ပိုက်ဆံကုန်ပြီး အကျိုးမရှိစေတဲ့ အလှကုန်ပစ္စည်းများ

အလှကုန် ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ လူတွေရဲ့အလှကို တိုးလာစေတယ်ဆိုပြီး ရောင်းချလေ့ရှိပါတယ်။ ကြော်ငြာတွေကလည်း အရမ်းကောင်းသလို ထုတ်ပိုးမှုပုံစံတွေက လှပတာကြောင့် ဝယ်ယူသူတွေလည်း မငြင်းဆန်နိုင်ပဲ ဝယ်မိကြပါတယ်။ ပစ္စည်းတွေကို ကြော်ငြာတဲ့အခါမှာလည်း ဒီအလှကုန်ပစ္စည်းကိုမှ မသုံးရင် တစ်သက်လုံး မလှနိုင်တော့ဘူးလို့ ထင်အောင် ကြော်ငြာတတ်ကြပါတယ်။

ဒါတွေကို တချို့သော ဆယ်ကျော်သက်လေးတွေက ယုံကြည်ပြီး ဝယ်ယူမိကြ ပြန်ပါတယ်။ တကယ့်တကယ်တမ်း အသုံးပြုတဲ့အခါ ပစ္စည်းရဲ့ ကွာလတီကလည်း အတူတူပါပဲ။ ဒါကြောင့် ဘယ်လို ပစ္စည်းမျိုးတွေက ဘယ်လို အခြေအနေမျိုးမှာ ရှိနေတယ် ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ Eyeshadow palettes အကြီးစားများ

သင်က အလှကုန်ဆိုင်တစ်ဆိုင်ကို ရောက်သွားရင် သင့်မှာရှိတဲ့ လစာတွေ၊ မုန့်ဖိုးတွေနဲ့ မတူညီတဲ့ အရောင်တွေပါတဲ့ eyeshadow palettes အကြီးကြီးတစ်ခုကို ဝယ်ဖို့လွယ်ပါတယ်။ အရောင်တွေကလည်း ၁၀၀- ၂၀၀ လောက်ပါပါတယ်။ ဒါတွေဟာ တော်တော်ကိုလှပြီးတော့ ဘယ်သူမဆို လိုချင်မှာပါပဲ။ ဒါပေမယ့် သေချာတွေးကြည့်ရင် ဒီအရောင်တွေ အကုန်လုံးကို သင်မလိုအပ်ပါဘူး။ အဲ့အစား ဘာတွေ ဝယ်သင့်လဲ ဆိုတော့ အရည်အသွေးမြင့် palettes တွေ၊ ၇- ၈ မျိုးလောက်ပဲပါတဲ့ အလှကုန်ပစ္စည်းမျိုးပဲ ဝယ်သင့်ပါတယ်။

၂။ ဆံပင်အမျိုးအစား အားလုံးအတွက် ခေါင်းလျှော်ရည်

တစ်ခါတစ်လေမှာ ခေါင်းလျှော်ရည်ဝယ်ရင် အကုန်လုံးနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်မျိုး ဝယ်တာက သင့်အတွက် ပိုကောင်းမယ်လို့ တွေးမိပါလိမ့်မယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်က မတူညီကြပါဘူး။ အသားအရောင်တွေလည်း မတူညီကြသလို ဆံပင်အမျိုးအစားကလည်း မတူညီနိုင်ကြပါဘူး။ ဒါ့ကြောင့် universal shampoos တွေက ဗောက်ထတာတွေ၊ ဆံပင်ခြောက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ဝယ်မယ် ဆိုရင် သင့်ဆံပင် အမျိုးအစားပေါ် လိုက်ပြီးတော့ ဝယ်ယူတာက အကောင်းဆုံးပါပဲ။

၃။ Brush

ဒီလိုစုတ်တံတွေ အများကြီး ရှိတာက ကောင်းမယ်လို့ သင်ထင်ကောင်း ထင်နိုင်ပါလိမ့်မယ်။ Brush ၂၅ ခုကနေ ၃၀ အထိ တစ်ဘူးရှိထားတာကတော့ မမှားပါဘူး။ ဒါတွေကို တစ်နေ့ လိုအပ်လိမ့်မယ် ဆိုတဲ့ အတွေးနဲ့ သင်ဝယ်ချင် ဝယ်မိပါလိမ့်မယ်။ ဒါပေမယ့် အကုန်လုံးကို သင်မလိုအပ်နိုင်ပါဘူး။ သင်က မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်ရင်တော့ ကိစ္စမရှိပေမယ့် သာမန်လူတစ်ယောက်အတွက် ဆိုရင်တော့ များလွန်းပါတယ်။ ဘယ်လိုမျိုးတွေ သုံးသင့်လဲ ဆိုတော့ ၁၀-၁၂ ခုလောက်ပဲပါတဲ့ ပရော်ဖက်ရှင်နယ် brush တွေကိုသာ သုံးသင့်ပါတယ်။

၄။ Scrub

ခုအချိန် လိုင်းပေါ်မှာ တွေ့နေရတဲ့ ကြော်ငြာတွေ၊ cosemtic ဆိုင်တွေက ကြော်ငြာတဲ့ scrub တွေက သင့်အသားအရေကို နူးညံ့စေပြီး ကလေးတစ်ယောက်ရဲ့ အသားအရေကိုတောင် ပိုင်ဆိုင်နိုင်တယ်လို့ ကြော်ငြာတာကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း ဒီကုန်ပစ္စည်းတွေက ပျားရည်၊ ကော်ဖီ၊ ဆား၊ သံလွင်ဆီ တို့ကို အခြေခံပြီး ထုတ်ထားတာကို တွေ့ရမှာပါ။ ဒါဆို ဘာလို့ ဝယ်သုံးနေတော့မှာလဲ။ ကိုယ်တိုင်ပဲ လုပ်သုံးတော့မှာပေါ့။ လိုင်းပေါ်မှာ scrub လုပ်နည်းလို့ ရှာကြည့်လိုက်တာနဲ့ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ လုပ်လို့ရတဲ့ အရာတွေ တန်းစီပြီး ကျလာမှာပါ။

၅။ Botox ပါသော မျက်နှာလိမ်းခရင်မ်

botox ရဲ့ သက်ရောက်မှုကတော့ သင့်မျက်နှာကို မှော်ပညာနဲ့ ပြုပြင်လိုက်သလို လှပစေနိုင်ပါတယ်။ သူက အရေပြားတွေကို တင်းစေပြီးတော့ အိုမင်းရင့်ရော်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ပုံမှန်ဆိုရင်တော့ botox ကို ဆေးထိုးအပ်နဲ့ မျက်နှာကို ထိုးရတာပါ။ cream တွေကို လိမ်းလိုက်တာနဲ့ မျက်နှာထဲထိ စိမ့်ဝင်မသွားပါဘူး။ ဒါဆို ဘာလို့ botox လို အစွမ်းပြနေလဲ ဆိုရင် အိုမင်းတာကို ကာကွယ်ပေးတဲ့ တခြားဆေးတွေ ထည့်ထားလို့ပါပဲ။ တကယ်လို့သင်က botox ကို သုံးချင်တယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

၆။ Mascara

အလှကုန် ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ကုန်ပစ္စည်းကို ရောင်းလိုအား တက်ချင်တာကြောင့် ပစ္စည်းတွေကို တစ်မျိုးပြီးတစ်မျိုး ထုတ်လုပ်ကြပါတယ်။ ဒါ့ကြောင့်လည်း အပေါ်နဲ့အောက် မျက်တောင် နှစ်ခုစလုံးအတွက် mascara ဆိုပြီး ထွက်လာပြန်ပါတယ်။ ဒီလိုတွေ ထုတ်လာတာကြောင့် တစ်ချို့မိန်းကလေးတွေက mascara ကို နှစ်မျိုးလုံး လိုအပ်တယ်ဆိုပြီးတော့ ဝယ်ကြပါတယ်။ ဒါဟာ တကယ်တော့ အတူတူပါပဲ။ ဒါကြောင့် သုံးမယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့အမှတ်တံဆိပ်ကနေ ထုတ်တဲ့ အရည်အသွေးမြင့် mascara တစ်မျိုးကိုပဲ သုံးသင့်ပါတယ်။

၇။ Anti-aging serum များ

လူတွေက သူတို့ရဲ့အသားကို တစ်ဖန်တစ်ဖန် ပြန်လည်နုပျိုစေနိုင်တဲ့ မှော်ဆန်တဲ့ အရာမျိုးကို လိုချင်ကြပါတယ်။ ဒါတွေကို အလှကုန်ထုတ်တဲ့ သူတွေကလည်း သိတော့ နုပျိုတဲ့ cream တွေကို ထုတ်လိုက်ကြပြန်ပါတယ်။ လူတွေကလည်း ဒါတွေကို ဈေးကြီးပေးပြီးတော့ ဝယ်ယူကြပြန်ပါတယ်။ ဒါပေမယ့် သင်သိသင့်တာတစ်ခုက ဘယ်ဆေးကမှ အရေပြားရဲ့ အတွင်းထဲထိ ဝင်သွားပြီးတော့ အရေးအကြောင်းတွေကို မပျောက်စေနိုင်ဘူး ဆိုတာပါပဲ။ သင့်ကို တကယ်ပြောင်းလဲပေးနိုင်တာက အစိုဓာတ်ပါတဲ့ cream တွေပါပဲ။ ရိုးရိုးရှင်းရှင်း အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးတည်းနဲ့ လုပ်နိုင်ပါတယ်။ တကယ်လို့သင်က မလိမ်းချင်ဘူး ဆိုရင်လည်း ပလတ်စတစ်ဆာဂျရီ လုပ်လိုက်လည်း ရပါတယ်။

၈။ မျက်ကွင်းညိုတာတွေကို ပျောက်စေတဲ့ခရင်မ်

မျက်လုံးအောက်က အမဲကွင်းတွေနဲ့ဆို ဘယ်သူမှ ကြည့်လို့ မကောင်းပါဘူး။ ခါးသီးလွန်းတဲ့ အမှန်တရားတစ်ခုကတည်း ဘယ်ဆေးကမှ မျက်လုံးအောက်က အမဲကွင်းတွေကို မပျောက်စေနိုင်ပါဘူး။ ဒါတွေက သင့်ကိုခဏတာပဲ ဖုံးအုပ်ပေးထား နိုင်တာပါ။ ဒီလို အညိုအမဲတွေ ပေါ်လာရတဲ့ အကြောင်းကလည်း သင်အိပ်ရေးမဝလို့ပါပဲ။ ဘယ်လိုပျောက်အောင် လုပ်မလဲ ဆိုတော့ သင့်အသားအရေနဲ့ လိုက်ဖက်တဲ့ cream မျိုးကိုသာ ရွေးသုံးပါ။ ပြီးရင် အိပ်ရေးဝဝ အိပ်ပါ။

၉။ ဆံပင်အစိုဓာတ်ဖြည့် mask များ

အထုပ်ပေါ်မှာ ရေးထားတာကတော့ ကျန်းမာသန်စွမ်းစေမယ်။ ဆံပင်တွေကို ကွဲအက်ခြင်း မရှိစေဘူးလို့ ရေးထားမှာပါ။ တကယ့်တကယ်တမ်း သုံးကြည့်ရင် ဒီလိုဖြစ်မလာပါဘူး။ သင့်ဆံပင်တွေကို ဖြီးရလွယ်အောင် လုပ်ပေးလိုက်တာပဲ ရှိပါတယ်။ ဆံပင်တွေကို ဘယ်လိုကောင်းလာအောင် လုပ်မလဲဆိုတော့ ဆံပင်ပုံစံကို ပြောင်းကြည့်ပါ။ ပြီးရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

၁၀။ hyaluronic acid ပါတဲ့ခရင်မ်

Hyaluronic acid ဟာ အစိုဓာတ်ကို ထိန်းထားပေးပြီး ခန္ဓာကိုယ် တစ်သျှူးတွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ အတွက် လိုအပ်တဲ့ ပရိုတင်းများတွေကို ထုတ်လုပ်ပေးပါတယ်။ အသက်အရွယ် ကြီးလာတာနဲ့ ဒီအက်ဆစ်ဓာတ်တွေက လျော့နည်းသွားပြီးတော့ အိုမင်းခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ ဒီလို အိုမင်းခြင်းကို ကာကွယ်ဖို့အတွက် ခရင်မ်တွေကိုထုတ်လုပ်လာကြပါတယ်။ တကယ်တော့ ခရင်မ်လိမ်းတာနဲ့ မကာကွယ်နိုင်ပါဘူး။ Hyaluronic acid ရဲ့ မော်လီကျူးတွေက ကြီးမားလွန်းတာကြောင့် ခရင်မ်လိမ်းလိုက်တာနဲ့ အရေပြားထဲကို စိမ့်မဝင်နိုင်ပါဘူး။ သင်က တကယ် နုပျိုချင်သေးတယ် ဆိုရင်တော့ ဆေးထိုးလိုက်တာက အကောင်းဆုံးပါပဲ။

၁၁။ Conditioner နဲ့ ခေါင်းလျှော်ခြင်း

Conditioner နဲ့ ခေါင်းလျှော်တာက ဆံပင်ပြဿနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်မယ်လို့ သင်ထင်ကောင်း ထင်နေမှာပါ။ ဆံပင်ပျက်တာတွေ၊ အရောင်မှိန်တာတွေကိုတော့ ကုသပေးနိုင်ပါတယ်။ ဒါဟာ ဆံပင်ကိုတော့ မသန်မာစေပါဘူး။ ဒါကြောင့် သုံးမယ်ဆိုရင် တံဆိပ်ကောင်းကောင်းထဲက သုံးဖို့ အကြံပေးချင်ပါတယ်။

၁၂။ Shower gel

Shower gel တွေက အရေပြားအလွှာတွေကို အလွန်အမင်း ခြောက်သွေ့စေပြီးတော့ အကာအကွယ် အလွှာကိုလည်း ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် သင်သုံးတဲ့ Shower gel ရဲ့ ထုတ်လုပ်မှုကို သေချာလေး ဂရုစိုက်သင့်ပါတယ်။ ပြီးတော့ Shower gel အစား အစိုဓာတ်ကို ထိန်းပေးတဲ့ ဆပ်ပြာမျိုးကို သုံးပေးသင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

ပိုက္ဆံကုန္ၿပီး အက်ိဳးမရွိေစတဲ့ အလွကုန္ပစၥည္းမ်ား

အလွကုန္ ထုတ္လုပ္သူေတြဟာ သူတို႔ရဲ႕ပစၥည္းေတြကို ေပါ့ေပါ့ပါးပါးနဲ႔ လူေတြရဲ႕အလွကို တိုးလာေစတယ္ဆိုၿပီး ေရာင္းခ်ေလ့ရွိပါတယ္။ ေၾကာ္ျငာေတြကလည္း အရမ္းေကာင္းသလို ထုတ္ပိုးမႈပုံစံေတြက လွပတာေၾကာင့္ ဝယ္ယူသူေတြလည္း မျငင္းဆန္ႏိုင္ပဲ ဝယ္မိၾကပါတယ္။ ပစၥည္းေတြကို ေၾကာ္ျငာတဲ့အခါမွာလည္း ဒီအလွကုန္ပစၥည္းကိုမွ မသုံးရင္ တစ္သက္လုံး မလွႏိုင္ေတာ့ဘူးလို႔ ထင္ေအာင္ ေၾကာ္ျငာတတ္ၾကပါတယ္။

ဒါေတြကို တခ်ိဳ႕ေသာ ဆယ္ေက်ာ္သက္ေလးေတြက ယုံၾကည္ၿပီး ဝယ္ယူမိၾက ျပန္ပါတယ္။ တကယ့္တကယ္တမ္း အသုံးျပဳတဲ့အခါ ပစၥည္းရဲ႕ ကြာလတီကလည္း အတူတူပါပဲ။ ဒါေၾကာင့္ ဘယ္လို ပစၥည္းမ်ိဳးေတြက ဘယ္လို အေျခအေနမ်ိဳးမွာ ရွိေနတယ္ ဆိုတာကို love media ကေန ေျပာျပေပးခ်င္ပါတယ္။

၁။ Eyeshadow palettes အႀကီးစားမ်ား

သင္က အလွကုန္ဆိုင္တစ္ဆိုင္ကို ေရာက္သြားရင္ သင့္မွာရွိတဲ့ လစာေတြ၊ မုန႔္ဖိုးေတြနဲ႔ မတူညီတဲ့ အေရာင္ေတြပါတဲ့ eyeshadow palettes အႀကီးႀကီးတစ္ခုကို ဝယ္ဖို႔လြယ္ပါတယ္။ အေရာင္ေတြကလည္း ၁၀၀- ၂၀၀ ေလာက္ပါပါတယ္။ ဒါေတြဟာ ေတာ္ေတာ္ကိုလွၿပီးေတာ့ ဘယ္သူမဆို လိုခ်င္မွာပါပဲ။ ဒါေပမယ့္ ေသခ်ာေတြးၾကည့္ရင္ ဒီအေရာင္ေတြ အကုန္လုံးကို သင္မလိုအပ္ပါဘူး။ အဲ့အစား ဘာေတြ ဝယ္သင့္လဲ ဆိုေတာ့ အရည္အေသြးျမင့္ palettes ေတြ၊ ၇- ၈ မ်ိဳးေလာက္ပဲပါတဲ့ အလွကုန္ပစၥည္းမ်ိဳးပဲ ဝယ္သင့္ပါတယ္။

၂။ ဆံပင္အမ်ိဳးအစား အားလုံးအတြက္ ေခါင္းေလွ်ာ္ရည္

တစ္ခါတစ္ေလမွာ ေခါင္းေလွ်ာ္ရည္ဝယ္ရင္ အကုန္လုံးနဲ႔ ကိုက္ညီတဲ့ ေခါင္းေလွ်ာ္ရည္မ်ိဳး ဝယ္တာက သင့္အတြက္ ပိုေကာင္းမယ္လို႔ ေတြးမိပါလိမ့္မယ္။ ဒါေပမယ့္ လူတစ္ေယာက္နဲ႔ တစ္ေယာက္က မတူညီၾကပါဘူး။ အသားအေရာင္ေတြလည္း မတူညီၾကသလို ဆံပင္အမ်ိဳးအစားကလည္း မတူညီႏိုင္ၾကပါဘူး။ ဒါ့ေၾကာင့္ universal shampoos ေတြက ေဗာက္ထတာေတြ၊ ဆံပင္ေျခာက္တာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ရည္ဝယ္မယ္ ဆိုရင္ သင့္ဆံပင္ အမ်ိဳးအစားေပၚလိုက္ၿပီးေတာ့ ဝယ္ယူတာက အေကာင္းဆုံးပါပဲ။

၃။ Brush

ဒီလိုစုတ္တံေတြ အမ်ားႀကီး ရွိတာက ေကာင္းမယ္လို႔ သင္ထင္ေကာင္း ထင္ႏိုင္ပါလိမ့္မယ္။ Brush ၂၅ ခုကေန ၃၀ အထိ တစ္ဘူးရွိထားတာကေတာ့ မမွားပါဘူး။ ဒါေတြကို တစ္ေန႔ လိုအပ္လိမ့္မယ္ ဆိုတဲ့ အေတြးနဲ႔ သင္ဝယ္ခ်င္ ဝယ္မိပါလိမ့္မယ္။ ဒါေပမယ့္ အကုန္လုံးကို သင္မလိုအပ္ႏိုင္ပါဘူး။ သင္က မိတ္ကပ္ပညာရွင္ တစ္ဦးျဖစ္ရင္ေတာ့ ကိစၥမရွိေပမယ့္ သာမန္လူတစ္ေယာက္အတြက္ ဆိုရင္ေတာ့ မ်ားလြန္းပါတယ္။ ဘယ္လိုမ်ိဳးေတြ သုံးသင့္လဲ ဆိုေတာ့ ၁၀-၁၂ ခုေလာက္ပဲပါတဲ့ ပေရာ္ဖက္ရွင္နယ္ brush ေတြကိုသာ သုံးသင့္ပါတယ္။

၄။ Scrub

ခုအခ်ိန္ လိုင္းေပၚမွာ ေတြ႕ေနရတဲ့ ေၾကာ္ျငာေတြ၊ cosemtic ဆိုင္ေတြက ေၾကာ္ျငာတဲ့ scrub ေတြက သင့္အသားအေရကို ႏူးညံ့ေစၿပီး ကေလးတစ္ေယာက္ရဲ႕အသားအေရကိုေတာင္ ပိုင္ဆိုင္ႏိုင္တယ္လို႔ ေၾကာ္ျငာတာကို ေတြ႕ရမွာပါ။ ဒါေပမယ့္လည္း ဒီကုန္ပစၥည္းေတြက ပ်ားရည္၊ ေကာ္ဖီ၊ ဆား၊ သံလြင္ဆီ တို႔ကို အေျခခံၿပီး ထုတ္ထားတာကို ေတြ႕ရမွာပါ။ ဒါဆို ဘာလို႔ ဝယ္သုံးေနေတာ့မွာလဲ။ ကိုယ္တိုင္ပဲ လုပ္သုံးေတာ့မွာေပါ့။ လိုင္းေပၚမွာ scrub လုပ္နည္းလို႔ ရွာၾကည့္လိုက္တာနဲ႔ သင့္အိမ္မွာရွိတဲ့ ပစၥည္းေတြနဲ႔ လုပ္လို႔ရတဲ့ အရာေတြ တန္းစီၿပီး က်လာမွာပါ။

၅။ Botox ပါေသာ မ်က္ႏွာလိမ္းခရင္မ္

botox ရဲ႕ သက္ေရာက္မႈကေတာ့ သင့္မ်က္ႏွာကို ေမွာ္ပညာနဲ႔ ျပဳျပင္လိုက္သလို လွပေစႏိုင္ပါတယ္။ သူက အေရျပားေတြကို တင္းေစၿပီးေတာ့ အိုမင္းရင့္ေရာ္တာေတြကိုလည္း ကာကြယ္ေပးပါတယ္။ ပုံမွန္ဆိုရင္ေတာ့ botox ကို ေဆးထိုးအပ္နဲ႔ မ်က္ႏွာကို ထိုးရတာပါ။ cream ေတြကို လိမ္းလိုက္တာနဲ႔ မ်က္ႏွာထဲထိ စိမ့္ဝင္မသြားပါဘူး။ ဒါဆို ဘာလို႔ botox လို အစြမ္းျပေနလဲ ဆိုရင္ အိုမင္းတာကို ကာကြယ္ေပးတဲ့ တျခားေဆးေတြ ထည့္ထားလို႔ပါပဲ။ တကယ္လို႔သင္က botox ကို သုံးခ်င္တယ္ဆိုရင္ေတာ့ အေရျပားဆရာဝန္နဲ႔ တိုင္ပင္တာက အေကာင္းဆုံးပါပဲ။

၆။ Mascara

အလွကုန္ ထုတ္လုပ္သူေတြဟာ သူတို႔ရဲ႕ကုန္ပစၥည္းကို ေရာင္းလိုအား တက္ခ်င္တာေၾကာင့္ ပစၥည္းေတြကို တစ္မ်ိဳးၿပီးတစ္မ်ိဳး ထုတ္လုပ္ၾကပါတယ္။ ဒါ့ေၾကာင့္လည္း အေပၚနဲ႔ေအာက္ မ်က္ေတာင္ ႏွစ္ခုစလုံးအတြက္ mascara ဆိုၿပီး ထြက္လာျပန္ပါတယ္။ ဒီလိုေတြ ထုတ္လာတာေၾကာင့္ တစ္ခ်ိဳ႕မိန္းကေလးေတြက mascara ကို ႏွစ္မ်ိဳးလုံး လိုအပ္တယ္ဆိုၿပီးေတာ့ ဝယ္ၾကပါတယ္။ ဒါဟာ တကယ္ေတာ့ အတူတူပါပဲ။ ဒါေၾကာင့္ သုံးမယ္ဆိုရင္ ယုံၾကည္စိတ္ခ်ရတဲ့အမွတ္တံဆိပ္ကေန ထုတ္တဲ့ အရည္အေသြးျမင့္ mascara တစ္မ်ိဳးကိုပဲ သုံးသင့္ပါတယ္။

၇။ Anti-aging serum မ်ား

လူေတြက သူတို႔ရဲ႕အသားကို တစ္ဖန္တစ္ဖန္ ျပန္လည္ႏုပ်ိဳေစႏိုင္တဲ့ ေမွာ္ဆန္တဲ့ အရာမ်ိဳးကို လိုခ်င္ၾကပါတယ္။ ဒါေတြကို အလွကုန္ထုတ္တဲ့ သူေတြကလည္း သိေတာ့ ႏုပ်ိဳတဲ့ cream ေတြကို ထုတ္လိုက္ၾကျပန္ပါတယ္။ လူေတြကလည္း ဒါေတြကို ေဈးႀကီးေပးၿပီးေတာ့ ဝယ္ယူၾကျပန္ပါတယ္။ ဒါေပမယ့္ သင္သိသင့္တာတစ္ခုက ဘယ္ေဆးကမွ အေရျပားရဲ႕ အတြင္းထဲထိ ဝင္သြားၿပီးေတာ့ အေရးအေၾကာင္းေတြကို မေပ်ာက္ေစႏိုင္ဘူး ဆိုတာပါပဲ။ သင့္ကို တကယ္ေျပာင္းလဲေပးႏိုင္တာက အစိုဓာတ္ပါတဲ့ cream ေတြပါပဲ။ ႐ိုး႐ိုးရွင္းရွင္း အစိုဓာတ္ထိန္းခရင္မ္ တစ္မ်ိဳးတည္းနဲ႔ လုပ္ႏိုင္ပါတယ္။ တကယ္လို႔သင္က မလိမ္းခ်င္ဘူး ဆိုရင္လည္း ပလတ္စတစ္ဆာဂ်ရီ လုပ္လိုက္လည္း ရပါတယ္။

၈။ မ်က္ကြင္းညိဳတာေတြကို ေပ်ာက္ေစတဲ့ခရင္မ္

မ်က္လုံးေအာက္က အမဲကြင္းေတြနဲ႔ဆို ဘယ္သူမွ ၾကည့္လို႔ မေကာင္းပါဘူး။ ခါးသီးလြန္းတဲ့ အမွန္တရားတစ္ခုကတည္း ဘယ္ေဆးကမွ မ်က္လုံးေအာက္က အမဲကြင္းေတြကို မေပ်ာက္ေစႏိုင္ပါဘူး။ ဒါေတြက သင့္ကိုခဏတာပဲ ဖုံးအုပ္ေပးထား ႏိုင္တာပါ။ ဒီလို အညိဳအမဲေတြ ေပၚလာရတဲ့ အေၾကာင္းကလည္း သင္အိပ္ေရးမဝလို႔ပါပဲ။ ဘယ္လိုေပ်ာက္ေအာင္ လုပ္မလဲ ဆိုေတာ့ သင့္အသားအေရနဲ႔ လိုက္ဖက္တဲ့ cream မ်ိဳးကိုသာ ေ႐ြးသုံးပါ။ ၿပီးရင္ အိပ္ေရးဝဝ အိပ္ပါ။

၉။ ဆံပင္အစိုဓာတ္ျဖည့္ mask မ်ား

အထုပ္ေပၚမွာ ေရးထားတာကေတာ့ က်န္းမာသန္စြမ္းေစမယ္။ ဆံပင္ေတြကို ကြဲအက္ျခင္း မရွိေစဘူးလို႔ ေရးထားမွာပါ။ တကယ့္တကယ္တမ္း သုံးၾကည့္ရင္ ဒီလိုျဖစ္မလာပါဘူး။ သင့္ဆံပင္ေတြကို ၿဖီးရလြယ္ေအာင္ လုပ္ေပးလိုက္တာပဲ ရွိပါတယ္။ ဆံပင္ေတြကို ဘယ္လိုေကာင္းလာေအာင္ လုပ္မလဲဆိုေတာ့ ဆံပင္ပုံစံကို ေျပာင္းၾကည့္ပါ။ ၿပီးရင္ ဆရာဝန္နဲ႔ တိုင္ပင္ၾကည့္ပါ။

၁၀။ hyaluronic acid ပါတဲ့ခရင္မ္

Hyaluronic acid ဟာ အစိုဓာတ္ကို ထိန္းထားေပးၿပီး ခႏၶာကိုယ္ တစ္သွ်ဴးေတြရဲ႕ ပုံမွန္လုပ္ငန္းေဆာင္တာေတြ အတြက္ လိုအပ္တဲ့ ပ႐ိုတင္းမ်ားေတြကို ထုတ္လုပ္ေပးပါတယ္။ အသက္အ႐ြယ္ ႀကီးလာတာနဲ႔ ဒီအက္ဆစ္ဓာတ္ေတြက ေလ်ာ့နည္းသြားၿပီးေတာ့ အိုမင္းျခင္းကို ျဖစ္ေပၚလာေစပါတယ္။ ဒီလို အိုမင္းျခင္းကို ကာကြယ္ဖို႔အတြက္ ခရင္မ္ေတြကိုထုတ္လုပ္လာၾကပါတယ္။ တကယ္ေတာ့ ခရင္မ္လိမ္းတာနဲ႔ မကာကြယ္ႏိုင္ပါဘူး။ Hyaluronic acid ရဲ႕ ေမာ္လီက်ဴးေတြက ႀကီးမားလြန္းတာေၾကာင့္ ခရင္မ္လိမ္းလိုက္တာနဲ႔ အေရျပားထဲကို စိမ့္မဝင္ႏိုင္ပါဘူး။ သင္က တကယ္ ႏုပ်ိဳခ်င္ေသးတယ္ ဆိုရင္ေတာ့ ေဆးထိုးလိုက္တာက အေကာင္းဆုံးပါပဲ။

၁၁။ Conditioner နဲ႔ ေခါင္းေလွ်ာ္ျခင္း

Conditioner နဲ႔ ေခါင္းေလွ်ာ္တာက ဆံပင္ျပႆနာေတြ အားလုံးကို ေျဖရွင္းေပးႏိုင္မယ္လို႔ သင္ထင္ေကာင္း ထင္ေနမွာပါ။ ဆံပင္ပ်က္တာေတြ၊ အေရာင္မွိန္တာေတြကိုေတာ့ ကုသေပးႏိုင္ပါတယ္။ ဒါဟာ ဆံပင္ကိုေတာ့ မသန္မာေစပါဘူး။ ဒါေၾကာင့္ သုံးမယ္ဆိုရင္ တံဆိပ္ေကာင္းေကာင္းထဲက သုံးဖို႔ အႀကံေပးခ်င္ပါတယ္။

၁၂။ Shower gel

Shower gel ေတြက အေရျပားအလႊာေတြကို အလြန္အမင္း ေျခာက္ေသြ႕ေစၿပီးေတာ့ အကာအကြယ္ အလႊာကိုလည္း ဖ်က္ဆီးပစ္ပါတယ္။ ဒါေၾကာင့္ သင္သုံးတဲ့ Shower gel ရဲ႕ ထုတ္လုပ္မႈကို ေသခ်ာေလး ဂ႐ုစိုက္သင့္ပါတယ္။ ၿပီးေတာ့ Shower gel အစား အစိုဓာတ္ကို ထိန္းေပးတဲ့ ဆပ္ျပာမ်ိဳးကို သုံးေပးသင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments