တစ်ခါတုန်းက တောလမ်းခရီး တစ်ခုမှာ အဖိုးအိုနဲ့ လူငယ်လေး တဦး တွေ့ကြတယ် ။ လူငယ်လေးက အဘိုးအိုကို မေးလိုက်တယ် ။
" အဘ ဘယ်ကိုသွားမလို့လဲ "
" ဟိုဘက်ရွာကို "
" ဒါဆို ကျနော်တို့ အတူတူ သွားကြတာပေါ့ "
" အေး ကောင်းတာပေါ့ "
" ဒါနဲ့.. ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ "
" အငြိမ့်ပွဲ ကမယ် ပြောလို့ သွားကြည့်တာကွ "
" ဟင်.. ကျနော်သာ အဘအရွယ်ဆို အငြိမ့်ပွဲ မကြည့်တော့ဘူး "
အဖိုးအိုက ဘာမှ ပြန်မပြောဘူး ။ ခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ် ။
" အဲ့ဒါ ဘာတွေလဲ အဘ "
" အရက် "
" ဟင်.. ကျနော်သာ အဘအရွယ်ဆို အရက်တွေ မသောက်တော့ဘူး "
အဖိုးအိုက ဘာမှ ပြန်မပြောဘူး ။ ခဏနေတော့ အပင်တပင် အောက်မှာ ခရီး တထောက် နားကြလေတယ် ။ လူငယ်လေးက အပင်ပေါ် မော့ကြည့်ပြီး ပြောတယ်.. ။
" ဟာ အဘ.. အပင်ပေါ်မှာ သရက်သီးတွေ ဗျ "
" ဟုတ်တယ် ၊ ဒီအပင်က အသီးက တော်တော် ကောင်းတာ ၊ ငါတို့ ငယ်ငယ်က ခူးစားနေကြကွ "
" စားချင်လိုက်တာဗျာ "
" ငါ မင်းအရွယ်တုန်းကဆို အပင်ပေါ် တက်ခူးတယ် "
ဆိုတော့ လူငယ်လေးလည်း မခံချင်ဖြစ်ပြီး အပင်ပေါ် တက်ခူး ပါလေရော ။ ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး.. ။
" အဘ လုပ်ပါအုံး ၊ ဒီ ဂွကြားကနေ ဆက် မဆင်းတတ် တော့ဘူး "
" ငါသာ မင်းအရွယ်ဆို အဲဒီ ဂွကြားကနေ ခုန်ချတယ် "
အဲ့ဒါနဲ့ အဟုတ်မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက်နှစ်ချောင်း သွင်သွင် ကျိုးပါလေရော ။
" အား.. ကျိုးပီ အဘရေ "
" ကျိုးမှာပေါ့ ဒီလောက် အမြင့်ကြီးက ခုန်ချတာ "
" ဗျာ.. ခုနပြောတော့ ကျနော့် အရွယ်သာဆို အဘ ခုန်ချတယ် ဆို "
" အေးလေ.. ငါ မင်းတို့ အရွယ်တုန်းက ဒီအပင်က နိမ့်နိမ့်လေး ကိုးကွ "
" ဂျာ.. "
Apple
for zawgyi
အသက္က စကားေျပာတယ္
တစ္ခါတုန္းက ေတာလမ္းခရီး တစ္ခုမွာ အဖိုးအိုနဲ႔ လူငယ္ေလး တဦး ေတြ႕ၾကတယ္ ။ လူငယ္ေလးက အဘိုးအိုကို ေမးလိုက္တယ္ ။
" အဘ ဘယ္ကိုသြားမလို႔လဲ "
" ဟိုဘက္႐ြာကို "
" ဒါဆို က်ေနာ္တို႔ အတူတူ သြားၾကတာေပါ့ "
" ေအး ေကာင္းတာေပါ့ "
" ဒါနဲ႔.. ဟိုဘက္႐ြာကို ဘာသြားလုပ္မွာလဲ အဘ "
" အၿငိမ့္ပြဲ ကမယ္ ေျပာလို႔ သြားၾကည့္တာကြ "
" ဟင္.. က်ေနာ္သာ အဘအ႐ြယ္ဆို အၿငိမ့္ပြဲ မၾကည့္ေတာ့ဘူး "
အဖိုးအိုက ဘာမွ ျပန္မေျပာဘူး ။ ခဏေနေတာ့ အဖိုးအိုက ပုလင္းတလုံး ထုတ္ၿပီး ေမာ့ေသာက္တယ္ ။
" အဲ့ဒါ ဘာေတြလဲ အဘ "
" အရက္ "
" ဟင္.. က်ေနာ္သာ အဘအ႐ြယ္ဆို အရက္ေတြ မေသာက္ေတာ့ဘူး "
အဖိုးအိုက ဘာမွ ျပန္မေျပာဘူး ။ ခဏေနေတာ့ အပင္တပင္ ေအာက္မွာ ခရီး တေထာက္ နားၾကေလတယ္ ။ လူငယ္ေလးက အပင္ေပၚ ေမာ့ၾကည့္ၿပီး ေျပာတယ္.. ။
" ဟာ အဘ.. အပင္ေပၚမွာ သရက္သီးေတြ ဗ် "
" ဟုတ္တယ္ ၊ ဒီအပင္က အသီးက ေတာ္ေတာ္ ေကာင္းတာ ၊ ငါတို႔ ငယ္ငယ္က ခူးစားေနၾကကြ "
" စားခ်င္လိုက္တာဗ်ာ "
" ငါ မင္းအ႐ြယ္တုန္းကဆို အပင္ေပၚ တက္ခူးတယ္ "
ဆိုေတာ့ လူငယ္ေလးလည္း မခံခ်င္ျဖစ္ၿပီး အပင္ေပၚ တက္ခူး ပါေလေရာ ။ ခူးၿပီးလို႔ ျပန္ဆင္းေတာ့ မဆင္းတတ္ေတာ့ဘူး.. ။
" အဘ လုပ္ပါအုံး ၊ ဒီ ဂြၾကားကေန ဆက္ မဆင္းတတ္ ေတာ့ဘူး "
" ငါသာ မင္းအ႐ြယ္ဆို အဲဒီ ဂြၾကားကေန ခုန္ခ်တယ္ "
အဲ့ဒါနဲ႔ အဟုတ္မွတ္ၿပီး ခုန္ခ်လိုက္တာ ေျခေထာက္ႏွစ္ေခ်ာင္း သြင္သြင္ က်ိဳးပါေလေရာ ။
" အား.. က်ိဳးပီ အဘေရ "
" က်ိဳးမွာေပါ့ ဒီေလာက္ အျမင့္ႀကီးက ခုန္ခ်တာ "
" ဗ်ာ.. ခုနေျပာေတာ့ က်ေနာ့္ အ႐ြယ္သာဆို အဘ ခုန္ခ်တယ္ ဆို "
" ေအးေလ.. ငါ မင္းတို႔ အ႐ြယ္တုန္းက ဒီအပင္က နိမ့္နိမ့္ေလး ကိုးကြ "
" ဂ်ာ.. "
Apple
0 Comments