ကလေးတွေ ပြန်ပေးဆွဲမခံရအောင် မိဘတွေ ပြောပြထားသင့်တဲ့ အချက် (၈) ချက်

ကလေး အခိုးခံရတာ၊ ကလေးပြန်ပေးဆွဲ ခံရတာက သင်ထင်ထားတာထက် ပိုပြီး ရက်စက်ပါတယ်။ ပြန်ပေးဆွဲတဲ့သူကလည်း အမြဲတမ်းလူဆိုး မဟုတ်နိုင်သလို ကိုယ်နဲ့အသိအခင် မိတ်ဆွေထဲက လူလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို သင်မသိဘဲ တစ်ယောက်ယောက်က အယောင်ဆောင် လာခေါ်သွားတာ၊ ပြန်ပေးဆွဲသွားတာ မဖြစ်အောင် ဒီလို အချက်လေးတွေကို သင်ကြားပေးထား သင့်ပါတယ်။

၁။ အန္တရာယ် ဆိုတာ အမြဲတမ်း လူစိမ်းအဖြစ် မလာပါဘူး။

ကလေးတွေအတွက် ယုံကြည်ရမယ့်သူနဲ့ မယုံကြည်ရမယ့်သူက ခွဲခြားရခက်ပါတယ်။ သူစိမ်းတွေက ကလေးတွေကို အရမ်းရင်းနှီးအောင် ပြုလုပ်တတ်ကြပါတယ်။ ကလေးတွေ ပြန်ပေးဆွဲခံရတဲ့ အမှုတွေမှာ ကလေးတွေနဲ့ ရင်းနှီးသူကပဲ တရားခံ ဖြစ်နေတတ်တာ များပါတယ်။ အဲဒါကြောင့် မိဘဆွေမျိုးကလွဲပြီး ကလေးတွေကို ဘယ်သူခေါ်ခေါ် မလိုက်ဖို့ သင်ကြားပေးသင့်ပါတယ်။

၂။ ယုံကြည်ရမယ့်သူ စာရင်း

ကလေးတွေကို သူတို့ယုံကြည်ရမယ့် လူတွေအကြောင်း ပြောပြပေးထားဖို့ အရေးကြီးပါတယ်။ ကလေးက သင်တို့အိမ်မှာ တစ်ယောက်တည်း ရှိနေတဲ့အခါ၊ ကျောင်းမှာ လာကြိုတဲ့အခါ သင်နဲ့ကလေးအကြားမှာ လျှို့ဝှက်စကားလုံးလေးတွေကို ပြောပြပေးထားပါ။ ကလေးကို လူကြုံနဲ့ ကျောင်းကြိုခိုင်းရင်တောင် လျှို့ဝှက်စကားလုံး ရှိတဲ့အခါ ယုံကြည်ရမယ့်သူကို ကလေးက သိသွားပါတယ်။

၃။ ကားနဲ့ ဆန့်ကျင်ဘက် လားရာကို ပြေးပါ။

သင့်ရဲ့ကလေးနောက်ကို တစ်ယောက်ယောက်က ကားနဲ့လိုက်ရင် ကလေးကို ကားနဲ့ ဆန့်ကျင့်ဘက် လားရာကို ပြေယခိုင်းပါ။ အဲဒီအခါ ကားက ပြန်ကွေ့ရပြီး ကလေးထွက်ပြေးဖို့ အချိန်ပိုရပါတယ်။

၄။ ကလေးတွေ ချီထားတဲ့ အမေကို ရှာခိုင်းပါ။

သင့်ကလေးအနားမှာ ယုံကြည်ရသူ မရှိဘူးဆိုရင်၊ ကလေးက လမ်းပျောက်သွားရင် ကလေးတွေ ချီထားတဲ့အမေ၊ ကလေးပါတဲ့ အမေကို အကူအညီတောင်းဖို့ ပြောပြထားသင့်ပါတယ်။ အဲဒီအခါ ရဲကို လျင်လျင်မြန်မြန် အကူအညီ တောင်းနိုင်ပါတယ်။

၅။ ပတ်ဝန်းကျင်ကို အကူအညီ တောင်းတတ်အောင် သင်ကြားပေးပါ။

ကလေးတွေရဲ့ သဘာဝ ဂျီကျတတ်တာကြောင့် သူတို့ကို ပြန်ပေးဆွဲသွားရင်တောင် တကယ် အကူအညီ တောင်းတာလား၊ ဂျီကျနေတာလား ဆိုတာ ဘေးလူတွေ သိပ်မသိနိုင်ပါဘူး။ အဲဒါကြောင့် သင့်ကလေးကို တစ်ယောက်ယောက်က အတင်းခေါ်နေရင် " အဖေနဲ့ အမေ ဘယ်မှာလဲ၊ ကယ်ကြပါဦး၊ မသိတဲ့သူက လာခေါ်နေတယ်" စသဖြင့် အများသတိထားနိုင်မယ့် စကားမျိုး အော်ပြောတတ်ဖို့ သင်ကြားပေးသင့်ပါတယ်။

၆။ နီးစပ်ရာ ပစ္စည်းတွေကို ခွဲဖို့ပြောပါ။

ကလေးကို ပြန်ပေးဆွဲနေလို့ အော်ဖို့ အဆင်မပြေတဲ့အခါ ဘေးပတ်ဝန်းကျင်ကလူတွေ သတိပြုမိစေဖို့ နီးစပ်ရာမှန်ကို ကန်ဖို့၊ အသံကျယ်ကျယ် ပစ္စည်းတစ်ခုကို ခွဲလိုက်ဖို့ စသဖြင့် သင်ပေးထားသင့်ပါတယ်။

၇။ ငြင်းဆန်တတ်အောင် သင်ပေးပါ။

တချို့ ပြန်ပေးဆွဲသူတွေက ကလေးတွေကို မုန့်တွေ၊ အရုပ်တွေနဲ့ ဆွဲဆောင်တတ်ပါတယ်။ အဲဒါကြောင့် ကလေးကို သူစိမ်းက မုန့်ကျွေးရင်ငြင်းဖို့၊ အရုပ်ပေးရင် ငြင်းဖို့ ပြောပြသင့်ပါတယ်။

၈။ အွန်လိုင်းသုံးရာမှာလည်း သတိထားဖို့ ကလေးတွေကို သင်ပေးပါ။

တချို့ပြန်ပေးဆွဲသူတွေက ကလေးတွေကို အွန်လိုင်း app တွေကနေတဆင့် ချဉ်းကပ်တတ်ပါတယ်။ အွန်လိုင်းကနေ ကလေးတွေနဲ့ ရင်းနှီးအောင် လုပ်ပြီး ယုံကြည်မှု ရယူတာက အန္တရာယ်များပါတယ်။ အဲဒါကြောင့် အွန်လိုင်းမှာ မိသားစုဝင်တွေကလွဲလို့ သူစိမ်းတွေကို မယုံကြည်ဖို့ ပြောပြထားသင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

ကေလးေတြ ျပန္ေပးဆြဲမခံရေအာင္ မိဘေတြ ေျပာျပထားသင့္တဲ့ အခ်က္ (၈) ခ်က္

ကေလး အခိုးခံရတာ၊ ကေလးျပန္ေပးဆြဲ ခံရတာက သင္ထင္ထားတာထက္ ပိုၿပီး ရက္စက္ပါတယ္။ ျပန္ေပးဆြဲတဲ့သူကလည္း အၿမဲတမ္းလူဆိုး မဟုတ္ႏိုင္သလို ကိုယ္နဲ႔အသိအခင္ မိတ္ေဆြထဲက လူလည္း ျဖစ္ႏိုင္ပါတယ္။ အဲဒါေၾကာင့္ ကေလးေတြကို သင္မသိဘဲ တစ္ေယာက္ေယာက္က အေယာင္ေဆာင္လာေခၚသြားတာ၊ ျပန္ေပးဆြဲသြားတာ မျဖစ္ေအာင္ ဒီလို အခ်က္ေလးေတြကို သင္ၾကားေပးထား သင့္ပါတယ္။

၁။ အႏၲရာယ္ဆိုတာ အၿမဲတမ္းလူစိမ္းအျဖစ္ မလာပါဘူး။

ကေလးေတြအတြက္ ယုံၾကည္ရမယ့္သူနဲ႔ မယုံၾကည္ရမယ့္သူက ခြဲျခားရခက္ပါတယ္။ သူစိမ္းေတြက ကေလးေတြကို အရမ္းရင္းႏွီးေအာင္ ျပဳလုပ္တတ္ၾကပါတယ္။ ကေလးေတြ ျပန္ေပးဆြဲခံရတဲ့ အမႈေတြမွာ ကေလးေတြနဲ႔ ရင္းႏွီးသူကပဲ တရားခံ ျဖစ္ေနတတ္တာ မ်ားပါတယ္။ အဲဒါေၾကာင့္ မိဘေဆြမ်ိဳးကလြဲၿပီး ကေလးေတြကို ဘယ္သူေခၚေခၚ မလိုက္ဖို႔ သင္ၾကားေပးသင့္ပါတယ္။

၂။ ယုံၾကည္ရမယ့္သူ စာရင္း

ကေလးေတြကို သူတို႔ယုံၾကည္ရမယ့္ လူေတြအေၾကာင္း ေျပာျပေပးထားဖို႔ အေရးႀကီးပါတယ္။ ကေလးက သင္တို႔အိမ္မွာ တစ္ေယာက္တည္း ရွိေနတဲ့အခါ၊ ေက်ာင္းမွာ လာႀကိဳတဲ့အခါ သင္နဲ႔ကေလးအၾကားမွာ လွ်ိဳ႕ဝွက္စကားလုံးေလးေတြကို ေျပာျပေပးထားပါ။ ကေလးကို လူႀကဳံနဲ႔ ေက်ာင္းႀကိဳခိုင္းရင္ေတာင္ လွ်ိဳ႕ဝွက္စကားလုံး ရွိတဲ့အခါ ယုံၾကည္ရမယ့္သူကို ကေလးက သိသြားပါတယ္။

၃။ ကားနဲ႔ ဆန႔္က်င္ဘက္ လားရာကို ေျပးပါ။

သင့္ရဲ႕ကေလးေနာက္ကို တစ္ေယာက္ေယာက္က ကားနဲ႔လိုက္ရင္ ကေလးကို ကားနဲ႔ ဆန႔္က်င့္ဘက္ လားရာကို ေျပယခိုင္းပါ။ အဲဒီအခါ ကားက ျပန္ေကြ႕ရၿပီး ကေလးထြက္ေျပးဖို႔ အခ်ိန္ပိုရပါတယ္။

၄။ ကေလးေတြ ခ်ီထားတဲ့ အေမကို ရွာခိုင္းပါ။

သင့္ကေလးအနားမွာ ယုံၾကည္ရသူ မရွိဘူးဆိုရင္၊ ကေလးက လမ္းေပ်ာက္သြားရင္ ကေလးေတြ ခ်ီထားတဲ့အေမ၊ ကေလးပါတဲ့ အေမကို အကူအညီေတာင္းဖို႔ ေျပာျပထားသင့္ပါတယ္။ အဲဒီအခါ ရဲကို လ်င္လ်င္ျမန္ျမန္ အကူအညီေတာင္းႏိုင္ပါတယ္။

၅။ ပတ္ဝန္းက်င္ကို အကူအညီ ေတာင္းတတ္ေအာင္ သင္ၾကားေပးပါ။

ကေလးေတြရဲ႕ သဘာဝဂ်ီက်တတ္တာေၾကာင့္ သူတို႔ကို ျပန္ေပးဆြဲသြားရင္ေတာင္ တကယ္အကူအညီ ေတာင္းတာလား၊ ဂ်ီက်ေနတာလား ဆိုတာ ေဘးလူေတြ သိပ္မသိႏိုင္ပါဘူး။ အဲဒါေၾကာင့္ သင့္ကေလးကို တစ္ေယာက္ေယာက္က အတင္းေခၚေနရင္ " အေဖနဲ႔ အေမ ဘယ္မွာလဲ၊ ကယ္ၾကပါဦး၊ မသိတဲ့သူက လာေခၚေနတယ္" စသျဖင့္ အမ်ားသတိထားႏိုင္မယ့္ စကားမ်ိဳး ေအာ္ေျပာတတ္ဖို႔ သင္ၾကားေပးသင့္ပါတယ္။

၆။ နီးစပ္ရာ ပစၥည္းေတြကို ခြဲဖို႔ေျပာပါ။

ကေလးကို ျပန္ေပးဆြဲေနလို႔ ေအာ္ဖို႔ အဆင္မေျပတဲ့အခါ ေဘးပတ္ဝန္းက်င္ကလူေတြ သတိျပဳမိေစဖို႔ နီးစပ္ရာမွန္ကို ကန္ဖို႔၊ အသံက်ယ္က်ယ္ ပစၥည္းတစ္ခုကို ခြဲလိုက္ဖို႔ စသျဖင့္ သင္ေပးထားသင့္ပါတယ္။

၇။ ျငင္းဆန္တတ္ေအာင္ သင္ေပးပါ။

တခ်ိဳ႕ ျပန္ေပးဆြဲသူေတြက ကေလးေတြကို မုန႔္ေတြ၊ အ႐ုပ္ေတြနဲ႔ ဆြဲေဆာင္တတ္ပါတယ္။ အဲဒါေၾကာင့္ ကေလးကို သူစိမ္းက မုန႔္ေကြၽးရင္ျငင္းဖို႔၊ အ႐ုပ္ေပးရင္ ျငင္းဖို႔ ေျပာျပသင့္ပါတယ္။

၈။ အြန္လိုင္းသုံးရာမွာလည္း သတိထားဖို႔ ကေလးေတြကို သင္ေပးပါ။

တခ်ိဳ႕ျပန္ေပးဆြဲသူေတြက ကေလးေတြကို အြန္လိုင္း app ေတြကေနတဆင့္ ခ်ဥ္းကပ္တတ္ပါတယ္။ အြန္လိုင္းကေန ကေလးေတြနဲ႔ ရင္းႏွီးေအာင္ လုပ္ၿပီး ယုံၾကည္မႈရယူတာက အႏၲရာယ္မ်ားပါတယ္။ အဲဒါေၾကာင့္ အြန္လိုင္းမွာ မိသားစုဝင္ေတြကလြဲလို႔ သူစိမ္းေတြကို မယုံၾကည္ဖို႔ ေျပာျပထားသင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments