ဘီလုံးငှက်မိသားစုက ပေးတဲ့သင်ခန်းစာ

တခါက ဘီလုံး ငှက်မကြီး တကောင်ဟာ သူ့ရဲ့ သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက် ဖွဲ့နေတယ် ။ သူမရဲ့ သားသမီးတွေဟာ အရွယ် မရောက် မပျံနိုင်သေးခင်မှာ ပြောင်းခင်းဟာ ရင့်မှည့်လာပြီး ရိတ်သိမ်းချိန် ရောက်လာတယ် ။ အဲ့ဒါနဲ့ ဘီလုံးငှက်မဟာ အစာရှာ မထွက်ခွာမီ သားသမီးတွေကို ပြောတယ် ။

" ဒီပြောင်းခင်း ကနေ တို့တတွေ တနေ့မှာ ပြောင်းကြရမယ်။ ဘယ်တော့ ပြောင်းရမယ် ဆိုတာ ကိုတော့ အမေလည်း မသိသေးဘူး။ ဒီအနားကို လာပြီး ပြောဆို ကြတဲ့ လယ်သမားတွေရဲ့ စကားကို မှတ်သားထား ကြပါ "

ညနေကျ အမေ ဘီလုံး ငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ် ။

" အမေ.. လယ်သမားကြီးက သူ့ရဲ့ သားကို ခိုင်းလိုက်တယ်။ ပြောင်းတွေ ရင့်မှည့်လို့ ရိတ်သိမ်းချိန် တန်ပြီ ၊ မိတ်ဆွေတွေကို မနက်ဖြန် လာကူရိတ်ဖို့ အကူအညီ သွားတောင်းတဲ့ "

" ဟုတ်လား "

" အမေရယ်.. သားတို့ သမီးတို့ကို ပြောင်းပေးပါ " လို့ ငှက်ကလေးတွေက တောင်းပန်တော့ အမေက..

" အင်း.. ကိစ္စမရှိသေးဘူး သားတို့ သမီးတို့ရယ်။ လယ်သမားတွေဟာ မိတ်ဆွေ အိမ်နီးနားချင်းတွေကို အားကိုးရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးပါဘူး " လို့ ဖျောင်းဖျလိုက်လေ သတဲ့ ။ ဒါနဲ့ သူတို့တတွေဟာ စိတ်ချလက်ချ အေးဆေးစွာ အိပ်ကြတယ် ။

နောက်တနေ့ မှာလဲ ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံ အတိုင်း လယ်သမား သားအဖရဲ့ စကား မှတ်သားထားကြဖို့ မှာပြီး အစာရှာ ထွက်သွားတယ် ။ ညနေရောက်တဲ့ အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ် ။

" အမေရေ.. လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး "

" အမေ ပြောသလိုပေါ့ "

" ဟုတ်တယ် အမေ။ ဒါနဲ့ လယ်သမားကြီးက သူ့ရဲ့သားကို ခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန် လာကူရိတ်သိမ်း ပေးဖို့ အကူအညီ သွားတောင်းလို့ မှာတယ် "

" ဟုတ်လား "

" ဟုတ်တယ် အမေရယ် သားတို့ သမီးတို့ကို ပြောင်းပေးပါ " လို့ တောင်းပန်ကြ ပြန်တယ် ။ ဒီတစ်ခါ အမေက..

" ကိစ္စ မရှိသးပါဘူး သားတို့ သမီးတို့ လယ်သမားဟာ ဆွေမျိုးတွေကို အားကိုး တာပဲ။ ဒါဆိုရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး " လို့ နှစ်သိမ့်ပြန်သတဲ့ ။ ဒါနဲ့ သူတို့ တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြပြန်တယ်။

နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာ မသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကားကို သေသေ ချာချာ မှတ်သားထားဖို့ မှာတယ် ။ ညနေဖက် သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။

" အမေရေ.. လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး "

" အေး.. သူတို့ဟာ ဆွေမျိုးကို အားကိုးတာကိုး "

" ဟုတ်တယ် အမေ.. ဘယ်သူမှ မလာတော့ လယ်သမားကြီးက သူ့ရဲ့သားကို ပြောတယ်။ မနက်ဖြန် တို့နှစ်ယောက်ပဲ ပြောင်းခင်းကို ရိတ်ကြမယ် တဲ့ "

" ဟုတ်လား ဒါဆို သားတို့ သမီးတို့ ပြောင်းဖို့ အချိန် ရောက်လာပြီ " လို့ ပြောကာ အသိုက် ပြောင်းသွားလေ သတဲ့ ။

ဘယ်ကိစ္စကိုမဆို ကိုယ်ကိုယ်တိုင် လုပ်မှ အလုပ်ဖြစ် ပါတယ် ။ ဒါကို ရှေးက အယူအဆပါပဲ လို့ ထင်ချင် ထင်ကြမယ် ။ ဒါပေမယ့် ဒီအယူအဆတွေဟာ နေရာ အတော်များများမှာ ဒီနေ့ဒီချိန်ထိတိုင် မှန်နေဆဲ ပါပဲ ။

လူတွေဟာ ကိုယ့်ကိုယ်ကို အားမကိုးရင် အလုပ် ပြီးစီးလေ့ မရှိကြဘူး ။ ဒါ့ကြောင့် ကုမ္ပဏီ အများစုဟာ မိသားစု ကုမ္ပဏီတွေ ဖြစ်ကြတာကို တွေ့ရပါတယ် ။ ဒါတောင် ဆွေမျိုးအားကိုး လို့ မရဘူး ဆိုတာ လူတိုင်း သိကြတာပဲ ။

အမှန်တကယ်တော့ လူတွေဟာ တဦးကောင်း တယောက်ကောင်းနဲ့ လုပ်လို့ မရတာတွေ ရှိတယ် ။ စုပေါင်း လုပ်ကြကိုင်ကြလို့ အကျိုး ဖြစ်ထွန်းကြ ပါတယ် ။ သို့သော် ဒီလို စုပေါင်း လုပ်ပြီး စုပေါင်း အကျိုး ခံစားရတဲ့ ပုံစံကို သိပေမယ့် လိုက်နာဖို့ အတော် ခက်ခဲကြ တယ် ။

ကျနော် ဂျပန် ရောက်စဉ်က ပြောဆိုခဲ့တဲ့ စကားတခုကို နားထဲက မထွက်ဘူး ။

" ဂျပန်သုံးယောက် ပူးပေါင်းမိရင် ကုမ္ပဏီထောင်တယ် ၊ မြန်မာ သုံးယောက် ပူးပေါင်း မိရင် ရန်ဖြစ်တယ် " တဲ့ ။

သူ့စကားကို ကြားကာစတော့ စိတ်ဆိုးမိတာ ပါပဲ ။ ဒါပေမဲ့ တကယ်တမ်း လေ့လာတဲ့အခါ မှန်နေတာကို တွေ့ရတယ် ။ ကျနော်တို့ဟာ သူ့ကျွန်ဘဝ အကြာကြီး ရောက်ခဲ့တယ် ။ စိတ်ဓာတ် ရင့်ကျက်တဲ့ အလေ့အကျင့်တွေ မရကြဘူး ။ စိတ်ဝမ်းတွေ ကွဲနေတယ် ။ ဒီအတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ပျိုးထောင်ရမယ် ။

ခေတ်မီဖွံဖြိုးတိုးတက်တဲ့ ကမ္ဘာကြီးမှာ တယောက်ထဲ ရပ်တည်လို့ မရပါဘူး ။ တကယ်တမ်း တိုးတက်ချင်ရင်တော့ စုပေါင်း လုပ်ကိုင်တတ် ဖို့ လိုတယ် ။ ဝေမျှဖို့ လိုတယ် ။ အုပ်ချုပ်တတ်ဖို့ လိုတယ်။ တိုးတက် ကြီးပွားဖို့ မိမိကိုယ်ကို အားကိုးသလို သူတပါး အကူအညီကိုလည်း ရအောင် ယူတတ်ရမယ် ။ မိမိနိုင်ငံ တိုးတက်ဖို့ ကျနော်တို့ တတွေ လေ့ကျင့်ကြရ ဦးမယ် ။

ဒေါက်တာခင်မောင်ညို

for zawgyi

ဘီလုံးငွက္မိသားစုက ေပးတဲ့သင္ခန္းစာ

တခါက ဘီလုံး ငွက္မႀကီး တေကာင္ဟာ သူ႔ရဲ႕ သားသမီးေတြနဲ႔ ေျပာင္းခင္းထဲမွာ အသိုက္ ဖြဲ႕ေနတယ္ ။ သူမရဲ႕ သားသမီးေတြဟာ အ႐ြယ္ မေရာက္ မပ်ံႏိုင္ေသးခင္မွာ ေျပာင္းခင္းဟာ ရင့္မွည့္လာၿပီး ရိတ္သိမ္းခ်ိန္ ေရာက္လာတယ္ ။ အဲ့ဒါနဲ႔ ဘီလုံးငွက္မဟာ အစာရွာ မထြက္ခြာမီ သားသမီးေတြကို ေျပာတယ္ ။

" ဒီေျပာင္းခင္း ကေန တို႔တေတြ တေန႔မွာ ေျပာင္းၾကရမယ္။ ဘယ္ေတာ့ ေျပာင္းရမယ္ ဆိုတာ ကိုေတာ့ အေမလည္း မသိေသးဘူး။ ဒီအနားကို လာၿပီး ေျပာဆို ၾကတဲ့ လယ္သမားေတြရဲ႕ စကားကို မွတ္သားထား ၾကပါ "

ညေနက် အေမ ဘီလုံး ငွက္မႀကီး ျပန္ေရာက္ေတာ့ ငွက္ကေလးေတြက ေျပာျပတယ္ ။

" အေမ.. လယ္သမားႀကီးက သူ႔ရဲ႕ သားကို ခိုင္းလိုက္တယ္။ ေျပာင္းေတြ ရင့္မွည့္လို႔ ရိတ္သိမ္းခ်ိန္ တန္ၿပီ ၊ မိတ္ေဆြေတြကို မနက္ျဖန္ လာကူရိတ္ဖို႔ အကူအညီ သြားေတာင္းတဲ့ "

" ဟုတ္လား "

" အေမရယ္.. သားတို႔ သမီးတို႔ကို ေျပာင္းေပးပါ " လို႔ ငွက္ကေလးေတြက ေတာင္းပန္ေတာ့ အေမက..

" အင္း.. ကိစၥမရွိေသးဘူး သားတို႔ သမီးတို႔ရယ္။ လယ္သမားေတြဟာ မိတ္ေဆြ အိမ္နီးနားခ်င္းေတြကို အားကိုးရင္ ဘာမွ အလုပ္ျဖစ္မွာ မဟုတ္ေသးပါဘူး " လို႔ ေဖ်ာင္းဖ်လိုက္ေလ သတဲ့ ။ ဒါနဲ႔ သူတို႔တေတြဟာ စိတ္ခ်လက္ခ် ေအးေဆးစြာ အိပ္ၾကတယ္ ။

ေနာက္တေန႔ မွာလဲ ဘီလုံးငွက္မဟာ သားသမီးေတြကို ထုံးစံ အတိုင္း လယ္သမား သားအဖရဲ႕ စကား မွတ္သားထားၾကဖို႔ မွာၿပီး အစာရွာ ထြက္သြားတယ္ ။ ညေနေရာက္တဲ့ အခါ သူ႔အေမ ဘီလုံးငွက္မႀကီး ျပန္ေရာက္ေတာ့ ငွက္ကေလးေတြက ေျပာျပတယ္ ။

" အေမေရ.. လယ္သမားႀကီးနဲ႔ သူ႔ရဲ႕သားဟာ ေစာင့္ေနေပမယ့္ ဘယ္သူမွ မလာဘူး "

" အေမ ေျပာသလိုေပါ့ "

" ဟုတ္တယ္ အေမ။ ဒါနဲ႔ လယ္သမားႀကီးက သူ႔ရဲ႕သားကို ခိုင္းျပန္တယ္။ ေဆြမ်ိဳးေတြကို မနက္ျဖန္ လာကူရိတ္သိမ္း ေပးဖို႔ အကူအညီ သြားေတာင္းလို႔ မွာတယ္ "

" ဟုတ္လား "

" ဟုတ္တယ္ အေမရယ္ သားတို႔ သမီးတို႔ကို ေျပာင္းေပးပါ " လို႔ ေတာင္းပန္ၾက ျပန္တယ္ ။ ဒီတစ္ခါ အေမက..

" ကိစၥ မရွိသးပါဘူး သားတို႔ သမီးတို႔ လယ္သမားဟာ ေဆြမ်ိဳးေတြကို အားကိုး တာပဲ။ ဒါဆိုရင္ ဘာမွ အလုပ္ျဖစ္မွာ မဟုတ္ေသးဘူး " လို႔ ႏွစ္သိမ့္ျပန္သတဲ့ ။ ဒါနဲ႔ သူတို႔ တေတြဟာ အသိုက္မွာ ေအးေဆးစြာ အိပ္ၾကျပန္တယ္။

ေနာက္တေန႔မွာ ဘီလုံးငွက္မဟာ အစာရွာ မသြားမီ သားသမီးေတြကို ထုံးစံအတိုင္း လယ္သမား သားအဖရဲ႕ စကားကို ေသေသ ခ်ာခ်ာ မွတ္သားထားဖို႔ မွာတယ္ ။ ညေနဖက္ သူ႔အေမ ဘီလုံးငွက္မႀကီး ျပန္ေရာက္ေတာ့ ငွက္ကေလးေတြက ေျပာျပတယ္။

" အေမေရ.. လယ္သမားႀကီးနဲ႔ သူ႔ရဲ႕သားဟာ ေစာင့္ေနေပမယ့္ ဘယ္သူမွ မလာဘူး "

" ေအး.. သူတို႔ဟာ ေဆြမ်ိဳးကို အားကိုးတာကိုး "

" ဟုတ္တယ္ အေမ.. ဘယ္သူမွ မလာေတာ့ လယ္သမားႀကီးက သူ႔ရဲ႕သားကို ေျပာတယ္။ မနက္ျဖန္ တို႔ႏွစ္ေယာက္ပဲ ေျပာင္းခင္းကို ရိတ္ၾကမယ္ တဲ့ "

" ဟုတ္လား ဒါဆို သားတို႔ သမီးတို႔ ေျပာင္းဖို႔ အခ်ိန္ ေရာက္လာၿပီ " လို႔ ေျပာကာ အသိုက္ ေျပာင္းသြားေလ သတဲ့ ။

ဘယ္ကိစၥကိုမဆို ကိုယ္ကိုယ္တိုင္ လုပ္မွ အလုပ္ျဖစ္ ပါတယ္ ။ ဒါကို ေရွးက အယူအဆပါပဲ လို႔ ထင္ခ်င္ ထင္ၾကမယ္ ။ ဒါေပမယ့္ ဒီအယူအဆေတြဟာ ေနရာ အေတာ္မ်ားမ်ားမွာ ဒီေန႔ဒီခ်ိန္ထိတိုင္ မွန္ေနဆဲ ပါပဲ ။

လူေတြဟာ ကိုယ့္ကိုယ္ကို အားမကိုးရင္ အလုပ္ ၿပီးစီးေလ့ မရွိၾကဘူး ။ ဒါ့ေၾကာင့္ ကုမၸဏီ အမ်ားစုဟာ မိသားစု ကုမၸဏီေတြ ျဖစ္ၾကတာကို ေတြ႕ရပါတယ္ ။ ဒါေတာင္ ေဆြမ်ိဳးအားကိုး လို႔ မရဘူး ဆိုတာ လူတိုင္း သိၾကတာပဲ ။

အမွန္တကယ္ေတာ့ လူေတြဟာ တဦးေကာင္း တေယာက္ေကာင္းနဲ႔ လုပ္လို႔ မရတာေတြ ရွိတယ္ ။ စုေပါင္း လုပ္ၾကကိုင္ၾကလို႔ အက်ိဳး ျဖစ္ထြန္းၾက ပါတယ္ ။ သို႔ေသာ္ ဒီလို စုေပါင္း လုပ္ၿပီး စုေပါင္း အက်ိဳး ခံစားရတဲ့ ပုံစံကို သိေပမယ့္ လိုက္နာဖို႔ အေတာ္ ခက္ခဲၾက တယ္ ။

က်ေနာ္ ဂ်ပန္ ေရာက္စဥ္က ေျပာဆိုခဲ့တဲ့ စကားတခုကို နားထဲက မထြက္ဘူး ။

" ဂ်ပန္သုံးေယာက္ ပူးေပါင္းမိရင္ ကုမၸဏီေထာင္တယ္ ၊ ျမန္မာ သုံးေယာက္ ပူးေပါင္း မိရင္ ရန္ျဖစ္တယ္ " တဲ့ ။

သူ႔စကားကို ၾကားကာစေတာ့ စိတ္ဆိုးမိတာ ပါပဲ ။ ဒါေပမဲ့ တကယ္တမ္း ေလ့လာတဲ့အခါ မွန္ေနတာကို ေတြ႕ရတယ္ ။ က်ေနာ္တို႔ဟာ သူ႔ကြၽန္ဘဝ အၾကာႀကီး ေရာက္ခဲ့တယ္ ။ စိတ္ဓာတ္ ရင့္က်က္တဲ့ အေလ့အက်င့္ေတြ မရၾကဘူး ။ စိတ္ဝမ္းေတြ ကြဲေနတယ္ ။ ဒီအတြက္ ေကာင္းမြန္တဲ့ စိတ္ဓာတ္ကို ပ်ိဳးေထာင္ရမယ္ ။

ေခတ္မီဖြံၿဖိဳးတိုးတက္တဲ့ ကမာၻႀကီးမွာ တေယာက္ထဲ ရပ္တည္လို႔ မရပါဘူး ။ တကယ္တမ္း တိုးတက္ခ်င္ရင္ေတာ့ စုေပါင္း လုပ္ကိုင္တတ္ ဖို႔ လိုတယ္ ။ ေဝမွ်ဖို႔ လိုတယ္ ။ အုပ္ခ်ဳပ္တတ္ဖို႔ လိုတယ္။ တိုးတက္ ႀကီးပြားဖို႔ မိမိကိုယ္ကို အားကိုးသလို သူတပါး အကူအညီကိုလည္း ရေအာင္ ယူတတ္ရမယ္ ။ မိမိႏိုင္ငံ တိုးတက္ဖို႔ က်ေနာ္တို႔ တေတြ ေလ့က်င့္ၾကရ ဦးမယ္ ။

ေဒါက္တာခင္ေမာင္ညိဳ

Post a Comment

0 Comments