စိတ်ရှည်ခြင်းရဲ့ အကျိုးကျေးဇူး

တခါတုန်းက လူတစ်ယောက်ဟာ အဖိုးတန် ရေနွေးကြမ်းအိုး တစ်လုံးကို ပိုင်ဆိုင်ထားတယ် ။ သူဟာ အဲဒီ ရေနွေးကြမ်းအိုးကို တန်ဖိုးထားလွန်းလို့ ကုတင်ခေါင်းရင်း မှာပဲ ညစဉ် ထားအိပ်သတဲ့ ။

တစ်ညမှာတော့ ရေနွေးကြမ်းအိုးကို မတော်တဆ ထိမိလို့ ရေနွေးအိုး အဖုံးဟာ ကုတင်အောက်ကို ပြုတ်ကျ ပါလေရော ။ အဲဒီလူလည်း လန့်နိုးပြီး စိတ်သောက ရောက်နေသတဲ့ ။

အိုးဖုံး မရှိတော့ဘူး ဆိုမှတော့ အိုးက ဘာအသုံး ဝင်တော့မလဲ ဆိုပြီး အဲဒီလူဟာ အိုးကို လှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက် အပြင်ဖက်ကို ပစ်ထုတ် လိုက်ပါတယ် ။

မနက် မိုးလင်းလာတော့ အိုးဖုံးဟာ ကံကောင်းထောက်မစွာနဲ့ မွေ့ရာပေါ် ကို ကျနေလို့ ကွဲမသွားဘူး ။ အဲဒီမှာ အိုးကို သူပစ်ထုတ်လိုက် မိပြီ ဆိုပြီး စိတ်တိုတိုနဲ့ အဖုံးကို နင်းခြေ လိုက်ပါလေရော ။ ဒါပေမယ့် အိမ်ပြင်ကို ထွက်တော့ ညက လွင့်ပစ်လိုက်တဲ့ အိုးဟာ မကွဲမရှဘဲ သစ်ကိုင်းထက်မှာ ချိတ်နေတာကို တွေ့လိုက်သတဲ့ ။

တခါတလေမှာ ကိစ္စရပ် တချို့က စောင့်တန်စောင့် ၊ ကြည့်တန်ကြည့် ၊ နှေးတန် နှေးရတယ် ။ အလောတကြီး ဖြစ်ဖို့ မလိုဘူး ။ ကိစ္စရပ် တော်တော် များများက ကိုယ်တွေး ထင်သလို မဟုတ် တတ်ဘူး ။

လောတယ် ၊ စိတ်ဆတ်တယ် ဆိုတာက မိစ္ဆာတကောင် လိုပါပဲ ။ ကိစ္စရပ် တော်တော်များများကို အဆိုးဘက် တွေးမြင်ပြီး ပိုဆိုးအောင် လုပ်မိစေတတ် သလို အဆင်မပြေမှုတွေနဲ့ ပိုရင်ဆိုင်ရတတ် ပါတယ် ။ ဒါကြောင့် စိတ်ငြိမ်ဖို့၊ အေးအေးသာသာ တွေးဆတတ် ဖို့ကလည်း အသိဉာဏ် တမျိုး ဖြစ်ပါတယ် ။

ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့ အခါမှာ စိတ်လောပြီး ဇွတ်မလုပ်လိုက် ပါနဲ့ ။ တချို့ ကိစ္စတွေက ကိုယ်ဘယ်လိုပဲ ကြိုးစားကြိုးစား ဖြစ်ချိန် မတန်ရင် ဖြစ်မလာတတ်သေး ပါဘူး.. စိတ်ရှည်ပါ ။

အခက်အခဲတွေ ကြုံတိုင်း စိတ်မြန်စွာ မဖြေရှင်းလိုက် ပါနဲ့ ။ တချို့ အခက်အခဲတွေက ခုရှင်းမှ အဆင်ပြေတတ် ပေမယ့် တချို့သော စိန်ခေါ်မှုတွေက ကိုယ့်ရဲ့ သည်းခံ စိတ်ရှည်တဲ့ သက်လုံကို စမ်းသပ်မှုတွေ ပါနေပါတယ် ။ စိတ်ရှည်ပါ။

စိတ်ရှည်ခြင်း ဆိုတာ အမှားကို နည်းစေသလို အလုပ် ပြီးမြောက် အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ပါ ။ စိတ်ရှည်ခြင်း ဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး တည်ငြိမ်မှုကို ရလာစေကာ အောင်မြင်မှုတွေ ရဖို့ အကောင်းဆုံး ဗျူဟာ တခုလို့ ပြောလို့ရပါတယ်။

Crd

for zawgyi

စိတ္ရွည္ျခင္းရဲ႕ အက်ဳိးေက်းဇူး

တခါတုန္းက လူတစ္ေယာက္ဟာ အဖိုးတန္ ေရေႏြးၾကမ္းအိုး တစ္လုံးကို ပိုင္ဆိုင္ထားတယ္ ။ သူဟာ အဲဒီ ေရေႏြးၾကမ္းအိုးကို တန္ဖိုးထားလြန္းလို႔ ကုတင္ေခါင္းရင္း မွာပဲ ညစဥ္ ထားအိပ္သတဲ့ ။

တစ္ညမွာေတာ့ ေရေႏြးၾကမ္းအိုးကို မေတာ္တဆ ထိမိလို႔ ေရေႏြးအိုး အဖုံးဟာ ကုတင္ေအာက္ကို ျပဳတ္က် ပါေလေရာ ။ အဲဒီလူလည္း လန႔္ႏိုးၿပီး စိတ္ေသာက ေရာက္ေနသတဲ့ ။

အိုးဖုံး မရွိေတာ့ဘူး ဆိုမွေတာ့ အိုးက ဘာအသုံး ဝင္ေတာ့မလဲ ဆိုၿပီး အဲဒီလူဟာ အိုးကို လွမ္းဆြဲၿပီး စိတ္တိုတိုနဲ႔ ျပတင္းေပါက္ အျပင္ဖက္ကို ပစ္ထုတ္ လိုက္ပါတယ္ ။

မနက္ မိုးလင္းလာေတာ့ အိုးဖုံးဟာ ကံေကာင္းေထာက္မစြာနဲ႔ ေမြ႕ရာေပၚ ကို က်ေနလို႔ ကြဲမသြားဘူး ။ အဲဒီမွာ အိုးကို သူပစ္ထုတ္လိုက္ မိၿပီ ဆိုၿပီး စိတ္တိုတိုနဲ႔ အဖုံးကို နင္းေျခ လိုက္ပါေလေရာ ။ ဒါေပမယ့္ အိမ္ျပင္ကို ထြက္ေတာ့ ညက လြင့္ပစ္လိုက္တဲ့ အိုးဟာ မကြဲမရွဘဲ သစ္ကိုင္းထက္မွာ ခ်ိတ္ေနတာကို ေတြ႕လိုက္သတဲ့ ။

တခါတေလမွာ ကိစၥရပ္ တခ်ိဳ႕က ေစာင့္တန္ေစာင့္ ၊ ၾကည့္တန္ၾကည့္ ၊ ေႏွးတန္ ေႏွးရတယ္ ။ အေလာတႀကီး ျဖစ္ဖို႔ မလိုဘူး ။ ကိစၥရပ္ ေတာ္ေတာ္ မ်ားမ်ားက ကိုယ္ေတြး ထင္သလို မဟုတ္ တတ္ဘူး ။

ေလာတယ္ ၊ စိတ္ဆတ္တယ္ ဆိုတာက မိစာၦတေကာင္ လိုပါပဲ ။ ကိစၥရပ္ ေတာ္ေတာ္မ်ားမ်ားကို အဆိုးဘက္ ေတြးျမင္ၿပီး ပိုဆိုးေအာင္ လုပ္မိေစတတ္ သလို အဆင္မေျပမႈေတြနဲ႔ ပိုရင္ဆိုင္ရတတ္ ပါတယ္ ။ ဒါေၾကာင့္ စိတ္ၿငိမ္ဖို႔၊ ေအးေအးသာသာ ေတြးဆတတ္ ဖို႔ကလည္း အသိဉာဏ္ တမ်ိဳး ျဖစ္ပါတယ္ ။

ျဖစ္ခ်င္တဲ့ ဆႏၵေတြ ျဖစ္မလာေသးတဲ့ အခါမွာ စိတ္ေလာၿပီး ဇြတ္မလုပ္လိုက္ ပါနဲ႔ ။ တခ်ိဳ႕ ကိစၥေတြက ကိုယ္ဘယ္လိုပဲ ႀကိဳးစားႀကိဳးစား ျဖစ္ခ်ိန္ မတန္ရင္ျဖစ္မလာတတ္ေသး ပါဘူး.. စိတ္ရွည္ပါ ။

အခက္အခဲေတြ ႀကဳံတိုင္း စိတ္ျမန္စြာ မေျဖရွင္းလိုက္ ပါနဲ႔ ။ တခ်ိဳ႕ အခက္အခဲေတြက ခုရွင္းမွ အဆင္ေျပတတ္ ေပမယ့္ တခ်ိဳ႕ေသာ စိန္ေခၚမႈေတြက ကိုယ့္ရဲ႕ သည္းခံ စိတ္ရွည္တဲ့ သက္လုံကို စမ္းသပ္မႈေတြ ပါေနပါတယ္ ။ စိတ္ရွည္ပါ။

စိတ္ရွည္ျခင္း ဆိုတာ အမွားကို နည္းေစသလို အလုပ္ ၿပီးေျမာက္ ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ပါ ။ စိတ္ရွည္ျခင္း ဆိုတာ ရင့္က်က္ျခင္းရဲ႕ သေကၤတျဖစ္ၿပီး တည္ၿငိမ္မႈကို ရလာေစကာ ေအာင္ျမင္မႈေတြ ရဖို႔ အေကာင္းဆုံး ဗ်ဴဟာ တခုလို႔ ေျပာလို႔ရပါတယ္။

Crd

Post a Comment

0 Comments