ဒေါသထွက်ခြင်းကို ထိန်းချုပ်နိုင်မယ့် နည်းလမ်း (၁၀) ခု

ဒေါသထွက်တယ် ဆိုတာ လူတွေရဲ့သဘာဝပါပဲ။ ဒေါသ ဆိုတာ အတွင်းစိတ်ရဲ့ ရောင်ပြန်ဟပ်မှုပါ။ ဒေါသက တစ်ခါတလေမှာ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ဖိအားပေးပါတယ်။ ဒါပေမယ့် ဒေါသကို မထိန်းချုပ်နိုင်ရင် ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ပြင်ပလောကနဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။

1. ဒေါသဖြစ်ရတဲ့ အကြောင်းအရင်းကို စာရွက်ပေါ် ချရေးပြီး ဒေါသကို ဖြေဖျောက်ပါ၊

ဒေါသဖြစ်ရတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ အဲဒါကြောင့် စာရွက်ပေါ်မှာ ချရေးခြင်းက အသုံးဝင်ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းအရင်းကို အသေးစိတ် တစ်ချက်ချင်း သိလာရတဲ့ အခါ ခန္ဓာကိုယ်က တင်းအားတွေ လျောကျသွားပါတယ်။ ပြီးတော့ လွတ်လွတ်လပ်လပ်သာ တွေးပစ်လိုက်ပါ။ ရေးထားတဲ့ အကြောင်းအရင်းတွေ နည်းလာလေလေ စိတ်ငြိမ်းချမ်းလာလေလေ ပါပဲ။

2. ရင်းနှီးတဲ့ တစ်ယောက်ယောက်ကို ဖက်ထားလိုက်ပါ။

ဒေါသထွက်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်ကို ရင်းရင်းနှီးနှီး ဖက်လိုက်ခြင်းက ပျော်ရွှင်ပြီး အားရကျေနပ် စေပါတယ်။

3. ပီကေ ဝါးပါ။

ပီကေဝါးခြင်းက အနီးအနားက လူတွေအပေါ် ရန်လိုမှုကို လျော့နည်းစေပါတယ်။ မေးရိုးတွေ လှုပ်ရှားနေရတဲ့အခါ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတင်းမာမှုတွေ နည်းသွားပါတယ်။ အဲဒါကြောင့် ပီကေဆောင် ထားပါနော်။

4. လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးခြင်း

ဒေါသတွေ ထွက်လာပြီဆိုရင် မိနစ် 20 လောက် လမ်းလျှောက်လိုက်ပါ ။ အဲဒီအခါ ဦးနှောက်က ပျော်ရွှင်မှု ဟော်မုန်းကို ထုတ်ပေးပါတယ်။ ပျော်ရွှင်မှု ဟော်မုန်း ထွက်လာပြီးနောက်မှာ ဒေါသတွေ၊ စိတ်အလိုမကျမှုတွေ ပျောက်သွားပါတယ်။

5. အကြိုက်ဆုံး သီချင်းကို ဆိုလိုက်ပါ။

သီချင်းဆိုခြင်းက စိတ်ညစ်စရာတွေ၊ ဒေါသထွက်စရာတွေကို လျှော့ချပေးပါတယ်။ ဒေါသထွက်လာပြီ ဆိုရင် လူတွေနဲ့ဝေးတဲ့ တစ်နေရာကို တစ်ယောက်တည်း သွားပြီးသီချင်းတွေ အော်ဆိုလိုက်ပါ။ သီချင်းဆိုရင်းနဲ့ ပျော်လာပါလိမ့်မယ်။ စိတ်ညစ်စရာတွေလည်း ထွက်ပြေးသွားပါလိမ့်မယ်။

6. ကျွပ်ဆတ်တဲ့ စားစရာတွေကို ဝါးစားလိုက်ပါ။

ဒေါသကလည်း ထွက်နေတယ်၊ အစားကလဲ အများကြီးမစားချင်ဘူး ဆိုရင် မုန့်ကြွပ် ဒါမှမဟုတ် ကျွပ်ဆတ်တဲ့ တစ်ခုခုကို ဝါးစားလိုက်ပါ။ လူတွေက တကျွတ်ကျွတ်ဝါးသံကို ကြားရရင် စိတ်တွေပြေလျော့ တတ်ပါတယ်။

7. လက်ဖျောက် တီးပါ။

ဒေါသတွေထွက်ပြီး နှလုံးတအားတုန်လာရင် လက်ဖျောက် တီးလိုက်ပါ။ လက်ဖျောက်တီးတဲ့ အသံကို စိတ်ကို ရွှင်လန်းစေ ပါတယ်။ လက်မမှာ သွေးခုန်နှုန်းရှိပါတယ်။ လက်ဖျောက်တီးခြင်းဖြင့် သွေးခုန်နှူန်းကို ငြိမ်စေပြီး နှလုံးခုန်မြန်နေခြင်းကို နှေးသွားစေ ပါတယ်။

8. အိမ်အလုပ်တွေ လုပ်လိုက်ပါ။

ဒီနည်းက အတော် အကျိုးရှိပါတယ်။ ဘာမှမတွေးတော့ပဲ အိမ်အလုပ် လုပ်ခြင်းက စိတ်ငြိမ်စေပါတယ်။ အပင်စိုက်ခြင်း၊ ခွေး၊ ကြောင်တွေနဲ့ဆော့ခြင်း၊ အဝတ်ရှင်းခြင်းတွေက သင့်ရဲ့စိတ်တွေကို တည်ငြိမ်စေပါတယ်။

9. အပင်တစ်ပင်နားမှာ ရပ်နေပါ။

အပင်တစ်ပင်နားမှာ 10 မိနစ်ခန့် ရပ်နေခြင်းက ဦးနှောက်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ပိုရစေပါတယ်။ အပင်တွေရဲ့ စိမ်းလန်းမှုကြောင့် သင့်အတွေးတွေက ပိုပြီးရှင်းလင်းလာ ပါလိမ့်မယ်။ ဒေါသတွေလည်း ထွက်ပြေးသွား ပါလိမ့်မယ်။ စံပယ်ပန်းရနံ့ ဒါမှမဟုတ် လာဗင်ဒါပန်းရနံ့က စိတ်ကို ကြည်လင်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

10. သင်ဒေါသထွက်မှု အချိန်ကို ရေတွက်ပါ။

ဒေါသကို အမြန်ဆုံး လျှော့နိုင်မယ့် နည်းလမ်းကတော့ အချိန်ကို ရေတွက်ခြင်းပါပဲ။ ဒေါသထွက်တဲ့ အချိန်က သိပ်ကြာသွားပါလား ဆိုပြီး သတိထားမိ လာပါလိမ့်မယ်။ အချိန်ကိုလည်း နှမြောမိ လာပါလိမ့်မယ်။ ဖုန်းထဲက နာရီကိုဖြစ်ဖြစ် အပြင်က နာရီဖြစ်ဖြစ် ကြည့်နေပြီး ဒေါသတွေကို လျှော့ချလိုက်ပါ။

Zombie (Lovemedia)

for zawgyi

ေဒါသထြက္ျခင္းကို ထိန္းခ်ဳပ္ႏိုင္မယ့္ နည္းလမ္း (၁၀) ခု

ေဒါသထြက္တယ္ ဆိုတာ လူေတြရဲ႕သဘာဝပါပဲ။ ေဒါသဆိုတာ အတြင္းစိတ္ရဲ႕ ေရာင္ျပန္ဟပ္မႈပါ။ ေဒါသက တစ္ခါတေလမွာ ေကာင္းတဲ့အရာေတြ ျဖစ္လာဖို႔ ဖိအားေပးပါတယ္။ ဒါေပမယ့္ ေဒါသကို မထိန္းခ်ဳပ္ႏိုင္ရင္ ေဆြမ်ိဳး၊ လုပ္ေဖာ္ကိုင္ဖက္၊ သူငယ္ခ်င္း၊ ျပင္ပေလာကနဲ႔ ျပႆနာ ျဖစ္ႏိုင္ပါတယ္။

1. ေဒါသျဖစ္ရတဲ့ အေၾကာင္းအရင္းကို စာ႐ြက္ေပၚ ခ်ေရးၿပီး ေဒါသကို ေျဖေဖ်ာက္ပါ၊

ေဒါသျဖစ္ရတဲ့ အေၾကာင္းအရင္းကို ရွင္းရွင္းလင္းလင္း သိဖို႔ လိုပါတယ္။ အဲဒါေၾကာင့္ စာ႐ြက္ေပၚမွာ ခ်ေရးျခင္းက အသုံးဝင္ပါတယ္။ ေဒါသျဖစ္ရတဲ့ အေၾကာင္းအရင္းကို အေသးစိတ္ တစ္ခ်က္ခ်င္း သိလာရတဲ့ အခါ ခႏၶာကိုယ္က တင္းအားေတြ ေလ်ာက်သြားပါတယ္။ ၿပီးေတာ့ လြတ္လြတ္လပ္လပ္သာ ေတြးပစ္လိုက္ပါ။ ေရးထားတဲ့ အေၾကာင္းအရင္းေတြ နည္းလာေလေလ စိတ္ၿငိမ္းခ်မ္းလာေလေလ ပါပဲ။

2. ရင္းႏွီးတဲ့ တစ္ေယာက္ေယာက္ကို ဖက္ထားလိုက္ပါ။

ေဒါသထြက္ေနတဲ့ အခ်ိန္မွာ တစ္ေယာက္ေယာက္ကို ရင္းရင္းႏွီးႏွီး ဖက္လိုက္ျခင္းက ေပ်ာ္႐ႊင္ၿပီး အားရေက်နပ္ ေစပါတယ္။

3. ပီေက ဝါးပါ။

ပီေကဝါးျခင္းက အနီးအနားက လူေတြအေပၚ ရန္လိုမႈကို ေလ်ာ့နည္းေစပါတယ္။ ေမး႐ိုးေတြ လႈပ္ရွားေနရတဲ့အခါ မ်က္ႏွာနဲ႔ ခႏၶာကိုယ္မွာ ရွိတဲ့ ႂကြက္သားတင္းမာမႈေတြ နည္းသြားပါတယ္။ အဲဒါေၾကာင့္ ပီေကေဆာင္ ထားပါေနာ္။

4. လမ္းေလွ်ာက္ျခင္း သို႔မဟုတ္ ေျပးျခင္း

ေဒါသေတြ ထြက္လာၿပီဆိုရင္ မိနစ္ 20 ေလာက္ လမ္းေလွ်ာက္လိုက္ပါ ။ အဲဒီအခါ ဦးေႏွာက္က ေပ်ာ္႐ႊင္မႈ ေဟာ္မုန္းကို ထုတ္ေပးပါတယ္။ ေပ်ာ္႐ႊင္မႈ ေဟာ္မုန္း ထြက္လာၿပီးေနာက္မွာ ေဒါသေတြ၊ စိတ္အလိုမက်မႈေတြ ေပ်ာက္သြားပါတယ္။

5. အႀကိဳက္ဆုံး သီခ်င္းကို ဆိုလိုက္ပါ။

သီခ်င္းဆိုျခင္းက စိတ္ညစ္စရာေတြ၊ ေဒါသထြက္စရာေတြကို ေလွ်ာ့ခ်ေပးပါတယ္။ ေဒါသထြက္လာၿပီ ဆိုရင္ လူေတြနဲ႔ေဝးတဲ့ တစ္ေနရာကို တစ္ေယာက္တည္း သြားၿပီးသီခ်င္းေတြ ေအာ္ဆိုလိုက္ပါ။ သီခ်င္းဆိုရင္းနဲ႔ ေပ်ာ္လာပါလိမ့္မယ္။ စိတ္ညစ္စရာေတြလည္း ထြက္ေျပးသြားပါလိမ့္မယ္။

6. ကြၽပ္ဆတ္တဲ့ စားစရာေတြကို ဝါးစားလိုက္ပါ။

ေဒါသကလည္း ထြက္ေနတယ္၊ အစားကလဲ အမ်ားႀကီးမစားခ်င္ဘူး ဆိုရင္ မုန႔္ႂကြပ္ ဒါမွမဟုတ္ ကြၽပ္ဆတ္တဲ့ တစ္ခုခုကို ဝါးစားလိုက္ပါ။ လူေတြက တကြၽတ္ကြၽတ္ဝါးသံကို ၾကားရရင္ စိတ္ေတြေျပေလ်ာ့ တတ္ပါတယ္။

7. လက္ေဖ်ာက္ တီးပါ။

ေဒါသေတြထြက္ၿပီး ႏွလုံးတအားတုန္လာရင္ လက္ေဖ်ာက္ တီးလိုက္ပါ။ လက္ေဖ်ာက္တီးတဲ့ အသံကို စိတ္ကို ႐ႊင္လန္းေစ ပါတယ္။ လက္မမွာ ေသြးခုန္ႏႈန္းရွိပါတယ္။ လက္ေဖ်ာက္တီးျခင္းျဖင့္ ေသြးခုန္ႏႉန္းကို ၿငိမ္ေစၿပီး ႏွလုံးခုန္ျမန္ေနျခင္းကို ေႏွးသြားေစ ပါတယ္။

8. အိမ္အလုပ္ေတြ လုပ္လိုက္ပါ။

ဒီနည္းက အေတာ္ အက်ိဳးရွိပါတယ္။ ဘာမွမေတြးေတာ့ပဲ အိမ္အလုပ္ လုပ္ျခင္းက စိတ္ၿငိမ္ေစပါတယ္။ အပင္စိုက္ျခင္း၊ ေခြး၊ ေၾကာင္ေတြနဲ႔ေဆာ့ျခင္း၊ အဝတ္ရွင္းျခင္းေတြက သင့္ရဲ႕စိတ္ေတြကို တည္ၿငိမ္ေစပါတယ္။

9. အပင္တစ္ပင္နားမွာ ရပ္ေနပါ။

အပင္တစ္ပင္နားမွာ 10 မိနစ္ခန႔္ ရပ္ေနျခင္းက ဦးေႏွာက္အတြက္ လိုအပ္တဲ့ ေအာက္ဆီဂ်င္ကို ပိုရေစပါတယ္။ အပင္ေတြရဲ႕ စိမ္းလန္းမႈေၾကာင့္ သင့္အေတြးေတြက ပိုၿပီးရွင္းလင္းလာ ပါလိမ့္မယ္။ ေဒါသေတြလည္း ထြက္ေျပးသြား ပါလိမ့္မယ္။ စံပယ္ပန္းရနံ႔ ဒါမွမဟုတ္ လာဗင္ဒါပန္းရနံ႔က စိတ္ကို ၾကည္လင္ေစၿပီး ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစပါတယ္။

10. သင္ေဒါသထြက္မႈ အခ်ိန္ကို ေရတြက္ပါ။

ေဒါသကို အျမန္ဆုံး ေလွ်ာ့ႏိုင္မယ့္ နည္းလမ္းကေတာ့ အခ်ိန္ကို ေရတြက္ျခင္းပါပဲ။ ေဒါသထြက္တဲ့ အခ်ိန္က သိပ္ၾကာသြားပါလား ဆိုၿပီး သတိထားမိ လာပါလိမ့္မယ္။ အခ်ိန္ကိုလည္း ႏွေျမာမိ လာပါလိမ့္မယ္။ ဖုန္းထဲက နာရီကိုျဖစ္ျဖစ္ အျပင္က နာရီျဖစ္ျဖစ္ ၾကည့္ေနၿပီး ေဒါသေတြကို ေလွ်ာ့ခ်လိုက္ပါ။

Zombie (Lovemedia)

Post a Comment

0 Comments