သင့်အနေနဲ့ အိပ်မက်တွေရဲ့နောက်ကို လိုက်နိုင်ဖို့ ဘယ်တော့မှ နောက်မကျသေးပါဘူး။ Wawasan Open တက္ကသိုလ်ကနေ ကျောင်းသားကျောင်းသူပေါင်း ၇၄၀ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရကျောင်းသားကျောင်းသူပေါင်း ၇၄၀ ထဲမှာ သက်ကြီးရွယ်အို ၄ ယောက် ပါဝင်ပါတယ်။ အသက် ၇၆ နှစ်အရွယ် မဒမ် Kamilia Tan Abdullah က Commonwealth Executive MBA programme မှာ အသက်အကြီးဆုံး ဘွဲ့ရသူ ဖြစ်ပါတယ်။
အသက် ၇၁ နှစ်အရွယ် မဒမ် Mangayarkarasyနဲ့ အသက် ၇၂ နှစ်အရွယ် မဒမ် Wong Seow Chee တို့က မဟာပညာရေးဘွဲ့ MEd ကို ရရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက အင်္ဂလိပ်စာ သင်ကြားရေးကို ဒုတိယ ဘာသာစကားအဖြစ် အထူးပြုသင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၇၃ နှစ်အရွယ် မစ္စတာ Koh Choi Hing က Bacheler of Business (Hons) in sales and Marketing ဘွဲ့ကို ရရှိခဲ့ပါတယ်။
မဒမ် Wong က မဟာပညာရေးဘွဲ့ကို ရပြီးတဲ့အပြင် ၂၀၁၉ ခုနှစ် ဂျူလိုင်လတုန်းက Doctor of Business Administration (DBA) ဘွဲ့အတွက်လည်း စာရင်းသွင်းထားခဲ့ပါတယ်။ မဒမ် Wong က ငယ်ရွယ်သေးတဲ့ အတန်းဖော်တွေနဲ့ စာအတူတူ လေ့လာရတာ သဘောကျတယ်လို့ ပြောပါတယ်။
မတူညီတဲ့ အသက်အုပ်စုတွေကနေ အတွေးအမြင်တွေ အများကြီးနားထောင်လို့ရတဲ့ အခွင့်အရေးရှိတာကြောင့် အတန်းတက်ရတာ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ အသက်အရွယ် ကွာခြားပေမယ့် ငယ်ရွယ်တဲ့ အတန်းဖော်တွေက မဒမ် Wong အပေါ် ရင်းနှီးကြပါတယ်။ သူတို့ရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေကြောင့် အမြဲ အံ့အားသင့်ရတယ်လို့လည်း မဒမ် Wong က ပြောပါသေးတယ်။
မဒမ် Mangayarkarasy က စာလေ့လာရတဲ့အတွက် အကောင်းမြင်စိတ်တွေ ရှိလာကြောင်း၊ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းလာနိုင်ကြောင်း ပြောပါတယ်။ "ဘဝက အမျိုးမျိူးသော အခက်အခဲတွေကို ပေးနေမှာပါ။ အဲဒီ အခက်အခဲတွေကို အောင်မြင်အောင် ဖြေရှင်းဖို့ ရင်ဆိုင်နိုင်ရမယ်" လို့ မဒမ် Mangayarkarsy က ပြောပါတယ်။
မဒမ် Mangayarkarsy က အရင်အလုပ်ကနေ အနားယူပြီးနောက် အိမ်မှာနေရတာ ပျင်းလာပါတယ်။ အဲဒါကြောင့် ကျူရှင်ဆရာမ တစ်ယောက် ဖြစ်ချင်လာခဲ့ပါတယ်။ " ဆရာတစ်ယောက်ရဲ့ဘဝက အလွန်ကို လေးနက်ပါတယ်။ လူတိုင်းမှာ ပညာသင်ယူဖို့ အခွင့်အရေးတွေ ရှိတယ်" လို့ မဒမ် Mangayarkarsy က ပြောပါတယ်။
ပညာလို အိုသည်မရှိ ဆိုတဲ့ စကားပုံကို ဘိုးဘိုး၊ ဘွားဘွား ၄ ယောက်က သက်သေပြ သွားခဲ့တာပါ။ အဲဒါကြောင့် စာသင်ယူတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အားငယ်စရာ မလိုတော့ပါဘူးနော်။
Zombie (Lovemedia)
for zawgyi
အသက္ ၇၀ ေက်ာ္မွာ ဘြဲ႕ရေအာင္ ႀကိဳးစားသင္ယူခဲ့တဲ့ အဘိုး၊ အဘြားမ်ား
သင့္အေနနဲ႔ အိပ္မက္ေတြရဲ႕ေနာက္ကို လိုက္ႏိုင္ဖို႔ ဘယ္ေတာ့မွ ေနာက္မက်ေသးပါဘူး။ Wawasan Open တကၠသိုလ္ကေန ေက်ာင္းသားေက်ာင္းသူေပါင္း ၇၄၀ ဘြဲ႕ရခဲ့ပါတယ္။ ဘြဲ႕ရေက်ာင္းသားေက်ာင္းသူေပါင္း ၇၄၀ ထဲမွာ သက္ႀကီး႐ြယ္အို ၄ ေယာက္ ပါဝင္ပါတယ္။ အသက္ ၇၆ ႏွစ္အ႐ြယ္ မဒမ္ Kamilia Tan Abdullah က Commonwealth Executive MBA programme မွာ အသက္အႀကီးဆုံး ဘြဲ႕ရသူ ျဖစ္ပါတယ္။
အသက္ ၇၁ ႏွစ္အ႐ြယ္ မဒမ္ Mangayarkarasyနဲ႔ အသက္ ၇၂ ႏွစ္အ႐ြယ္ မဒမ္ Wong Seow Chee တို႔က မဟာပညာေရးဘြဲ႕ MEd ကို ရရွိခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးက အဂၤလိပ္စာ သင္ၾကားေရးကို ဒုတိယ ဘာသာစကားအျဖစ္ အထူးျပဳသင္ၾကားခဲ့ၾကတာ ျဖစ္ပါတယ္။ အသက္ ၇၃ ႏွစ္အ႐ြယ္ မစၥတာ Koh Choi Hing က Bacheler of Business (Hons) in sales and Marketing ဘြဲ႕ကို ရရွိခဲ့ပါတယ္။
မဒမ္ Wong က မဟာပညာေရးဘြဲ႕ကို ရၿပီးတဲ့အျပင္ ၂၀၁၉ ခုႏွစ္ ဂ်ဴလိုင္လတုန္းက Doctor of Business Administration (DBA) ဘြဲ႕အတြက္လည္း စာရင္းသြင္းထားခဲ့ပါတယ္။ မဒမ္ Wong က ငယ္႐ြယ္ေသးတဲ့ အတန္းေဖာ္ေတြနဲ႔ စာအတူတူ ေလ့လာရတာ သေဘာက်တယ္လို႔ ေျပာပါတယ္။
မတူညီတဲ့ အသက္အုပ္စုေတြကေန အေတြးအျမင္ေတြ အမ်ားႀကီးနားေထာင္လို႔ရတဲ့ အခြင့္အေရးရွိတာေၾကာင့္ အတန္းတက္ရတာ တန္ဖိုးရွိတယ္လို႔ ဆိုပါတယ္။ အသက္အ႐ြယ္ ကြာျခားေပမယ့္ ငယ္႐ြယ္တဲ့ အတန္းေဖာ္ေတြက မဒမ္ Wong အေပၚ ရင္းႏွီးၾကပါတယ္။ သူတို႔ရဲ႕ ဆန္းသစ္တဲ့ အေတြးအေခၚေတြေၾကာင့္ အၿမဲ အံ့အားသင့္ရတယ္လို႔လည္း မဒမ္ Wong က ေျပာပါေသးတယ္။
မဒမ္ Mangayarkarasy က စာေလ့လာရတဲ့အတြက္ အေကာင္းျမင္စိတ္ေတြ ရွိလာေၾကာင္း၊ ႀကဳံေတြ႕လာရတဲ့ အခက္အခဲေတြကိုလည္း ေျဖရွင္းလာႏိုင္ေၾကာင္း ေျပာပါတယ္။ "ဘဝက အမ်ိဳးမ်ိဴးေသာ အခက္အခဲေတြကို ေပးေနမွာပါ။ အဲဒီ အခက္အခဲေတြကို ေအာင္ျမင္ေအာင္ ေျဖရွင္းဖို႔ ရင္ဆိုင္ႏိုင္ရမယ္" လို႔ မဒမ္ Mangayarkarsy က ေျပာပါတယ္။
မဒမ္ Mangayarkarsy က အရင္အလုပ္ကေန အနားယူၿပီးေနာက္ အိမ္မွာေနရတာ ပ်င္းလာပါတယ္။ အဲဒါေၾကာင့္ က်ဴရွင္ဆရာမ တစ္ေယာက္ ျဖစ္ခ်င္လာခဲ့ပါတယ္။ " ဆရာတစ္ေယာက္ရဲ႕ဘဝက အလြန္ကို ေလးနက္ပါတယ္။ လူတိုင္းမွာ ပညာသင္ယူဖို႔ အခြင့္အေရးေတြ ရွိတယ္" လို႔ မဒမ္ Mangayarkarsy က ေျပာပါတယ္။
ပညာလို အိုသည္မရွိ ဆိုတဲ့ စကားပုံကို ဘိုးဘိုး၊ ဘြားဘြား ၄ ေယာက္က သက္ေသျပ သြားခဲ့တာပါ။ အဲဒါေၾကာင့္ စာသင္ယူတဲ့ေနရာမွာ ကိုယ့္ကိုယ္ကိုယ္ အားငယ္စရာ မလိုေတာ့ပါဘူးေနာ္။
Zombie (Lovemedia)
0 Comments