို ညႇစ္ထားလိုက္သလို ပါပဲ။ ဒါက ဆီးထြက္ျခင္းကို တားဆီးေပးတဲ့ ပုံစံျဖစ္တာေၾကာင့္ သင္လွဲခ်လို႔မရတဲ့ အေျခအေနေတြ၊ ထိုင္ခ်လို႔မရတဲ့ အေျခအေနေတြမွာ သုံးသင့္ပါတယ္။

၆။ တတ္ႏိုင္သမွ် မရယ္မိေအာင္ေနပါ

ရယ္လိုက္တဲ့အခါမွာ တစ္ကိုယ္လုံးက ႂကြက္သားေတြက တင္းက်ပ္လာတာေၾကာင့္ ဆီးအိမ္ကို သြားၿပီးဖိအားေပးသလို ျဖစ္ေနပါတယ္။ ရယ္ၿပီး ရပ္လိုက္တဲ့အခါမွာ ႂကြက္သားေတြက ေျပေလ်ာ့သြားၿပီး ဆီးအိမ္က ႂကြက္သားေတြကပါ လိုက္ေလ်ာ့သြားပါတယ္။ ဒါဆိုရင္ေတာ့ သင္ထြက္က်မွာပါ။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ လုံးဝကို မရယ္ပါနဲ႔။

၇။ အာ႐ုံ အေျပာင္းအလဲျဖစ္ေအာင္ ေနပါ

ဆီးအိမ္ထဲမွာ ဆီးေတြျပည့္လာတဲ့အခါ ဆီးအိမ္မွာရွိတဲ့ အာ႐ုံေၾကာေတြက ဒါေတြကို စြန႔္ထုတ္သင့္ေၾကာင္း မသိမ္းထားသင့္ေၾကာင္း သင့္ဦးေႏွာက္ကို သတင္းပို႔ပါလိမ့္မယ္။ တစ္ခါတစ္ေလ ဆီးအနည္းငယ္ ရွိရင္ေတာင္မွပဲ ဦးေႏွာက္ကို သတင္းပို႔ပါတယ္။ ဒါေၾကာင့္ တကယ့္တကယ္တမ္းသြားရင္လည္း နည္းနည္းပဲထြက္ပါတယ္။ ခဏခဏ ထသြားေနရတာကလည္း အလုပ္ပ်က္ေစပါတယ္။ ဒါေၾကာင့္ ဆီးသြားခ်င္စိတ္ ေပ်ာက္သြားေအာင္ အာ႐ုံအေျပာင္းအလဲေလး လုပ္ပါ။ ပတ္ဝန္းက်င္ကို ၾကည့္တာပဲျဖစ္ျဖစ္၊ ဖုန္းကို ခဏထုတ္ၾကည့္တာမ်ိဳးပဲျဖစ္ျဖစ္ လုပ္ပါ။

၈။ တင္ပါးကို က်ဳံ႕ထားပါ

ဆီးကို ထုတ္လႊတ္ေပးတဲ့ ႂကြက္သားေတြအေပၚ ထိန္းခ်ဳပ္တာကို တင္ပါးဆုံနားက ႂကြက္သားေတြက အလုပ္လုပ္ ေပးပါတယ္။ ဒါေၾကာင့္ သင္ဆီးအရမ္းသြားခ်င္လာတဲ့အခါ တင္ပါးမွာရွိတဲ့ ႂကြက္သားေတြကို က်ဳံ႕လိုက္သင့္ပါတယ္။

ဒီလိုက်ဳံ႕တာကိုေတာ့ သင္ထိုင္ေနတဲ့အခ်ိန္ပဲျဖစ္ျဖစ္၊ မတ္တပ္ရပ္လ်က္ပဲျဖစ္ျဖစ္၊ လမ္းေလွ်ာက္ရင္းပဲျဖစ္ျဖစ္ ျပဳလုပ္ႏိုင္ပါတယ္။

၉။ ေရထဲမဆင္းပါႏွင့္

ဒီအခ်က္ကေတာ့ အေပၚမွာ ေျပာခဲ့သလိုပဲ အေအးကို ေရွာင္ပါ။ ေအးတာက သင့္ကို ဆီးသြားခ်င္စိတ္ ျဖစ္ေစပါတယ္။ ႂကြက္သားေတြကိုလည္း သင္ထိန္းခ်ဳပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ေရထဲဆင္းၿပီး သြားရင္ေတာ့ တစ္မ်ိဳးေပါ့ေနာ္။

Bonus

အခ်ိဳ႕လူေတြအတြက္ ဆီးကို ထိန္းႏိုင္ဖို႔ဆိုတာ အရမ္းကိုခက္ခဲပါတယ္။ ဒါေပမယ့္ အခ်ိန္ေပးၿပီး ေလ့က်င့္ရင္ေတာ့ ထိန္းႏိုင္သြားပါတယ္။

- ဆီးကို ပုံမွန္သြားခ်ိန္ ကန႔္သတ္ထားပါ။

- အိမ္သာသြားရင္လည္း (၁၅) မိနစ္ေလာက္ ေအာင့္ထားၿပီးမွ သြားပါ။

- မနက္အိပ္ရာထတိုင္း ဆီးကို အကုန္ကုန္ေအာင္ စြန႔္တဲ့ အေလ့အက်င့္လုပ္ပါ။ မတ္တပ္ရပ္သြားတာထက္ ထိုင္သြားတာက ပိုထြက္ေစပါတယ္။

- ေအာင့္ထားတဲ့အခ်ိန္ကို (၁၅) မိနစ္အထက္ တျဖည္းျဖည္းတိုးၿပီး ေလ့က်င့္ပါ။ ခရီးထြက္တဲ့ အခ်ိန္ေတြ၊ ကားေစာင့္တဲ့ အခ်ိန္ေတြမွာ သင့္အတြက္ အက်ိဳးရွိေစပါလိမ့္မယ္။

Zombie (Lovemedia)

Post a Comment

0 Comments