ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တွင် ဆံပင် ညှပ်သူများ နှင့် စည်ကားနေ၏။ ဆံပင်ညှပ်ဆရာ တစ်ယောက်မှ လွဲပြီး ကျန်ဆံသဆရာ အားလုံးမှာ ဆံသ ပေးနေကြ လေသည်။ ထို ဆံသဆရာ လူငယ်လေး တစ်ဦးသည် စိတ်လှုပ်ရှားခြင်း များစွာဖြင့် ဆံပင် လာညှပ်မည့် ဧည့်သည်ကို မျှော်နေ သည် ။
ဆိုင်ပိုင်ရှင်က ယနေ့မှ စကာ သူ့ကို ဆံသခွင့် ပေးလိုက်သည် ။ သူသည် ထိုဆိုင်တွင် အောက်ခြေ သိမ်း အလုပ်များနှင့် ခေါင်းလျှော်သည့် အလုပ်တွေ ၂ နှစ် လုပ်ရင်း ဆံပင်ညှပ် ပညာကို သင်ယူ ခဲ့ရပြီး.. ယနေ့သည် သူ၏ ပထမဆုံးသော ဧည့်သည်ကို ဆံသပေးရမည့် နေ့တနေ့ ဖြစ်နေ လေသည်။
သူတို့ ဝန်ထမ်း အချင်းချင်း ဆံသပေးဖူး သော်လည်း သူ၏ ပထမဆုံးသော ဧည့်သည်ကို ဆရာမကူဘဲ ညှပ်ရတော့မည် ဖြစ်သောကြောင့် သူ၏ ရင်ထဲတွင် ကြောက်သလိုလို ၊ ပျော်သလိုလို ဖြစ်နေလေသည်။ သူ တွေးနေစဉ် ဧည်သည့် နှစ်ဦးက ဆိုင်ထဲ ဝင်လာကြသည်။
" မင်္ဂလာပါ ခင်ဗျာ.. ဆံပင်ညှပ်မှာလား ဆရာ "
" အေး အာကာ အားပြီးလား ။ "
" ဦးမိုးရေ ခဏစောင့်ပါဦး ။ ဒီတစ်ယောက်ပြီးရင် ရပါပြီ "
သူပင် မဖြေလိုက်ရ ။ အာကာက ဆံသ နေရင်း လှမ်းအော်သည်။ ဆံပင် လာညှပ်သည့် လူအားလုံးက သူတို့ ညှပ်နေကျ လူတွေနှင့်သာ စောင့်ညှပ်ကြသည်။
" ဆရာ ကြွပါ ခင်ဗျာ "
သူ တွေးနေတုန်း လူတစ်ယောက် ဝင်လာ၍ ပြောနေကျ စကားက အလိုလို ထွက်သွားသည်။
" မင်္ဂလာပါ ခင်ဗျာ.. ဆံပင်ညှပ်မှာလား ဆရာ "
" အင်း "
သူ၏ စိတ်ထဲတွင် ထိုလူ့၌ ညှပ်နေကျ ဆံသဆရာ မရှိပါစေနှင့်ဟု ဆုတောင်းနေ မိသည် ။
" ညှပ်လို့ ရပြီလား ။ စောင့်ရဦးမှာလား "
" ရပါပြီ ဆရာ "
ဆံပင်ညှပ်မည့် နေရာကို ဦးဆောင် ခေါ်သွားရင်း သူ၏ စိတ်ထဲ ပျော်ရွှင်နေ မိသည် ။
" ဆရာ ထိုင်ပါ ခင်ဗျာ "
ဧည့်သည်၏ ကိုယ်ပေါ်တွင် ခြုံလွှာ လွှားရင်း
" ဆရာ ဘယ်လိုကေ ညှပ်မလဲဗျ "
" ဒီပုံ အတိုင်းပဲ ။ တိုပေး ။ ပါးပေး "
" ဟုတ်ကဲ့ ဆရာ "
" သေချာ ညှပ်နော် ။ ဧည့်သည် မကြိုက်ရင် မင်း နောက်နေ့ မညှပ်ရဘူး "
ဆံပင်ညှပ်ဆရာ အကြီး တစ်ယောက်က သူ့ကို လှမ်းအော်သည် ။ ဧည့်သည်ရှေ့တွင် လှမ်းအော်သော အကြီးကို စိတ်ထဲက ကျိန်ဆဲမိသည်။ ဘာကြောင့်များ ဧည့်သည် ကွယ်ရာမှာ မပြောပါလိမ့် ။
ဧည့်သည်၏ မျက်ဝန်းတွေကို ကြည့်မိတော့ သူ့ကို အထင်သေးသည့် အရိပ်တွေ မတွေ့ရ၍ တော်ပါသေးရဲ့ဟု တွေးလိုက် မိသည် ။ သူ၏ လက်တွေက ဆံသ ပစ္စည်း တချို့နှင့် ရောထွေးကာ ကချေသည်လို လှုပ်ရှားနေ မိသည်။
စိတ်လှုပ်ရှားခြင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ထား သော်လည်း ညှပ်စတွင် လက်တွေက တုန်ယီနေ မိသည်။ သူ ကြိုးစားညှပ် သော်လည်း ဘယ်နှင့် ညာဘက် ခေါင်းက ဆံပင်တွေက မညီ ။ သိသာလောက်အောင် ရုပ်ပျက် ဆင်းပျက်တော့ မဖြစ် ။ ဧည့်သည်က မှန်တွင် ကပ်ထားသော..
" ဝန်ထမ်းများ ဆက်ဆံရေး မပြေပြစ်ပါက ဖုန်းဆက် တိုင်နိုင်ပါသည် " ဟူသော စာတမ်းကို ကြည့်နေသည်။ သူ၏ ဆံပင်ညှပ်ပုံ မကောင်းကြောင်း အတိုင်ခံရလျှင် ဆိုင်ပိုင်ရှင်က သူ့ကို ခေါင်းလျှော်သည့် နေရာကို ပြန်ပို့မှာ သူ ကြောက်မိသည်။
" ဆရာ ပြီးပါပြီ ခင်ဗျာ ။ ခေါင်းလျှော်ဦးမလား ဆရာ "
နောက်ကြည့်မှန်နှင့် ခေါင်းအနောက်ဘက် ကို ပြရင်း သူမေးတော့ ဧည့်သည်က..
" မလျှော်တော့ဘူး ညီလေး ။ ကျေးဇူးပဲ ။ ဆံပင်ညှပ်တာ ပုံစံလေး ကောင်းတယ် "
ဧည့်သည်က ကျသင့်ငွေ ရှင်းပြီး ပြန်သွားတော့မှ ရင်ထဲက အပူလုံးကြီးကို ဟူး.. ခနဲ မှုတ်ထုတ် လိုက်ရသည်။
" ငါ လုပ်နိုင်တယ်ကွ " ဟုတွေးကာ ပျော်ရွှင်သွား မိသည် ။
နောက် တစ်နှစ် ခန့်ကြာသော်.. ။
" မင်္ဂလာပါ ခင်ဗျာ.. ဆံပင်ညှပ်မှာလား ဆရာ "
သူ၏ အသံတွေထဲ တွင် ယုံကြည်ချက်တွေ အပြည့် ပါနေလေသည်။ တစ်နှစ်အတွင်း သူ ကိုင်ခဲ့ရသည့် ခေါင်းတွေက များခဲ့သောကြောင့် ဆံပင်ညှပ်သည့် ကိစ္စက သူ့အတွက် အကျွမ်းတဝင် ဖြစ်နေပေပြီ ။
ဧည့်သည် တစ်ဦး၏ ဆံပင်ကို ကျွမ်းကျင်စွာ ညှပ်နေရင်း ထိုဧည့်သည်ကို မြင်ဖူးသလို ရှိ၍ စဉ်းစားနေ မိသည်။
" ဟာ ဒီဆရာက ငါပထမဆုံး ဆံသ ပေးခဲ့တဲ့ လူပဲ "
သူ၏ စိတ်ထဲသာ ပြောနေမိသည်။
" ဆရာ ပြီးပါပြီ ခင်ဗျာ။ ခေါင်းလျှော်ဦး မလား ဆရာ "
နောက်ကြည့်မှန် နှင့် ပြရင်း သူမေးတော့.. ဧည့်သည်က ပြန်ပြောသော စကားကြောင့် သူ အံ့ဩသွား မိ၏။
" ငါ့ ညီလေးတောင် ဆံပင်ညှပ်တာ ကျွမ်းကျင်သွား ပြီပဲ "
" ဟာ ဆရာက ကျတော့်ကို မှတ်မိတယ်ပေါ့ "
" မှတ်မိတာပေါ့ကွ ။ အဲ့ဒီနေ့က ငါ တခြားဆိုင်မှာ ပြန်ပြင်လိုက် ရသေးတယ်။ "
သူ အံ့သြ သွားမိသည် ။ သူညှပ်ပေးသည့် ဆံပင်က မညီတာ သိလျက်နှင့် အဘယ်ကြောင့် ပြဿနာ မရှာရ တာလဲ ဆိုတာကို သူ သိချင်မိသည်။
" ဆရာ.. အဲဒီနေ့က ဆံပင် မညီတာ သိပေမဲ့ ကျွန်တော်ကို ဘာလို့ ကျေးဇူးပဲ။ ဆံပင်ညှပ်တာ ပုံစံလေး ကောင်းတယ် လို့ ပြောသွားရ တာလဲဟင် "
ဧည့်သည် ပြန်ပြော လာမည့် စကားကို မျှော်လင့်ရင်း ဧည့်သည်၏ မျက်ဝန်းတွေကို ငေးမောနေ မိသည်။
" ငါ အဲဒီနေ့က မင်းကို ယုံကြည်မှုတွေ ပေးလိုက်တာပါ။ အဲဒိ ယုံကြည်မှုက အခု မင်းကို အများကြီး အထောက် အကူ ပေးနေမယ်လို့ ငါထင်တယ်။ မင်း စိတ်လှုပ်ရှား နေမှန်းကို ငါသိပါတယ်။ ငါသာ တစ်ခုခု ပြောလိုက်ရင် မင်းရဲ့ စိတ်ထဲ ရမဲ့ဒဏ်ရာက သေတဲ့အထိ ပျောက်မယ် မထင်ဘူး။ မင်းက ဆံပင် ညှပ်တတ် ပါတယ် ။ စိတ်လှုပ်ရှားပြီး လက်အနည်းငယ် တုန်နေလို့သာ မညီမညာ ဖြစ်ခဲ့ရတာ ။ အလွန်ဆုံး ငါ ကတုံး တုံးရရုံ ပေါ့ကွာ။ ငါ့အတွက် ကြီးကြီး မားမား မထိခိုက်နိုင် ပါဘူး ။ ဟားဟား.. ။ မှတ်ထား ညီလေး ။ အလုပ်မှာ မှားမှာ မကြောက်နဲ့ ။ မမှားဖူးတဲ့ လူဟာ အလုပ် မလုပ်ဖူးတဲ့ လူပဲ ။ ဒါပေမဲ့ ထပ်ခါ ထပ်ခါ မမှားစေနဲ့ ပေါ့ကွာ ။ အဲတာတော့ မှတ်ထား "
" အစ်ကိုက ဘာလို့ အဲလို လုပ်ရတာလဲဟင် "
အံ့သြကြီးစွာ သူမေးမိတော့ ဧည့်သည်က သူ နားမလည်သော စကားကို ဆိုသည်။
" ငါ့ယုံကြည်မှုတွေ အသတ်ခံခဲ့ရ ဖူးလို့ပါကွာ "
ကိုဟမ်စိုင်း ( ဆေး - မန်း )
for zawgyi
ယုံၾကည္မႈေတြကို မသတ္ပါနဲ႔
ဆံပင္ညႇပ္ဆိုင္ တစ္ဆိုင္တြင္ ဆံပင္ ညႇပ္သူမ်ား ႏွင့္ စည္ကားေန၏။ ဆံပင္ညႇပ္ဆရာ တစ္ေယာက္မွ လြဲၿပီး က်န္ဆံသဆရာ အားလုံးမွာ ဆံသ ေပးေနၾက ေလသည္။ ထို ဆံသဆရာ လူငယ္ေလး တစ္ဦးသည္ စိတ္လႈပ္ရွားျခင္း မ်ားစြာျဖင့္ ဆံပင္ လာညႇပ္မည့္ ဧည့္သည္ကို ေမွ်ာ္ေန သည္ ။
ဆိုင္ပိုင္ရွင္က ယေန႔မွ စကာ သူ႔ကို ဆံသခြင့္ ေပးလိုက္သည္ ။ သူသည္ ထိုဆိုင္တြင္ ေအာက္ေျခ သိမ္း အလုပ္မ်ားႏွင့္ ေခါင္းေလွ်ာ္သည့္ အလုပ္ေတြ ၂ ႏွစ္ လုပ္ရင္း ဆံပင္ညႇပ္ ပညာကို သင္ယူ ခဲ့ရၿပီး.. ယေန႔သည္ သူ၏ ပထမဆုံးေသာ ဧည့္သည္ကို ဆံသေပးရမည့္ ေန႔တေန႔ ျဖစ္ေန ေလသည္။
သူတို႔ ဝန္ထမ္း အခ်င္းခ်င္း ဆံသေပးဖူး ေသာ္လည္း သူ၏ ပထမဆုံးေသာ ဧည့္သည္ကို ဆရာမကူဘဲ ညႇပ္ရေတာ့မည္ ျဖစ္ေသာေၾကာင့္ သူ၏ ရင္ထဲတြင္ ေၾကာက္သလိုလို ၊ ေပ်ာ္သလိုလို ျဖစ္ေနေလသည္။ သူ ေတြးေနစဥ္ ဧည္သည့္ ႏွစ္ဦးက ဆိုင္ထဲ ဝင္လာၾကသည္။
" မဂၤလာပါခင္ဗ်ာ.. ဆံပင္ညႇပ္မွာလား ဆရာ "
" ေအး အာကာ အားၿပီးလား ။ "
" ဦးမိုးေရ ခဏေစာင့္ပါဦး ။ ဒီတစ္ေယာက္ၿပီးရင္ ရပါၿပီ "
သူပင္ မေျဖလိုက္ရ ။ အာကာက ဆံသ ေနရင္း လွမ္းေအာ္သည္။ ဆံပင္ လာညႇပ္သည့္ လူအားလုံးက သူတို႔ ညႇပ္ေနက် လူေတြႏွင့္သာ ေစာင့္ညႇပ္ၾကသည္။
" ဆရာ ႂကြပါ ခင္ဗ်ာ "
သူ ေတြးေနတုန္း လူတစ္ေယာက္ ဝင္လာ၍ ေျပာေနက် စကားက အလိုလို ထြက္သြားသည္။
" မဂၤလာပါ ခင္ဗ်ာ.. ဆံပင္ညႇပ္မွာလား ဆရာ "
" အင္း "
သူ၏ စိတ္ထဲတြင္ ထိုလူ႔၌ ညႇပ္ေနက် ဆံသဆရာ မရွိပါေစႏွင့္ဟု ဆုေတာင္းေန မိသည္ ။
" ညႇပ္လို႔ ရၿပီလား ။ ေစာင့္ရဦးမွာလား "
" ရပါၿပီ ဆရာ "
ဆံပင္ညႇပ္မည့္ ေနရာကို ဦးေဆာင္ ေခၚသြားရင္း သူ၏ စိတ္ထဲ ေပ်ာ္႐ႊင္ေန မိသည္ ။
" ဆရာ ထိုင္ပါ ခင္ဗ်ာ "
ဧည့္သည္၏ ကိုယ္ေပၚတြင္ ၿခဳံလႊာ လႊားရင္း
" ဆရာ ဘယ္လိုေက ညႇပ္မလဲဗ် "
" ဒီပုံ အတိုင္းပဲ ။ တိုေပး ။ ပါးေပး "
" ဟုတ္ကဲ့ ဆရာ "
" ေသခ်ာ ညႇပ္ေနာ္ ။ ဧည့္သည္ မႀကိဳက္ရင္ မင္း ေနာက္ေန႔ မညႇပ္ရဘူး "
ဆံပင္ညႇပ္ဆရာ အႀကီး တစ္ေယာက္က သူ႔ကို လွမ္းေအာ္သည္ ။ ဧည့္သည္ေရွ႕တြင္ လွမ္းေအာ္ေသာ အႀကီးကို စိတ္ထဲက က်ိန္ဆဲမိသည္။ ဘာေၾကာင့္မ်ား ဧည့္သည္ ကြယ္ရာမွာ မေျပာပါလိမ့္ ။
ဧည့္သည္၏ မ်က္ဝန္းေတြကို ၾကည့္မိေတာ့ သူ႔ကို အထင္ေသးသည့္ အရိပ္ေတြ မေတြ႕ရ၍ ေတာ္ပါေသးရဲ႕ဟု ေတြးလိုက္ မိသည္ ။ သူ၏ လက္ေတြက ဆံသ ပစၥည္း တခ်ိဳ႕ႏွင့္ ေရာေထြးကာ ကေခ်သည္လို လႈပ္ရွားေန မိသည္။
စိတ္လႈပ္ရွားျခင္းကို အတတ္ႏိုင္ဆုံး ဖုံးကြယ္ထား ေသာ္လည္း ညႇပ္စတြင္ လက္ေတြက တုန္ယီေန မိသည္။ သူ ႀကိဳးစားညႇပ္ ေသာ္လည္း ဘယ္ႏွင့္ ညာဘက္ ေခါင္းက ဆံပင္ေတြက မညီ ။ သိသာေလာက္ေအာင္ ႐ုပ္ပ်က္ ဆင္းပ်က္ေတာ့ မျဖစ္ ။ ဧည့္သည္က မွန္တြင္ ကပ္ထားေသာ..
" ဝန္ထမ္းမ်ား ဆက္ဆံေရး မေျပျပစ္ပါက ဖုန္းဆက္ တိုင္ႏိုင္ပါသည္ " ဟူေသာ စာတမ္းကို ၾကည့္ေနသည္။ သူ၏ ဆံပင္ညႇပ္ပုံ မေကာင္းေၾကာင္း အတိုင္ခံရလွ်င္ ဆိုင္ပိုင္ရွင္က သူ႔ကို ေခါင္းေလွ်ာ္သည့္ ေနရာကို ျပန္ပို႔မွာ သူ ေၾကာက္မိသည္။
" ဆရာ ၿပီးပါၿပီ ခင္ဗ်ာ ။ ေခါင္းေလွ်ာ္ဦးမလား ဆရာ "
ေနာက္ၾကည့္မွန္ႏွင့္ ေခါင္းအေနာက္ဘက္ ကို ျပရင္း သူေမးေတာ့ ဧည့္သည္က..
" မေလွ်ာ္ေတာ့ဘူး ညီေလး ။ ေက်းဇူးပဲ ။ ဆံပင္ညႇပ္တာ ပုံစံေလး ေကာင္းတယ္ "
ဧည့္သည္က က်သင့္ေငြ ရွင္းၿပီး ျပန္သြားေတာ့မွ ရင္ထဲက အပူလုံးႀကီးကို ဟူး.. ခနဲ မႈတ္ထုတ္ လိုက္ရသည္။
" ငါ လုပ္ႏိုင္တယ္ကြ " ဟုေတြးကာ ေပ်ာ္႐ႊင္သြား မိသည္ ။
ေနာက္ တစ္ႏွစ္ ခန႔္ၾကာေသာ္.. ။
" မဂၤလာပါ ခင္ဗ်ာ.. ဆံပင္ညႇပ္မွာလား ဆရာ "
သူ၏ အသံေတြထဲ တြင္ ယုံၾကည္ခ်က္ေတြ အျပည့္ ပါေနေလသည္။ တစ္ႏွစ္အတြင္း သူ ကိုင္ခဲ့ရသည့္ ေခါင္းေတြက မ်ားခဲ့ေသာေၾကာင့္ ဆံပင္ညႇပ္သည့္ ကိစၥက သူ႔အတြက္ အကြၽမ္းတဝင္ ျဖစ္ေနေပၿပီ ။
ဧည့္သည္ တစ္ဦး၏ ဆံပင္ကို ကြၽမ္းက်င္စြာ ညႇပ္ေနရင္း ထိုဧည့္သည္ကို ျမင္ဖူးသလို ရွိ၍ စဥ္းစားေန မိသည္။
" ဟာ ဒီဆရာက ငါပထမဆုံး ဆံသ ေပးခဲ့တဲ့ လူပဲ "
သူ၏ စိတ္ထဲသာ ေျပာေနမိသည္။
" ဆရာ ၿပီးပါၿပီ ခင္ဗ်ာ။ ေခါင္းေလွ်ာ္ဦး မလား ဆရာ "
ေနာက္ၾကည့္မွန္ ႏွင့္ ျပရင္း သူေမးေတာ့.. ဧည့္သည္က ျပန္ေျပာေသာ စကားေၾကာင့္ သူ အံ့ဩသြား မိ၏။
" ငါ့ ညီေလးေတာင္ ဆံပင္ညႇပ္တာ ကြၽမ္းက်င္သြား ၿပီပဲ "
" ဟာ ဆရာက က်ေတာ့္ကို မွတ္မိတယ္ေပါ့ "
" မွတ္မိတာေပါ့ကြ ။ အဲ့ဒီေန႔က ငါ တျခားဆိုင္မွာ ျပန္ျပင္လိုက္ ရေသးတယ္။ "
သူ အံ့ၾသ သြားမိသည္ ။ သူညႇပ္ေပးသည့္ ဆံပင္က မညီတာ သိလ်က္ႏွင့္ အဘယ္ေၾကာင့္ ျပႆနာ မရွာရ တာလဲ ဆိုတာကို သူ သိခ်င္မိသည္။
" ဆရာ.. အဲဒီေန႔က ဆံပင္ မညီတာ သိေပမဲ့ ကြၽန္ေတာ္ကို ဘာလို႔ ေက်းဇူးပဲ။ ဆံပင္ညႇပ္တာ ပုံစံေလး ေကာင္းတယ္ လို႔ ေျပာသြားရ တာလဲဟင္ "
ဧည့္သည္ ျပန္ေျပာ လာမည့္ စကားကို ေမွ်ာ္လင့္ရင္း ဧည့္သည္၏ မ်က္ဝန္းေတြကို ေငးေမာေန မိသည္။
" ငါ အဲဒီေန႔က မင္းကို ယုံၾကည္မႈေတြ ေပးလိုက္တာပါ။ အဲဒိ ယုံၾကည္မႈက အခု မင္းကို အမ်ားႀကီး အေထာက္ အကူ ေပးေနမယ္လို႔ ငါထင္တယ္။ မင္း စိတ္လႈပ္ရွား ေနမွန္းကို ငါသိပါတယ္။ ငါသာ တစ္ခုခု ေျပာလိုက္ရင္ မင္းရဲ႕ စိတ္ထဲ ရမဲ့ဒဏ္ရာက ေသတဲ့အထိ ေပ်ာက္မယ္ မထင္ဘူး။ မင္းက ဆံပင္ ညႇပ္တတ္ ပါတယ္ ။ စိတ္လႈပ္ရွားၿပီး လက္အနည္းငယ္ တုန္ေနလို႔သာ မညီမညာ ျဖစ္ခဲ့ရတာ ။ အလြန္ဆုံး ငါ ကတုံး တုံးရ႐ုံ ေပါ့ကြာ။ ငါ့အတြက္ ႀကီးႀကီး မားမား မထိခိုက္ႏိုင္ ပါဘူး ။ ဟားဟား.. ။ မွတ္ထား ညီေလး ။ အလုပ္မွာ မွားမွာ မေၾကာက္နဲ႔ ။ မမွားဖူးတဲ့ လူဟာ အလုပ္ မလုပ္ဖူးတဲ့ လူပဲ ။ ဒါေပမဲ့ ထပ္ခါ ထပ္ခါ မမွားေစနဲ႔ ေပါ့ကြာ ။ အဲတာေတာ့ မွတ္ထား "
" အစ္ကိုက ဘာလို႔ အဲလို လုပ္ရတာလဲဟင္ "
အံ့ၾသႀကီးစြာ သူေမးမိေတာ့ ဧည့္သည္က သူ နားမလည္ေသာ စကားကို ဆိုသည္။
" ငါ့ယုံၾကည္မႈေတြ အသတ္ခံခဲ့ရ ဖူးလို႔ပါကြာ "
ကိုဟမ္စိုင္း ( ေဆး - မန္း )
0 Comments