ဆရာငြိမ်းအေးလူ၏ (၁၆.၉.၂၀၂၁) မှ (၂၂.၉.၂၀၂၁) ထိ အဟော

တနင်္ဂနွေ

ဒီအတွင်း မိမိအရင်က ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အသီးအပွင့်တွေ ပြန်ခံစား ရတတ်ပါတယ်။ အကြီး အကဲတွေရဲ့ ကြည့်ရှု စောင့်ရှောက်မှုကို ရတဲ့သူပါ။ အလုပ်သစ်ရှာနေသူများ အလုပ်ရလိမ့်မယ်။ အိမ်တွင်းစီးပွားလုပ်သူများ အနည်းငယ် အားထည့် ကြည့်လိုက်ပါ။ ထူးခြားတဲ့ တိုးတတ်မှုတွေကို ရလိမ့်မယ်။ မင်းအစိုးရ ဌာနဆိုင်ရာနဲ့ ပတ်သက်သော အလုပ်များ တိုးတတ်နိုင်ပါတယ်။

အိမ်၊ မြေ၊ ခြံ၊ ရတနာ ရောင်းခြင်း၊ ဝယ်ခြင်း ကိစ္စများအတွက် ဒီအပတ်မှာ အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။ စပ်တူလုပ်ခြင်းများ၊ ငွေစုမဲစုခြင်းများ၊ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများ ဒီကာလမှာ အထူးရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးမှာတော့ ပုံမှန်ဖြစ်နေကျ ရောဂါလောက်သာ ဖြစ်နိုင်ပြီး သောက်နေကျ ဆေးမှီဝဲလိုက်ရုံနဲ့လဲ ပျောက်သွားတတ်ပါတယ်။

အချစ်ရေး ကိစ္စတွေမှာတော့ အနည်းငယ် စိတ်ပူစရာ ရှိပါတယ်။ ချစ်သူက ဘာမဟုတ်တဲ့ ပြဿနာလေးကို ပုံကြီးချဲ့ပြီး မိမိကို နစ်နာစွာ အပြစ်တင်ပြောဆို တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စီးပွားရေး အဆင်မပြေလို့ စိတ်ဓာတ်ကျနေတဲ့ အိမ်ထောင်ဘက်ကို နှစ်သိမ့်ပေးနေရတတ် ပါတယ်။ ပညာကိစ္စ၊ သင်တန်းကိစ္စတွေပေါ်လာရင် တက်လိုက်ပါ။ အကျိုးရှိတဲ့ ပညာတွေ ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 0 2 5

အထူးဟော ငွေကြေး အရှုပ်အရှင်း ဖြစ်ရတတ်ပါတယ်။

ပြုလုပ်ရန် ကလေးတွေကို မုန့်ဝယ်ကျွေးပါ။

တနင်္လာ

ဒီအပတ်ထဲမှာတော့ အပျော်လွန်တဲ့သူတွေ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားသူတွေ၊ မလိုအပ်ဘဲ အပြင်ထွက်သူတွေ သတိထားရမဲ့ ကာလပဲ ဖြစ်ပါတယ်။ အဖမ်းအဆီအချုပ်အနှောင်တွေ ခံရလွယ်တဲ့ ကာလပဲ ဖြစ်ပါတယ်။ ငွေကြေးကျ ပျောက်တာမျိုးတွေ ဖြစ်လွယ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ အကူအညီတွေ ရလာတတ်ပါတယ်။ ခက်ခဲနေတဲ့ ငွေကြေးကိစ္စတွေကတော့ ပြေလည်ဖို့ မလွယ်သေးဘူးဗျ။

အလုပ်တွေနဲ့ ပတ်သက်ရင် အနည်းငယ် ဖိအားတွေနဲ့ လုပ်ရတတ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားများ စိတ်ညစ်ရတတ်ပါတယ်။ အောက်လက်ငယ် သားတွေ၊ မိမိခန့်ထားတဲ့ ဝန်ထမ်းတွေ အလုပ်ထွက်သွားတာ အလုပ်ပြောင်းသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ တတ်နိုင်သမျှ လုပ်ငန်းချဲ့တာ၊ ရင်းနှီးမြုပ်နှံတာမျိုးတွေကိုတော့ ဒီအပတ်ထဲ ရှောင်လိုက်စေချင်ပါတယ်။

ခရီးတိုလေးတွေ၊ မရည်ရွယ်ဘဲ အလုပ်ကြောင့် မဖြစ်မနေ ခရီးထွက်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အစားအသောက်တွေ သတိထားစားပါ။ အစားမှား တတ်ပါတယ်။ မိုးမိ မခံပါနဲ့။ ဖျားနာတတ်ပါတယ်။ အချစ်ရေးမှာတော့ အနေဝေးသူများ အဆက်အသွယ်ထိ ပြတ်သွားတတ်ပါတယ်။ အိမ်ထောင်ရေး ကိစ္စတွေမှာတော့ အဘက်ဘက်က စိတ်ချမ်းသာစရာတွေ များနေတတ်ပါတယ်။ ပညာရေးအတွက် အားထည့်လို့ မကောင်းသေးပါ။မိမိကလဲ စိတ်မပါဘူး ဖြစ်နေမယ်။

အကျိုးပေးဂဏန်း 1 3 6

အထူူးဟော စိတ်လေလွင့် နေတတ်ပါတယ်။

ပြုလုပ်ရန် သစ္စာပန်း ဘုရားကပ်လှူ လိုက်ပါ။

အင်္ဂါ

အနည်းငယ် စိတ်ပင်ပန်းရတာလေးတွေ ဖြစ်တတ်ပါတယ်။ မိမိလက်ထဲရှိတဲ့ ဖုန်း၊ ကွန်ပျူတာ၊ နာရီစတာတွေ ပျက်စီးတာ ၊ပြုတ်ကျပြီး မှန်ကွဲတာတွေကြောင့် ငွေထွက်တတ်ပါတယ်။ မိမိနားမလည်ဘဲ စက်ပစ္စည်းတွေကိုကလိ တာမျိုးလဲ မလုပ်ပါနဲ့။ ပျက်စီးတဲ့ အခြေအနေထိ ရောက်သွားတတ်ပါတယ်။အနီးအနားမှာ လိင်မတူသူတွေနဲ့ နီးကပ်စွာ အလုပ်တွဲ လုပ်ရတာမျိုးတွေ ရှိရင် သတိထားပါ။ မထင်မှတ်ဘဲ ငြိစွန်းသွားတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။

အဲလိုဖြစ် သွားရင် ကောင်းကျိုးထက် ဆိုးကျိုးက များပါတယ်။ ငွေကြေးကံကတော့ အဝင်များအထွက်များ ဖြစ်နေတတ်ပါ တယ်။ ဘာဝယ်ဝယ် တကယ်လိုအပ်မှပဲ ဝယ်ပါလို့ အကြံပြုချင်ပါတယ်။ ခရီးသွားပြီး ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေ မှာတော့ ထင်သလောက် အဆင်ပြေမှု မရှိနိုင်သေးပါဘူး။ ကျန်းမာရေးမှာတော့ ဆိုင်ကယ်စီးသူများ သတိထားပါ။ ဆိုင်ကယ်စလစ် ဖြစ်ပြီးလဲရာမှာ ဒဏ်ရာအနာတရ ဖြစ်တတ်ပါတယ်။

မိန်းကလေးများ ဓမ္မတာနဲ့ဆိုင်သော ရောဂါများ ကိုသတိထားစေ ချင်ပါတယ်။ အချစ်ရေး ကိစ္စတွေမှာတော့ စိတ်ချမ်းသာစရာများ နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ကိုယ့်အလုပ်နဲ့ကိုယ် မအားလပ်တာနဲ့ ပြဿနာတွေလဲ မဖြစ်အားကြပါဘူး။ ပညာရေးမှာတော့ ထင်သလောက် မကောင်းတာ တွေ့ရပါတယ်။ သင်ယူတဲ့ ပညာတွေခေါင်းထဲရောက်ဖို့ ခဲယဉ်းပါတယ်။

အကျိုးပေးဂဏန်း 2 4 7

အထူးဟော အနည်းငယ် ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းရမည်

ပြုလုပ်ရန် ဘုရားရှင်အား ရွှေဆိုင်းရွှေသင်္ကန်း ကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး ရာဟု

ဒီကာလအတွင်း စိတ်ထဲမှာ သူတော်ကောင်းစိတ်လေး ကိန်းအောင်နေတတ်ပါတယ်။ ဒါကြောင့်ပဲ သူတော် ကောင်းစိတ်နဲ့ နေထိုင်လုပ်ကိုင်ခြင်းမျိုးတွေ အထူးကောင်းပါတယ်။ ဘာသာရေးကိစ္စများ ဦးစားပေးလုပ်ကိုင်လေ အဘက်ဘက်က အဆင်ပြေလေပါပဲ။ အမိအဘ ဘိုးဘွားတွေကို၊ ကျေးဇူးရှိဖူးသူတွေကို ကန်တော့တာမျိုးဆောင် ရွက်သင့်တဲ့ ကာလပါပဲ။

အလုပ်နဲ့ ပတ်သက်သော အကြံအစည်များ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ၊ အရေးကြီးတဲ့ စာချုပ်စာတန်း ချုပ်ဆိုခြင်းများ အထူးကောင်းပါတယ်။ အလုပ်များနေတာကြောင့်စိတ်ဝင်စားစရာ ကိစ္စတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။ မိမိရဲ့ကိုယ်ပိုင်အချိန်လေးတွေ နည်းသွားတတ်တဲ့ ရက်သတ္တပတ်လဲ ဖြစ်ပါတယ်။

ကျန်းမာရေး ကတော့ အထူးအဆင်ပြေပါလိမ့်မယ်။ ဆေးစား ဆေးသောက် အထူးကောင်းပါတယ်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါ လိမ့်မယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရေး သာယာပျော်ရွှင်ပါလိမ့် မယ်။ ပညာရေးကတော့ အားရစရာကောင်းတဲ့ ကာလပါပဲ။ ပညာအသစ် ရှာဖွေလို့ အထူးကောင်းပါတယ်။ ကိုယ်တိုင် self-study လုပ်ခြင်းမျိုးတွေကိုလဲ စတင်သင့်တဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း 1 3 5

အထူးဟော ကံမြင့်မားနေမည်။

ပြုလုပ်ရန် ကျေးဇူးရှိသူကို ထောက်ပံ့လိုက်ပါ။

ကြာသပတေး

ဒီကာလမှာ စိတ်ကူးထားတဲ့အတိုင်း လက်တွေ့မှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါ လိမ့်မယ်။ သူငယ်ချင်း မိတ်ဆွေ တွေနဲ့အတူ ပျော်စရာ အချိန်တွေကို ဖြတ်သန်းနိုင်ပါလိမ့်မယ်။ မိသားစုနဲ့ဘုရားဖူး ခရီးထွက်ရတာမျိုး တွေကြုံ ရတတ်ပါတယ်။ စပ်တူအလုပ်များနှင့် ပွဲစားအလုပ်များ အထူးကောင်းပါလိမ့်မယ်။ အနုစိပ်အသေးစိပ် လုပ်ငန်း များလဲ အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။ online စီးပွားရေး လုပ်ငန်းများလဲ ဒီကာလမှာ အရောင်း သွက်ပါလိမ့် မယ်။

ဖုန်းနဲ့ဆက်စပ် ပစ္စည်းများဝယ်ယူလို့ အထူးပဲ ကောင်းမွန်ပါတယ်။ ဝန်ထမ်းများ ရာထူးတိုးခြင်း ၊မျက်နှာသာ ပေးခြင်းမျိုးတွေ ဖြစ်လာ ပါလိမ့်မယ်။ ဒီကာလဟာ ဒေသန္တရ ဗဟုသုတတွေ ရလွယ်ပါတယ်။ မရောက်သော ဒေသတွေကို ခရီးထွက်ဖြစ်ပါလိမ့် မယ်။ လောင်းစကားလုပ်မိရင် ရှုံးမဲမဲပြီး ထပ်လောင်းမိတာကြောင့် ငွေကြေးနစ်နာမှုတွေ အထူးဖြစ်ရတတ်ပါတယ်။ လောင်းကစား မလုပ်မိပါစေနဲ့။

ကျန်းမာရေးကတော့ အညံ့နည်းပါတယ်။ ကျန်းမာရေး ကတော့ ဒီကာလမှာ နာတာ ရှည် ရောဂါခံစားရသူတွေတောင် ထူထူထောင်ထောင် ဖြစ်လာတတ်ပါတယ်။ အချစ်ရေးနှင့် ပတ်သက်သော အထူးကောင်းပါတယ်။ ချစ်သူဆီက လိုချင်တဲ့ အဖြေမျိုးတွေ ရလာတတ်ပါ တယ်။ အိမ်ထောင် ရေးကတော့ စိတ်ပူစရာ မရှိသေး ပါဘူး။ ပညာရေးကတော့ သင့်ရုံတော့ ကောင်းပါတယ်။

အကျိုးပေး ဂဏန်း 2 8 6

အထူးဟော စိတ်ချမ်းသာရမည်

ပြုလုပ်ရန် သစ်သီးဆွမ်း ဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တွေ မှားနေတတ်ပါတယ်။ ဒါကြောင့်ပဲ အရေးကြီးတဲ့ လုပ်ငန်းကိစ္စများ ဆုံးဖြတ်လုပ်ကိုင် ရတော့မယ်ဆိုရင် နားလည်သူကို တိုင်ပင်ပါ။ အလုပ်တွေကို မသေချာဘဲ စတင် တာမျိုးတွေ ရှောင်သင့်ပါတယ်။ တစ်ယောက်ထဲ ချွန်ပြီး ဘာမှမလုပ်ပါနဲ့၊ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမျှမျှ လုပ်ကိုင်လိုက်ပါ ။ အဆင်ပြေသွား ပါလိမ့်မယ်။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေရှိရင်တော့ သားသမီးကြောင့်ပူပန်ရတာ ငွေကုန်ရတာမျိုးတွေ ရှိတတ်ပါတယ်။

မိမိတို့အတွက် ကောင်းသော အကျိုးဆက်တွေ ရဖို့ ဒီကာလမှာအားနာတာမျိုးကို ရှောင်လိုက်စေချင်ပါတယ်။ ဆိုင်များ ဈေးရောင်းကောင်းပေမဲ့ အကြွေးကျနေတာမျိုး၊ ကန်ထရိုက်များ အလုပ်ရှိပေမဲ့ ငွေမကျသေးတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ အလွန် ကောင်းပါတယ်။ နာမာကျန်း ဖြစ်နေသူတောင်မှ နေ့လို့ထိုင်လို့ကောင်းပြီး ထူထူထောင်ထောင် ဖြစ်လာပါလိမ့် မယ်။

အချစ်ရေးမှာ ချစ်သူရဲ့ အထင်လွဲမှုက ကြီးမားလွန်းနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ခရီး များနေတာကြောင့် ဆုံချိန်နည်းပါး နေတတ်ပါတယ်။ အိမ်တွင်းရေး၊ မိသားစုအတွင်း အပူလေးတွေ ရှိနေတတ်ပါ တယ်။ ပညာရေးကတော့ အထူးကြိုးစားဖို့ လိုအပ်ပါတယ်။

အကျိုးပေးဂဏန်း 3 5 7

အထူးဟော ကံအားနည်းနေမည်။

ပြုလုပ်ရန် ပရဟိတအလုပ်တွေများများလုပ်ပါ။

စနေ

ဒီကာလအတွင်း မိမိစိတ်ကူးနဲ့ အကောင်အထည်ဖော်ထားတဲ့ ကိစ္စတွေရှိရင်တော့ လက်တွေ့လုပ်ဆောင်လို့ သင့်တော်တဲ့အချိန်ပါပဲ။ အသစ်သစ်များကို ဖန်တီးခြင်း၊ လုပ်ငန်းသစ်၊ ဆိုင်သစ် စတင်ဖွင့်လှစ်ခြင်း၊ ဘုရားပင့်ဆောင် ကိုးကွယ်ပူဇော်ခြင်းများ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်စီးပွားနဲ့ပတ်သက်လာရင် ရဲရဲရှေ့တိုး ဆောင်ရွက်မှပဲ အဆင်ပြေမှုတွေကို ရရှိပါလိမ့်မယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်သော အလုပ်အကိုင်များ တိုးတတ်ပါ လိမ့်မယ်။ အလုပ်ဟောင်းထက် အသစ်ထပ်မံတိုးချဲ့ထားတဲ့ အလုပ်သစ်တွေမှ အကျိုးအမြတ်တွေ ရရှိပါလိမ့်မယ်။ ဝန်ထမ်းများ နယ်ထွက်ရတာ၊အခြားရုံးခွဲမှာ ယာယီတာဝန်ထမ်းဆောင် ရပါလိမ့်မယ်။ မိမိရဲ့ကျန်းမာရေးကတော့ အနည်းငယ်အားနည်း နေတတ်ပါတယ်။

ခရီးထွက်ရလို့ ရေပြောင်းမြေပြောင်းဖြစ်ရကာစလို့ ကျန်းမာရေးညံ့သွား တတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းပါတယ်။ အဆင်မပြေလမ်းခွဲရမလိုဖြစ်နေတဲ့အချစ် ရေးတွေ ပြန်လည်ပြေလည် တတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သာယာမှုတွေကို ပေးပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့လဲ ကံပေးတာကြောင့် မိမိသာ ဝီရိယနည်းနည်း ပိုစိုက်လိုက်ရင် အလွန်ကောင်းပါလိမ့် မယ်။

အကျိုးပေးဂဏန်း 1 4 6

အထူးဟော ကံသင့်ပါတယ်။

ပြုလုပ်ရန် မြေပဲလေးကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။

၇ ရက်သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

0 Comments