တစ်ခါတုန်းက မြစ်ဘေးက သစ်ပင် တစ်ပင်မှာ ငှက်သားအမိ နှစ်ကောင် နေထိုင်ပါတယ်။ တစ်နေ့ တော့ ငှက်ငယ်ကလေးဟာ သစ်ပင်တစ်ပင်မှ တစ်ပင် ကူးလူး ပျံသန်းနေရင်း အတွေးတစ်ခု ပေါ်လာတာနဲ့ သူ့အမေကို မေးလိုက်တယ်။
" မေမေရယ် သစ်ပင်တွေကလည်း အနိမ့်အမြင့် မတူကြဘူးနော်.. သားတို့ဘေးက ကောင်းပေ့၊ မြင့်ပေ့ ဆိုတဲ့ သစ်ပင်ကိုလည်း ဟိုကျီးမဲ မိသားစုက ကြီးစိုးထား တယ်နော် အားငယ်လိုက်တာ မေမေရယ် " တဲ့။
ဒါနဲ့ ငှက်မကြီးလည်း သူ့သား စကားကို သဘော သိပ်မတွေ့တာနဲ့..
" လာလိုက်ခဲ့ ” ဆိုပြီး ခပ်မြင့်မြင့်ကို ပျံတက်သွားပါတယ် ။ ဒီလိုနဲ့ မြေပြင်နဲ့ အတန်အသင့် အမြင့်ကို ရောက်တဲ့ အခါ သူ့ သားကို အောက် ငုံ့ကြည့်ခိုင်းလိုက် ပါတယ် ။ ပြီးတော့ ငှက်မကြီးက..
" ကဲ သားရေ သစ်ပင် အားလုံးကို မြင်ရတဲ့ အမြင့်ကနေ ကြည့်လိုက်တော့ သူတို့ရဲ့ အမြင့်တွေဟာ အရေးပါသေး သလား ? အားလုံးဟာ မြေပြင်မှာပဲ ရှိနေကြတာပါ.. နောက် မေမေတို့ နေတဲ့ သစ်ပင်က ပိုတောင် ကြီးနေသေးတယ် သားရဲ့ ကြည့်လိုက်ပါဦး.. အပွင့်အခက်တွေ ဝေဆာပြီး ပြန့်ကားတဲ့ အကိုင်းအလက်တွေနဲ့ တော်တော်လေး လှနေပါတယ် သားရယ် "
" သစ်ပင်အနိမ့် အမြင့်ကို မေမေတို့ မပြင်နိုင်ကြဘူး.. ဒါပေမယ့် မေမေတို့ ရှုမြင်တဲ့ ပုံစံကို ပြင်လိုက်တယ်လေ.. ဒီအခါ စိတ်သက်သာရာ ရလာတယ်မလား သား.. ဘဝမှာလည်း မလိုလား အပ်တဲ့ အရာတွေကို မနှိုင်းယှဉ်နဲ့ .. တစ်ခါတစ်ခါ သစ်ပင်မြင့်မှာ ရပ်နားမိ လေလေ ၊ လေ ပိုတိုက် ခံရလေလေ ဖြစ်လိမ့်မယ်.. စိတ်မညစ်ပါနဲ့ သား.. အပင်ဖျားတွေထက် ပိုမြင့်အောင် ပျံသန်းကြည့်လိုက် စမ်းပါ.. တိုက်လာတဲ့ လေကိုပါ လေဟုန် စီးပစ်နိုင်တယ် ဆိုတာ တွေးရလိမ့်မယ် သား "
" နောက် မျက်စိတစ်ဆုံး အမြင်နဲ့ပဲ ဘယ်တော့မှ မဆုံးဖြတ်နဲ့ သားရေ.. အားလုံးကို မြင်ရတဲ့ အမြင့်ကို ပျံနိုင်အောင် ကြိုးစား.. အပေါ်စီးကနေ ကြည့်နိုင်ဖို့ပဲ ကြိုးစား.. အောက်က ဘာမဟုတ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အချိန်ကုန်နေ ကြတဲ့သူတွေ ၊ ကိုယ့်မှာရှိတဲ့ အရာကို တန်ဖိုး မထားတတ်ဘဲ.. တခြားသူတွေရဲ့ အကြောင်းအရာတွေကိုသာ စိတ်ဝင်စား၊ စိတ်အားငယ်နေ သူတွေလည်း အများကြီးပဲ သား.. "
" ကျီးတွေက အုပ်စု တောင့်တင်းကြတယ်.. အမေတို့က သားအမိ နှစ်ကောင်တည်း.. ဒါပေမယ့် တောင်သူဦးကြီးတွေ ဘယ်သူ့ကို ချစ်ကြတယ် ထင်သလဲ ?
အမေတို့ကိုပဲပေါ့ သား.. အမေတို့လည်း သူတို့လို အဆင်းမွဲ ၊ အဆင်းမဲတာပဲလေ.. ဒါပေမယ့် အမေတို့က သူတို့ထက် အသံသာတယ်လေ သားရဲ့.. ဒီလိုပဲ သားရေ ကိုယ့်မှာ အားသာချက်တွေ အများကြီး ရှိတယ် "
" အဲဒါကို သိအောင် ကြိုးစား.. ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား.. ဘဝဆိုတာ တခြားသူတွေရဲ့ဘဝနဲ့ ခိုင်းနှိုင်းဖို့ မဟုတ်ဘူး.. အကျိုးရှိဖို့၊ တန်ဖိုးရှိဖို့နဲ့ ကိုယ်တိုင် တည်ဆောက်ယူဖို့ပါ.. ဘယ်တော့မှ မမေ့ပါနဲ့ သား.. "
သင့်ဘဝကို အမြဲတမ်း တန်ဖိုး ထပ်ပေါင်းထည့် နေဖို့က သင့်တာဝန်ပါ ။ သူတစ်ပါးကြောင့် စိတ်ပျက် အားငယ်မှုတွေ သင့်ဘဝထဲကို ထပ်ပေါင်းထည့် နေ့ဖို့ သင့်မှာ တာဝန် မရှိသလို ၊ အချိန် လည်း မရှိပါဘူး.. သတိပြုကြည့်လိုက်ပါ.. ။
ကောင်းစံသာ ( ရေကြည် )
for zawgyi
တန္ဖိုးရွိဖို႔က အဓိက
တစ္ခါတုန္းက ျမစ္ေဘးက သစ္ပင္ တစ္ပင္မွာ ငွက္သားအမိ ႏွစ္ေကာင္ ေနထိုင္ပါတယ္။ တစ္ေန႔ ေတာ့ ငွက္ငယ္ကေလးဟာ သစ္ပင္တစ္ပင္မွ တစ္ပင္ ကူးလူး ပ်ံသန္းေနရင္း အေတြးတစ္ခု ေပၚလာတာနဲ႔ သူ႔အေမကို ေမးလိုက္တယ္။
" ေမေမရယ္ သစ္ပင္ေတြကလည္း အနိမ့္အျမင့္ မတူၾကဘူးေနာ္.. သားတို႔ေဘးက ေကာင္းေပ့၊ ျမင့္ေပ့ ဆိုတဲ့ သစ္ပင္ကိုလည္း ဟိုက်ီးမဲ မိသားစုက ႀကီးစိုးထား တယ္ေနာ္ အားငယ္လိုက္တာ ေမေမရယ္ " တဲ့။
ဒါနဲ႔ ငွက္မႀကီးလည္း သူ႔သားစကားကို သေဘာ သိပ္မေတြ႕တာနဲ႔..
" လာလိုက္ခဲ့ ” ဆိုၿပီး ခပ္ျမင့္ျမင့္ကို ပ်ံတက္သြားပါတယ္ ။ ဒီလိုနဲ႔ ေျမျပင္နဲ႔ အတန္အသင့္ အျမင့္ကို ေရာက္တဲ့ အခါ သူ႔ သားကို ေအာက္ ငုံ႔ၾကည့္ခိုင္းလိုက္ ပါတယ္ ။ ၿပီးေတာ့ ငွက္မႀကီးက..
" ကဲ သားေရ သစ္ပင္ အားလုံးကို ျမင္ရတဲ့ အျမင့္ကေန ၾကည့္လိုက္ေတာ့ သူတို႔ရဲ႕ အျမင့္ေတြဟာ အေရးပါေသး သလား ? အားလုံးဟာ ေျမျပင္မွာပဲ ရွိေနၾကတာပါ.. ေနာက္ ေမေမတို႔ ေနတဲ့ သစ္ပင္က ပိုေတာင္ ႀကီးေနေသးတယ္ သားရဲ႕ ၾကည့္လိုက္ပါဦး.. အပြင့္အခက္ေတြ ေဝဆာၿပီး ျပန႔္ကားတဲ့ အကိုင္းအလက္ေတြနဲ႔ ေတာ္ေတာ္ေလး လွေနပါတယ္ သားရယ္ "
" သစ္ပင္အနိမ့္ အျမင့္ကို ေမေမတို႔ မျပင္ႏိုင္ၾကဘူး.. ဒါေပမယ့္ ေမေမတို႔ ရႈျမင္တဲ့ ပုံစံကို ျပင္လိုက္တယ္ေလ.. ဒီအခါ စိတ္သက္သာရာ ရလာတယ္မလား သား.. ဘဝမွာလည္း မလိုလား အပ္တဲ့ အရာေတြကို မႏႈိင္းယွဥ္နဲ႔ .. တစ္ခါတစ္ခါ သစ္ပင္ျမင့္မွာ ရပ္နားမိ ေလေလ ၊ ေလ ပိုတိုက္ ခံရေလေလ ျဖစ္လိမ့္မယ္.. စိတ္မညစ္ပါနဲ႔ သား.. အပင္ဖ်ားေတြထက္ ပိုျမင့္ေအာင္ ပ်ံသန္းၾကည့္လိုက္ စမ္းပါ.. တိုက္လာတဲ့ ေလကိုပါ ေလဟုန္ စီးပစ္ႏိုင္တယ္ ဆိုတာ ေတြးရလိမ့္မယ္ သား "
" ေနာက္ မ်က္စိတစ္ဆုံး အျမင္နဲ႔ပဲ ဘယ္ေတာ့မွ မဆုံးျဖတ္နဲ႔ သားေရ.. အားလုံးကို ျမင္ရတဲ့ အျမင့္ကို ပ်ံႏိုင္ေအာင္ ႀကိဳးစား.. အေပၚစီးကေန ၾကည့္ႏိုင္ဖို႔ပဲ ႀကိဳးစား.. ေအာက္က ဘာမဟုတ္တဲ့ ၿပိဳင္ဆိုင္မႈေတြနဲ႔ အခ်ိန္ကုန္ေန ၾကတဲ့သူေတြ ၊ ကိုယ့္မွာရွိတဲ့ အရာကို တန္ဖိုး မထားတတ္ဘဲ.. တျခားသူေတြရဲ႕ အေၾကာင္းအရာေတြကိုသာ စိတ္ဝင္စား၊ စိတ္အားငယ္ေန သူေတြလည္း အမ်ားႀကီးပဲ သား.. "
" က်ီးေတြက အုပ္စု ေတာင့္တင္းၾကတယ္.. အေမတို႔က သားအမိ ႏွစ္ေကာင္တည္း.. ဒါေပမယ့္ ေတာင္သူဦးႀကီးေတြ ဘယ္သူ႔ကို ခ်စ္ၾကတယ္ ထင္သလဲ ?
အေမတို႔ကိုပဲေပါ့ သား.. အေမတို႔လည္း သူတို႔လို အဆင္းမြဲ ၊ အဆင္းမဲတာပဲေလ.. ဒါေပမယ့္ အေမတို႔က သူတို႔ထက္ အသံသာတယ္ေလ သားရဲ႕.. ဒီလိုပဲ သားေရ ကိုယ့္မွာ အားသာခ်က္ေတြ အမ်ားႀကီး ရွိတယ္ "
" အဲဒါကို သိေအာင္ ႀကိဳးစား.. ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထား.. ဘဝဆိုတာ တျခားသူေတြရဲ႕ဘဝနဲ႔ ခိုင္းႏႈိင္းဖို႔ မဟုတ္ဘူး.. အက်ိဳးရွိဖို႔၊ တန္ဖိုးရွိဖို႔နဲ႔ ကိုယ္တိုင္ တည္ေဆာက္ယူဖို႔ပါ.. ဘယ္ေတာ့မွ မေမ့ပါနဲ႔ သား.. "
သင့္ဘဝကို အၿမဲတမ္း တန္ဖိုး ထပ္ေပါင္းထည့္ ေနဖို႔က သင့္တာဝန္ပါ ။ သူတစ္ပါးေၾကာင့္ စိတ္ပ်က္ အားငယ္မႈေတြ သင့္ဘဝထဲကို ထပ္ေပါင္းထည့္ ေန႔ဖို႔ သင့္မွာ တာဝန္ မရွိသလို ၊ အခ်ိန္ လည္း မရွိပါဘူး.. သတိျပဳၾကည့္လိုက္ပါ.. ။
ေကာင္းစံသာ ( ေရၾကည္ )
0 Comments