ကမ္ဘာပေါ်က ကျောင်းသူ ကျောင်းသားတွေက ဘွဲ့ယူဖို့ အတွက် သုတေသန စာတမ်းတွေ၊ ကျမ်းတွေ ပြုစုကြပါတယ်။ သုတေသနကျမ်းတွေက နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ပညာရပ်တွေကို စစ်ဆေးတာဖြစ်ပြီး နောက်ထပ် လေ့လာလို့ရမယ့် ပညာရပ်တွေအတွက်လည်း အခွင့်အလမ်း ဖြစ်စေပါတယ်။
သုတေသနကျမ်းတွေက ကျောင်းသူကျောင်းသားတွေကို အတွေ့အကြုံတွေအများကြီး ရစေပါတယ်။
အသက် 26 နှစ်အရွယ် ပါရဂူကျောင်းသူ Sarah Whelan Curtis က သူမရဲ့ ပါရုဂူကျမ်းကို မွေးဖွားလိုက်ပြီ ဆိုတဲ့အကြောင်း Twitter ရယ်စရာအဖြစ် တင်ခဲ့ပါတယ်။ Curtis က မျိုးရိုးဗီဇဆိုင်ရာ ပါရဂူဘွဲ့ကို ဂျော်ဂျီယာနိုင်ငံ၊ Atlanta တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။
သူမက ပါရဂူဘွဲ့အတွက် လေးနှစ်ကြာ အချိန်ယူခဲ့ပါတယ်။ Curtis က ပါရဂူကျမ်းကို ကိုယ်ဝန်ဆောင်ထားသလို ပုံစံမျိုးနဲ့ ဓာတ်ပုံရိုက်ပြီး Twitter တင်ခဲ့ပါတယ်။ သူမရဲ့ဓာတ်ပုံက ကျောင်းသူ ကျောင်းသားတွေအကြား မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပါတယ်။
Curtis မှာ တူတွေ၊ တူမတွေ အများကြီးရှိပြီး Curtis ရဲ့အမေက ပါရဂူဘွဲ့ကို ယူမလား ဒါမှမဟုတ် သူမအတွက် မြေးတစ်ယောက် မွေးပေးမလားလို့ မေးပါတယ်။ အဲဒါကြောင့် Curtis က ပါရဂူဘွဲ့ကို ယူလိုက်ပါတယ်။
Curtis ရဲ့ ဓာတ်ပုံကို လူအများကြီးက share ကြတဲ့ အခါ အကြံတစ်ခု ရသွားပါတယ်။ Curtis က ပါရဂူကျမ်းကို စောင်နဲ့ပတ်ပြီး ကလေးချီထားသလို ပုံစံမျိုး ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံကို Chrtis ရဲ့ အမျိုးသားက ရိုက်ပေးခဲ့တာပါ။
Curtis ရဲ့ဓာတ်ပုံကို Twitter မှာ ဇွန်လ 4 ရက်နေ့က တင်ခဲ့ပြီး like 252k အထိရောက်သွားပါပြီ။ Curtis က ချီးကျူးစကားတွေ အများကြီး ရရှိခဲ့ပါတယ်။ ပါရဂုကျမ်း ပြုစုနေတဲ့ တခြားသူတွေကလည်း Curtis လို ဓာတ်ပုံရိုက်ဖို့ စိတ်ကူးတွေ ရသွားကြပါတယ်။
Zombie (Lovemedia)
for zawgyi
၄ ႏွစ္ၾကာျပဳစုခဲ့တဲ့ ပါရဂူက်မ္းကို ကေလးခ်ီသလို ဓာတ္ပုံ႐ိုက္ခဲ့တဲ့ အမ်ိဳးသမီး
ကမာၻေပၚက ေက်ာင္းသူ ေက်ာင္းသားေတြက ဘြဲ႕ယူဖို႔ အတြက္ သုေတသန စာတမ္းေတြ၊ က်မ္းေတြ ျပဳစုၾကပါတယ္။ သုေတသနက်မ္းေတြက ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့တဲ့ ပညာရပ္ေတြကို စစ္ေဆးတာျဖစ္ၿပီး ေနာက္ထပ္ ေလ့လာလို႔ရမယ့္ ပညာရပ္ေတြအတြက္လည္း အခြင့္အလမ္း ျဖစ္ေစပါတယ္။
သုေတသနက်မ္းေတြက ေက်ာင္းသူေက်ာင္းသားေတြကို အေတြ႕အႀကဳံေတြအမ်ားႀကီး ရေစပါတယ္။
အသက္ 26 ႏွစ္အ႐ြယ္ ပါရဂူေက်ာင္းသူ Sarah Whelan Curtis က သူမရဲ႕ ပါ႐ုဂူက်မ္းကို ေမြးဖြားလိုက္ၿပီ ဆိုတဲ့အေၾကာင္း Twitter ရယ္စရာအျဖစ္ တင္ခဲ့ပါတယ္။ Curtis က မ်ိဳး႐ိုးဗီဇဆိုင္ရာ ပါရဂူဘြဲ႕ကို ေဂ်ာ္ဂ်ီယာႏိုင္ငံ၊ Atlanta တကၠသိုလ္ကေန ရရွိခဲ့ပါတယ္။
သူမက ပါရဂူဘြဲ႕အတြက္ ေလးႏွစ္ၾကာ အခ်ိန္ယူခဲ့ပါတယ္။ Curtis က ပါရဂူက်မ္းကို ကိုယ္ဝန္ေဆာင္ထားသလို ပုံစံမ်ိဳးနဲ႔ ဓာတ္ပုံ႐ိုက္ၿပီး Twitter တင္ခဲ့ပါတယ္။ သူမရဲ႕ဓာတ္ပုံက ေက်ာင္းသူ ေက်ာင္းသားေတြအၾကား ျမန္ျမန္ဆန္ဆန္ ပ်ံ႕ႏွံ႔သြားပါတယ္။
Curtis မွာ တူေတြ၊ တူမေတြ အမ်ားႀကီးရွိၿပီး Curtis ရဲ႕အေမက ပါရဂူဘြဲ႕ကို ယူမလား ဒါမွမဟုတ္ သူမအတြက္ ေျမးတစ္ေယာက္ ေမြးေပးမလားလို႔ ေမးပါတယ္။ အဲဒါေၾကာင့္ Curtis က ပါရဂူဘြဲ႕ကို ယူလိုက္ပါတယ္။
Curtis ရဲ႕ ဓာတ္ပုံကို လူအမ်ားႀကီးက share ၾကတဲ့ အခါ အႀကံတစ္ခု ရသြားပါတယ္။ Curtis က ပါရဂူက်မ္းကို ေစာင္နဲ႔ပတ္ၿပီး ကေလးခ်ီထားသလို ပုံစံမ်ိဳး ျပဳလုပ္ခဲ့ပါတယ္။ အဲဒီ ဓာတ္ပုံကို Chrtis ရဲ႕ အမ်ိဳးသားက ႐ိုက္ေပးခဲ့တာပါ။
Curtis ရဲ႕ဓာတ္ပုံကို Twitter မွာ ဇြန္လ 4 ရက္ေန႔က တင္ခဲ့ၿပီး like 252k အထိေရာက္သြားပါၿပီ။ Curtis က ခ်ီးက်ဴးစကားေတြ အမ်ားႀကီး ရရွိခဲ့ပါတယ္။ ပါရဂုက်မ္း ျပဳစုေနတဲ့ တျခားသူေတြကလည္း Curtis လို ဓာတ္ပုံ႐ိုက္ဖို႔ စိတ္ကူးေတြ ရသြားၾကပါတယ္။
Zombie (Lovemedia)
0 Comments