တော်ဝင် Elizabeth 2 ဘုရင်မကြီးနဲ့ တွေ့တဲ့အခါ ဘာတွေလုပ်သင့်သလဲ

အင်္ဂလန်နိုင်ငံရဲ့ အလွှမ်းမိုးဆုံးပုဂ္ဂိုလ် Elizabeth 2 ဘုရင်မကြီးနဲ့ တွေ့ဖို့ဆိုတာ လူတိုင်းရတဲ့ အခွင့်အရေး မဟုတ်ပါဘူး။ ဘုရင်မကြီးနဲ့ တွေ့ရတဲ့ သူတွေက တော်ဝင်မိသားစုနဲ့ အတော်ကို ရင်းနှီးတဲ့သူတွေပါပဲ။ တော်ဝင်မိသားစုနဲ့ တွေ့တဲ့အခါ မဖြစ်မနေ လုပ်ရမယ့် အပြုအမူ စည်းကမ်းတွေ မရှိပါဘူး။ လူအများစုကတော တော်ဝင်မိသားစုနဲ့ တွေ့တဲ့အခါ အစဉ်အလာ သတ်မှတ်ချက်တွေကို သိလိုကြပါတယ်။

9. ဘယ်လိုအဝတ်အစားကို ဝတ်သွားသင့်လဲ

အရောင် မနုမရင့်နဲ့ ဣန္ဒြေရတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ပါ။ ဘုရင်မကြီးရဲ့ ဝတ်စုံကို မလွှမ်းမိုးနိုင်တဲ့ အဝတ်အစားဖြစ်ဖို့ လိုပါတယ်။ အရောင်တောက်တောက်တွေ၊ လျှပ်ပေါ်လော်လီတာတဲ့ အဝတ်အစားတွေ၊ သမားရိုးကျမဟုတ်တဲ့ အဝတ်အစားတွေ ဝတ်ဖို့ မသင့်ပါဘူး။ ရိုးရိုးယဉ်ယဉ်ဝတ်ပြီး ခေတ်မီတဲ့ အမူအရာနဲ့ ဘုရင်မကြီးအပေါ် လေးစားမှုကို ပြသလိုက်ပါ။

8. ဘယ်အချိန်သွားသင့်လဲ

ပုံမှန်ဆိုရင်တော့ သင်က အချိန်မီ သွားတတ်သူပါ။ အကြီးအကဲ ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်ဆိုရင် သင်ဟာ အမြဲစောစော ရောက်သင့်ပါတယ်။ သင်က ဘုရင်မကြီးကိုပဲ စောင့်နေလိုက်ပါ။ ဘုရင်မကြီးကတော့ သင့်ကို မစောင့်ပါဘူး။

7. ဘုရင်မကြီးကို ဘယ်လိုခေါ်သင့်လဲ

ဘုရင်မကြီးကို "The Queen " လို့ ဘယ်တော့မှ မခေါ်ပါဘူး။ "Queen Elizabeth " ဆိုတာ သူမရဲ့ဘွဲ့တော်ပါ။ အဲဒီ နာမည်ကို ခေါ်လို့မရပါဘူး။ "Your Majesty" လို့ ခေါ်လို့ရပါတယ်။

6. ဦးညွှတ်ပြီး ဂါရဝပြုရမလား၊ မပြုရဘူးလား

ဦးညွှတ်ပြီး ဂါရဝပြုတာကတော့ နိုင်ငံတော် အခမ်းအနားတွေမှာ လိုက်နာသင့်တဲ့ နည်းတွေထဲမှာ မပါပါဘူး။ ဒါပေမယ့် ခေါင်းကို အနည်းငယ် ညွတ်လိုက်တာကတော့ သင့်တော်ပါတယ်။ ဘုရင်မကြီးနဲ့တွေ့တဲ့အခါ အမျိုးသမီးတွေက ရိုးရာအတိုင်း ခြေတစ်ဖက်ထုတ် ရှေ့ထုတ်ဒူးညွှတ်ပြီး ဂါရဝပြုပါတယ်။ ဒါပေမယ့် အမျိုးသားတွေကတော့ အနည်းငယ် ဦးညွှတ်ပြီး ဂါရဝပြုကြပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ပါ။

5. ဘုရင်မကြီးနဲ့ လက်ဆွဲနှုတ်ဆက်သင့်လား

ဂါရဝပြုပြီးမှသာ လက်ဆွဲ နှုတ်ဆက်ပါ။ ဒါပေမယ့် သင့်လက်ကို ဘယ်တော့မှ စပြီး မကမ်းပါနဲ့။ ဘုရင်မကြီးက စပြီး လက်ကမ်းပေးမှသာလျှင် သင့်လက်ကို လှမ်းလိုက်ပါ။ လက်ဆွဲနှုတ်ဆက်တဲ့အခါ လက်ကို တင်းတင်းကျပ်ကျပ်ကြီး ကိုင်ပြီး မနှုတ်ဆက်ပါနဲ့။

4. ဘုရင်မကြီးကို ထိလို့ရလား

မရပါဘူး။ ဘုရင်မကြီးကို အမှတ်တမဲ့တောင် ထိလို့မရပါဘူး။ ဘုရင်မကြီးနဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါပဲ ထိလို့ရပါတယ်။ တခြားအချိန်မှာတော့ ဘုရင်မကြီးကို ထိလို့မရတဲ့မူဝါဒကို သေသေချာချာ နာခံရပါတယ်။ ဘုရင်မကြီးရဲ့နောက်ကပဲ လမ်းလျှောက်ပါ။ သင်ခြေလှမ်းနေတဲ့နှုန်းကို ဘုရင်မကြီး ခြေလှမ်းနဲ့ ညှိပြီး လမ်းလျှောက်ပါ။ အမေရိကန် သမ္မတကတော်ဟောင်း Michelle Obama တစ်ယောက်တည်းကသာလျှင် စည်းမျဉ်းတွေ ဖျက်ပြီး ဘုရင်မကြီးကို ပွေ့ဖက်နှုတ်ဆက် နိုင်ခဲ့တာပါ။

3. ဘုရင်မကြီးနဲ့ ပတ်သက်ပြီး ဘာအကြောင်းပြောမလဲ

ပြုံးပြုံးရွှင်ရွှင်နဲ့ ဘုရင်မကြီး စကားစပြောတာကိုပဲ စောင့်ပါ။ ဘုရင်မကြီးနဲ့ စကားပြောနေတုန်း စကားဖြတ်ပြောတာ၊ ပြန်ပြောတာက စည်းကမ်းနဲ့မသင့်တော်ပါဘူး။ ဘုရင်မကြီး ပြောနေတဲ့အချိန်မှာ တခြားအကြောင်းအရာကို ပြောင်းပြီး မပြောသင့်ပါဘူး။

2. ဘာတွေ မလုပ်ရဘူးလဲ

ကမ္ဘာကြီးရဲ့ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ်နဲ့တွေ့ဖို့ သင်က ရောက်နေတယ် ဆိုပါစို့။ ဒီလို အချက်တွေကို လုပ်ရင်တော့ အတော်ကို ရိုင်းပျတယ်လို့ သတ်မှတ်ပါတယ်၊

- ဘုရင်မကြီးကို ကျောပေးပြီးနေခြင်း

- ဘုရင်မကြီးကို စူးစိုက်ကြည့်ခြင်း

- ဘုရင်မကြီးနှင့်အတူ selfie ရိုက်ခြင်း

- အမှတ်တရ လက်မှတ်ထိုးပေးရန်၊ ဓာတ်ပုံပေးရန် တောင်းဆိုခြင်း

- ဘုရင်မကြီးရဲ့ရှေ့က လမ်းလျှောက်ခြင်း

- ဘုရင်မကြီးမပြန်ခင် အရင်ပြန်ခြင်း

- ကိုယ်ရေးကိုယ်တာနဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးခြင်း

1. ဘာတွေ လုပ်သင့်လဲ

- လူအများကြီးနဲ့ ဘုရင်မကြီးကို တွေ့ဖိုဆိုရင် လူတွေကို စက်ဝိုင်းခြမ်း ပုံသဏ္ဍာန် ဝိုင်းလိုက်ပါ။

- ဘုရင်မကြီးနဲ့တွေ့တဲ့အခါ သင့်လက်ထဲမှာ ဘာမှ မကိုင်ထားပါနဲ့။

- ဘုရင်မကြီး ဦးဆောင်သွားရာနောက်ကိုပဲ လိုက်ပါ။

- ပြုံးပြပါ။

Elizabeth 2 ဘုရင်မကြီးက ဩစတေးလျနိုင်ငံရဲ့ ဘုရင်မကြီးလည်း ဖြစ်တယ်ဆိုတာ သင်သိပါသလား။

Zombie (Lovemedia)

for zawgyi

ေတာ္ဝင္ Elizabeth 2 ဘုရင္မႀကီးနဲ႔ ေတြ႕တဲ့အခါ ဘာေတြလုပ္သင့္သလဲ

အဂၤလန္ႏိုင္ငံရဲ႕အလႊမ္းမိုးဆုံးပုဂၢိဳလ္ Elizabeth 2 ဘုရင္မႀကီးနဲ႔ ေတြ႕ဖို႔ဆိုတာ လူတိုင္းရတဲ့ အခြင့္အေရး မဟုတ္ပါဘူး။ ဘုရင္မႀကီးနဲ႔ ေတြ႕ရတဲ့ သူေတြက ေတာ္ဝင္မိသားစုနဲ႔ အေတာ္ကို ရင္းႏွီးတဲ့သူေတြပါပဲ။ ေတာ္ဝင္မိသားစုနဲ႔ ေတြ႕တဲ့အခါ မျဖစ္မေန လုပ္ရမယ့္ အျပဳအမူ စည္းကမ္းေတြ မရွိပါဘူး။ လူအမ်ားစုကေတာ ေတာ္ဝင္မိသားစုနဲ႔ ေတြ႕တဲ့အခါ အစဥ္အလာ သတ္မွတ္ခ်က္ေတြကို သိလိုၾကပါတယ္။

9. ဘယ္လိုအဝတ္အစားကို ဝတ္သြားသင့္လဲ

အေရာင္ မႏုမရင့္နဲ႔ ဣေျႏၵရတဲ့ အဝတ္အစားမ်ိဳးကို ေ႐ြးခ်ယ္ပါ။ ဘုရင္မႀကီးရဲ႕ ဝတ္စုံကို မလႊမ္းမိုးႏိုင္တဲ့ အဝတ္အစားျဖစ္ဖို႔ လိုပါတယ္။ အေရာင္ေတာက္ေတာက္ေတြ၊ လွ်ပ္ေပၚေလာ္လီတာတဲ့ အဝတ္အစားေတြ၊ သမား႐ိုးက်မဟုတ္တဲ့ အဝတ္အစားေတြ ဝတ္ဖို႔ မသင့္ပါဘူး။ ႐ိုး႐ိုးယဥ္ယဥ္ဝတ္ၿပီး ေခတ္မီတဲ့ အမူအရာနဲ႔ ဘုရင္မႀကီးအေပၚ ေလးစားမႈကို ျပသလိုက္ပါ။

8. ဘယ္အခ်ိန္သြားသင့္လဲ

ပုံမွန္ဆိုရင္ေတာ့ သင္က အခ်ိန္မီ သြားတတ္သူပါ။ အႀကီးအကဲ ပုဂၢိဳလ္ေတြနဲ႔ ေတြ႕မယ္ဆိုရင္ သင္ဟာ အၿမဲေစာေစာ ေရာက္သင့္ပါတယ္။ သင္က ဘုရင္မႀကီးကိုပဲ ေစာင့္ေနလိုက္ပါ။ ဘုရင္မႀကီးကေတာ့ သင့္ကို မေစာင့္ပါဘူး။

7. ဘုရင္မႀကီးကို ဘယ္လိုေခၚသင့္လဲ

ဘုရင္မႀကီးကို "The Queen " လို႔ ဘယ္ေတာ့မွ မေခၚပါဘူး။ "Queen Elizabeth " ဆိုတာ သူမရဲ႕ဘြဲ႕ေတာ္ပါ။ အဲဒီ နာမည္ကို ေခၚလို႔မရပါဘူး။ "Your Majesty" လို႔ ေခၚလို႔ရပါတယ္။

6. ဦးၫႊတ္ၿပီး ဂါရဝျပဳရမလား၊ မျပဳရဘူးလား

ဦးၫႊတ္ၿပီး ဂါရဝျပဳတာကေတာ့ ႏိုင္ငံေတာ္ အခမ္းအနားေတြမွာ လိုက္နာသင့္တဲ့ နည္းေတြထဲမွာ မပါပါဘူး။ ဒါေပမယ့္ ေခါင္းကို အနည္းငယ္ ၫြတ္လိုက္တာကေတာ့ သင့္ေတာ္ပါတယ္။ ဘုရင္မႀကီးနဲ႔ေတြ႕တဲ့အခါ အမ်ိဳးသမီးေတြက ႐ိုးရာအတိုင္း ေျခတစ္ဖက္ထုတ္ ေရွ႕ထုတ္ဒူးၫႊတ္ၿပီး ဂါရဝျပဳပါတယ္။ ဒါေပမယ့္ အမ်ိဳးသားေတြကေတာ့ အနည္းငယ္ ဦးၫႊတ္ၿပီး ဂါရဝျပဳၾကပါတယ္။ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ခ်စ္စရာေကာင္းတဲ့ ဓေလ့ပါ။

5. ဘုရင္မႀကီးနဲ႔ လက္ဆြဲႏႈတ္ဆက္သင့္လား

ဂါရဝျပဳၿပီးမွသာ လက္ဆြဲ ႏႈတ္ဆက္ပါ။ ဒါေပမယ့္ သင့္လက္ကို ဘယ္ေတာ့မွ စၿပီး မကမ္းပါနဲ႔။ ဘုရင္မႀကီးက စၿပီး လက္ကမ္းေပးမွသာလွ်င္ သင့္လက္ကို လွမ္းလိုက္ပါ။ လက္ဆြဲႏႈတ္ဆက္တဲ့အခါ လက္ကို တင္းတင္းက်ပ္က်ပ္ႀကီး ကိုင္ၿပီး မႏႈတ္ဆက္ပါနဲ႔။

4. ဘုရင္မႀကီးကို ထိလို႔ရလား

မရပါဘူး။ ဘုရင္မႀကီးကို အမွတ္တမဲ့ေတာင္ ထိလို႔မရပါဘူး။ ဘုရင္မႀကီးနဲ႔ လက္ဆြဲႏႈတ္ဆက္တဲ့အခါပဲ ထိလို႔ရပါတယ္။ တျခားအခ်ိန္မွာေတာ့ ဘုရင္မႀကီးကို ထိလို႔မရတဲ့မူဝါဒကို ေသေသခ်ာခ်ာ နာခံရပါတယ္။ ဘုရင္မႀကီးရဲ႕ေနာက္ကပဲ လမ္းေလွ်ာက္ပါ။ သင္ေျခလွမ္းေနတဲ့ႏႈန္းကို ဘုရင္မႀကီး ေျခလွမ္းနဲ႔ ညႇိၿပီး လမ္းေလွ်ာက္ပါ။ အေမရိကန္ သမၼတကေတာ္ေဟာင္း Michelle Obama တစ္ေယာက္တည္းကသာလွ်င္ စည္းမ်ဥ္းေတြ ဖ်က္ၿပီး ဘုရင္မႀကီးကို ေပြ႕ဖက္ႏႈတ္ဆက္ ႏိုင္ခဲ့တာပါ။

3. ဘုရင္မႀကီးနဲ႔ ပတ္သက္ၿပီး ဘာအေၾကာင္းေျပာမလဲ

ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ဘုရင္မႀကီး စကားစေျပာတာကိုပဲ ေစာင့္ပါ။ ဘုရင္မႀကီးနဲ႔ စကားေျပာေနတုန္း စကားျဖတ္ေျပာတာ၊ ျပန္ေျပာတာက စည္းကမ္းနဲ႔မသင့္ေတာ္ပါဘူး။ ဘုရင္မႀကီး ေျပာေနတဲ့အခ်ိန္မွာ တျခားအေၾကာင္းအရာကို ေျပာင္းၿပီး မေျပာသင့္ပါဘူး။

2. ဘာေတြ မလုပ္ရဘူးလဲ

ကမာၻႀကီးရဲ႕ အလႊမ္းမိုးဆုံး ပုဂၢိဳလ္နဲ႔ေတြ႕ဖို႔ သင္က ေရာက္ေနတယ္ ဆိုပါစို႔။ ဒီလို အခ်က္ေတြကို လုပ္ရင္ေတာ့ အေတာ္ကို ႐ိုင္းပ်တယ္လို႔ သတ္မွတ္ပါတယ္၊

- ဘုရင္မႀကီးကို ေက်ာေပးၿပီးေနျခင္း

- ဘုရင္မႀကီးကို စူးစိုက္ၾကည့္ျခင္း

- ဘုရင္မႀကီးႏွင့္အတူ selfie ႐ိုက္ျခင္း

- အမွတ္တရ လက္မွတ္ထိုးေပးရန္၊ ဓာတ္ပုံေပးရန္ ေတာင္းဆိုျခင္း

- ဘုရင္မႀကီးရဲ႕ေရွ႕က လမ္းေလွ်ာက္ျခင္း

- ဘုရင္မႀကီးမျပန္ခင္ အရင္ျပန္ျခင္း

- ကိုယ္ေရးကိုယ္တာနဲ႔ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ ေမးခြန္းေတြ ေမးျခင္း

1. ဘာေတြ လုပ္သင့္လဲ

- လူအမ်ားႀကီးနဲ႔ ဘုရင္မႀကီးကို ေတြ႕ဖိုဆိုရင္ လူေတြကို စက္ဝိုင္းျခမ္း ပုံသ႑ာန္ ဝိုင္းလိုက္ပါ။

- ဘုရင္မႀကီးနဲ႔ေတြ႕တဲ့အခါ သင့္လက္ထဲမွာ ဘာမွ မကိုင္ထားပါနဲ႔။

- ဘုရင္မႀကီး ဦးေဆာင္သြားရာေနာက္ကိုပဲ လိုက္ပါ။

- ၿပဳံးျပပါ။

Elizabeth 2 ဘုရင္မႀကီးက ဩစေတးလ်ႏိုင္ငံရဲ႕ ဘုရင္မႀကီးလည္း ျဖစ္တယ္ဆိုတာ သင္သိပါသလား။

Zombie (Lovemedia)

Post a Comment

0 Comments