လှပမှုကို ကြွားဝါတတ်သူ

တခါက ကျားသစ် တစ်ကောင်ဟာ သူ့ရဲ့ အစက်အပြောက်တွေ ပိုင်ဆိုင်ထားတဲ့ အမွေးတွေကို သူ့ကိုယ်သူ ချီးကျူးပြောဆိုနေတာကို မြေခွေး တကောင်က နားစွန် နားဖျား ကြားလိုက် မိတယ် ။

အဲ့ဒီအခါ မြေခွေးက ကျားသစ်ကို ဒီလို ပြောလိုက်တယ် ။

" သင်ဟာ လှကောင်း လှနေပေလိမ့်မည် ။ ဒါပေမယ့် သင့်ရဲ့ အလှက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အလှသာဖြစ်တယ် ။ ကျွန်ုပ်ရဲ့ အလှကတော့ စိတ်ပိုင်းဆိုင်ရာ အလှဖြစ်တယ် " ဟု မြေခွေးကို ကျားသစ်ကို ပြောကြား လိုက်တယ် ။

ကျနော်တို့ရဲ့ လူ့ပတ်ဝန်းကျင် မှာလည်း လူတချို့ဟာ သူတို့ကို လှတယ်ဟု ပြောလာအောင် တခုခု လုပ်ဆောင်၍ မသိမသာ ဟန်အမူအရာဖြင့် ပြတတ်လေ့ ရှိတယ် ။ ကိုယ့်ကို လှတယ်ဟု ပြောလာအောင် မသိမသာ အမူအရာ ပြတတ်ကြပါတယ် ။

တချို့ကျတော့ ပြင်ပ ဝတ်ဆင်မှုများကို ကြည့်၍ ပေါင်းသင်းကြတယ် ။ လှ မလှ ဆုံးဖြတ်တတ် ကြတယ် ။ ရုပ်လှပမှု ကို ကြည့်၍ ပေါင်းသင်း ဆက်ဆံ တတ်ကြပါတယ် ။

အဲလို ပြင်ပ လှပမှုကို ကြည့်၍ ပေါင်းသင်း ဆက်ဆံ တတ်ကြတဲ့ လူတချို့ဟာ မိမိလည်း ပြင်ပလှအောင် တန်းတူဖြစ်လာအောင် ပြုလုပ်ရင်းနဲ့ အသိတရားမဲ့ ၊ ငွေကြေးတွေ ပို၍ ကုန်ကျမှု များလာတတ် ပါတယ် ။ ပစ္စည်းတွေ အသစ်အဆန်း ထွက်လေ မိမိမှာ ပိုပြီး လိုချင်တောင့်တလေသာ ဖြစ်တတ်ကြ ပါတယ် ။

ယောက်ျားလေး ၊ မိန်းကလေး ဆိုပြီး ခွဲခြား၍ မပြောတော့ပါ ။ လူသားတွေဟာ ပြင်ပ လှပမှု တွေကို စိတ်ဝင်စားလာရင် အဝတ်အစား အသုံးအဆောင် စသည့် အမျိုးမျိုးသော ပစ္စည်းတွေ အသစ်အဆန်း ထွက်ပေါ်လာသည်နှင့် အမျှ ဝယ်ယူသုံးစွဲ လာကြတတ် ပါတယ် ။ အသစ်အဆန်းတွေ ဝယ်ယူ၍ ဝတ်ဆင်ပါ ။ သို့သော် လိုအပ်သည်ထက် မဝယ်ယူဖို့ ။ ငွေကြေးတွေကို မဖြုန်းတီးဖို့ လိုအပ်လှ ပါတယ် ။

ပြင်ပ လှပမှုဟာ အချိန် ခဏတာ အတွင်းမှာသာ လှပနေမည် ဖြစ်၏ ။ စိတ်ရဲ့ လှပမှုမှသာ တာရှည်စွာ ရှိနေမှာ ဖြစ်ပါတယ် ။ ဘယ်လောက်ပဲ အရုပ်ဆိုးနေသူ ဖြစ်ပါစေ စိတ်လှသူ တယောက်အတွက် မိတ်ဆွေ ကောင်းတွေလည်း ရရှိတတ်ပါတယ် ။

အတွင်းစိတ် နှလုံးသား လှပသူ တယောက်အတွက်ကတော့ နေရာကောင်း ၊ မိတ်ဆွေကောင်းတွေ မရှားပါ ။ လူအများစု ကလည်း စိတ်နှလုံးသား ကောင်းတဲ့သူများနှင့် ပေါင်းသင်း ဆက်ဆံတတ်ကြ ပါတယ် ။

ဒါကြောင့် ပြင်ပ လှပမှု ထက် အတွင်း စိတ်နှလုံးသား လှပအောင် ပြုမူပြောဆို နေထိုင်ပါ ။ စိတ်နှလုံးသား လှပသော လူကောင်း လူမွန်များ ဖြစ်နိုင်ကြပါစေ.. ။

KaungChit

for zawgyi

လွပမႈကို ၾကြားဝါတတ္သူ

တခါက က်ားသစ္ တစ္ေကာင္ဟာ သူ႔ရဲ႕ အစက္အေျပာက္ေတြ ပိုင္ဆိုင္ထားတဲ့ အေမြးေတြကို သူ႔ကုိယ္သူ ခ်ီးက်ဴးေျပာဆိုေနတာကို ေျမေခြး တေကာင္က နားစြန္ နားဖ်ား ၾကားလိုက္ မိတယ္ ။

အဲ့ဒီအခါ ေျမေခြးက က်ားသစ္ကို ဒီလို ေျပာလိုက္တယ္ ။

" သင္ဟာ လွေကာင္း လွေနေပလိမ့္မည္ ။ ဒါေပမယ့္ သင့္ရဲ႕ အလွက ခႏၶာကုိယ္ ႐ုပ္ပိုင္းဆိုင္ရာ အလွသာျဖစ္တယ္ ။ ကြ်ႏ္ုပ္ရဲ႕ အလွကေတာ့ စိတ္ပိုင္းဆိုင္ရာ အလွျဖစ္တယ္ " ဟု ေျမေခြးကို က်ားသစ္ကို ေျပာၾကား လိုက္တယ္ ။

က်ေနာ္တို႔ရဲ႕ လူ႔ပတ္ဝန္းက်င္ မွာလည္း လူတခ်ိဳ႕ဟာ သူတို႔ကို လွတယ္ဟု ေျပာလာေအာင္ တခုခု လုပ္ေဆာင္၍ မသိမသာ ဟန္အမူအရာျဖင့္ ျပတတ္ေလ့ ရွိတယ္ ။ ကိုယ့္ကုိ လွတယ္ဟု ေျပာလာေအာင္ မသိမသာ အမူအရာ ျပတတ္ၾကပါတယ္ ။

တခ်ိဳ႕က်ေတာ့ ျပင္ပ ဝတ္ဆင္မွဳမ်ားကို ၾကည့္၍ ေပါင္းသင္းၾကတယ္ ။ လွ မလွ ဆံုးျဖတ္တတ္ ၾကတယ္ ။ ႐ုပ္လွပမႈ ကို ၾကည့္၍ ေပါင္းသင္း ဆက္ဆံ တတ္ၾကပါတယ္ ။

အဲလို ျပင္ပ လွပမႈကို ၾကည့္၍ ေပါင္းသင္း ဆက္ဆံ တတ္ၾကတဲ့ လူတခ်ိဳ႕ဟာ မိမိလည္း ျပင္ပလွေအာင္ တန္းတူျဖစ္လာေအာင္ ျပဳလုပ္ရင္းနဲ႔ အသိတရားမဲ့ ၊ ေငြေၾကးေတြ ပို၍ ကုန္က်မႈ မ်ားလာတတ္ ပါတယ္ ။ ပစၥည္းေတြ အသစ္အဆန္း ထြက္ေလ မိမိမွာ ပုိၿပီး လိုခ်င္ေတာင့္တေလသာ ျဖစ္တတ္ၾက ပါတယ္ ။

ေယာက္်ားေလး ၊ မိန္းကေလး ဆိုၿပီး ခဲြျခား၍ မေျပာေတာ့ပါ ။ လူသားေတြဟာ ျပင္ပ လွပမႈ ေတြကို စိတ္ဝင္စားလာရင္ အဝတ္အစား အသံုးအေဆာင္ စသည့္ အမ်ိဳးမ်ိဳးေသာ ပစၥည္းေတြ အသစ္အဆန္း ထြက္ေပၚလာသည္ႏွင့္ အမွ် ဝယ္ယူသံုးစဲြ လာၾကတတ္ ပါတယ္ ။ အသစ္အဆန္းေတြ ဝယ္ယူ၍ ဝတ္ဆင္ပါ ။ သို႔ေသာ္ လိုအပ္သည္ထက္ မဝယ္ယူဖို႔ ။ ေငြေၾကးေတြကို မျဖဳန္းတီးဖို႕ လိုအပ္လွ ပါတယ္ ။

ျပင္ပ လွပမႈဟာ အခ်ိန္ ခဏတာ အတြင္းမွာသာ လွပေနမည္ ျဖစ္၏ ။ စိတ္ရဲ႕ လွပမႈမွသာ တာရွည္စြာ ရွိေနမွာ ျဖစ္ပါတယ္ ။ ဘယ္ေလာက္ပဲ အရုပ္ဆိုးေနသူ ျဖစ္ပါေစ စိတ္လွသူ တေယာက္အတြက္ မိတ္ေဆြ ေကာင္းေတြလည္း ရရွိတတ္ပါတယ္ ။

အတြင္းစိတ္ ႏွလံုးသား လွပသူ တေယာက္အတြက္ကေတာ့ ေနရာေကာင္း ၊ မိတ္ေဆြေကာင္းေတြ မရွားပါ ။ လူအမ်ားစု ကလည္း စိတ္ႏွလံုးသား ေကာင္းတဲ့သူမ်ားႏွင့္ ေပါင္းသင္း ဆက္ဆံတတ္ၾက ပါတယ္ ။

ဒါေၾကာင့္ ျပင္ပ လွပမႈ ထက္ အတြင္း စိတ္ႏွလံုးသား လွပေအာင္ ျပဳမူေျပာဆို ေနထိုင္ပါ ။ စိတ္ႏွလံုးသား လွပေသာ လူေကာင္းလူမြန္မ်ား ျဖစ္ႏိုင္ၾကပါေစ.. ။

KaungChit

Post a Comment

0 Comments