ဝက်ခြံအမျိုးအစား (၆) မျိုးနဲ့ ဝက်ခြံတွေ ပေါက်ရတဲ့ အကြောင်းအရင်း
ဝက်ခြံဟာ ပေါက်တဲ့အမျိုးအစား (၂) မျိုး ရှိပါတယ်။ ဒါကို ရောင်ရမ်းခြင်း ဖြစ်မဖြစ်ပေါ် မူတည်ပြီးတော့ ခွဲကြည့်လို့ရပါတယ်။ ဘယ်လိုတွေ ခွဲလို့ရလည်းဆိုတော့ မရောင်ရမ်းတဲ့ ဝက်ခြံနဲ့ ရောင်ရမ်းနေတဲ့ ဝက်ခြံ ဆိုပြီး ခွဲလို့ရပါတယ်။ ရောင်ရမ်းနေတဲ့ ဝက်ခြံဟာ တော်တော်ကို ခံရခက်ပြီး အခြေအနေ ဆိုးလာရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။
အဆီဖု
ဒီအဖုလေးတွေဟာ ပတ်ပတ်လည်မှာ အနီရောင် အစက်ကလေးတွေနဲ့ ဝန်းရံပြီးတော့ ပေါက်လေ့ ရှိပါတယ်။ သူ့မှာ အဖြူရောင် ဗဟိုရှိပြီးတော့ တစ်ခါတစ်လေမှာလည်း အဖြူရောင် အစက်လေးတွေအဖြစ် တွေ့ရတတ်ပါတယ်။
သူဟာ မွေးညှင်းလေးတွေ၊ ဆံပင်လေးတွေ ကြားထဲမှာ ပေါက်ပြီးတော့ တစ်ခါတစ်လေလည်း အတွင်းထဲမှာ ပေါက်နေတတ်ပါတယ်။
အကြောင်းရင်းများ - အညစ်အကြေးများ၊ အဆီအဆီနှင့် ချွေးပေါက်များကို ပိတ်ဆို့စေသော အရေပြားဆဲလ်များကြောင့် ဒါတွေဟာ ချွေးပေါက်ထဲမှာ ပိတ်ပြီး ဖြစ်ပေါ်လာတာပါ။
ဆားဝက်ခြံ
သူကတော့ မရောင်ရမ်းတဲ့ ဝက်ခြံကနေ ဖြစ်လာပြီးတော့ အမာရွတ်တွေလည်း ဖြစ်စေပါတယ်။ သူကတော့ ပုံမှန်အသားအရေနဲ့တူပြီး အလယ်မှာတော့ ညိုနေမဲနေတတ်ပါတယ်။
အကြောင်းရင်းများ - ဒါကတော့ ချွေးပေါက်တွေ ပိတ်ရာကနေ ဖြစ်လာတာမဟုတ်ပဲ ချွေးပေါက်တွေ ကျယ်လာပြီး ဆံပင်ကျွတ်များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ရတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။
ဝက်ခြံပုန်း
ဒါတွေကတော့ အရေပြားရဲ့အောက်မှာရှိတဲ့ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေပဲ ဖြစ်ပါတယ်။ ဒီအဖုတွေ ထလာရင် အရေပြား အနီးတစ်ဝိုက် နီနေတတ်ပါတယ်။ ဒီအဖုတွေ ကြီးလာရင်တော့ ပန်းရောင် ပြောင်းသွားတတ်ပါတယ်။ သူတို့ကို မလောင်ကျွမ်းနိုင်တဲ့ ဝက်ခြံနဲ့ ယှဉ်ကြည့်ရင်တော့ အလယ်မှာ ဘာမှမဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
အကြောင်းရင်းများ - အရေပြားပိုးဝင်ခြင်း (Molluscum contagiosum)
သွေးကြောငယ်များ ဖွံ့ဖြိုးခြင်း (cherry angioma)
- နှင်းခူ
- ကြွက်နို့
ပြည်ဖု
ဒီဝက်ခြံတွေကတော့ အဝိုင်းပုံ ရှိပြီးတော့ အလယ်ဗဟိုက ပျော့စိစိ ဖြစ်နေတတ်ပါတယ်။ အထဲမှာလည်း အနီရောင် (သို့) အဖြူရောင် အရည်တွေနဲ့ ပြည့်နေတတ်ပါတယ်။
အကြောင်းရင်းများ - များသောအားဖြင့် အစားအစာ (သို့) ပတ်ဝန်းကျင် ဓာတ်မတည့်မှုကနေ ဖြစ်စေပါတယ်။
ပိုးကိုက်ခံရခြင်း (အဆိပ်ပြင်းခြင်း)
အရေပြားဟာ ဆဲလ်သေတွေ နှင့် အဆီတွေ ပိတ်ဆို့တဲ့ အခါမှာလည်း ဖြစ်တတ်ပါတယ်။
ဆင်ဝက်ခြံ
သူတို့ဟာ အရေပြားရဲ့ နက်နက်ရှိူင်းရှိုင်းနေရာမှာ ပေါက်လေ့ရှိပြီးတော့ ပြင်းပြင်းထန်ထန်လည်း ခံစားရပါတယ်။ ပြီးတော့ အမာရွတ်နဲ့ အမဲစက်လိုမျိုး အရေပြားပြဿနာတွေကိုလည်း ဖြစ်စေပါတယ်။
အကြောင်းအရင်းများ - ဒီဝက်ခြံတွေကို ရောင်ရမ်းသော ဝက်ခြံလို့ ယူဆပြီး ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေဟာ အရေပြားမျက်နှာပြင်အောက်ရှိ နက်ရှိုင်းသော ဆဲလ်များနှင့် တစ်သျှူးများကို ပျက်စီးစေတာကြောင့် ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။
ဝက်ခြံဖု (ပြည်ရှိ)
ဝက်ခြံဖြစ်စေတဲ့ pustules ပိုးတွေ ကူးစက်ခံရတဲ့အခါမှာ အရင်ဆုံးအရေပြားက နာကျင်လာပါတယ်။ ပြီးတော့ အဖုလေးပေါက်လာပြီး တဖြည်းဖြည်းနဲ့ ကြီးလာပါတယ်။ ဝက်ခြံဟာ အနီရောင်ရှိပြီးတော့ ဘေးနားမှာလည်း အဖုသေးသေးလေးတွေ အများကြီး ရှိနေတတ်ပါတယ်။ အထဲမှာလည်း ပြည်ရည်တွေနဲ့ပြည့်နေပြီးတော့ လူကို ပြင်းပြင်းထန်ထန် ကိုက်ခဲစေပါတယ်။ ပျောက်သွားရင်လည်း အမာရွတ် အမဲကြီးတွေ ကျန်နေခဲ့ပါတယ်။
အကြောင်းရင်း - ကူးစက်ခံရသော pustules
Zombie (Lovemedia)
for zawgyi
အဆီဖု
ဆားဝက်ခြံ
ဝက်ခြံပုန်း
- နှင်းခူ
- ကြွက်နို့
ပြည်ဖု
ဆင်ဝက်ခြံ
ဝက်ခြံဖု (ပြည်ရှိ)
Zombie (Lovemedia)
Post a Comment
0 Comments