ကော်ဖီသောက်ခြင်းက ရွှေရင်နှစ်မွှာ အရွယ်အစားကို လျော့ကျစေနိုင်သလား

ဆွီဒင်နိုင်ငံ Lund တက္ကသိုလ်မှ ပြုလုပ်တဲ့ လေ့လာမှုတွေအရ တစ်နေ့ကို ကော်ဖီသုံးခွက် သောက်တာဟာ အမျိုးသမီးရဲ့ ရင်သားအရွယ်အစားကို လျော့ကျစေနိုင်ပါတယ်။

ကော်ဖီသောက်တာနဲ့ ရင်သား သေးငယ်တာတို့ ဆက်စပ်မှု ရှိမရှိသိဖို့အတွက် Helen Jernstorm က အမျိူးသမီး (၂၆၉) ဦးကို လေ့လာခဲ့ပါတယ်။ လေ့လာရာမှာလည်း သူတို့ရဲ့ ရင်သားအရွယ်အစားတွေအပြင် တစ်နေ့ကို ကော်ဖီဘယ်နှခွက် သောက်လဲ ဆိုတာကိုပါ လေ့လာခဲ့တာပါ။

' ကော်ဖီသောက်တာက ရင်သား အရွယ်အစားပေါ်ကို ကြီးကြီးမားမား သက်ရောက်မှု ရှိစေပါတယ်။ ကော်ဖီ သောက်တာနဲ့တော့ ရင်သားတွေက တစ်ညထဲနဲ့ကျုံ့သွားမှာတော့ မဟုတ်ပါဘူး။ သူတို့က ပိုပိုသေးလာမှာပါ။ လုံးဝ ပျောက်ကွယ်သွားမှာတော့ မဟုတ်ပါဘူး' လို့ Jernstorm က ပြောပါတယ်။

ကော်ဖီသောက်တာက ရင်သားအရွယ်အစား ပြောင်းလဲမှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ဟော်မုန်းကို ပြောင်းလဲစေနိုင်တဲ့ ဓာတ်တွေ ပါဝင်လို့ပါပဲ။ ကော်ဖီမှာက ကဖိန်းဓာတ်အပြင် Phytoestorgens ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီးတော့ ရင်သားမှာရှိတဲ့ estrogen receptors တွေကိုလည်း တားဆီးသလို ဖြစ်နေပါတယ်။

ရင်သားမှာရှိတဲ့ တစ်သျှူးနှင့် ဆဲလ်တွေကြီးထွားဖို့ကို Phytoestorgens က တားဆီးသလို ဖြစ်နေတာပါ။ ဒါကြောင့် အမျိူးသမီးတစ်ဦးဟာ ကော်ဖီပိုသောက်လေ သူ့ရဲ့ရင်သားက သေးငယ်လေ ဖြစ်လာမှာပါ။

ကော်ဖီသောက်တာက ရင်သားကင်တာ ဖြစ်တာကို လျော့ကျစေနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေက ကော်ဖီများများ သောက်တာနဲ့ ရင်သားကျုံ့သွားတာကို ပြသလိုက်တဲ့အခါ အမျိူးသမီးအများစုက ကော်ဖီသောက်တာကို ရပ်တန့်လိုက်ကြပါတယ်။

Lund တက္ကသိုလ်က သုတေသီတွေ သီးခြားပြုလုပ်တဲ့ သုတေသနတွေမှာတော့ တစ်နေ့ကို ကော်ဖီ (၂) ခွက်သောက်တာက ရင်သားကင်ဆာ ဖြစ်တာကို လျော့ကျတယ် လို့ ပြောထားပါတယ်။

သူတို့ပြောကြားချက်တွေ အရကတော့ ကင်ဆာပျောက်ဆေး tamoxifen နဲ့ ကော်ဖီ (၂) ခွက်သောက်တာက ညီမျှတယ်လို့ ဆိုပါတယ်။ အမျိုးသမီး (၅၀%) လောက်က ကော်ဖီနဲ့တင် ကာကွယ်နိုင်တယ်လို့လည်း ပြောထားပါသေးတယ်။

လေ့လာမှုတွေအရ တစ်နေ့ကိုအနည်းဆုံး ကော်ဖီ (၂) ခွက်သောက်သူတွေဟာ ရင်သားကင်ဆာ ဖြစ်စေမယ့် အကျိတ်ကို သေးငယ်စေတယ်။ ဟော်မုန်းတွေလည်း လျော့ကျစေပါတယ်။ ပြီးတော့ ကင်ဆာဖြစ်လာမှာကိုလည်း ကာကွယ်နိုင်တယ်လို့ Lund တက္ကသိုလ်က Ann Rosendahl က ပြောပါတယ်။ အဲဒီတော့ ကော်ဖီဟာလည်း တန်ဆေးလွန်ဘေးပါပဲ။

Zombie (Lovemedia)

for zawgyi

ေကာ္ဖီေသာက္ျခင္းက ေ႐ႊရင္ႏွစ္မႊာ အ႐ြယ္အစားကို ေလ်ာ့က်ေစႏိုင္သလား

ဆြီဒင္ႏိုင္ငံ Lund တကၠသိုလ္မွ ျပဳလုပ္တဲ့ ေလ့လာမႈေတြအရ တစ္ေန႔ကို ေကာ္ဖီသုံးခြက္ ေသာက္တာဟာ အမ်ိဳးသမီးရဲ႕ ရင္သားအ႐ြယ္အစားကို ေလ်ာ့က်ေစႏိုင္ပါတယ္။

ေကာ္ဖီေသာက္တာနဲ႔ ရင္သား ေသးငယ္တာတို႔ ဆက္စပ္မႈ ရွိမရွိသိဖို႔အတြက္ Helen Jernstorm က အမ်ိဴးသမီး (၂၆၉) ဦးကို ေလ့လာခဲ့ပါတယ္။ ေလ့လာရာမွာလည္း သူတို႔ရဲ႕ ရင္သားအ႐ြယ္အစားေတြအျပင္ တစ္ေန႔ကို ေကာ္ဖီဘယ္ႏွခြက္ ေသာက္လဲ ဆိုတာကိုပါ ေလ့လာခဲ့တာပါ။

' ေကာ္ဖီေသာက္တာက ရင္သား အ႐ြယ္အစားေပၚကို ႀကီးႀကီးမားမား သက္ေရာက္မႈ ရွိေစပါတယ္။ ေကာ္ဖီ ေသာက္တာနဲ႔ေတာ့ ရင္သားေတြက တစ္ညထဲနဲ႔က်ဳံ႕သြားမွာေတာ့ မဟုတ္ပါဘူး။ သူတို႔က ပိုပိုေသးလာမွာပါ။ လုံးဝ ေပ်ာက္ကြယ္သြားမွာေတာ့ မဟုတ္ပါဘူး' လို႔ Jernstorm က ေျပာပါတယ္။

ေကာ္ဖီေသာက္တာက ရင္သားအ႐ြယ္အစား ေျပာင္းလဲမႈအေပၚ သက္ေရာက္မႈ ရွိေစပါတယ္။ ေဟာ္မုန္းကို ေျပာင္းလဲေစႏိုင္တဲ့ ဓာတ္ေတြ ပါဝင္လို႔ပါပဲ။ ေကာ္ဖီမွာက ကဖိန္းဓာတ္အျပင္ Phytoestorgens ဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ၿပီးေတာ့ ရင္သားမွာရွိတဲ့ estrogen receptors ေတြကိုလည္း တားဆီးသလို ျဖစ္ေနပါတယ္။

ရင္သားမွာရွိတဲ့ တစ္သွ်ဴးႏွင့္ ဆဲလ္ေတြႀကီးထြားဖို႔ကို Phytoestorgens က တားဆီးသလို ျဖစ္ေနတာပါ။ ဒါေၾကာင့္ အမ်ိဴးသမီးတစ္ဦးဟာ ေကာ္ဖီပိုေသာက္ေလ သူ႔ရဲ႕ရင္သားက ေသးငယ္ေလ ျဖစ္လာမွာပါ။

ေကာ္ဖီေသာက္တာက ရင္သားကင္တာ ျဖစ္တာကို ေလ်ာ့က်ေစႏိုင္ပါတယ္။

သိပၸံပညာရွင္ေတြက ေကာ္ဖီမ်ားမ်ား ေသာက္တာနဲ႔ ရင္သားက်ဳံ႕သြားတာကို ျပသလိုက္တဲ့အခါ အမ်ိဴးသမီးအမ်ားစုက ေကာ္ဖီေသာက္တာကို ရပ္တန႔္လိုက္ၾကပါတယ္။

Lund တကၠသိုလ္က သုေတသီေတြ သီးျခားျပဳလုပ္တဲ့ သုေတသနေတြမွာေတာ့ တစ္ေန႔ကို ေကာ္ဖီ (၂) ခြက္ေသာက္တာက ရင္သားကင္ဆာ ျဖစ္တာကို ေလ်ာ့က်တယ္ လို႔ ေျပာထားပါတယ္။

သူတို႔ေျပာၾကားခ်က္ေတြ အရကေတာ့ ကင္ဆာေပ်ာက္ေဆး tamoxifen နဲ႔ ေကာ္ဖီ (၂) ခြက္ေသာက္တာက ညီမွ်တယ္လို႔ ဆိုပါတယ္။ အမ်ိဳးသမီး (၅၀%) ေလာက္က ေကာ္ဖီနဲ႔တင္ ကာကြယ္ႏိုင္တယ္လို႔လည္း ေျပာထားပါေသးတယ္။

ေလ့လာမႈေတြအရ တစ္ေန႔ကိုအနည္းဆုံး ေကာ္ဖီ (၂) ခြက္ေသာက္သူေတြဟာ ရင္သားကင္ဆာ ျဖစ္ေစမယ့္ အက်ိတ္ကို ေသးငယ္ေစတယ္။ ေဟာ္မုန္းေတြလည္း ေလ်ာ့က်ေစပါတယ္။ ၿပီးေတာ့ ကင္ဆာျဖစ္လာမွာကိုလည္း ကာကြယ္ႏိုင္တယ္လို႔ Lund တကၠသိုလ္က Ann Rosendahl က ေျပာပါတယ္။ အဲဒီေတာ့ ေကာ္ဖီဟာလည္း တန္ေဆးလြန္ေဘးပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments