Cellulite တွေကို လျော့ပါးသွားစေမယ့် နည်းလမ်း (၅) မျိုး

Cellulite ဆိုတာ အရေပြားအောက်မှာရှိတဲ့ ကော်လာဂျင် ဖိုင်ဘာမျှင်များအောက်မှ ပိတ်မိနေတဲ့ အဆီခဲလေးတွေ ကွဲပြန့်ပြီး အဖုအထစ်အဖြစ် ပေါ်လာတာဖြစ်ပါတယ်။ ကော်လာဂျင် ကြိုးမျှင်များမရှိတဲ့ နေရာတွေမှာ ဒီ Cellulite တွေဟာ နေရာအနှံအပြား ဖြန့်ထွက်နိုင်ကြပါတယ်။ အဖုအချိုင့်အထစ်လိုမျိုး ပုံစံတွေနဲ့ပါ။

Cellulite ဟာ အမျိုးသမီး ကြီးကြီးငယ်ငယ် အသက်အရွယ်နဲ့ မဆိုင်ဘဲ အရေပြားပေါ်မှာ အနည်းနဲ့ အများ ရှိတတ်ကြပါတယ်။ အထူးသဖြင့် တင်ပါး၊ ပေါင်၊ ခြေသလုံးတို့မှာ ဖြစ်လေ့ရှိပါတယ်။ Cellulite တွေကို မိန်းကလေးတိုင်း မလိုလားကြပါဘူး။

Cellulite က မျိုးရိုးနဲ့ သက်ဆိုင်တာကြောင့် အစားအသောက် လေ့ကျင့်ခန်းတွေနဲ့ ကုသလည်း မရနိုင်ပါဘူး။ ဒါပေမယ့် cellulite တွေကို လျော့ပါးသွားအောင် လုပ်လို့ရမယ့် နည်းလမ်းတွေတော့ ရှိပါတယ်။

၁။ နှိပ်နယ်ခြင်း

Cellulite ရှိတဲ့နေရာကို လှိမ့်တုံးလေးနဲ့ နှိပ်နယ်ပေးတဲ့အခါ cellulite တွေ လျော့ပါးသွားတဲ့အပြင် သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ သိသာတဲ့ရလဒ်ကို မြန်မြန်ရချင်ရင်တော့ တစ်ပတ်ကို တစ်ကြိမ်ခန့် လက်နဲ့ ကြာကြာလေး နှိပ်နယ်ပေးဖို့ လိုပါတယ်။

၂။ Cream

Cellulite ကို ကုသနိုင်တဲ့ cream ဆိုပြီးတော့ မရှိသေးပါဘူး။ ဒါပေမယ့် အသားအရေကို ရေဓါတ်ပြည့်အောင် လုပ်ရင်တောင် တင်းတင်းရင်းရင်းနဲ့ လှပသွားမှာပါ။ Cellulite ကို နည်းပါးစေတဲ့ cream တွေက ဈေးကြီးပေမယ့် အချိန်တန်ရင်တော့ cellulite က ပြန်ပေါ်လာစမြဲပါ။

၃။ ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးခြင်း

Celluite ရှိတဲ့နေရာကို ပွတ်တိုက်ပေးတာက ထိရောက်တယ် လို့ ဆိုကြပါတယ်။ သင့်ရဲ့အသားအရေက ထိလွယ်ရှလွယ်နုတယ် ဆိုရင်တော့ ပွတ်တိုက်တဲ့နည်းကို မသုံးသင့်ပါဘူး။

- Bursh နဲ့ celluite ရှိတဲ့နေရာကို နာရီလက်တံ လည်တဲ့အတိုင်း အခြောက် ပွတ်တိုက်ပေးရမှာပါ။

- သင့်အသားအရေက မနုဘူး ဆိုရင်တော့ ကြမ်းကြမ်းပွတ်တိုက်လို့ ရပါတယ်။

- Brush နဲ့ အခြောက်ပွတ်တိုက် ပြီးတဲ့အခါ ရေအေးနဲ့ ဆေးချပြီး ခြောက်သွားရင် ဆီတစ်မျိုးမျိုး လိမ်းပေးပါ။

၄။ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်း

သုတေသနပြုချက်တွေအရ ဓါတ်ရောင်ခြည်နဲ့ ကုသတာက cellulite တွေကို ပိုပြီးလျော့ပါးစေကြောင်း တွေ့ရပါတယ်။ ဓါတ်ရောင်ခြည်နဲ့ ကုသတာက အဆီကို အပူပေးတဲ့နည်း ဖြစ်တာကြောင့် အသားအရေက တင်းရင်းပြီး သွေးလည်ပတ်မှုတွေလည်း အားကောင်းလာစေပါတယ်။

၅။ Subcision

အရေပြားအထူးကု ဆရာဝန်တွေ အကြံပေးတဲ့အထဲမှာ အထိရောက်ဆုံးနည်းက subcision ပါ။ Subcision ဆိုတာက cellulite ဖြစ်စေတဲ့အရာတွေကို ခြေဖျက်ဖို့အတွက် အရေပြားအောက်ထဲကို အပ်နဲ့ထိုးသွင်းပြီး ကုသတာပါ။ ဒီကုသနည်းကိုတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ပဲ ခံယူသင့်ပါတယ်။ Subcision ကို ခံယူတဲ့ လူပေါင်း ၉၉% ကနေ ကျေနပ်အားရတယ်လို့ ဆိုပါတယ်။ တစ်ခါကုသပြီးရင်လည်း ၂ နှစ်လောက်အထိ ခံပါတယ်။

Zombie (Lovemedia)

for zawgyi

Cellulite ေတြကို ေလ်ာ့ပါးသြားေစမယ့္ နည္းလမ္း (၅) မ်ိဳး

Cellulite ဆိုတာ အေရျပားေအာက္မွာရွိတဲ့ ေကာ္လာဂ်င္ ဖိုင္ဘာမွ်င္မ်ားေအာက္မွ ပိတ္မိေနတဲ့ အဆီခဲေလးေတြ ကြဲျပန႔္ၿပီး အဖုအထစ္အျဖစ္ ေပၚလာတာျဖစ္ပါတယ္။ ေကာ္လာဂ်င္ ႀကိဳးမွ်င္မ်ားမရွိတဲ့ ေနရာေတြမွာ ဒီ Cellulite ေတြဟာ ေနရာအႏွံအျပား ျဖန႔္ထြက္ႏိုင္ၾကပါတယ္။ အဖုအခ်ိဳင့္အထစ္လိုမ်ိဳး ပုံစံေတြနဲ႔ပါ။ Cellulite ဟာ အမ်ိဳးသမီး ႀကီးႀကီးငယ္ငယ္ အသက္အ႐ြယ္နဲ႔ မဆိုင္ဘဲ အေရျပားေပၚမွာ အနည္းနဲ႔ အမ်ား ရွိတတ္ၾကပါတယ္။ အထူးသျဖင့္ တင္ပါး၊ ေပါင္၊ ေျခသလုံးတို႔မွာ ျဖစ္ေလ့ရွိပါတယ္။ Cellulite ေတြကို မိန္းကေလးတိုင္း မလိုလားၾကပါဘူး။

Cellulite က မ်ိဳး႐ိုးနဲ႔ သက္ဆိုင္တာေၾကာင့္ အစားအေသာက္ ေလ့က်င့္ခန္းေတြနဲ႔ ကုသလည္း မရႏိုင္ပါဘူး။ ဒါေပမယ့္ cellulite ေတြကို ေလ်ာ့ပါးသြားေအာင္ လုပ္လို႔ရမယ့္ နည္းလမ္းေတြေတာ့ ရွိပါတယ္။

၁။ ႏွိပ္နယ္ျခင္း

Cellulite ရွိတဲ့ေနရာကို လွိမ့္တုံးေလးနဲ႔ ႏွိပ္နယ္ေပးတဲ့အခါ cellulite ေတြ ေလ်ာ့ပါးသြားတဲ့အျပင္ ေသြးလည္ပတ္မႈ အားေကာင္းေစပါတယ္။ သိသာတဲ့ရလဒ္ကို ျမန္ျမန္ရခ်င္ရင္ေတာ့ တစ္ပတ္ကို တစ္ႀကိမ္ခန႔္ လက္နဲ႔ ၾကာၾကာေလး ႏွိပ္နယ္ေပးဖို႔ လိုပါတယ္။

၂။ Cream

Cellulite ကို ကုသႏိုင္တဲ့ cream ဆိုၿပီးေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ အသားအေရကို ေရဓါတ္ျပည့္ေအာင္ လုပ္ရင္ေတာင္ တင္းတင္းရင္းရင္းနဲ႔ လွပသြားမွာပါ။ Cellulite ကို နည္းပါးေစတဲ့ cream ေတြက ေဈးႀကီးေပမယ့္ အခ်ိန္တန္ရင္ေတာ့ cellulite က ျပန္ေပၚလာစၿမဲပါ။

၃။ ခႏၶာကိုယ္ကို ပြတ္တိုက္ေပးျခင္း

Celluite ရွိတဲ့ေနရာကို ပြတ္တိုက္ေပးတာက ထိေရာက္တယ္ လို႔ ဆိုၾကပါတယ္။ သင့္ရဲ႕အသားအေရက ထိလြယ္ရွလြယ္ႏုတယ္ ဆိုရင္ေတာ့ ပြတ္တိုက္တဲ့နည္းကို မသုံးသင့္ပါဘူး။

- Bursh နဲ႔ celluite ရွိတဲ့ေနရာကို နာရီလက္တံ လည္တဲ့အတိုင္း အေျခာက္ ပြတ္တိုက္ေပးရမွာပါ။

- သင့္အသားအေရက မႏုဘူး ဆိုရင္ေတာ့ ၾကမ္းၾကမ္းပြတ္တိုက္လို႔ ရပါတယ္။

- Brush နဲ႔ အေျခာက္ပြတ္တိုက္ ၿပီးတဲ့အခါ ေရေအးနဲ႔ ေဆးခ်ၿပီး ေျခာက္သြားရင္ ဆီတစ္မ်ိဳးမ်ိဳး လိမ္းေပးပါ။

၄။ ဓါတ္ေရာင္ျခည္နဲ႔ ကုသျခင္း

သုေတသနျပဳခ်က္ေတြအရ ဓါတ္ေရာင္ျခည္နဲ႔ ကုသတာက cellulite ေတြကို ပိုၿပီးေလ်ာ့ပါးေစေၾကာင္း ေတြ႕ရပါတယ္။ ဓါတ္ေရာင္ျခည္နဲ႔ ကုသတာက အဆီကို အပူေပးတဲ့နည္း ျဖစ္တာေၾကာင့္ အသားအေရက တင္းရင္းၿပီး ေသြးလည္ပတ္မႈေတြလည္း အားေကာင္းလာေစပါတယ္။

၅။ Subcision

အေရျပားအထူးကု ဆရာဝန္ေတြ အႀကံေပးတဲ့အထဲမွာ အထိေရာက္ဆုံးနည္းက subcision ပါ။ Subcision ဆိုတာက cellulite ျဖစ္ေစတဲ့အရာေတြကို ေျခဖ်က္ဖို႔အတြက္ အေရျပားေအာက္ထဲကို အပ္နဲ႔ထိုးသြင္းၿပီး ကုသတာပါ။ ဒီကုသနည္းကိုေတာ့ ကြၽမ္းက်င္တဲ့ ဆရာဝန္ေတြနဲ႔ပဲ ခံယူသင့္ပါတယ္။ Subcision ကို ခံယူတဲ့ လူေပါင္း ၉၉% ကေန ေက်နပ္အားရတယ္လို႔ ဆိုပါတယ္။ တစ္ခါကုသၿပီးရင္လည္း ၂ ႏွစ္ေလာက္အထိ ခံပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments