တခါက မိန်းမတစ်ယောက်ဟာ တစ်ညနေခင်းမှာ အိမ်ထဲကနေ အိမ်ပြင်ကို ထွက်လိုက်တယ်။ ဆံပင်ဖြူကိုယ်စီနဲ့ အသက်အတော်ကြီးတဲ့ အဖိုးအို သုံးယောက်ဟာ အိမ်ရှေ့က ခုံတန်းလေးပေါ်မှာ ထိုင်နေကြတာကို တွေ့လိုက်ရတယ်။ မိန်းမဟာ သူတို့ကို တစ်ခါမှ မမြင်ဘူးလို့ အခုလို မေးလိုက်တယ်။
" ရှင်တို့ ဘယ်သူ့ကို တွေ့ချင်လို့ပါလဲရှင့် "
" ဒီအိမ်က အိမ်ထောင်ဦးစီး အိမ်ပြန်ရောက်ပြီလား " လို့ အဖိုးအို တစ်ယောက်က သူ့ကိုမေးလိုက်တယ်။
" သြော်.. ကျွန်မယောကျာ်းလား။ သူအလုပ်က ပြန်ရောက်မလာသေးဘူးရှင့် "
" သြော်.. ဟုတ်လား။ ဒါဆိုလည်း နေပါစေလေ "
" မဟုတ်ဘူးရှင့်။ ရှင်တို့ကို ကြည့်ရတာ အတော်လေး ပင်ပန်းနေပုံ ရတယ်။ လာပါ။ အိမ်ထဲမှာ ဝင်ထိုင်ပြီး ရေနွေးကြမ်းသောက်ရင်း အပန်းဖြေကြပါရှင့်။
ကျွန်မယောကျာ်းလည်း မကြာခင် ပြန်ရောက်လာတော့မှာပါ "
" နေပါစေ သမီးရယ်။ မင်း ဖိတ်ခေါ် တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါတို့ မင်းရဲ့ ယောကျာ်း ပြန်ရောက်လာမှပဲ အိမ်ထဲ ဝင်ပါ့မယ်"
မကြာခင်မှာပဲ အိမ်ရှင်ယောကျာ်း ပြန်ရောက်လာတယ်။ မိန်းမက သူ့ကိုအကျိုးအကြောင်း ပြောပြလိုက်တော့ ယောကျာ်းက ဒါဆိုလည်း သူတို့ကို အိမ်ထဲဝင်ဖို့ ခေါ်လိုက်ပါလားလို့ ပြန်ပြောတယ်။
ဒါကြောင့် မိန်းမလည်း အဖိုးအို သုံးယောက်ကို သူ့ယောက်ျား ပြန်ရောက်နေပြီမို့ အိမ်ထဲဝင်ဖို့ ဖိတ်ခေါ် ပြန်တယ်။ ဒီအခါမှာ အဖိုးအို တစ်ယောက်က ခုလိုပြန်ပြောတယ်။
" ငါတို့ သုံးယောက်အတူ သူများအိမ်ထဲကို ဝင်တဲ့ ထုံးစံမရှိဘူးကွဲ့ "
" ဘာဖြစ်လို့လဲရှင့်။ ကျွန်မတို့အိမ်ဟာ ဒီလောက်ကြီး မကျဉ်းလို့ သုံးယောက်လုံး ဝင်လို့ရပါတယ် "
အဖိုးအိုသုံးယောက်ထဲက တစ်ယောက်က ပြန်ပြောတယ်။
" ငါတို့သုံးယောက်အတူ မဝင်တာ အကြောင်းရှိလို့ပါ။ နောက်တော့ ရှင်းပြပါမယ်။ ဒါနဲ့ ငါ့နာမည်က ဦးချမ်းသာပါ (rich) ပါ။ ငါ့ရဲ့ဘယ် ဘက်က ဦးအောင်မြင် (success) ပါ။ ညာဘက်ကတော့ ဦးမေတ္တာ (love) ပါ။ အခု ငါတို့ သုံးယောက်ထဲက တစ်ယောက်တည်းကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ် ရမှာမို့ ဘယ်သူ့ကို ဖိတ်ခေါ်မလဲလို့ မင်းယောကျာ်းနဲ့ တိုင်ပင်လိုက်ပါဦး "
မိန်းမလည်း အိမ်ထဲကို ပြန်ဝင်သွားပြီး ယောကျာ်းနဲ့ တိုင်ပင်တယ်။ ယောကျာ်းက..
" ကောင်းတယ်ကွာ။ ငါတို့ ဦးချမ်းသာကို အိမ်ထဲ ဖိတ်ခေါ်လိုက်ကြရအောင်။ ဒါဆိုရင် ငါတို့ဟာ ချမ်းသာကြွယ်ဝခြင်းကို ပြည့်စုံသွားမယ် "
တစ်ခါ မိန်းမက-
" ရှင်ပဲ လောကမှာ အကြီးအကျယ် အောင်မြင်သူတစ်ယောက် ဖြစ်ချင်တယ်ဆို။ ဦးအောင်မြင်ကို ဖိတ်ခေါ် လိုက်ကြရအောင်ပါ"
သူတို့ လင်မယား နှစ်ယောက်ဟာ ဘယ်သူ့ကို ဖိတ်ခေါ် ရမယ် ဆိုတာကို ငြင်းခုံနေကြတယ်။ ဒီအချိန်မှာ သူတို့ပြောဆို ငြင်းခုံနေကြတာကို အခန်းထဲက နားထောင်နေတဲ့ အပျိုအရွယ် သမီးလေးက ခုလို ဝင်ပြောလိုက်တယ်။
" ဦးမေတ္တာကို ဖိတ်ခေါ် လိုက်ပါလား။ အဖေနဲ့အမေ ခဏခဏ စကားများ ရန်ဖြစ်နေကြလို့ ဒီအိမ်မှာ မေတ္တာတရား ခေါင်းပါးနေတယ်လေ။ ဦးမေတ္တာကိုပဲ ဖိတ်ခေါ် လိုက်ကြရအောင်နော်။ "
ဒါနဲ့ ယောကျာ်းက မိန်းမကို ပြောလိုက်တယ်။
" မိန်းမရေ ငါတို့သမီးလေးရဲ့ စကားကို နားထောင်ပြီး ဦးမေတ္တာကိုပဲ ဖိတ်ခေါ် လိုက်မယ်ကွာ။ အိမ်ရှေ့ထွက်ပြီး သွားပြောလိုက်ပါ "
မိန်းမလည်း အိမ်ရှေ့ထွက်ပြီး ခုလိုပြောလိုက်တယ်။
" ရှင်တို့ သုံးယောက်ထဲက တစ်ယောက်ကိုပဲ ဖိတ်ခေါ် ရမယ် ဆိုတော့ ဦးမေတ္တာကိုပဲ ဖိတ်ခေါ် ပါတယ်။ အိမ်ထဲကို ကြွပါရှင့် "
ဦးမေတ္တာလည်း ထိုင်နေရာက ထပြီး အိမ်ထဲဝင်ဖို့ ပြင်လိုက်တယ်။ ဒီအခါမှာ ဦးချမ်းသာရော ၊ဦးအောင်မြင်တို့ကပါ ထပြီး အိမ်ထဲဝင်ဖို့ ပြင်လိုက်တယ်။ မိန်းမဟာ အံသြသွားပြီး..
" စောစောကပြောတော့ တစ်ယောက်တည်းကိုပဲ ဖိတ်လို့ရမယ်ဆို။ ခုတော့ ဘာကြောင့် သုံးယောက်စလုံး အိမ်ထဲဝင်ကြမှာလဲရှင့်" လို့မေးလိုက်တယ်။
ဦးအောင်မြင်က ခုလိုပြန်ဖြေလိုက်တယ်။
" တကယ်လို့ မင်းတို့ဟာ ဦးချမ်းသာကိုပဲဖြစ်ဖြစ်၊ ဦးအောင်မြင်ပဲဖြစ်ဖြစ် တစ်ယောက်တည်းကိုပဲ ဖိတ်ခေါ် ရင် ကျန်တဲ့ နှစ်ယောက်ဟာ အိမ်ထဲ မဝင်ပါဘူး။ ဒါပေမဲ့ မင်းတို့က ဦးမေတ္တာကို ဖိတ်ခေါ် လိုက်လို့ ငါတို့ထဲက ကျန်တဲ့နှစ်ယောက်ပါ အလိုလို ဝင်ဖြစ်တာပါ။ ငါတို့နှစ်ယောက်က ဦးမေတ္တာနဲ့ ခွဲမရကြဘူးလေ။ "
ပုံပြင်လေးကနေ ဆိုလိုတာက ကျွန်တော်တို့ဟာ ကြီးပွားချမ်းသာ ချင်လွန်းလို့ ကြိုးစားရင်း ချမ်းသာကြွယ်ဝ လာနိူင်ပါတယ်။ အောင်မြင်ချင်လို့ ကြိုးစားရင်လည်း အောင်မြင်မှုကို ရနိုင်ပါတယ်။ ဒါပေမဲ့ မေတ္တာမပါတဲ့ ချမ်းသာကြွယ်ဝခြင်းနဲ့ အောင်မြင်မှုဆိုတာ တာရှည်ခံမှာ မဟုတ်သလို ပြီးပြည့်စုံပြီး စိတ်ချမ်းသာတဲ့ ဘဝကိုရမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဘာအလုပ်ကိုပဲ လုပ်လုပ် လူတွေအပေါ် မေတ္တာထားပြီး လုပ်ဆောင်ပါ။ ဒါဆိုရင် ချမ်းသာကြွယ်ဝခြင်းနဲ့ အောင်မြင်ခြင်း တို့ဟာ နောက်ကနေ အလိုလို လိုက်လာကြပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
for zawgyi
အဖိုးအိုသုံးေယာက္နဲ႔ မိန္းမ
တခါက မိန္းမတစ္ေယာက္ဟာ တစ္ညေနခင္းမွာ အိမ္ထဲကေန အိမ္ျပင္ကို ထြက္လိုက္တယ္။ ဆံပင္ျဖဴကိုယ္စီနဲ႔ အသက္အေတာ္ႀကီးတဲ့ အဖိုးအို သုံးေယာက္ဟာ အိမ္ေရွ႕က ခုံတန္းေလးေပၚမွာ ထိုင္ေနၾကတာကို ေတြ႕လိုက္ရတယ္။ မိန္းမဟာ သူတို႔ကို တစ္ခါမွ မျမင္ဘူးလို႔ အခုလိုေမးလိုက္တယ္။
" ရွင္တို႔ ဘယ္သူ႔ကို ေတြ႕ခ်င္လို႔ပါလဲရွင့္ "
" ဒီအိမ္က အိမ္ေထာင္ဦးစီး အိမ္ျပန္ေရာက္ၿပီလား " လို႔ အဖိုးအို တစ္ေယာက္က သူ႔ကိုေမးလိုက္တယ္။
" ေၾသာ္.. ကြၽန္မေယာက်ာ္းလား။ သူအလုပ္က ျပန္ေရာက္မလာေသးဘူးရွင့္ "
" ေၾသာ္.. ဟုတ္လား။ ဒါဆိုလည္း ေနပါေစေလ "
" မဟုတ္ဘူးရွင့္။ ရွင္တို႔ကို ၾကည့္ရတာ အေတာ္ေလး ပင္ပန္းေနပုံ ရတယ္။ လာပါ။ အိမ္ထဲမွာ ဝင္ထိုင္ၿပီး ေရေႏြးၾကမ္းေသာက္ရင္း အပန္းေျဖၾကပါရွင့္။
ကြၽန္မေယာက်ာ္းလည္း မၾကာခင္ ျပန္ေရာက္လာေတာ့မွာပါ "
" ေနပါေစ သမီးရယ္။ မင္း ဖိတ္ေခၚ တာကို ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ ငါတို႔ မင္းရဲ႕ ေယာက်ာ္း ျပန္ေရာက္လာမွပဲ အိမ္ထဲ ဝင္ပါ့မယ္"
မၾကာခင္မွာပဲ အိမ္ရွင္ေယာက်ာ္း ျပန္ေရာက္လာတယ္။ မိန္းမက သူ႔ကိုအက်ိဳးအေၾကာင္း ေျပာျပလိုက္ေတာ့ ေယာက်ာ္းက ဒါဆိုလည္း သူတို႔ကို အိမ္ထဲဝင္ဖို႔ ေခၚလိုက္ပါလားလို႔ ျပန္ေျပာတယ္။
ဒါေၾကာင့္ မိန္းမလည္း အဖိုးအို သုံးေယာက္ကို သူ႔ေယာက္်ားျပန္ေရာက္ေနၿပီမို႔ အိမ္ထဲဝင္ဖို႔ ဖိတ္ေခၚ ျပန္တယ္။ ဒီအခါမွာ အဖိုးအို တစ္ေယာက္က ခုလိုျပန္ေျပာတယ္။
" ငါတို႔ သုံးေယာက္အတူ သူမ်ားအိမ္ထဲကို ဝင္တဲ့ ထုံးစံမရွိဘူးကြဲ႕ "
" ဘာျဖစ္လို႔လဲရွင့္။ ကြၽန္မတို႔အိမ္ဟာ ဒီေလာက္ႀကီး မက်ဥ္းလို႔ သုံးေယာက္လုံး ဝင္လို႔ရပါတယ္ "
အဖိုးအိုသုံးေယာက္ထဲက တစ္ေယာက္က ျပန္ေျပာတယ္။
" ငါတို႔သုံးေယာက္အတူ မဝင္တာ အေၾကာင္းရွိလို႔ပါ။ ေနာက္ေတာ့ ရွင္းျပပါမယ္။ ဒါနဲ႔ ငါ့နာမည္က ဦးခ်မ္းသာပါ (rich) ပါ။ ငါ့ရဲ႕ဘယ္ ဘက္က ဦးေအာင္ျမင္ (success) ပါ။ ညာဘက္ကေတာ့ ဦးေမတၱာ (love) ပါ။ အခု ငါတို႔ သုံးေယာက္ထဲက တစ္ေယာက္တည္းကို အိမ္ထဲဝင္ဖို႔ ဖိတ္ေခၚ ရမွာမို႔ ဘယ္သူ႔ကို ဖိတ္ေခၚမလဲလို႔ မင္းေယာက်ာ္းနဲ႔ တိုင္ပင္လိုက္ပါဦး "
မိန္းမလည္း အိမ္ထဲကို ျပန္ဝင္သြားၿပီး ေယာက်ာ္းနဲ႔ တိုင္ပင္တယ္။ ေယာက်ာ္းက..
" ေကာင္းတယ္ကြာ။ ငါတို႔ ဦးခ်မ္းသာကို အိမ္ထဲ ဖိတ္ေခၚလိုက္ၾကရေအာင္။ ဒါဆိုရင္ ငါတို႔ဟာ ခ်မ္းသာႂကြယ္ဝျခင္းကို ျပည့္စုံသြားမယ္ "
တစ္ခါ မိန္းမက-
" ရွင္ပဲ ေလာကမွာ အႀကီးအက်ယ္ ေအာင္ျမင္သူတစ္ေယာက္ ျဖစ္ခ်င္တယ္ဆို။ ဦးေအာင္ျမင္ကို ဖိတ္ေခၚ လိုက္ၾကရေအာင္ပါ"
သူတို႔ လင္မယား ႏွစ္ေယာက္ဟာ ဘယ္သူ႔ကို ဖိတ္ေခၚ ရမယ္ ဆိုတာကို ျငင္းခုံေနၾကတယ္။ ဒီအခ်ိန္မွာ သူတို႔ေျပာဆို ျငင္းခုံေနၾကတာကို အခန္းထဲက နားေထာင္ေနတဲ့ အပ်ိဳအ႐ြယ္ သမီးေလးက ခုလို ဝင္ေျပာလိုက္တယ္။
" ဦးေမတၱာကို ဖိတ္ေခၚ လိုက္ပါလား။ အေဖနဲ႔အေမ ခဏခဏ စကားမ်ား ရန္ျဖစ္ေနၾကလို႔ ဒီအိမ္မွာ ေမတၱာတရား ေခါင္းပါးေနတယ္ေလ။ ဦးေမတၱာကိုပဲ ဖိတ္ေခၚ လိုက္ၾကရေအာင္ေနာ္။"
ဒါနဲ႔ ေယာက်ာ္းကမိန္းမကို ေျပာလိုက္တယ္။
" မိန္းမေရ ငါတို႔သမီးေလးရဲ႕ စကားကို နားေထာင္ၿပီး ဦးေမတၱာကိုပဲ ဖိတ္ေခၚ လိုက္မယ္ကြာ။ အိမ္ေရွ႕ထြက္ၿပီး သြားေျပာလိုက္ပါ "
မိန္းမလည္း အိမ္ေရွ႕ထြက္ၿပီး ခုလိုေျပာလိုက္တယ္။
" ရွင္တို႔ သုံးေယာက္ထဲက တစ္ေယာက္ကိုပဲ ဖိတ္ေခၚ ရမယ္ ဆိုေတာ့ ဦးေမတၱာကိုပဲ ဖိတ္ေခၚ ပါတယ္။ အိမ္ထဲကို ႂကြပါရွင့္ "
ဦးေမတၱာလည္း ထိုင္ေနရာက ထၿပီး အိမ္ထဲဝင္ဖို႔ ျပင္လိုက္တယ္။ ဒီအခါမွာ ဦးခ်မ္းသာေရာ ၊ဦးေအာင္ျမင္တို႔ကပါ ထၿပီး အိမ္ထဲဝင္ဖို႔ ျပင္လိုက္တယ္။မိန္းမဟာ အံၾသသြားၿပီး..
" ေစာေစာကေျပာေတာ့ တစ္ေယာက္တည္းကိုပဲ ဖိတ္လို႔ရမယ္ဆို။ ခုေတာ့ ဘာေၾကာင့္ သုံးေယာက္စလုံး အိမ္ထဲဝင္ၾကမွာလဲရွင့္" လို႔ေမးလိုက္တယ္။
ဦးေအာင္ျမင္က ခုလိုျပန္ေျဖလိုက္တယ္။
" တကယ္လို႔ မင္းတို႔ဟာ ဦးခ်မ္းသာကိုပဲျဖစ္ျဖစ္၊ ဦးေအာင္ျမင္ပဲျဖစ္ျဖစ္ တစ္ေယာက္တည္းကိုပဲ ဖိတ္ေခၚ ရင္ က်န္တဲ့ ႏွစ္ေယာက္ဟာ အိမ္ထဲ မဝင္ပါဘူး။ ဒါေပမဲ့ မင္းတို႔က ဦးေမတၱာကို ဖိတ္ေခၚ လိုက္လို႔ ငါတို႔ထဲက က်န္တဲ့ႏွစ္ေယာက္ပါ အလိုလို ဝင္ျဖစ္တာပါ။ ငါတို႔ႏွစ္ေယာက္က ဦးေမတၱာနဲ႔ ခြဲမရၾကဘူးေလ။ "
ပုံျပင္ေလးကေန ဆိုလိုတာက ကြၽန္ေတာ္တို႔ဟာ ႀကီးပြားခ်မ္းသာ ခ်င္လြန္းလို႔ ႀကိဳးစားရင္း ခ်မ္းသာႂကြယ္ဝ လာႏိူင္ပါတယ္။ ေအာင္ျမင္ခ်င္လို႔ ႀကိဳးစားရင္လည္း ေအာင္ျမင္မႈကို ရႏိုင္ပါတယ္။ ဒါေပမဲ့ ေမတၱာမပါတဲ့ ခ်မ္းသာႂကြယ္ဝျခင္းနဲ႔ ေအာင္ျမင္မႈဆိုတာ တာရွည္ခံမွာ မဟုတ္သလို ၿပီးျပည့္စုံၿပီး စိတ္ခ်မ္းသာတဲ့ ဘဝကိုရမွာ မဟုတ္ပါဘူး။
ဒါေၾကာင့္ ဘာအလုပ္ကိုပဲ လုပ္လုပ္ လူေတြအေပၚ ေမတၱာထားၿပီး လုပ္ေဆာင္ပါ။ ဒါဆိုရင္ ခ်မ္းသာႂကြယ္ဝျခင္းနဲ႔ ေအာင္ျမင္ျခင္း တို႔ဟာ ေနာက္ကေန အလိုလို လိုက္လာၾကပါလိမ့္မယ္။
ဗန္းေမာ္သိန္းေဖ
0 Comments