ချစ်စရာကောင်းသလောက် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးကြောင်

Felis Nigripes လို့ ခေါ်တဲ့ အာဖရိက ကြောင်လေးက ၈ လက်မကနေ ၁၀ လက်မအထိ အမြင့်ရှိပြီးတော့ အလေးချိန်ကတော့ သာမန်ခြင်္သေ့ တစ်ကောင်ထက် အဆပေါင်း ၂၀၀ ခန့် သေးငယ်ပါတယ်။

အနက်အစက်အပြောက်လေးတွေ ပါတဲ့ကြောင်လေးက တကယ်တော့ အသေးငယ်ဆုံး အာဖရိကကြောင်လေးပါ။ သာမန် အိမ်မွေးကြောင်တွေထက်လည်း သေးငယ်ပါတယ်။

ဒါပေမယ့် ကြောင်လေးကို ချစ်စရာ ကောင်းလိုက်တာ ဆိုပြီး သွားမစနောက်လိုက်ပါနဲ့။ ဒီကြောင်လေးက ကမ္ဘာပေါ်က ကြောင်တွေ အားလုံးထက် အသေစေနိုင်ဆုံး၊ အန္တရာယ် အရှိဆုံးကြောင် ဖြစ်ပါတယ်။

ဒီကြောင်လေးက အစာချေအား အရမ်းကောင်းတာကြောင့် တစ်ညကို ငှက်လေးတွေ၊ ရှဉ့်လေးတွေ ပျမ်းမျှ ၁၀ ကောင်ကနေ ၁၄ ကောင်အထိ အမဲလိုက်ပါတယ်။ သေစေနှုန်းက ကျားသစ်တစ်ကောင် တစ်လကို အမဲလိုက်နှုန်းထက်တောင် ပိုများပါတယ်။

လူသားတွေနဲ့ အာဖရိကဆိတ်အနွယ်ဝင် အကောင်တွေ အတွက်တော့ စိတ်ပူစရာ မရှိပါဘူး။ ဒါပေမယ့် ဆာဗားနား မြက်ခင်းပြင်ဒေသက သေးငယ်တဲ့ တိရစ္ဆာန်လေးတွေ အတွက်တော့ ဒီချစ်စရာကြောင်လေးက အိပ်မက်ဆိုး ဖြစ်နေပါတယ်။ ကြောင်လေးရဲ့ ညဘက်မှာထွက်တဲ့ စူးရှတဲ့ မျက်လုံးတွေက အမဲလိုက်ရာမှာ အသုံးဝင်ပါတယ်။

ဒီလို ကြောင်လေးတွေကို အာဖရိကတောင်ပိုင်း နိုင်ငံတွေဖြစ်တဲ့ Botswana, Nambia နဲ့ တောင်အာဖရိက နိုင်ငံမှာပဲ တွေ့နိုင်ပါတယ်။ အာဖရိကတိုက်မှာတောင် ဒီလိုကြောင်မျိုးစိတ်က ရှားပါးနေပါပြီ။ သူတို့တွေက မြက်ခင်းပြင်တွေ၊ ချုံထနောင်းတော၊ သဲလွင်ပြင်၊ ရှဉ့်ကြွက်၊ ငှက်တွေပေါတဲ့နေရာကို ပိုကြိုက်ပါတယ်။ ခြေထောက် အနက်ရောင်ရှိတဲ့ ကြောင်လေးက တစ်နှစ်ကို ရှဉ့်ကြွက်၊ ငှက်ပေါင်း ၃၀၀၀ ခန့် အမဲလိုက်ပါတယ်။

ကြောင်လေးက သစ်ကုလားအုတ်ကိုတောင် အမဲလိုက် စားသောက်ပါတယ်။ သူ့ရဲ့ဇွဲကလည်း ထက်သန်တာကြောင့် ချစ်စရာကောင်းသလောက် ကြောက်စရာကောင်းတဲ့ ကြောင်ပါ။

ဒါပေမယ့် လူသားတွေရဲ့ တိုးချဲ့ အဆောက်အအုံတွေကြောင့် ဒီကြောင်လေးတွေလည်း နေစရာတွေ ရှားပါးတဲ့ ဒုက္ခနဲ့ ကြုံနေရပါပြီ။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

ခ်စ္စရာေကာင္းသေလာက္ ကမာၻေပၚမွာ အႏၲရာယ္အရွိဆုံးေၾကာင္

Felis Nigripes လို႔ ေခၚတဲ့ အာဖရိက ေၾကာင္ေလးက ၈ လက္မကေန ၁၀ လက္မအထိ အျမင့္ရွိၿပီးေတာ့ အေလးခ်ိန္ကေတာ့ သာမန္ျခေသၤ့ တစ္ေကာင္ထက္ အဆေပါင္း ၂၀၀ ခန႔္ ေသးငယ္ပါတယ္။

အနက္အစက္အေျပာက္ေလးေတြ ပါတဲ့ေၾကာင္ေလးက တကယ္ေတာ့ အေသးငယ္ဆုံး အာဖရိကေၾကာင္ေလးပါ။ သာမန္ အိမ္ေမြးေၾကာင္ေတြထက္လည္း ေသးငယ္ပါတယ္။ ဒါေပမယ့္ ေၾကာင္ေလးကို ခ်စ္စရာ ေကာင္းလိုက္တာ ဆိုၿပီး သြားမစေနာက္လိုက္ပါနဲ႔။ ဒီေၾကာင္ေလးက ကမာၻေပၚက ေၾကာင္ေတြ အားလုံးထက္ အေသေစႏိုင္ဆုံး၊ အႏၲရာယ္ အရွိဆုံးေၾကာင္ ျဖစ္ပါတယ္။

ဒီေၾကာင္ေလးက အစာေခ်အား အရမ္းေကာင္းတာေၾကာင့္ တစ္ညကို ငွက္ေလးေတြ၊ ရွဥ္႔ေလးေတြ ပ်မ္းမွ် ၁၀ ေကာင္ကေန ၁၄ ေကာင္အထိ အမဲလိုက္ပါတယ္။ ေသေစႏႈန္းက က်ားသစ္တစ္ေကာင္ တစ္လကို အမဲလိုက္ႏႈန္းထက္ေတာင္ ပိုမ်ားပါတယ္။

လူသားေတြနဲ႔ အာဖရိကဆိတ္အႏြယ္ဝင္ အေကာင္ေတြ အတြက္ေတာ့ စိတ္ပူစရာ မရွိပါဘူး။ ဒါေပမယ့္ ဆာဗားနား ျမက္ခင္းျပင္ေဒသက ေသးငယ္တဲ့ တိရစာၦန္ေလးေတြ အတြက္ေတာ့ ဒီခ်စ္စရာေၾကာင္ေလးက အိပ္မက္ဆိုး ျဖစ္ေနပါတယ္။ ေၾကာင္ေလးရဲ႕ ညဘက္မွာထြက္တဲ့ စူးရွတဲ့ မ်က္လုံးေတြက အမဲလိုက္ရာမွာ အသုံးဝင္ပါတယ္။

ဒီလို ေၾကာင္ေလးေတြကို အာဖရိကေတာင္ပိုင္း ႏိုင္ငံေတြျဖစ္တဲ့ Botswana, Nambia နဲ႔ ေတာင္အာဖရိက ႏိုင္ငံမွာပဲ ေတြ႕ႏိုင္ပါတယ္။ အာဖရိကတိုက္မွာေတာင္ ဒီလိုေၾကာင္မ်ိဳးစိတ္က ရွားပါးေနပါၿပီ။ သူတို႔ေတြက ျမက္ခင္းျပင္ေတြ၊ ခ်ဳံထေနာင္းေတာ၊ သဲလြင္ျပင္၊ ရွဥ့္ႂကြက္၊ ငွက္ေတြေပါတဲ့ေနရာကို ပိုႀကိဳက္ပါတယ္။ ေျခေထာက္ အနက္ေရာင္ရွိတဲ့ ေၾကာင္ေလးက တစ္ႏွစ္ကို ရွဥ့္ႂကြက္၊ ငွက္ေပါင္း ၃၀၀၀ ခန႔္ အမဲလိုက္ပါတယ္။

ေၾကာင္ေလးက သစ္ကုလားအုတ္ကိုေတာင္ အမဲလိုက္ စားေသာက္ပါတယ္။ သူ႔ရဲ႕ဇြဲကလည္း ထက္သန္တာေၾကာင့္ ခ်စ္စရာေကာင္းသေလာက္ ေၾကာက္စရာေကာင္းတဲ့ ေၾကာင္ပါ။

ဒါေပမယ့္ လူသားေတြရဲ႕ တိုးခ်ဲ႕ အေဆာက္အအုံေတြေၾကာင့္ ဒီေၾကာင္ေလးေတြလည္း ေနစရာေတြ ရွားပါးတဲ့ ဒုကၡနဲ႔ ႀကဳံေနရပါၿပီ။

Zombie (Lovemedia)

Post a Comment

0 Comments