Crush ကို ဖွင့်ပြောဖို့ ရှက်နေတဲ့သူတွေကို ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီ

Crush ကို ဖွင့်ပြောဖို့ ဆိုတာ ရင်တုန်ပန်းတုန် ဖြစ်စရာကိစ္စပါပဲ။ အထူးသဖြင့် သင့် crush က ဘယ်လို သဘောထားရှိလဲ ဆိုတာ မသေချာတဲ့ အချိန်မျိုးမှာပေါ့။ crush က ငြင်းလိုက်မယ်ဆိုရင် သင်ဟာ အသည်းတွေလည်း ကွဲ၊ အရှက်တွေလည်း ကွဲနိုင်ပါတယ်။

ရိုးရိုးသားသား ပြောရရင် အသည်းကွဲတဲ့ ခံစားချက်က ကမ္ဘာပေါ်မှာ မကောင်းဆုံး ခံစားချက်ပါပဲ။ အဲဒါကြောင့် crush ကို ဖွင့်ပြောရာမှာ အောင်မြင်တဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့နဲ့ ကျဉ်းကျပ်တဲ့ အခြေအနေကနေ ထွက်နိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခု ဂျပန်နိုင်ငံမှာ ရှိပါတယ် ။

ကုမ္ပဏီရဲ့နာမည်က Kokunavi လို့ခေါ်ပြီး " အချစ်ကို ဖွင့်ပြောခြင်း " ဆိုတဲ့ အဓိပ္ပါယ်နဲ့ " လမ်းညွှန်ခြင်း " ဆိုတဲ့ အဓိပ္ပါယ်ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ Kokunavi ကုမ္ပဏီက crush ကို သင့်ကိုယ်စား ဖွင့်ပြောပေးရာမှာ ကြားလူအဖြစ် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

သင်က ကုမ္ပဏီကို လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို ပေးရမှာပါ။ တစ်ခုတော့ ရှိပါတယ်။ crush က သင့်ကို အစ်ကိုတစ်ယောက်လို ၊ အစ်မတစ်ယောက်လိုပဲ ချစ်ဖို့ ရွေးချယ်လိုက်မယ် ဆိုရင်တော့ ပြန်အမ်းငွေကို သင်ရမှာ မဟုတ်ပါဘူး ။

Kokunavi ကုမ္ပဏီမှာ သင့်အချစ်တွေကို အစပျိုးနိုင်ဖို့ အတွက် အစီအစဉ် သုံးခုရှိပါတယ်။

1. The Simple Course-29000 ယန်း

ဒီ package မှာ Kokunavi ကုမ္ပဏီက သင်ပြောလိုတဲ့ စကားကို crush သိစေဖို့ အစပျိုးပေးမှာပါ။ crush က ဘယ်လို တုံ့ပြန်မလဲ ဆိုတာ သင် သိနိုင်ပါတယ်။

2. The Support Pack Course -59000 ယန်း

ဒီ package က ပိုကောင်းလာပါတယ်။ ဖွင့်ပြောဖို့ အကောင်းဆုံးအချိန်နဲ့ နေရာတွေကိုလည်း စီစဉ်ပေးမှာပါ။ အင်တာနက်မှာ ဖွင့်ပြောနည်းတွေက ရိုးနေတဲ့အတွက် သင့် crush နဲ့ သီးသန့် ဖွင့်ပြောနိုင်အောင် အသေအချာကို စီစဉ်ပေးမှာပါ။ သင်ပြောလိုတဲ့ အသေးစိတ်အချက်အလက် အားလုံးကို ကုမ္ပဏီနဲ့သင်ကြားမှာ နှစ်ခါ သို့မဟုတ် သုံးခါ ဆွေးနွေးရမှာပါ။ အဲဒါကြောင့် သင့် crush ကို ဖွင့်ပြောရမှာ ဖြစ်ပေါ်လာမယ့် အခြေအနေကို သင်ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်မှာပါ။

3. The Premium Course -149000 ယန်း

ကုမ္ပဏီက ကျွမ်းကျင်ပညာရှင်တွေနဲ့ အကျေအလည် ဆွေးနွေးခွင့် ငါးကြိမ် ရရှိမှာပါ။ crush ကို ဖွင့်ပြောတဲ့အခါ အောင်မြင်နိုင်ဖို့အတွက် ပြည့်ပြည့်စုံစုံ လေ့လာပြုစုထားတဲ့ အချက်တွေထဲကနေ ဘယ်နည်းလမ်းက သင်နဲ့သင့်တော်မလဲ ဆိုတာ ရွေးချယ်ပေးဦးမှာပါ။

" သင်ချစ်နေတဲ့အကြောင်းကို ဖွင့်ပြောရမယ့်သူရှိသရွေ့ ကျွန်တော်တို့ ကုမ္ပဏီက အားလုံး စီစဉ်ပေးနိုင်ပါတယ်" လို့ Kokunavi ကုမ္ပဏီက ပြောပါတယ်။ သင်ချစ်နေတဲ့ အကြောင်းတွေ သွားပြောပေးမယ့် အောင်သွယ်တော်နဲ့ သင့် crush နဲ့ ဇာတ်လမ်းလေးတွေ ငြိသွားမှာကိုတော့ စိုးရိမ်စရာ မရှိပါဘူး။ ကုမ္ပဏီက အောင်သွယ်တော် အမျိုးသားရော အမျိုးသမီးပါ ရှိပါတယ်။ ကဲ.. ဖွင့်ပြောရမယ့်သူရှိရင် မြန်မြန်သာ လှုပ်ရှားလိုက်ပါတော့။

Zombie (Lovemedia)

Ref - Worldofbuzz

for zawgyi

Crush ကို ဖြင့္ေျပာဖို႔ ရွက္ေနတဲ့သူေတြကို ဝန္ေဆာင္မႈေပးမယ့္ ကုမၸဏီ

Crush ကို ဖြင့္ေျပာဖို႔ဆိုတာ ရင္တုန္ပန္းတုန္ ျဖစ္စရာကိစၥပါပဲ။ အထူးသျဖင့္ သင့္ crush က ဘယ္လို သေဘာထားရွိလဲ ဆိုတာ မေသခ်ာတဲ့ အခ်ိန္မ်ိဳးမွာေပါ့။ crush က ျငင္းလိုက္မယ္ဆိုရင္ သင္ဟာ အသည္းေတြလည္း ကြဲ၊ အရွက္ေတြလည္း ကြဲႏိုင္ပါတယ္။ ႐ိုး႐ိုးသားသား ေျပာရရင္ အသည္းကြဲတဲ့ ခံစားခ်က္က ကမာၻေပၚမွာ မေကာင္းဆုံး ခံစားခ်က္ပါပဲ။

အဲဒါေၾကာင့္ crush ကို ဖြင့္ေျပာရာမွာ ေအာင္ျမင္တဲ့ အခြင့္အေရးေတြကို အေကာင္းဆုံး အသုံးခ်ႏိုင္ဖို႔နဲ႔ က်ဥ္းက်ပ္တဲ့ အေျခအေနကေန ထြက္ႏိုင္ဖို႔ ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီတစ္ခု ဂ်ပန္ႏိုင္ငံမွာ ရွိပါတယ္ ။ကုမၸဏီရဲ႕နာမည္က Kokunavi လို႔ေခၚၿပီး " အခ်စ္ကို ဖြင့္ေျပာျခင္း " ဆိုတဲ့ အဓိပၸါယ္နဲ႔ " လမ္းၫႊန္ျခင္း " ဆိုတဲ့ အဓိပၸါယ္ကို ေပါင္းစပ္ထားျခင္း ျဖစ္ပါတယ္။

Kokunavi ကုမၸဏီက crush ကို သင့္ကိုယ္စား ဖြင့္ေျပာေပးရာမွာ ၾကားလူအျဖစ္ ေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္။ သင္က ကုမၸဏီကို လိုအပ္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ေပးရမွာပါ။ တစ္ခုေတာ့ ရွိပါတယ္။ crush က သင့္ကို အစ္ကိုတစ္ေယာက္လို ၊ အစ္မတစ္ေယာက္လိုပဲ ခ်စ္ဖို႔ ေ႐ြးခ်ယ္လိုက္မယ္ ဆိုရင္ေတာ့ ျပန္အမ္းေငြကို သင္ရမွာ မဟုတ္ပါဘူး ။

Kokunavi ကုမၸဏီမွာ သင့္အခ်စ္ေတြကို အစပ်ိဳးႏိုင္ဖို႔ အတြက္ အစီအစဥ္ သုံးခုရွိပါတယ္။

1. The Simple Course-29000 ယန္း

ဒီ package မွာ Kokunavi ကုမၸဏီက သင္ေျပာလိုတဲ့ စကားကို crush သိေစဖို႔ အစပ်ိဳးေပးမွာပါ။ crush က ဘယ္လို တုံ႔ျပန္မလဲ ဆိုတာ သင္ သိႏိုင္ပါတယ္။

2. The Support Pack Course -59000 ယန္း

ဒီ package က ပိုေကာင္းလာပါတယ္။ ဖြင့္ေျပာဖို႔ အေကာင္းဆုံးအခ်ိန္နဲ႔ ေနရာေတြကိုလည္း စီစဥ္ေပးမွာပါ။ အင္တာနက္မွာ ဖြင့္ေျပာနည္းေတြက ႐ိုးေနတဲ့အတြက္ သင့္ crush နဲ႔ သီးသန႔္ ဖြင့္ေျပာႏိုင္ေအာင္ အေသအခ်ာကို စီစဥ္ေပးမွာပါ။ သင္ေျပာလိုတဲ့ အေသးစိတ္အခ်က္အလက္ အားလုံးကို ကုမၸဏီနဲ႔သင္ၾကားမွာ ႏွစ္ခါ သို႔မဟုတ္ သုံးခါ ေဆြးေႏြးရမွာပါ။ အဲဒါေၾကာင့္ သင့္ crush ကို ဖြင့္ေျပာရမွာ ျဖစ္ေပၚလာမယ့္ အေျခအေနကို သင္ကိုယ္တိုင္ ပိုင္ပိုင္ႏိုင္ႏိုင္ျပည့္ျပည့္ဝဝ ထိန္းခ်ဳပ္ႏိုင္မွာပါ။

3. The Premium Course -149000 ယန္း

ကုမၸဏီက ကြၽမ္းက်င္ပညာရွင္ေတြနဲ႔ အေက်အလည္ ေဆြးေႏြးခြင့္ ငါးႀကိမ္ ရရွိမွာပါ။ crush ကို ဖြင့္ေျပာတဲ့အခါ ေအာင္ျမင္ႏိုင္ဖို႔အတြက္ ျပည့္ျပည့္စုံစုံ ေလ့လာျပဳစုထားတဲ့ အခ်က္ေတြထဲကေန ဘယ္နည္းလမ္းက သင္နဲ႔သင့္ေတာ္မလဲ ဆိုတာ ေ႐ြးခ်ယ္ေပးဦးမွာပါ။

" သင္ခ်စ္ေနတဲ့အေၾကာင္းကို ဖြင့္ေျပာရမယ့္သူရွိသေ႐ြ႕ ကြၽန္ေတာ္တို႔ ကုမၸဏီက အားလုံး စီစဥ္ေပးႏိုင္ပါတယ္" လို႔ Kokunavi ကုမၸဏီက ေျပာပါတယ္။ သင္ခ်စ္ေနတဲ့ အေၾကာင္းေတြ သြားေျပာေပးမယ့္ ေအာင္သြယ္ေတာ္နဲ႔ သင့္ crush နဲ႔ ဇာတ္လမ္းေလးေတြ ၿငိသြားမွာကိုေတာ့ စိုးရိမ္စရာ မရွိပါဘူး။ ကုမၸဏီက ေအာင္သြယ္ေတာ္ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ရွိပါတယ္။ ကဲ.. ဖြင့္ေျပာရမယ့္သူရွိရင္ ျမန္ျမန္သာ လႈပ္ရွားလိုက္ပါေတာ့။

Zombie (Lovemedia)

Ref - Worldofbuzz

Post a Comment

0 Comments