သင့်ချစ်သူနဲ့ ရုံးတခုတည်းမှာ အလုပ်အတူတူ လုပ်ရတာ တစ်ခါတလေ ပျော်စရာ မကောင်းပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားဖို့ ခက်ခဲလို့ပါ။ အလုပ်တူတာကြောင့် စိုးရိမ်ပူပန်တာတွေ၊ ဒေါသထွက်တာတွေ ဖြစ်တတ်ပြီး တစ်ခါတလေမှာ လမ်းခွဲရတာတောင် ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် သင့်ချစ်သူနဲ့ အလုပ်တစ်ခုထဲမှာ အတူတူလုပ်ရင် အဆိုးမြင်တဲ့ အတွေးတွေ ဖျောက်ထားလိုက်ပါ။
1. ခပ်ခွာခွာနေပါ။
ခပ်ခွာခွာနေပါ ဆိုတာက ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ချိန်ကို ခွာထားပါလို့ ပြောတာပါ။ အလုပ်တွေ အရမ်းရှုပ်နေတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် အရူးအမူး ချစ်ပြနေလို့ မဖြစ်ပါဘူး။ အဲဒါကြောင့် အလုပ်ချိန်မှာ ခပ်ခွာခွာနဲ့ သာမန်ပဲ ဆက်ဆံပါ။ အဲဒါ ပိုကောင်းပါတယ်။
2. အလုပ်နဲ့ကို ယ်ရေးကိုယ်တာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ။
အထက်မှာ ဖော်ပြထားသလိုပါပဲ။ အချစ်နဲ့ အလုပ်ကို ခွဲခြားနိုင်ပြီဆိုရင် ဘဝရဲ့ အခန်းကဏ္ဍတိုင်းမှာ အကျိုးရှိပြီး အောင်မြင်မှာပါ။
3. ထုတ်မကြွားပါနဲ့။
ရုံးတစ်ခုတည်းမှာ သင့်ချစ်သူနဲ့ အလုပ်အတူတူ လုပ်ရတာ ဘယ်လောက်တောင် ပျော်စရာကောင်းလဲနော်။ ဒါပေမယ့် တစ်ခု သတိထားရမှာက အဲဒီအကြောင်းကို တစ်လောကလုံး သိအောင် ကြွားစရာ မလိုပါဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်နေဖို့ပဲ လိုတာပါ။ နောက်ကွယ်မှာ ကဲ့ရဲ့တတ်သူတွေလည်း ရှိပါတယ်။
4. အလုပ်သဘောအရသာ ဆက်ဆံပါ။
ရုံးရောက်ရင် သင်တို့နှစ်ယောက်ဟာ သာမန် ခင်မင်သလိုပဲ ဆက်ဆံရင် သင့်အတွက်လည်း ကောင်းသလို သင့်ချစ်သူအတွက်လည်း ကောင်းပါတယ်။ ပိုပြီးတော့လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။
5. လမ်းခွဲဖြစ်ရင်တောင် အလုပ်သဘောအရ ဆက်ဆံဖို့ မမေ့ပါနဲ့။
သင်တို့နှစ်ယောက် လမ်းခွဲလိုက်တဲ့ အခါ သူ့ကိုမုန်းနေရင်တောင် တတ်နိုင်သမျှ လူကြီးကောင်းကောင်း ဆက်ဆံပြီး သဘောထားကြီး ပေးလိုက်ပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ရုံးမှာ သင်လည်း အရေးပါသလို သူလည်း အရေးပါ ပါတယ်။ ကိုယ်ရေးကိုယ်တာ မစွက်ဘဲ အလုပ်သဘောအရပဲ ဆက်ဆံမယ် ဆိုရင် နှစ်ယောက်လုံးအတွက် ကောင်းပါတယ်။
Zombie (Lovemedia)
for zawgyi
သင့္ခ်စ္သူနဲ႔ ႐ုံးတခုတည္းမွာ အလုပ္အတူတူလုပ္တဲ့အခါ သိထားသင့္တဲ့အခ်က္ (၅) ခု
သင့္ခ်စ္သူနဲ႔ ႐ုံးတခုတည္းမွာ အလုပ္အတူတူ လုပ္ရတာ တစ္ခါတေလ ေပ်ာ္စရာ မေကာင္းပါဘူး။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာ ခြဲျခားဖို႔ ခက္ခဲလို႔ပါ။ အလုပ္တူတာေၾကာင့္ စိုးရိမ္ပူပန္တာေတြ၊ ေဒါသထြက္တာေတြ ျဖစ္တတ္ၿပီး တစ္ခါတေလမွာ လမ္းခြဲရတာေတာင္ ျဖစ္တတ္ပါတယ္။ အဲဒါေၾကာင့္ သင့္ခ်စ္သူနဲ႔ အလုပ္တစ္ခုထဲမွာ အတူတူလုပ္ရင္ အဆိုးျမင္တဲ့ အေတြးေတြ ေဖ်ာက္ထားလိုက္ပါ။
1. ခပ္ခြာခြာေနပါ။
ခပ္ခြာခြာေနပါ ဆိုတာက ကိုယ္ေရးကိုယ္တာနဲ႔ အလုပ္ခ်ိန္ကို ခြာထားပါလို႔ ေျပာတာပါ။ အလုပ္ေတြ အရမ္းရႈပ္ေနတဲ့အခ်ိန္မွာ တစ္ေယာက္ကို တစ္ေယာက္ အ႐ူးအမူး ခ်စ္ျပေနလို႔ မျဖစ္ပါဘူး။ အဲဒါေၾကာင့္ အလုပ္ခ်ိန္မွာ ခပ္ခြာခြာနဲ႔ သာမန္ပဲ ဆက္ဆံပါ။ အဲဒါ ပိုေကာင္းပါတယ္။
2. အလုပ္နဲ႔ကို ယ္ေရးကိုယ္တာကို ခြဲျခားႏိုင္ဖို႔ ႀကိဳးစားပါ။
အထက္မွာ ေဖာ္ျပထားသလိုပါပဲ။ အခ်စ္နဲ႔ အလုပ္ကို ခြဲျခားႏိုင္ၿပီဆိုရင္ ဘဝရဲ႕ အခန္းက႑တိုင္းမွာ အက်ိဳးရွိၿပီး ေအာင္ျမင္မွာပါ။
3. ထုတ္မႂကြားပါနဲ႔။
႐ုံးတစ္ခုတည္းမွာ သင့္ခ်စ္သူနဲ႔ အလုပ္အတူတူ လုပ္ရတာ ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းလဲေနာ္။ ဒါေပမယ့္ တစ္ခု သတိထားရမွာက အဲဒီအေၾကာင္းကို တစ္ေလာကလုံး သိေအာင္ ႂကြားစရာ မလိုပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ေနဖို႔ပဲ လိုတာပါ။ ေနာက္ကြယ္မွာ ကဲ့ရဲ႕တတ္သူေတြလည္း ရွိပါတယ္။
4. အလုပ္သေဘာအရသာ ဆက္ဆံပါ။
႐ုံးေရာက္ရင္ သင္တို႔ႏွစ္ေယာက္ဟာ သာမန္ ခင္မင္သလိုပဲ ဆက္ဆံရင္ သင့္အတြက္လည္း ေကာင္းသလို သင့္ခ်စ္သူအတြက္လည္း ေကာင္းပါတယ္။ ပိုၿပီးေတာ့လည္း ရင္ခုန္စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။
5. လမ္းခြဲျဖစ္ရင္ေတာင္ အလုပ္သေဘာအရ ဆက္ဆံဖို႔ မေမ့ပါနဲ႔။
သင္တို႔ႏွစ္ေယာက္ လမ္းခြဲလိုက္တဲ့ အခါ သူ႔ကိုမုန္းေနရင္ေတာင္ တတ္ႏိုင္သမွ် လူႀကီးေကာင္းေကာင္း ဆက္ဆံၿပီး သေဘာထားႀကီး ေပးလိုက္ပါ။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ႐ုံးမွာ သင္လည္း အေရးပါသလို သူလည္း အေရးပါ ပါတယ္။ ကိုယ္ေရးကိုယ္တာ မစြက္ဘဲ အလုပ္သေဘာအရပဲ ဆက္ဆံမယ္ ဆိုရင္ ႏွစ္ေယာက္လုံးအတြက္ ေကာင္းပါတယ္။
Zombie (Lovemedia)
0 Comments