လူသားတွေ အရွယ်ရောက်လာတဲ့ အခါ ကြုံတွေ့လာရမယ့် အရာတစ်ခုက အိမ်ထောင်ပြုခြင်းပဲ ဖြစ်ပါတယ် ။ အိမ်ထောင်ပြုတယ် ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စတခုတော့ မဟုတ်ပေဘူး ။ ဒါပေမယ့်လည်း ဒီနေ့ခေတ် လူငယ်တွေ ကတော့ အလွယ်တကူ ပြုလုပ်နေတာ တွေ့ရှိရပါတယ် ။
ခဏတဖြုတ် ဂရုစိုက် ပြရုံနဲ့ အိမ်ထောင်ဖက်လို သတ်မှတ်နေ ကြတယ် ။ လပိုင်းလောက် သက်တမ်း ရှိတာနဲ့ ကိုယ့်ဘဝရဲ့ အရှင်သခင်လို ကိုးကွယ်ချင်နေ ကြတယ် ။ သွေးသားနဲ့ ပေးဆပ်နိုင်မှသာ အချစ်စစ် လို့ မြင်နေကြတယ် ။ အချစ် ဆိုတာက ဘဝမှာ တစိတ် တဒေသတော့ အရေးပါ ပါတယ် ။ ဒါပေမယ့် ဘဝ တခုလုံးစာ အတွက်တော့ မဟုတ်ပါဘူး ။
ခုခေတ်လူငယ် အများစုက လူတယောက်ကို ချစ်မိသွားပြီ ဆိုတာနဲ့ ဘဝအတွက်ပါ ရည်ရွယ်ထားပြီးသား ဆိုတဲ့ ရည်ရွယ်ချက်က ကပ်ပါလာတတ်တယ် ။ ကိုယ်ချစ်တဲ့ သူကိုပဲ ကိုယ့်ဘဝရဲ့ လက်တွဲဖော် အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ချင်တာ သဘာဝကျ ပါတယ် ။
ဒါပေမယ့် ကိုယ့်ချစ်သူရဲ့ ကိုယ်ကျင့်တရား ၊ စရိုက်လက္ခဏာနဲ့ နေထိုင်မှု ပုံစံ ၊ ကိုယ်နဲ့ သဟဇာတ ကျ မကျ ၊ ကိုယ်နဲ့ ဘယ်အတိုင်းအတာ အထိ လက်တွဲသွားနိုင်မလဲ ဆိုတာ အချိန်ယူပြီး စောင့်ကြည့်ပါဦး ။
ခဏလေး ဂရုစိုက်ပြရုံ ၊ အနွံတာ ခံရုံ ၊ ခဏလေး နားလည်မှုတွေ ပေးနိုင်ရုံ နဲ့တော့ အချစ်တစ်ခု အတွက်ထဲနဲ့ မျက်လုံးကို စုံမှိတ်ပြီး ဝင်မတိုးချင် ပါနဲ့ ။ အချစ်က ထာဝရ မတည်မြဲဘူး ဆိုတာ သိလာတဲ့ တနေ့မှ နောင်တ ကောင်းကောင်း ရကြလိမ့်မယ် ။
အနာဂတ်မှာ ကိုယ့်အတွက် ပါရမီဖြည့်ဖက် အနေနဲ့ ဘာအာမခံချက်မှ မရှိတဲ့ သူကို ချစ်တဲ့ စိတ်တစ်ခုနဲ့သာ ရွေးချယ်မိရင် ကိုယ့်ဘဝ တခုလုံးကို ဆုံးရှုံးသွားပြီ ဆိုတာ မှတ်ထားပါ ။ ငွေကြေး ချမ်းသာမှ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ချင် တာလား ၊ ဘွဲ့လက်မှတ် ရာထူးတွေရှိမှ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ချင်တာလား ။
သူတို့တွေထက် ဘယ်လို အခက်အခဲတွေနဲ့ပဲ ကြုံကြုံ ရှောင်ထွက် မသွားပဲ ကိုယ့်လက်ကို တွဲပြီး ရင်ဆိုင်နိုင်သူ ၊ အားငယ် နေချိန်မှာ အဖော်ပြုပေး နိုင်သူ ၊ ကိုယ့်ရဲ့ အားနည်းချက် တွေကို အရှိအတိုင်း လက်ခံပေးနိုင်သူ သူတို့တွေက ပိုသာ ပါတယ်။
ငွေတစ်သိန်း ဖြုန်းနိုင်သူကို ရွေးဖို့ထက် ငွေတသောင်း ရှာနိုင်သူ ကိုသာ ရွေးချယ်ပါ ။ သူက အရာအားလုံးရဲ့ တန်ဖိုးကို နားလည်သလို ကိုယ့်ရဲ့ တန်ဖိုးကိုလည်း နားလည်ပြီး တန်ဖိုးထားပေး နိုင်တယ် ။
ဒါကြောင့်မို့လို့ လူငယ်တွေ လက်ထပ်ကြတဲ့ အခါ အိမ်ထောင်ဖက်ကိုပဲ ဦးတည်ပြီး မရွေးချယ်ကြ ပါနဲ့ ။ ကိုယ့်အတွက် ဘဝတလျှောက်လုံးစာ အထိ ပါရမီ ဖြည့်သွားပေးနိုင်မယ့် အိမ်ထောင်ဖက်ကိုပဲ ရွေးချယ်ကြပါ လို့ ဆန္ဒပြုချင် ပါတယ် ။
LinnLinnPhyo
for zawgyi
အိမ္ေထာင္ဖက္နဲ႔ ပါရမီျဖည့္ အိမ္ေထာင္ဖက္
လူသားေတြ အ႐ြယ္ေရာက္လာတဲ့ အခါ ႀကဳံေတြ႕လာရမယ့္ အရာတစ္ခုက အိမ္ေထာင္ျပဳျခင္းပဲ ျဖစ္ပါတယ္ ။ အိမ္ေထာင္ျပဳတယ္ ဆိုတာကလည္း လြယ္ကူတဲ့ ကိစၥတခုေတာ့ မဟုတ္ေပဘူး ။ ဒါေပမယ့္လည္း ဒီေန႔ေခတ္ လူငယ္ေတြ ကေတာ့ အလြယ္တကူ ျပဳလုပ္ေနတာ ေတြ႕ရိွရပါတယ္ ။
ခဏတျဖဳတ္ ဂ႐ုစိုက္ ျပ႐ုံနဲ႔ အိမ္ေထာင္ဖက္လို သတ္မွတ္ေန ၾကတယ္ ။ လပိုင္းေလာက္ သက္တမ္း ရွိတာနဲ႔ ကိုယ့္ဘဝရဲ႕ အရွင္သခင္လို ကိုးကြယ္ခ်င္ေန ၾကတယ္ ။ ေသြးသားနဲ႔ ေပးဆပ္ႏိုင္မွသာ အခ်စ္စစ္ လို႔ ျမင္ေနၾကတယ္ ။ အခ်စ္ ဆိုတာက ဘဝမွာ တစိတ္ တေဒသေတာ့ အေရးပါ ပါတယ္ ။ ဒါေပမယ့္ ဘဝ တခုလုံးစာ အတြက္ေတာ့ မဟုတ္ပါဘူး ။
ခုေခတ္လူငယ္ အမ်ားစုက လူတေယာက္ကို ခ်စ္မိသြားၿပီ ဆိုတာနဲ႔ ဘဝအတြက္ပါ ရည္႐ြယ္ထားၿပီးသား ဆိုတဲ့ ရည္႐ြယ္ခ်က္က ကပ္ပါလာတတ္တယ္ ။ ကိုယ္ခ်စ္တဲ့ သူကိုပဲ ကိုယ့္ဘဝရဲ႕ လက္တြဲေဖာ္ အိမ္ေထာင္ဖက္ အျဖစ္ ေ႐ြးခ်ယ္ခ်င္တာ သဘာဝက် ပါတယ္ ။ ဒါေပမယ့္ ကိုယ့္ခ်စ္သူရဲ႕ ကိုယ္က်င့္တရား ၊ စ႐ိုက္လကၡဏာနဲ႔ ေနထိုင္မႈ ပုံစံ ၊ ကိုယ္နဲ႔ သဟဇာတ က် မက် ၊ ကိုယ္နဲ႔ ဘယ္အတိုင္းအတာ အထိ လက္တြဲသြားႏိုင္မလဲ ဆိုတာ အခ်ိန္ယူၿပီး ေစာင့္ၾကည့္ပါဦး ။
ခဏေလး ဂ႐ုစိုက္ျပ႐ုံ ၊ အႏြံတာ ခံ႐ုံ ၊ ခဏေလး နားလည္မႈေတြ ေပးႏိုင္႐ုံ နဲ႔ေတာ့ အခ်စ္တစ္ခု အတြက္ထဲနဲ႔ မ်က္လုံးကို စုံမွိတ္ၿပီး ဝင္မတိုးခ်င္ ပါနဲ႔ ။ အခ်စ္က ထာဝရ မတည္ၿမဲဘူး ဆိုတာ သိလာတဲ့ တေန႔မွ ေနာင္တ ေကာင္းေကာင္း ရၾကလိမ့္မယ္ ။
အနာဂတ္မွာ ကိုယ့္အတြက္ ပါရမီျဖည့္ဖက္ အေနနဲ႔ ဘာအာမခံခ်က္မွ မရွိတဲ့ သူကို ခ်စ္တဲ့ စိတ္တစ္ခုနဲ႔သာ ေ႐ြးခ်ယ္မိရင္ ကိုယ့္ဘဝ တခုလုံးကို ဆုံးရႈံးသြားၿပီ ဆိုတာ မွတ္ထားပါ ။ ေငြေၾကး ခ်မ္းသာမွ အိမ္ေထာင္ဖက္ အျဖစ္ ေ႐ြးခ်ယ္ခ်င္ တာလား ၊ ဘြဲ႕လက္မွတ္ ရာထူးေတြရွိမွ အိမ္ေထာင္ဖက္ အျဖစ္ ေ႐ြးခ်ယ္ခ်င္တာလား ။
သူတို႔ေတြထက္ ဘယ္လို အခက္အခဲေတြနဲ႔ပဲ ႀကံဳႀကံဳ ေရွာင္ထြက္ မသြားပဲ ကိုယ့္လက္ကို တြဲၿပီး ရင္ဆိုင္ႏိုင္သူ ၊ အားငယ္ ေနခ်ိန္မွာ အေဖာ္ျပဳေပး ႏိုင္သူ ၊ ကိုယ့္ရဲ႕ အားနည္းခ်က္ ေတြကို အရွိအတိုင္း လက္ခံေပးႏိုင္သူ သူတို႔ေတြက ပိုသာ ပါတယ္။
ေငြတစ္သိန္း ျဖဳန္းႏိုင္သူကို ေ႐ြးဖို႔ထက္ ေငြတေသာင္း ရွာႏိုင္သူ ကိုသာ ေ႐ြးခ်ယ္ပါ ။ သူက အရာအားလုံးရဲ႕ တန္ဖိုးကို နားလည္သလို ကိုယ့္ရဲ႕ တန္ဖိုးကိုလည္း နားလည္ၿပီး တန္ဖိုးထားေပး ႏိုင္တယ္ ။
ဒါေၾကာင့္မို႔လို႔ လူငယ္ေတြ လက္ထပ္ၾကတဲ့ အခါ အိမ္ေထာင္ဖက္ကိုပဲ ဦးတည္ၿပီး မေ႐ြးခ်ယ္ၾက ပါနဲ႔ ။ ကိုယ့္အတြက္ ဘဝတေလွ်ာက္လုံးစာ အထိ ပါရမီ ျဖည့္သြားေပးႏိုင္မယ့္ အိမ္ေထာင္ဖက္ကိုပဲ ေ႐ြးခ်ယ္ၾကပါ လို႔ ဆႏၵျပဳခ်င္ ပါတယ္ ။
LinnLinnPhyo
0 Comments