ခမောက်ရောင်းသူနှင့် မျောက်များ

တစ်ခါတုန်းက ခမောက် ရောင်းသမား တစ်ယောက်ဟာ သူ့အိမ်ကနေထွက်ပြီး ဈေးကို သွားရောင်းတယ် ။ ခမောက်တွေကို ခြင်းကြီး နှစ်လုံးထဲမှာ ထည့်ပြီး အလယ်ကဝါးလုံးနဲ့ လျှိုပြီး ထမ်းလာတယ် ။ နေကပူလို့ ခမောက်တစ်လုံးကိုတော့ သူဆောင်းထားတယ် ။

လမ်းတစ်ဝက်အရောက်မှာ ညောင်ပင်ကြီး တစ်ပင်အောက် သူရောက်လာတယ် ။ ခြင်းတောင်းကြီး နှစ်တောင်းကို နေပူထဲမှာ တချိန်လုံး ထမ်းလာရတော့ သူ အရမ်းမောဟိုက်နေပြီ ။

ညောင်ပင်ကြီးရဲ့ အရိပ်အောက် ရောက်တော့ သူ အေးမြသွားတယ်။ အဲ့ဒါနဲ့ ခေတ္တ ထိုင်နားချင်စိတ် ပေါက်သွားတယ် ။ ခြင်းတောင်းကြီးကို ပစ်ချပြီး ညောင်ပင်ကြီးကို မှီနားလိုက်တယ် ။ ခြေပစ်လက်ပစ် အနားယူရင်း သူ အိပ်ပျော်သွားတယ်။

ဒါပေမယ့် အိပ်ယာက နိုးလို့ ကြည့်လိုက်တော့.. သူ့ ခြင်းတောင်းထဲမှာ ခမောက်တွေ တစ်လုံးမှ မရှိတော့ဘူး..။ သူ့ ရင်ဘတ်မှာ ကပ်ထားတဲ့ သူ့ ခမောက် တစ်လုံးပဲ ကျန်တော့တယ်။

ခမောက်တွေ ဘယ်ပျောက်သွားသလဲ လိုက်ရှာကြည့်တော့ ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ ခေါင်းတွေပေါ် ရောက်နေတာ တွေ့ရတယ်။ အဲဒီ ခမောက်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး အကြံထုတ်တယ်။

သူက အားလပ်တဲ့အချိန်မှာ အမြဲ စာဖတ်တဲ့ အကျင့် ရှိလေတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစား ဖြေရှင်းတတ်တယ် ။ နာရီဝက်လောက် စဉ်းစားပြီးတဲ့အခါ သူ အကြံရသွားတယ်။

သူ့ရဲ့လက်ထဲက ခမောက်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး မျောက်တွေ မြင်သာတဲ့ နေရာကို ထွက်ပြလိုက်တယ် ။ မျောက်တွေ မြင်လောက်ပြီ ထင်တော့မှ ခမောက်ကို ချွတ်ပြီး ခေါင်းကုတ်ပြတယ် ။ မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ် ခေါင်းကုတ်ကြတယ် ။

အဲ့ဒါနဲ့ ပူလွန်းလို့ခမောက်တောင် မကိုင်ချင်တဲ့ ပုံစံနဲ့ သူက ခမောက်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး သူတို့လက်ထဲက ခမောက်တွေကို ပစ်ချလိုက်ကြတယ်။

ဒီတော့မှ သူဟာ မျောက်တွေ ပစ်ချတဲ့ ခမောက်တွေကို အလျင်အမြန် ကောက်ပြီး ခြင်းထဲ ထည့်လိုက်တော့တယ် ။ ဒီနည်းနဲ့ မျောက်တွေ လက်ထဲက ခမောက် အားလုံးကို သူပြန်ရလိုက်ပါသတဲ့ ။

..

နောင်နှစ်ပေါင်း (၂၀) လောက် ကြာတဲ့အခါ စောစောက ခမောက် ရောင်းသမားကြီးရဲ့ မြေးကလေးလည်း ခမောက် အရောင်းထွက်သတဲ့။ သူ့အဘိုး အိပ်စက်နားခဲ့တဲ့ ညောင်ပင်ကြီးအောက် ရောက်တော့ ခမောက်တောင်းကို ချပြီး အနားယူပြန်သတဲ့။

ခြေပစ်လက်ပစ် နားရင်း အိပ်ပျော်သွားတယ်။ အိပ်ရာက နိုးတော့ ခြင်းထဲက ခမောက်တွေ မရှိတော့ဘူး ။ ညောင်ပင်ပေါ်က မျောက်တွေ ခေါင်းပေါ် ရောက်နေတယ်။

ဒီတော့ သူ့အဘိုး ပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးရဲ့နည်းအတိုင်း ခမောက်တွေ ပြန်ရအောင် ကြိုးစားကြည့်တယ်။ သူ့ ခမောက်ကို ချွတ်ပြီး ခေါင်းကုတ်တယ်.. မျောက်တွေကလည်း သူ့လို လိုက်လုပ်တယ်.. ။

သူက ခမောက်တွေနဲ့ ယပ်ခတ်ပြပြန်တယ်။ မျောက်တွေကလည်း သူတို့ ခမောက်တွေနဲ့ ယပ်ခတ်ကြပြန်တယ်။ နောက်ဆုံးမှာ သူ့လက်ထဲက ခမောက်ကို လွှင့်ပစ်လိုက်တယ်။

ပြီးတော့ သူ့လို ခမောက်တွေ ပစ်ချမလား ဆိုပြီး မျောက်တွေကို မော့ကြည့်တယ်။ ဒီတစ်ခါတော့ ဘယ်မျောက်မှ ခမောက်ကို ပစ်မချကြတော့ဘူး။ လက်ထဲမှာ အသေဆုပ်ကိုင် ထားကြတယ်။

သူလည်း အံံ့သြငေးမော ကြည့်နေတုန်း မျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ် တက်သွားသတဲ့..။ သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကို စကားတစ်ခွန်း ပြောသွားတယ် ။

" မင်းမှာလည်း အဘိုး ရှိသလို တို့မှာလည်း အဘိုး ရှိတယ်ဆိုတာ မမေ့နဲ့လေ " တဲ့ ။

အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့ တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ။

(The monkeys and the cap seller)

Crd

for zawgyi

ခေမာက္ေရာင္းသူႏွင့္ ေမ်ာက္မ်ား

တစ္ခါတုန္းက ခေမာက္ ေရာင္းသမား တစ္ေယာက္ဟာ သူ႔အိမ္ကေနထြက္ၿပီး ေဈးကို သြားေရာင္းတယ္ ။ ခေမာက္ေတြကို ျခင္းႀကီး ႏွစ္လုံးထဲမွာ ထည့္ၿပီး အလယ္ကဝါးလုံးနဲ႔ လွ်ိဳၿပီး ထမ္းလာတယ္ ။ ေနကပူလို႔ ခေမာက္တစ္လုံးကိုေတာ့ သူေဆာင္းထားတယ္ ။

လမ္းတစ္ဝက္အေရာက္မွာ ေညာင္ပင္ႀကီး တစ္ပင္ေအာက္ သူေရာက္လာတယ္ ။ ျခင္းေတာင္းႀကီး ႏွစ္ေတာင္းကို ေနပူထဲမွာ တခ်ိန္လုံး ထမ္းလာရေတာ့ သူ အရမ္းေမာဟိုက္ေနၿပီ ။

ေညာင္ပင္ႀကီးရဲ႕ အရိပ္ေအာက္ ေရာက္ေတာ့ သူ ေအးျမသြားတယ္။ အဲ့ဒါနဲ႔ ေခတၱ ထိုင္နားခ်င္စိတ္ ေပါက္သြားတယ္ ။ ျခင္းေတာင္းႀကီးကို ပစ္ခ်ၿပီး ေညာင္ပင္ႀကီးကို မွီနားလိုက္တယ္ ။ ေျခပစ္လက္ပစ္ အနားယူရင္း သူ အိပ္ေပ်ာ္သြားတယ္။

ဒါေပမယ့္ အိပ္ယာက ႏိုးလို႔ ၾကည့္လိုက္ေတာ့.. သူ႔ ျခင္းေတာင္းထဲမွာ ခေမာက္ေတြ တစ္လုံးမွ မရွိေတာ့ဘူး..။ သူ႔ ရင္ဘတ္မွာ ကပ္ထားတဲ့ သူ႔ ခေမာက္ တစ္လုံးပဲ က်န္ေတာ့တယ္။

ခေမာက္ေတြ ဘယ္ေပ်ာက္သြားသလဲ လိုက္ရွာၾကည့္ေတာ့ ေညာင္ပင္ေပၚက ေမ်ာက္တစ္အုပ္ရဲ႕ ေခါင္းေတြေပၚ ေရာက္ေနတာ ေတြ႕ရတယ္။ အဲဒီ ခေမာက္ေတြ သူျပန္ရေအာင္ ဘယ္လိုလုပ္ရပါ့မလဲ ဆိုၿပီး အႀကံထုတ္တယ္။

သူက အားလပ္တဲ့အခ်ိန္မွာ အၿမဲ စာဖတ္တဲ့ အက်င့္ ရွိေလေတာ့ ျပႆနာတစ္ခုကို ေခါင္းေအးေအးထားၿပီး စဥ္းစား ေျဖရွင္းတတ္တယ္ ။ နာရီဝက္ေလာက္ စဥ္းစားၿပီးတဲ့အခါ သူ အႀကံရသြားတယ္။

သူ႔ရဲ႕လက္ထဲက ခေမာက္ကို ေခါင္းေပၚမွာ ျပန္ေဆာင္းၿပီး ေမ်ာက္ေတြ ျမင္သာတဲ့ ေနရာကို ထြက္ျပလိုက္တယ္ ။ ေမ်ာက္ေတြ ျမင္ေလာက္ၿပီ ထင္ေတာ့မွ ခေမာက္ကို ခြၽတ္ၿပီး ေခါင္းကုတ္ျပတယ္ ။ ေမ်ာက္ေတြကလည္း သူ႔ကို အတုခိုးၿပီး ဦးထုပ္ခြၽတ္ ေခါင္းကုတ္ၾကတယ္ ။

အဲ့ဒါနဲ႔ ပူလြန္းလို႔ခေမာက္ေတာင္ မကိုင္ခ်င္တဲ့ ပုံစံနဲ႔ သူက ခေမာက္ကို ေျမႀကီးေပၚကို ပစ္ခ်လိုက္တယ္။ ေမ်ာက္ေတြကလည္း သူလုပ္တာျမင္ၿပီး သူတို႔လက္ထဲက ခေမာက္ေတြကို ပစ္ခ်လိုက္ၾကတယ္။

ဒီေတာ့မွ သူဟာ ေမ်ာက္ေတြ ပစ္ခ်တဲ့ ခေမာက္ေတြကို အလ်င္အျမန္ ေကာက္ၿပီး ျခင္းထဲ ထည့္လိုက္ေတာ့တယ္ ။ ဒီနည္းနဲ႔ ေမ်ာက္ေတြ လက္ထဲက ခေမာက္ အားလုံးကို သူျပန္ရလိုက္ပါသတဲ့ ။

..

ေနာင္ႏွစ္ေပါင္း (၂၀) ေလာက္ ၾကာတဲ့အခါ ေစာေစာက ခေမာက္ ေရာင္းသမားႀကီးရဲ႕ ေျမးကေလးလည္း ခေမာက္ အေရာင္းထြက္သတဲ့။ သူ႔အဘိုး အိပ္စက္နားခဲ့တဲ့ ေညာင္ပင္ႀကီးေအာက္ ေရာက္ေတာ့ ခေမာက္ေတာင္းကို ခ်ၿပီး အနားယူျပန္သတဲ့။

ေျခပစ္လက္ပစ္ နားရင္း အိပ္ေပ်ာ္သြားတယ္။ အိပ္ရာက ႏိုးေတာ့ ျခင္းထဲက ခေမာက္ေတြ မရွိေတာ့ဘူး ။ ေညာင္ပင္ေပၚက ေမ်ာက္ေတြ ေခါင္းေပၚ ေရာက္ေနတယ္။

ဒီေတာ့ သူ႔အဘိုး ေျပာခဲ့ဖူးတာ အမွတ္ရၿပီး သူ႔အဘိုးရဲ႕နည္းအတိုင္း ခေမာက္ေတြ ျပန္ရေအာင္ ႀကိဳးစားၾကည့္တယ္။ သူ႔ ခေမာက္ကို ခြၽတ္ၿပီး ေခါင္းကုတ္တယ္.. ေမ်ာက္ေတြကလည္း သူ႔လို လိုက္လုပ္တယ္.. ။

သူက ခေမာက္ေတြနဲ႔ ယပ္ခတ္ျပျပန္တယ္။ ေမ်ာက္ေတြကလည္း သူတို႔ ခေမာက္ေတြနဲ႔ ယပ္ခတ္ၾကျပန္တယ္။ ေနာက္ဆုံးမွာ သူ႔လက္ထဲက ခေမာက္ကို လႊင့္ပစ္လိုက္တယ္။

ၿပီးေတာ့ သူ႔လို ခေမာက္ေတြ ပစ္ခ်မလား ဆိုၿပီး ေမ်ာက္ေတြကို ေမာ့ၾကည့္တယ္။ ဒီတစ္ခါေတာ့ ဘယ္ေမ်ာက္မွ ခေမာက္ကို ပစ္မခ်ၾကေတာ့ဘူး။ လက္ထဲမွာ အေသဆုပ္ကိုင္ ထားၾကတယ္။

သူလည္း အံံ့ၾသေငးေမာ ၾကည့္ေနတုန္း ေမ်ာက္တစ္ေကာင္က သူပစ္ခ်လိုက္တဲ့ ခေမာက္ကို ေကာက္ၿပီး သစ္ပင္ေပၚ တက္သြားသတဲ့..။ သစ္ပင္ေပၚ ေျပးမတက္ခင္ အဲဒီေမ်ာက္က သူ႔ကို စကားတစ္ခြန္း ေျပာသြားတယ္ ။

" မင္းမွာလည္း အဘိုး ရွိသလို တို႔မွာလည္း အဘိုး ရွိတယ္ဆိုတာ မေမ့နဲ႔ေလ " တဲ့ ။

အခက္အခဲတစ္ခုခု ေတြ႕ႀကဳံလို႔ လုပ္ေနက် နည္းေဟာင္းအတိုင္း ေျဖရွင္းဖို႔ ေတြးမိတဲ့အခါ ဒီပုံျပင္ေလးကို အမွတ္ရပါေစ။

(The monkeys and the cap seller)

Crd

Post a Comment

0 Comments