ကားတာယာပေါ်မှာ ပလက်စတစ်ဘူးခွံတစ်ခု ရှိနေတယ်ဆိုရင် တာဝန်ရှိသူကို အကြောင်းကြားလိုက်ပါ

ကားတာယာပေါ်မှာ ပလက်စတစ်ဘူးခွံ တစ်ခု တွေ့ရင်တော့ ရဲကို အကြောင်းကြားဖို့ အချိန်မဆွဲပါနဲ့နော်။ ဒီလိုအဖြစ်အပျက်မျိုး ကြုံလာရင် ရဲကို အကြောင်းကြားဖို့ တောင်အမေရိက ရဲတွေက တစ်ကမ္ဘာလုံးက ကားမောင်းသူတွေကို အသိပေးထားပါတယ်။

ရာဇဝတ်မှု ကျုးလွန်သူတွေဟာ ပလက်စတစ်ဘူးခွံကို ကားတာယာပေါ်မှာ ထားတတ်ကြပါတယ်။ ပလက်စတစ်ဘူးကို ကားမောင်းသူ ထိုင်တဲ့ဘက်မှာ မထားဘဲ အဓိကအားဖြင့် ခရီးသည်တွေ ထိုင်တဲ့ဘက်မှာ ထားတတ်ကြပါတယ်။

သတိမပြုမိတဲ့ ကားမောင်းသူက ကားထဲဝင်ပြီး စက်နှိုးလိုက်ပါလိမ့်မယ်။ ဘီးတွေ စရွေ့တဲ့အခါ ပလက်စတစ်ဘူးခွံကို ဖိမိပြီး တကျွတ်ကျွတ်သံ ထွက်လာပါလိမ့်မယ်။ တကျွတ်ကျွတ်သံက ကားနောက်ကနေ ထွက်လာတဲ့အခါ ကားမောင်းသူ လန့်သွားပါလိမ့်မယ်၊

ကားမောင်းသူက ကားပေါ်က ဆင်းပြီး ခရီးသည်တွေထိုင်တဲ့ ဘက်ကို ဘာဖြစ်တာလဲ သိဖို့ အပြေးအလွှား လာကြည့်ပါလိမ့်မယ်။ ဒီလို အရေးပေါ် အခြေအနေမျိုးမှာ ကားမောင်းသူအများစုက ကားတံခါးကို သော့ခတ်ခဲ့ဖို့နဲ့ ကားသော့ဖြုတ်ခဲ့ဖို့ကို မေ့သွားတတ်ကြပါတယ်။

ကားမောင်းသူက ကားနောက်ဘက်နားကို ကြည့်ဖို့ ရောက်သွားတဲ့အခါ ပြစ်မှုကျူးလွန်ဖို့ စောင့်နေတဲ့သူက မောင်းသူနေရာမှာ ဝင်ထိုင်ပြီး ကားမောင်းထွက် သွားပါလိမ့်မယ် ။

ရိုးရိုးလေးပါပဲ။ အဲဒါကြောင့် ကားရဲ့ဘေးဘက်တွေကို အမြဲတမ်း စစ်ဆေးဖို့ မမေ့ပါနဲ့နော်။ ကားပေါ်က ဆင်းမယ် ဆိုရင် ကားစက်ကိုရပ်ပြီး သော့ကိုဖြုတ်ဖြစ်အောင် ဖြုတ်ခဲ့လိုက်ပါ။

Zombie (Lovemedia)

for zawgyi

ကားတာယာေပၚမွာ ပလက္စတစ္ဘူးခြံတစ္ခု ရွိေနတယ္ဆိုရင္ တာဝန္ရိွသူကို အေၾကာင္းၾကားလိုက္ပါ

ကားတာယာေပၚမွာ ပလက္စတစ္ဘူးခြံ တစ္ခု ေတြ႕ရင္ေတာ့ ရဲကို အေၾကာင္းၾကားဖို႔ အခ်ိန္မဆြဲပါနဲ႔ေနာ္။ ဒီလိုအျဖစ္အပ်က္မ်ိဳး ႀကဳံလာရင္ ရဲကို အေၾကာင္းၾကားဖို႔ ေတာင္အေမရိက ရဲေတြက တစ္ကမာၻလုံးက ကားေမာင္းသူေတြကို အသိေပးထားပါတယ္။

ရာဇဝတ္မႈ က်ဳးလြန္သူေတြဟာ ပလက္စတစ္ဘူးခြံကို ကားတာယာေပၚမွာ ထားတတ္ၾကပါတယ္။ ပလက္စတစ္ဘူးကို ကားေမာင္းသူ ထိုင္တဲ့ဘက္မွာ မထားဘဲ အဓိကအားျဖင့္ ခရီးသည္ေတြ ထိုင္တဲ့ဘက္မွာ ထားတတ္ၾကပါတယ္။

သတိမျပဳမိတဲ့ ကားေမာင္းသူက ကားထဲဝင္ၿပီး စက္ႏႈိးလိုက္ပါလိမ့္မယ္။ ဘီးေတြ စေ႐ြ႕တဲ့အခါ ပလက္စတစ္ဘူးခြံကို ဖိမိၿပီး တကြၽတ္ကြၽတ္သံ ထြက္လာပါလိမ့္မယ္။ တကြၽတ္ကြၽတ္သံက ကားေနာက္ကေန ထြက္လာတဲ့အခါ ကားေမာင္းသူ လန႔္သြားပါလိမ့္မယ္၊ ကားေမာင္းသူက ကားေပၚက ဆင္းၿပီး ခရီးသည္ေတြထိုင္တဲ့ ဘက္ကို ဘာျဖစ္တာလဲ သိဖို႔ အေျပးအလႊား လာၾကည့္ပါလိမ့္မယ္။

ဒီလို အေရးေပၚ အေျခအေနမ်ိဳးမွာ ကားေမာင္းသူအမ်ားစုက ကားတံခါးကို ေသာ့ခတ္ခဲ့ဖို႔နဲ႔ ကားေသာ့ျဖဳတ္ခဲ့ဖို႔ကို ေမ့သြားတတ္ၾကပါတယ္။ ကားေမာင္းသူက ကားေနာက္ဘက္နားကို ၾကည့္ဖို႔ ေရာက္သြားတဲ့အခါ ျပစ္မႈက်ဴးလြန္ဖို႔ ေစာင့္ေနတဲ့သူက ေမာင္းသူေနရာမွာ ဝင္ထိုင္ၿပီး ကားေမာင္းထြက္ သြားပါလိမ့္မယ္ ။

႐ိုး႐ိုးေလးပါပဲ။ အဲဒါေၾကာင့္ ကားရဲ႕ေဘးဘက္ေတြကို အၿမဲတမ္း စစ္ေဆးဖို႔ မေမ့ပါနဲ႔ေနာ္။ ကားေပၚက ဆင္းမယ္ ဆိုရင္ ကားစက္ကိုရပ္ၿပီး ေသာ့ကိုျဖဳတ္ျဖစ္ေအာင္ ျဖဳတ္ခဲ့လိုက္ပါ။

Zombie (Lovemedia)

Post a Comment

0 Comments