ယောကျ်ားလေးနဲ့ မိန်းကလေးတွေ အကောင်းဆုံးသူငယ်ချင်းဖြစ်နေရတဲ့ အကြောင်းရင်း (၉) ချက်
တကယ်တော့ ယောကျ်ားလေးတွေက မိန်းကလေးတွေအတွက် သူငယ်ချင်းကောင်းပါပဲ။ ယောကျ်ားလေးတွေက မိန်းကလေးတွေကို ရယ်အောင်၊ ပျော်အောင် စတတ်ကြပါတယ်။ မိန်းကလေးတွေ ပြောပြတဲ့ နားလည်ရခက်တဲ့ အကြောင်းတွေကိုလည်း သည်းခံပြီး နားထောင်ပေးတတ်ကြပါတယ်။ သင့်မှာ ယောကျ်ားလေး သူငယ်ချင်းတစ်ယောက် ရှိတယ် ဆိုရင်တော့ ဒီအချက်တွေကြောင့် သင်ကံကောင်းနေပါပြီ။
၁။ လျှို့ဝှက်ချက်တွေအတွက် စိတ်ချရတယ်။
လေ့လာချက်တွေအရ အမျိုးသမီးတွေက လျှို့ဝှက်ချက်ကို ၄၇ နာရီထက် ပိုပြီး မထိန်းသိမ်း နိုင်ပါဘူးတဲ့။ အမျိုးသားတွေကျတော့ သူတို့ကို ပြောပြတဲ့ လျှို့ဝှက်တွေကို လုံးဝ မပေါက်ကြားအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။
၂။ ရည်းစားလို ဟန်ဆောင်ပေးနိုင်တယ်။
သင်မပြောချင်တဲ့သူ၊ မပတ်သက်ချင်တဲ့ သူတွေအတွက် ဆိုရင် သင့်ရဲ့သူငယ်ချင်းက သင့်ကို ကာကွယ်ဖို့ ရည်းစားလို ကူညီဟန်ဆောင် ပေးပါသေးတယ်။
၃။ သင်ဘယ်လောက်စားစား မငြိုငြင်ဘူး။
တကယ်တော့ ယောကျ်ားလေးတွေရဲ့အမြင်မှာ အစားကြီးတဲ့ မိန်းကလေးက ဆွဲဆောင်မှု ရှိပါတယ်တဲ့။ သင့်ရဲ့ ယောကျ်ားလေး သူငယ်ချင်းက သင်ဘယ်လောက် ဂုန်းဆင်းဆင်း ငြိုငြင်မှာ မဟုတ်ပါဘူး။
၄။ သင်နဲ့ မပြိုင်တတ်ဘူး။
Arizona တက္ကသိုလ်ရဲ့ လေ့လာချက် တစ်ခုအရ အမျိုးသမီးတွေက တစ်ယောက်ကို တစ်ယောက် မနာလိုဖြစ်ကြပြီး ယှဉ်ပြိုင်လို ကြပါတယ်။ ယောကျ်ားလေးတွေကတော့ သူတို့ခင်တဲ့ မိန်းကလေးတွေကို မနာလိုစိတ် နည်းကြပါတယ်။
၅။ သစ္စာရှိပြီး ယုံကြည်လို့ ရတယ်။
မိန်းကလေးတွေက သူတို့ရဲ့ လျှို့ဝှက်ကိစ္စတွေကို ယောကျ်ားလေးတွေကို ယုံယုံကြည်ကြည် ပြောပြကြပါတယ်။ ယောကျ်ားလေး အများစုက သူတို့ကို ရင်ဖွင့်လာတဲ့ ကိစ္စတွေကို တခြားသူတွေဆီ ပြန်မပြောပြ တတ်ကြလို့ပါ။
၆။ စွန့်စားလိုစိတ် ရှိကြတယ်။
အလုပ်တစ်ခုခု လုပ်တော့မယ်၊ ခရီးတစ်ခုခု ထွက်တော့မယ်ဆိုရင် မိန်းကလေးတွေရဲ့ သဘာဝအရ ချီတုံချတုံနဲ့ ကြောက်တတ်ကြပါတယ်။ ယောကျ်ားလေးတွေကတော့ မိန်းကလေးတွေထက် စွန့်စားလိုစိတ် ပိုရှိကြပါတယ်။
၇။ အကောင်းဆုံးအကြံတွေ ပေးတတ်တယ်။
မြွေမြွေချင်းခြေမြင် ဆိုတဲ့အတိုင်း ယောကျ်ားလေးတွေအကြောင်းကို ယောကျ်ားလေးတွေသာ အသိဆုံးပါပဲ။ သင့်ကို ဟိုလူနဲ့ မပေါင်းနဲ့၊ ဒီလူနဲ့ မပတ်သက်နဲ့လို့ ပြောနေတာကို သင့်အပေါ် သူငယ်ချင်းကောင်း ပီသတာပါ။ တစ်ခုခု ပြဿနာ ကြုံလာရင်လည်း အကောင်းဆုံး အကြံတွေပေးဖို့ အဆင်သင့် ရှိနေတတ်ကြပါတယ်။
၈။ အတင်း မပြောတတ်ကြဘူး။
မိန်းကလေး အချင်းချင်းဆုံရင် အများစုက အတင်းစကားတွေ ပြောတတ်ကြပါတယ်။ ယောကျ်ားလေး သူငယ်ချင်းရှိရင်တော့ အတင်းပြောမှာ မဟုတ်ပါဘူး။ သူပြောချင်တာကို အရှိအတိုင်း လိုရင်းတိုရှင်းပဲ ပြောသွားမှာပါ။ အတင်းပြောတာ မကောင်းကြောင်းကိုလည်း သင်သိအောင် ဆုံးမနေဦးမှာပါ။
၉။ အမြဲတမ်းအတွက် သူငယ်ချင်းကောင်း။
ယောကျ်ားလေးတွေကလည်း မိန်းကလေးတွေလိုပဲ ခံစားချက်တွေ ရှိကြပါတယ်။ သူတို့လည်း ခင်မင်ရင်းနှီး တတ်ကြပါတယ်။ ဒါပေမယ့် ယောကျ်ားတွေက သူတို့ရဲ့ ခံစားချက်တွေကို မဖော်ပြတတ်ကြပါဘူး။ သူတို့နဲ့ ခင်သွားပြီဆိုရင်တော့ အမြဲတမ်းအတွက် သူငယ်ချင်းကောင်းအဖြစ် ရှိနေပေးကြပါတယ်။
Zombie (Lovemedia)
for zawgyi
ယောက်ျားလေးနဲ့ မိန်းကလေးတွေ အကောင်းဆုံးသူငယ်ချင်းဖြစ်နေရတဲ့ အကြောင်းရင်း (၉) ချက်
တကယ်တော့ ယောက်ျားလေးတွေရဲ့အမြင်မှာ အစားကြီးတဲ့ မိန်းကလေးက ဆွဲဆောင်မှု ရှိပါတယ်တဲ့။ သင့်ရဲ့ ယောက်ျားလေး သူငယ်ချင်းက သင်ဘယ်လောက် ဂုန်းဆင်းဆင်း ငြိုငြင်မှာ မဟုတ်ပါဘူး။
၎။ သင်နဲ့ မပြိုင်တတ်ဘူး။
မိန်းကလေးတွေက သူတို့ရဲ့ လျှို့ဝှက်ကိစ္စတွေကို ယောက်ျားလေးတွေကို ယုံယုံကြည်ကြည် ပြောပြကြပါတယ်။ ယောက်ျားလေး အများစုက သူတို့ကို ရင်ဖွင့်လာတဲ့ ကိစ္စတွေကို တခြားသူတွေဆီ ပြန်မပြောပြ တတ်ကြလို့ပါ။
၈။ အတင်း မပြောတတ်ကြဘူး။
Zombie (Lovemedia)
Post a Comment
0 Comments