LV အိတ်ပဲ လက်ဆောင်ရလို့ စိတ်ဆိုးသွားတဲ့ ကောင်မလေး

ကောင်မလေးတစ်ယောက်ကတော့ ရည်စားကောင်လေးက SGD -၇၀၀ ( ဒေါ်လာ- ၅၀၀) တန်တဲ့ အိတ်တစ်လုံး လက်ဆောင်ပေးလို့ စိတ်ဆိုးသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ဈေးပေါတဲ့ ဆိုင်တွေမှာပဲ လိုက်ကျွေးပြီးတော့ လက်ဆောင်ကို ဈေးကြီးတာ ပေးလို့ပါ။ ပြီးတော့ ကောင်မလေးရဲ့ အစ်မရည်းစားကတော့ သူ့အစ်မကို အမြဲတမ်း အစားကောင်း အသောက်ကောင်း ကျွေးပြီးတော့ လက်ဆောင်တွေလည်း အမြဲတမ်း ပေးနေလို့ပါ။

ဒီကိစ္စဟာ လိုင်းပေါ်မှာ ပြန့်သွားပြီးတော့ လူအများစုကတော့ အိတ်ဝယ်ပေးတဲ့ကောင်လေးဘက်ကနေပဲ ထောက်ခံပေး ခဲ့ကြပါတယ်။ ပြီးတော့ ကောင်မလေးက ကောင်လေးကို ချစ်တာမဟုတ်ဘဲ ဂုဏ်တွေ၊ ပိုက်ဆံတွေကိုပဲ မက်တာလို့ ပြောနေကြပါတယ်။

လူတွေဟာ တစ်စုံတစ်ယောက်ဆီကနေ လက်ဆောင်ရတယ် ဆိုရင် ဝမ်းသာကြပါတယ်။ ဘာအကြောင်းကြောင့် ပေးပေး ပျော်ကြပါတယ်။ အစားအစာပေးပေး၊ အရုပ်လေးပေးပေး ကြီးတာဖြစ်ဖြစ် သေးတာဖြစ်ဖြစ် ဂျီးမများ ကြပါဘူး။ ဒီမိန်းကလေးကတော့ ဂြိုဟ်သားလား ဆိုတာတော့ မပြောတတ်ပါဘူး။

မကြာသေးမီကမှ စင်ကာပူနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ကောင်မလေးက သူ့ကောင်လေးကို ကပ်စေးနည်းတယ်လို့ လူတိုင်းကို သိအောင် ပြောပြထားတာပါ။ ကောင်လေးက အမြဲတမ်း ဈေးပေါတဲ့ အစားအစာတွေ ကျွေးလို့ ကပ်စေးနည်းတယ်လို့ ပြောတာပါ။ ကောင်လေးကတော့ ကပ်စေးမနည်းဘဲ ကောင်မလေးကို LV တံဆိပ် အိတ်တစ်လုံးကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒါကို ကောင်မလေးက မကျေမနပ် ဖြစ်ခဲ့တာပါ။

ကောင်မလေးက ကောင်လေးကို မကျေနပ်တာက LV အိတ်ပေးလို့ပါတဲ့။ ဘာလို့လဲ ဆိုတော့ သူ့အစ်မရဲ့ ရည်းစားက သူ့အစ်မကို Chanel အိတ်ပေးတယ်။ သူ့ကျတော့ LV အိတ်ပဲပေးလို့ စိတ်ဆိုးခြင်း ဖြစ်ပါတယ်လို့ ပြောပါတယ်။ Chanel အိတ်က SGD 1,000 (ဒေါ်လာ ၇၃၀) တန်ပါတယ်။

ကောင်မလေး လိုင်းပေါ်တင်ထားတာကတော့ ' Chanel အိတ်က LV အိတ်ထက် အများကြီး ပိုချစ်ဖို့ကောင်းပါတယ်။ LV အိတ်ဆိုတာက ပိုက်ဆံမရှိတဲ့ ဆင်းရဲတဲ့ သူတွေပဲ ကိုင်တာ ' လို့ တင်ထားတာပါ။

ကောင်မလေးကတော့ လက်ဆောင် ပစ္စည်းတွေကို နှိုင်းယှဉ်တာနဲ့တင် မပြီးသေးပါဘူး။ စင်္ကာပူမှာ Lock Down ကာလပြုလုပ်တုန်းက သူ့အစ်မကို အစ်မရည်းစားက Crystal Jade နှင့် Paradise Dynasty လိုမျိုး ဆိုင်ကြီးတွေက အစားအသောက်ကောင်းတွေကို မှာပြီးကျွေးတယ်လို့ ပြောပါတယ်။ ကောင်မလေးကိုကျတော့ Swensen's နှင့် Ichiban လိုမျိူးဆိုင်က အစားအသောက်တွေပဲ ကျွေးတယ်လို့ ပြောပါတယ်။

တကယ်တမ်းတော့လည် ဒီဆိုင်တွေက သိပ်မကွာပါဘူး။ အလယ်အလတ်တန်းစားတွေ စားသောက်နိုင်တဲ့ ဆိုင်မျိုးတွေပါ။ ဒါကို ကောင်မလေးက သူ့အတွက်ဆို ဈေးပေါတာပဲ လုပ်ပေးတာလို့ ထင်နေပါတယ်။

ကောင်မလေးရဲ့ ရည်းစားက တစ်လကို SGD -5000 ( ဒေါ်လာ- ၃၆၀၀) ရပြီးတော့ ကောင်မလေးအစ်မဖြစ်သူရဲ့ ရည်းစားက SGD - 4000 (ဒေါ်လာ- ၂၉၀၀) သာရပါတယ်။ ကောင်မလေးရဲ့အစ်မဖြစ်သူက ရည်းစားဆီကနေ လစဉ်SGD -1000 (ဒေါ်လာ- ၇၃၀) ရပြီးတော့ စိတ်ဆိုးတဲ့ ကောင်မလေးကတော့ ထက်ဝက်ပဲ ရပါတယ်။

ကောင်မလေးကို ပိုက်ဆံပေးသင့်လား ?

တချို့လေးနက်တဲ့ ဆက်ဆံရေးတွေမှာ ကောင်လေးတွေက သူတို့ကောင်မလေး သုံးဖို့အတွက် ပိုက်ဆံတွေ ပေးထားတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ နှစ်ယောက်ရှေ့ရေးအတွက် စုဆောင်းထားခြင်းမျိုး ဖြစ်သလို တစ်ယောက်အကြောင်း တစ်ယောက် ပိုနားလည်စေပါတယ်။

ဒီလိုပေးတာဟာ ရည်းစားတွဲခပေးတာမျိူး မဟုတ်ပါဘူး။ ဒီလိုပေးလို့ အဆင်ပြေတဲ့ စုံတွဲမျိူးရှိကြသလို ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ပြဿနာတက်ရတဲ့ စုံတွဲတွေလည်း အများကြီးပါ။

အဓိကအချက်ကတော့ နှစ်ယောက်သား နားလည်မှု ရှိနေဖို့ပါပဲ။ တစ်ယောက်နှင့် တစ်ယောက်သာ နားလည်ပေးနိုင်ရင် ဒီလို ကိစ္စတွေက အသေးအဖွဲပါပဲ။

Zombie (Lovemedia)

for zawgyi

LV အိတ္ပဲ လက္ေဆာင္ရလို႔ စိတ္ဆိုးသြားတဲ့ ေကာင္မေလး

ေကာင္မေလးတစ္ေယာက္ကေတာ့ ရည္စားေကာင္ေလးက SGD -၇၀၀( ေဒၚလာ- ၅၀၀)တန္တဲ့ အိတ္တစ္လုံးလက္ေဆာင္ေပးလို႔ စိတ္ဆိုးသြားခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ကိုေဈးေပါတဲ့ ဆိုင္ေတြမွာပဲ လိုက္ေကြၽးၿပီးေတာ့ လက္ေဆာင္ကို ေဈးႀကီးတာေပးလို႔ပါ။ ၿပီးေတာ့ ေကာင္မေလးရဲ႕ အစ္မရည္းစားကေတာ့ သူ႔အစ္မကို အၿမဲတမ္း အစားေကာင္း အေသာက္ေကာင္း ေကြၽးၿပီးေတာ့ လက္ေဆာင္ေတြလည္း အၿမဲတမ္း ေပးေနလို႔ပါ။

ဒီကိစၥဟာ လိုင္းေပၚမွာ ျပန႔္သြားၿပီးေတာ့ လူအမ်ားစုကေတာ့ အိတ္ဝယ္ေပးတဲ့ေကာင္ေလးဘက္ကေနပဲ ေထာက္ခံေပး ခဲ့ၾကပါတယ္။ ၿပီးေတာ့ ေကာင္မေလးက ေကာင္ေလးကို ခ်စ္တာမဟုတ္ဘဲ ဂုဏ္ေတြ၊ ပိုက္ဆံေတြကိုပဲ မက္တာလို႔ ေျပာေနၾကပါတယ္။

လူေတြဟာ တစ္စုံတစ္ေယာက္ဆီကေန လက္ေဆာင္ရတယ္ ဆိုရင္ ဝမ္းသာၾကပါတယ္။ ဘာအေၾကာင္းေၾကာင့္ ေပးေပး ေပ်ာ္ၾကပါတယ္။ အစားအစာေပးေပး၊ အ႐ုပ္ေလးေပးေပး ႀကီးတာျဖစ္ျဖစ္ ေသးတာျဖစ္ျဖစ္ ဂ်ီးမမ်ား ၾကပါဘူး။ ဒီမိန္းကေလးကေတာ့ ၿဂိဳဟ္သားလား ဆိုတာေတာ့ မေျပာတတ္ပါဘူး။

မၾကာေသးမီကမွ စင္ကာပူႏိုင္ငံမွာ ျဖစ္ခဲ့တာပါ။ ေကာင္မေလးက သူ႔ေကာင္ေလးကို ကပ္ေစးနည္းတယ္လို႔ လူတိုင္းကို သိေအာင္ ေျပာျပထားတာပါ။ ေကာင္ေလးက အၿမဲတမ္း ေဈးေပါတဲ့ အစားအစာေတြ ေကြၽးလို႔ ကပ္ေစးနည္းတယ္လို႔ ေျပာတာပါ။ ေကာင္ေလးကေတာ့ ကပ္ေစးမနည္းဘဲ ေကာင္မေလးကို LV တံဆိပ္ အိတ္တစ္လုံးကို လက္ေဆာင္ေပးခဲ့ပါတယ္။ ဒါကို ေကာင္မေလးက မေက်မနပ္ ျဖစ္ခဲ့တာပါ။

ေကာင္မေလးက ေကာင္ေလးကို မေက်နပ္တာက LV အိတ္ေပးလို႔ပါတဲ့။ ဘာလို႔လဲ ဆိုေတာ့ သူ႔အစ္မရဲ႕ ရည္းစားက သူ႔အစ္မကို Chanel အိတ္ေပးတယ္။ သူ႔က်ေတာ့ LV အိတ္ပဲေပးလို႔ စိတ္ဆိုးျခင္း ျဖစ္ပါတယ္လို႔ ေျပာပါတယ္။ Chanel အိတ္က SGD 1,000 (ေဒၚလာ ၇၃၀) တန္ပါတယ္။

ေကာင္မေလး လိုင္းေပၚတင္ထားတာကေတာ့ ' Chanel အိတ္က LV အိတ္ထက္ အမ်ားႀကီး ပိုခ်စ္ဖို႔ေကာင္းပါတယ္။ LV အိတ္ဆိုတာက ပိုက္ဆံမရွိတဲ့ ဆင္းရဲတဲ့ သူေတြပဲ ကိုင္တာ ' လို႔ တင္ထားတာပါ။

ေကာင္မေလးကေတာ့ လက္ေဆာင္ ပစၥည္းေတြကို ႏႈိင္းယွဥ္တာနဲ႔တင္ မၿပီးေသးပါဘူး။ စကၤာပူမွာ Lock Down ကာလျပဳလုပ္တုန္းက သူ႔အစ္မကို အစ္မရည္းစားက Crystal Jade ႏွင့္ Paradise Dynasty လိုမ်ိဳး ဆိုင္ႀကီးေတြက အစားအေသာက္ေကာင္းေတြကို မွာၿပီးေကြၽးတယ္လို႔ ေျပာပါတယ္။ ေကာင္မေလးကိုက်ေတာ့ Swensen's ႏွင့္ Ichiban လိုမ်ိဴးဆိုင္က အစားအေသာက္ေတြပဲ ေကြၽးတယ္လို႔ ေျပာပါတယ္။

တကယ္တမ္းေတာ့လည္ ဒီဆိုင္ေတြက သိပ္မကြာပါဘူး။ အလယ္အလတ္တန္းစားေတြ စားေသာက္ႏိုင္တဲ့ ဆိုင္မ်ိဳးေတြပါ။ ဒါကို ေကာင္မေလးက သူ႔အတြက္ဆို ေဈးေပါတာပဲ လုပ္ေပးတာလို႔ ထင္ေနပါတယ္။

ေကာင္မေလးရဲ႕ ရည္းစားက တစ္လကို SGD -5000 ( ေဒၚလာ- ၃၆၀၀) ရၿပီးေတာ့ ေကာင္မေလးအစ္မျဖစ္သူရဲ႕ ရည္းစားက SGD - 4000 (ေဒၚလာ- ၂၉၀၀) သာရပါတယ္။ ေကာင္မေလးရဲ႕အစ္မျဖစ္သူက ရညည္းစားဆီကေန လစဥ္SGD -1000 (ေဒၚလာ- ၇၃၀) ရၿပီးေတာ့ စိတ္ဆိုးတဲ့ ေကာင္မေလးကေတာ့ ထက္ဝက္ပဲ ရပါတယ္။

ေကာင္မေလးကို ပိုက္ဆံေပးသင့္လား ?

တခ်ိဳ႕ေလးနက္တဲ့ ဆက္ဆံေရးေတြမွာ ေကာင္ေလးေတြက သူတို႔ေကာင္မေလး သုံးဖို႔အတြက္ ပိုက္ဆံေတြ ေပးထားတတ္ၾကပါတယ္။ ဒီလိုလုပ္ျခင္းဟာ ႏွစ္ေယာက္ေရွ႕ေရးအတြက္ စုေဆာင္းထားျခင္းမ်ိဳး ျဖစ္သလို တစ္ေယာက္အေၾကာင္း တစ္ေယာက္ ပိုနားလည္ေစပါတယ္။ ဒီလိုေပးတာဟာ ရည္းစားတြဲခေပးတာမ်ိဴး မဟုတ္ပါဘူး။ ဒီလိုေပးလို႔ အဆင္ေျပတဲ့ စုံတြဲမ်ိဴးရွိၾကသလို ေငြေရးေၾကးေရးနဲ႔ပတ္သက္ၿပီး ျပႆနာတက္ရတဲ့ စုံတြဲေတြလည္း အမ်ားႀကီးပါ။

အဓိကအခ်က္ကေတာ့ ႏွစ္ေယာက္သား နားလည္မႈ ရွိေနဖို႔ပါပဲ။ တစ္ေယာက္ႏွင့္ တစ္ေယာက္သာ နားလည္ေပးႏိုင္ရင္ ဒီလို ကိစၥေတြက အေသးအဖြဲပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments