လူ့ရဲ့အလို နတ်မလိုက်နိုင်

တစ်ခါတုန်းက လူတစ်ယောက်သည် တောထဲသို့ ထင်းခုတ်သွားရင်း တောကြီးမျက်မည်းတွင် လမ်းမှားကာ ဒုက္ခရောက် ရှာလေသည်။ ထိုအခါ ထိုလူသည် နတ်ဒေဝါများကို တိုင်တည်၍ သူ့ကို ကူညီ မစပါရန် ဆုတောင်း လေသည်။

ထိုထင်းခုတ်သမား ယောကျာ်းသည် အကျင့်သီလ ကောင်းမွန်ကာ မိသားစုကို စောင့်ရှောက်သူ ဖြစ်သောကြောင့် ဆုတောင်းပြည့်ကာ နတ်တို့ဘုရင် သိကြားမင်း၏ မြကျောက်ဖျာသည် တင်းလာလေသည်။ ထို့ကြောင့် သိကြားမင်း လည်း မနေသာတော့ပဲ လူ့ပြည်သို့ ဆင်းကာ..

" အို.. အသင် လူသား အသင့်အား အကျွနု်ပ် လမ်းပြမည် " ဆိုကာ လက်ညှိုး ညွှန်လိုက်ရာ ရွာသို့ ရောက်သော ၊ ဖြောင့်ဖြူးသော လမ်းကြီး ပေါ်လာလေသည်။ ထိုအခါ လူသားယောကျ်ားလည်း..

" ကျေးဇူးတင်လိုက်တာ.. အရှင်သိကြားမင်းကြီးရယ်။ ဒါပေမယ့် ကျွန်တော်မျိူးမှာ တောအတွင်း မျက်စိလည် နေသည်မှာ ၃ ရက်ခန့် ဘာမျှ မစားရသေးပါသဖြင့် ခရီးဆက်ရန် အင်အား မရှိပါ။ ထို့ကြောင့် ကျွန်တော်မျိူးအား စားသောက်ဖွယ်ရာ လေးများ ပေးသနားတော်မူပါ" ဟု ပြောလေသည်။

ထိုအခါ သိကြားမင်းလည်း လက်ညှိုးဖြင့် ညွှန်ရာ လူသား၏ ရှေ့တွင် နတ်သုဒ္ဒါများ ရောက်လာလေသည်။ ဒါနဲ့ လူသားယောက်ျားလည်း အားပါးတရ စားသောက်ပြီးသော အခါ..

" ဤကဲ့သို့ သောနတ်သုဒ္ဒါကို အိမ်ရှိ ကျွန်တော်မျိူး၏ မိသားစုအားလည်း ကျွေးမွေးချင်ပါသဖြင့် တောင်းအပြည့် စားစရာများ ပေးသနားပါ အရှင်သိကြားမင်း ခင်ဗျား" ဟုပြောပြန်ရာ သိကြားမင်းလည်း လက်ညှိုးညွှန်လိုက်ရာ တောင်းအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ထပ်မံရောက်ရှိ လာလေသည်။

ထို့နောက် သိကြားမင်းက..

" ကဲ.. ကဲ.. အသင်လူသား သင်လိုချင်တာတွေ ကျွနု်ပ် ဖြည့်ဆည်းပေးပြီးပြီ။ ရွာကို မပြန်သေးဘူးလား။ ဘာတွေ ထပ်လိုပြန်ပြီတုန်း" ဟု စိတ်မရှည်စွာမေးလေသည်။ ထိုအခါ လူသားယောကျ်ား၏ စကားကြောင့် သိကြားမင်းလည်း နတ်ပြည်သို့ အမြန် ပြန်ကြွလေသတည်း။

လူသား ပြောသည်မှာကား..

" မှန်လှပါ အရှင်သိကြားမင်း ကျွန်တော်မျိူး လိုအပ်တိုင်း သိကြားမင်းကို ပြောလျှင် သိကြားမင်းကြီး ပင်ပန်းမည် စိုးသောကြောင့် သိကြားမင်း၏ လက်ညှိူးတော်အား ကျွန်တော်မျိူးအား ပေးသနားခဲ့ပါ " တဲ့။

အဲဒီက စပီး " လူ့အလို နတ်မလိုက်နိုင်" ဆိုတဲ့ စကားပုံလေး ပေါ်ပေါက် ခဲ့တာပါပဲ။ အဲ့ဒါ့ကြောင့် ကိုယ်က ဘယ်လောက်ပဲ ပေးဆပ်ပါစေ တစ်ဖက်သားက မတင်းတိမ်ဘူး ဆိုရင် စိတ်မညစ်ပါနဲ့။ သိကြားမင်းတောင်မှ အားလုံး မဖြည့်ဆည်း ပေးနိုင်ပါဘူး။ လူ့သဘာဝက ဒီလိုပဲ လို့သာ မှတ်ပါ။ ဘဝအမောတွေ ဖြေပျောက်နိုင်ပါစေ။

ဇွန်နှင်းဆီ (ရန်ကုန်တက္ကသိုလ်)

for zawgyi

လူ႔ရဲ႕အလို နတ္မလိုက္ႏိုင္

တစ္ခါတုန္းက လူတစ္ေယာက္သည္ ေတာထဲသို႔ ထင္းခုတ္သြားရင္း ေတာႀကီးမ်က္မည္းတြင္ လမ္းမွားကာ ဒုကၡေရာက္ ရွာေလသည္။ ထိုအခါ ထိုလူသည္ နတ္ေဒဝါမ်ားကို တိုင္တည္၍ သူ႔ကို ကူညီ မစပါရန္ ဆုေတာင္း ေလသည္။ ထိုထင္းခုတ္သမား ေယာက်ာ္းသည္ အက်င့္သီလ ေကာင္းမြန္ကာ မိသားစုကို ေစာင့္ေရွာက္သူ ျဖစ္ေသာေၾကာင့္ ဆုေတာင္းျပည့္ကာ နတ္တို႔ဘုရင္ သိၾကားမင္း၏ ျမေက်ာက္ဖ်ာသည္ တင္းလာေလသည္။ ထို႔ေၾကာင့္ သိၾကားမင္း လည္း မေနသာေတာ့ပဲ လူ႔ျပည္သို႔ဆင္းကာ..

" အို.. အသင္ လူသား အသင့္အား အကြၽႏု္ပ္ လမ္းျပမည္ " ဆိုကာ လက္ညႇိဳး ၫႊန္လိုက္ရာ ႐ြာသို႔ေရာက္ေသာ ၊ ေျဖာင့္ျဖဴးေသာ လမ္းႀကီး ေပၚလာေလသည္။ ထိုအခါ လူသားေယာက်္ားလည္း..

" ေက်းဇူးတင္လိုက္တာ.. အရွင္သိၾကားမင္းႀကီးရယ္။ ဒါေပမယ့္ ကြၽန္ေတာ္မ်ိဴးမွာ ေတာအတြင္း မ်က္စိလည္ ေနသည္မွာ ၃ ရက္ခန႔္ ဘာမွ် မစားရေသးပါသျဖင့္ ခရီးဆက္ရန္ အင္အား မရွိပါ။ ထို႔ေၾကာင့္ ကြၽန္ေတာ္မ်ိဴးအား စားေသာက္ဖြယ္ရာ ေလးမ်ား ေပးသနားေတာ္မူပါ" ဟု ေျပာေလသည္။

ထိုအခါ သိၾကားမင္းလည္း လက္ညႇိဳးျဖင့္ ၫႊန္ရာ လူသား၏ ေရွ႕တြင္ နတ္သုဒၵါမ်ား ေရာက္လာေလသည္။ ဒါနဲ႔ လူသားေယာက္်ားလည္း အားပါးတရ စားေသာက္ၿပီးေသာ အခါ..

" ဤကဲ့သို႔ ေသာနတ္သုဒၵါကို အိမ္ရွိ ကြၽန္ေတာ္မ်ိဴး၏ မိသားစုအားလည္း ေကြၽးေမြးခ်င္ပါသျဖင့္ ေတာင္းအျပည့္ စားစရာမ်ား ေပးသနားပါ အရွင္သိၾကားမင္း ခင္ဗ်ား" ဟုေျပာျပန္ရာ သိၾကားမင္းလည္း လက္ညႇိဳးၫႊန္လိုက္ရာ ေတာင္းအျပည့္ျဖင့္ စားေသာက္ဖြယ္ရာမ်ား ထပ္မံေရာက္ရွိ လာေလသည္။

ထို႔ေနာက္ သိၾကားမင္းက..

" ကဲ.. ကဲ.. အသင္လူသား သင္လိုခ်င္တာေတြ ကြၽႏု္ပ္ ျဖည့္ဆည္းေပးၿပီးၿပီ။ ႐ြာကို မျပန္ေသးဘူးလား။ ဘာေတြ ထပ္လိုျပန္ၿပီတုန္း" ဟု စိတ္မရွည္စြာေမးေလသည္။ ထိုအခါ လူသားေယာက်္ား၏ စကားေၾကာင့္ သိၾကားမင္းလည္း နတ္ျပည္သို႔ အျမန္ ျပန္ႂကြေလသတည္း။

လူသား ေျပာသည္မွာကား..

" မွန္လွပါ အရွင္သိၾကားမင္း ကြၽန္ေတာ္မ်ိဴး လိုအပ္တိုင္း သိၾကားမင္းကို ေျပာလွ်င္ သိၾကားမင္းႀကီး ပင္ပန္းမည္ စိုးေသာေၾကာင့္ သိၾကားမင္း၏ လက္ညႇိဴးေတာ္အား ကြၽန္ေတာ္မ်ိဴးအား ေပးသနားခဲ့ပါ " တဲ့။

အဲဒီက စပီး " လူ႔အလို နတ္မလိုက္ႏိုင္" ဆိုတဲ့ စကားပုံေလး ေပၚေပါက္ ခဲ့တာပါပဲ။ အဲ့ဒါ့ေၾကာင့္ ကိုယ္က ဘယ္ေလာက္ပဲ ေပးဆပ္ပါေစ တစ္ဖက္သားက မတင္းတိမ္ဘူး ဆိုရင္ စိတ္မညစ္ပါနဲ႔။ သိၾကားမင္းေတာင္မွ အားလုံး မျဖည့္ဆည္း ေပးႏိုင္ပါဘူး။ လူ႔သဘာဝက ဒီလိုပဲ လို႔သာ မွတ္ပါ။ ဘဝအေမာေတြ ေျဖေပ်ာက္ႏိုင္ပါေစ။

ဇြန္ႏွင္းဆီ (ရန္ကုန္တကၠသိုလ္)

Post a Comment

0 Comments