ဂုဏ်ယူပါတယ် သူငယ်ချင်း

မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အမှတ်မထင် ဆုံကြတယ်။

" ဟာ.. အီဗာ အဲ အောင်မြတ်သူကြီး ''

" ဟာ.. ကိုသန် မတွေ့ရတာ ကြာပြီနော် ''

" ဟုတ်ပါ့.. မင်းကော နေကောင်းလား ''

" ကောင်းတယ် ကိုသန် ''

" ဒါနဲ့ အိမ်ထောင် ကျသွားပြီလား ''

" ကျလို့မှ ကလေးတောင် ၅ ယောက် ရပေါ့ ''

" ဝမ်းသာပါတယ်ကွာ၊ မင်းအမျိုးသမီးက ဘာလုပ်လဲ ''

" ရန်လုပ်တယ် ကိုသန် ''

" ဟာ.. ဘာအလုပ်ကြီးလဲ တခါမှ မကြာဖူးဘူး ''

" အလုပ်တော့ မဟုတ်ပါဘူးဗျာ၊ ကျနော်ကို ရန်ရှာပြီး ပြသနာ လုပ်တာကို ပြောတာ ''

" ငင်.. ဒါနဲ့ ကလေးတွေ ကရော ကျောင်းပြီး ကြပြီလား ''

" ပြီးကုန်ပြီ ကိုသန် ၊ အကြီး ၂ ယောက်က ဆယ်တန်းနဲ့ ကျောင်းပြီးတယ် ၊ အငယ် ၃ ယောက် ကတော့ ၇ တန်း နဲ့ ပြီးတယ် ''

" အဲ့တော့ ခု ဘာတွေ လုပ်ကိုင်စားလို့ ဘယ်ဌာနတွေ ရောက်နေပြီလဲ ''

" အကြီးဆုံးကောင်က ဗိုလ်မူး ၊ အလတ်ကောင် အကျဉ်းဦးစီးမှာ ၊ အငယ်ကောင်က မူးရစ် ၊ အကြီးမက နယ်လှည့် အရောင်းသမား ၊ အငယ်မက အဆိုတော် ဖြစ်နေတယ် ''

" အော်.. အာ့ဆို မဆိုးပါဘူး ၊ ဌာနဆိုင်ရာမှာ အရာရှိဖြစ်တဲ့သူကဖြစ် ၊ ကိုယ်ပိုင် စီးပွားရေး လုပ်သူကလုပ် ၊ အနုပညာသမားအဖြစ် ရပ်တည်သူက ရပ်တည်နဲ့ ဂုဏ်ယူပါတယ်ကွာ ''

" ခများကို ဘယ်သူက ပြောလို့တုန်း ၊ အရာရှိတွေ စီးပွားရေး သမားတွေ အနုပညာရှင်တွေ ဖြစ်ကုန်တယ် လို့ ''

" ငင်.. မင်းပြောတော့ အကြီးကောင်က ဗိုလ်မှူးဆို.. ''

" အာ.. ဘယ်ကသာ ဗိုလ်မှူးရမှာလဲ ၊ ဗိုလ်မူးဗျ ဗိုလ်မူး ၊ မူးတဲ့ နေရာမှာတော့ သူဗိုလ်ပဲ ၊ ဒါ့ကြောင့် ဗိုလ်မူးလို့ ပြောတာ ''

" ငင်.. အလတ်ကောင်က အကျဉ်းဦးစီးမှာ ဆို.. ''

" ဟုတ်တယ်လေ.. အကျဉ်းဦးစီးဌာန ၊ မန္တလေး အကျဉ်းထောင်မှာ ထောင်ကျနေတာ ''

" ငင်.. ဒါပေမယ့် တော်သေးတာပေါ့ကွာ အငယ်ကောင်က မူးရစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးမှာ ဝန်ထမ်းဆိုတော့ ''

" ဘယ်ကလာ မူးရစ်ဝန်ထမ်း ရမှာလဲ၊ အိမ်မှာ မူးမူးပြီး ရစ်လွန်းလို့ မူးရစ်လို့ ခေါ်တာဗျ ''

" ဟာ.. ဒါပေမယ့် သမီးအကြီးက နယ်လှည့် အရောင်းသမား ဆိုတော့ စီးပွားရေး အကြီးကြီး လုပ်နေလို့ တော်သေးနော့် ''

" မဟုတ်ဘူး.. သူက ရပ်ကွက်ထဲ လှည့်ပြီး ပဲပြုတ်ရောင်းတာဗျ ''

" ဟိုက်.. အေးလေ၊ အငယ်ဆုံးလေးက အဆိုတော် ဆိုတော့ ဘာပဲဖြစ်ဖြစ် မိသားစုထဲမှာ အနုပညာသမား တစ်ယောက် ပါလာတာ ဂုဏ်ယူစရာပဲပေါ့ ''

" သူက အဆိုတော် ပေမယ့်.. လမ်းထိပ် ကာရာအိုကေဆိုင်က အဆိုတော် ပါဗျာ ''

" အေးဘာခွာ.. ''

သန်၄ကို

for zawgyi

ဂုဏ္ယူပါတယ္ သူငယ္ခ်င္း

မေတြ႕ျဖစ္တာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနတဲ့ သူငယ္ခ်င္း တစ္ေယာက္နဲ႔ အမွတ္မထင္ ဆုံၾကတယ္။

" ဟာ.. အီဗာ အဲ ေအာင္ျမတ္သူႀကီး ''

" ဟာ.. ကိုသန္ မေတြ႕ရတာ ၾကာၿပီေနာ္ ''

" ဟုတ္ပါ့.. မင္းေကာ ေနေကာင္းလား ''

" ေကာင္းတယ္ ကိုသန္ ''

" ဒါနဲ႔ အိမ္ေထာင္ က်သြားၿပီလား ''

" က်လို႔မွ ကေလးေတာင္ ၅ ေယာက္ ရေပါ့ ''

" ဝမ္းသာပါတယ္ကြာ၊ မင္းအမ်ိဳးသမီးက ဘာလုပ္လဲ ''

" ရန္လုပ္တယ္ ကိုသန္ ''

" ဟာ.. ဘာအလုပ္ႀကီးလဲ တခါမွ မၾကာဖူးဘူး ''

" အလုပ္ေတာ့ မဟုတ္ပါဘူးဗ်ာ၊ က်ေနာ္ကို ရန္ရွာၿပီး ျပသနာ လုပ္တာကို ေျပာတာ ''

" ငင္.. ဒါနဲ႔ ကေလးေတြ ကေရာ ေက်ာင္းၿပီး ၾကၿပီလား ''

" ၿပီးကုန္ၿပီ ကိုသန္ ၊ အႀကီး ၂ ေယာက္က ဆယ္တန္းနဲ႔ ေက်ာင္းၿပီးတယ္ ၊ အငယ္ ၃ ေယာက္ ကေတာ့ ၇ တန္း နဲ႔ ၿပီးတယ္ ''

" အဲ့ေတာ့ ခု ဘာေတြ လုပ္ကိုင္စားလို႔ ဘယ္ဌာနေတြ ေရာက္ေနၿပီလဲ ''

" အႀကီးဆုံးေကာင္က ဗိုလ္မူး ၊ အလတ္ေကာင္ အက်ဥ္းဦးစီးမွာ ၊ အငယ္ေကာင္က မူးရစ္ ၊ အႀကီးမက နယ္လွည့္ အေရာင္းသမား ၊ အငယ္မက အဆိုေတာ္ ျဖစ္ေနတယ္ ''

" ေအာ္.. အာ့ဆို မဆိုးပါဘူး ၊ ဌာနဆိုင္ရာမွာ အရာရွိျဖစ္တဲ့သူကျဖစ္ ၊ ကိုယ္ပိုင္ စီးပြားေရး လုပ္သူကလုပ္ ၊ အႏုပညာသမားအျဖစ္ ရပ္တည္သူက ရပ္တည္နဲ႔ ဂုဏ္ယူပါတယ္ကြာ ''

" ခမ်ားကို ဘယ္သူက ေျပာလို႔တုန္း ၊ အရာရွိေတြ စီးပြားေရး သမားေတြ အႏုပညာရွင္ေတြ ျဖစ္ကုန္တယ္ လို႔ ''

" ငင္.. မင္းေျပာေတာ့ အႀကီးေကာင္က ဗိုလ္မႉးဆို.. ''

" အာ.. ဘယ္ကသာ ဗိုလ္မႉးရမွာလဲ ၊ ဗိုလ္မူးဗ် ဗိုလ္မူး ၊ မူးတဲ့ ေနရာမွာေတာ့ သူဗိုလ္ပဲ ၊ ဒါ့ေၾကာင့္ ဗိုလ္မူးလို႔ ေျပာတာ ''

" ငင္.. အလတ္ေကာင္က အက်ဥ္းဦးစီးမွာ ဆို.. ''

" ဟုတ္တယ္ေလ.. အက်ဥ္းဦးစီးဌာန ၊ မႏၲေလး အက်ဥ္းေထာင္မွာ ေထာင္က်ေနတာ ''

" ငင္.. ဒါေပမယ့္ ေတာ္ေသးတာေပါ့ကြာ အငယ္ေကာင္က မူးရစ္ေဆးဝါး တိုက္ဖ်က္ႏွိမ္နင္းေရးမွာ ဝန္ထမ္းဆိုေတာ့ ''

" ဘယ္ကလာ မူးရစ္ဝန္ထမ္း ရမွာလဲ၊ အိမ္မွာ မူးမူးၿပီး ရစ္လြန္းလို႔ မူးရစ္လို႔ ေခၚတာဗ် ''

" ဟာ.. ဒါေပမယ့္ သမီးအႀကီးက နယ္လွည့္ အေရာင္းသမား ဆိုေတာ့ စီးပြားေရး အႀကီးႀကီး လုပ္ေနလို႔ ေတာ္ေသးေနာ့္ ''

" မဟုတ္ဘူး.. သူက ရပ္ကြက္ထဲ လွည့္ၿပီး ပဲျပဳတ္ေရာင္းတာဗ် ''

" ဟိုက္.. ေအးေလ၊ အငယ္ဆုံးေလးက အဆိုေတာ္ ဆိုေတာ့ ဘာပဲျဖစ္ျဖစ္ မိသားစုထဲမွာ အႏုပညာသမား တစ္ေယာက္ ပါလာတာ ဂုဏ္ယူစရာပဲေပါ့ ''

" သူက အဆိုေတာ္ ေပမယ့္.. လမ္းထိပ္ ကာရာအိုေကဆိုင္က အဆိုေတာ္ ပါဗ်ာ ''

" ေအးဘာခြာ.. ''

သန္၄ကို

Post a Comment

0 Comments