မီးသွေးဟာ အဆိပ်အတောက်နဲ့ အစာအိမ်နာခြင်းကို ကုသပေးနိုင်တဲ့ သဘာဝဆေး ဖြစ်ပါတယ်။ မီးသွေးက သွားတွေကို ဖြူစင်စေသလို ဆားဝက်ခြံကြောင့်ဖြစ်တဲ့ အသားအရေ မညီညာမှုတွေကိုလည်း သက်သာစေပါတယ်။
1. သွားကို ဖြူ စင်စေတယ်။
မီးသွေးမှာ လျှပ်စစ်အမဓာတ် ရှိတာကြောင့် အဆိပ်တွေနဲ့ လျှပ်စစ်အဖို ဓာတ်တွေကို ဆွဲဆောင်ပါတယ်။ မီးသွေးက သွားချေးတွေကို ပြောင်စေပြီး သွားကို ဖြူ စင်စေပါတယ်။ အခုဆိုရင် မီးသွေးမှုန့်ကို သွားတိုက်ဆေးထဲမှာလည်း ထည့်သုံးနေကြပါပြီ။ မီးသွေးမှုန့်တွေကို ရေစိုနေတဲ့ သွားတိုက်တံပေါ် တင်ပြီး 2 မိနစ်ခန့် တိုက်ပေးရုံပါပဲ။ သွားတုတပ်ထားရင် မီးသွေးက သွားတုတွေပေါ် စွန်းသွားနိုင်ပါတယ်။ သွားဆရာဝန်တွေကတော့ မီးသွေးမှုန့်က ကြမ်းတာကြောင့်ခဏခဏ အသုံးမပြုဖို့ လမ်းညွှန်ထားပါတယ်။
2. မီးသွေးက ဝက်ခြံနဲ့ ဆားဝက်ခြံကို ပျောက်စေတယ်။
မီးသွေးက ဝက်ခြံနဲ့ ဆားဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဖုန်၊ အဆိပ်အတောက်တွေကို ဖယ်ပေးပါတယ်။ အသားအရေ ထိန်းသိမ်းတဲ့ အချို့ပစ္စည်းတွေမှာ မီးသွေးကို ထည့်ပြီး သုံးကြပါတယ်။ မီးသွေးနဲ့ မျက်နှာကို ပေါင်းတင်လို့ရပါတယ်။ မီးသွေးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရေလက်ဖက်ရည် ဇွန်းနှစ်ဇွန်းကိုရောပြီး မျက်နှာမှာ လိမ်းပေးရုံပါပဲ။ လိမ်းထားတာလေး ခြောက်သွားရင် မျက်နှာသစ်လိုက်လို့ ရပါပြီ။ မီးသွေးမှုန့်နဲ့ ရေထဲကို ရှားစောင်းလက်ပတ်ဂျယ်လ် 2 ဇွန်း ထည့်ပြီး အသုံးပြုပေးလို့ ရပါတယ်။
3. အင်းဆက်ပိုးမွှားတွေကြောင့် ဖြစ်တဲ့ ယားနာ၊ အဖုအပိမ့်တွေကို သက်သာစေတယ်။
ပျားကိုက်ခံရတဲ့အခါ၊ ခြင်အကိုက်ခံရတဲ့အခါ အနီးအနားမှာ လိမ်းဆေးမရှိရင် စိတ်ပူစရာ မလိုတော့ပါဘူး။ မီးသွေးက အဆိပ်အတောက်တွေ၊ ဓာတ်မတည့်တာတွေကို ပျောက်ကင်းစေပါတယ်။ မီးသွေးမှုန့်နဲ့ အုန်းဆီလက်ဖက်ရည် ဇွန်းတစ်ဝက်ကို ရောပြီး အဖုအပိမ့်ထွက်နေတဲ့ နေရာကို လိမ်းပေးပါ။ အဖုအပိမ့်တွေမပျောက်မချင်း မိနစ် 30 တခါလောက် လိမ်းပေးရမှာပါ။ အဆိပ်ရှိတဲ့ အပင်တွေကြောင့်ဖြစ်တဲ့ ယားနာတွေကို ကုသရာမှာ မီးသွေးက ထိရောက်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
4. မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးတယ်။
မှိုတွေက ကျောက်ကပ်၊ အသည်း၊ ဦးနှောက်ချွတ်ယွင်းခြင်း၊ နှလုံးရောဂါ၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်းနဲံ စိတ်ကျခြင်းတို့ကို ဖြစ်စေပါတယ်။ ဓာတုပစ္စည်းတွေက မှိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့် မီးသွေးကလည်း မှိုတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝဆေးပါ။ လက်ဖက်ဆီ၊ မုန့်ဖုတ်ဆော်ဒါ၊ ပန်းသီးရှာလကာရှည်၊ မီးသွေးမှုန့်တို့ကို ရောမွှေပြီး မှိုတက်နေတဲ့ နေရာတွေမှာ ထားပေးပါ။ 10 မိနစ်ကနေ မိနစ် 20 လောက်အထိ ထားပေးရင် ရပါပြီ။
5. အသည်းနဲ့ကျောက်ကပ်တွေကို အဆိပ်အတောက် ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်။
အစားအစာ၊ အိမ်၊ ပတ်ဝန်းကျင်၊ အလုပ်တို့ကနေ အဆိပ်အတောက်တွေ နေ့တိုင်း ရရှိနေပါတယ်။ အဆိပ်အတောက်တွေက ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို လွှမ်းမိုးသွားနိုင်ပြီး အသက်အရွယ် အိုမင်းတာကို မြန်စေပါတယ်။ ဓာတုပစ္စည်းတွေနဲ့ စီမံထားတဲ့ အစားအသောက်တွေကို စားမိရင်ဖြစ်စေ၊ သတ္ထုတွေ၊ အဆိပ်အတောက်များတဲ့နေရာမှာ အလုပ်လုပ်တာဖြစ်စေ မီးသွေးဆေးတောင့်လေး 2 တောင့်ကို ကျောက်ကပ်နဲ့ အသည်းအတွက် အရေးပေါ် ဆောင်ထားသင့်ပါတယ်။
6. ဆံပင်ကို ဖုန်အညစ်အကြေး ကင်းစေတယ်။
အလှအပ ပစ္စည်းတွေနဲ့ ဖုန်မှုန့်တွေကြောင့် ဆံပင်က အဆီထွက်ပြီး မတောက်ပတော့ပါဘူး။ မီးသွေးမှုန့်က ဆံပင်ရဲ့ဖုန်မှုန့်တွေနဲ့ အဆိပ်အတောက်တွေကို စုပ်ယူပေးနိုင်ပါတယ်။ မီးသွေးမှုန့် လက်ဖက်ရည်ဇွန်း 2 ဇွန်း၊ သဘာဝ အသီးအနှံတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်တို့ကို ရောပြီး ခေါင်းလျှော်ပေးနိုင်ပါတယ်။ တစ်ခု သတိထားရမှာ ဆံပင်အရောင် ဆိုးထားတဲ့သူက မီးသွေးမှုန့်နဲ့ ခေါင်းလျှော်ရင် ဆံပင်အရောင် ပြောင်းသွားနိုင်ပါတယ်။
7. အစာချေလမ်းကြောင်းကို သန့်စင်ပေးတယ်။
လူတွေဟာ ဖုန်မှုန့်တွေကို နေ့စဉ်ရှူမိနေပြီး ဓာတုပစ္စည်းတွေနဲ့ စီမံထားတဲ့ အစားအစာတွေကို စားမိနေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုမိလာပါတယ်။ မီးသွေးမှုန့် 10 ဂရမ်ကို အစားမစားခင် 90 မိနစ်အလိုမှာ သောက်ပေးဖို့ ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။ 2 ရက်လောက် သောက်ပေးရင် ရပါပြီ။ ဒါပေမယ့် သန့်စင်ပြီး သေချာထုတ်လုပ်ထားတဲ့ မီးသွေးမှုန့်ဖြစ်ဖို့တော့ လိုပါတယ်။ မီးသွေးမှုန့်ကို ဖျော်ရည်အဖြစ် သောက်လို့လည်း ရပါတယ်။ တစ်ခု သတိထားရမှာက မီးသွေးက သောက်ထားတဲ့ ဆေးတွေရဲ့အာနိသင်ကို လျော့စေပါတယ်။
Zombie (LoveMedia)
ref - brightside
for zawgyi
ခႏၶာကိုယ္အတြက္ မီးေသြးရဲ႕အသုံးဝင္ပုံ (၇) မ်ိဳး
မီးေသြးဟာ အဆိပ္အေတာက္နဲ႔ အစာအိမ္နာျခင္းကို ကုသေပးႏိုင္တဲ့ သဘာဝေဆး ျဖစ္ပါတယ္။ မီးေသြးက သြားေတြကို ျဖဴစင္ေစသလို ဆားဝက္ၿခံေၾကာင့္ျဖစ္တဲ့ အသားအေရ မညီညာမႈေတြကိုလည္း သက္သာေစပါတယ္။
1. သြားကို ျဖဴ စင္ေစတယ္။
မီးေသြးမွာ လွ်ပ္စစ္အမဓာတ္ ရွိတာေၾကာင့္ အဆိပ္ေတြနဲ႔ လွ်ပ္စစ္အဖို ဓာတ္ေတြကို ဆြဲေဆာင္ပါတယ္။ မီးေသြးက သြားေခ်းေတြကို ေျပာင္ေစၿပီး သြားကို ျဖဴ စင္ေစပါတယ္။ အခုဆိုရင္ မီးေသြးမႈန႔္ကို သြားတိုက္ေဆးထဲမွာလည္း ထည့္သုံးေနၾကပါၿပီ။ မီးေသြးမႈန႔္ေတြကို ေရစိုေနတဲ့ သြားတိုက္တံေပၚတင္ၿပီး 2 မိနစ္ခန႔္ တိုက္ေပး႐ုံပါပဲ။ သြားတုတပ္ထားရင္ မီးေသြးက သြားတုေတြေပၚ စြန္းသြားႏိုင္ပါတယ္။ သြားဆရာဝန္ေတြကေတာ့ မီးေသြးမႈန႔္က ၾကမ္းတာေၾကာင့္ခဏခဏ အသုံးမျပဳဖို႔ လမ္းၫႊန္ထားပါတယ္။
2. မီးေသြးက ဝက္ၿခံနဲ႔ ဆားဝက္ၿခံကို ေပ်ာက္ေစတယ္။
မီးေသြးက ဝက္ၿခံနဲ႔ ဆားဝက္ၿခံျဖစ္ေစတဲ့ ဘက္တီးရီးယား၊ ဖုန္၊ အဆိပ္အေတာက္ေတြကို ဖယ္ေပးပါတယ္။ အသားအေရ ထိန္းသိမ္းတဲ့ အခ်ိဳ႕ပစၥည္းေတြမွာ မီးေသြးကို ထည့္ၿပီး သုံးၾကပါတယ္။ မီးေသြးနဲ႔ မ်က္ႏွာကို ေပါင္းတင္လို႔ရပါတယ္။ မီးေသြးမႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဝက္နဲ႔ ေရလက္ဖက္ရည္ ဇြန္းႏွစ္ဇြန္းကိုေရာၿပီး မ်က္ႏွာမွာ လိမ္းေပး႐ုံပါပဲ။ လိမ္းထားတာေလး ေျခာက္သြားရင္ မ်က္ႏွာသစ္လိုက္လို႔ ရပါၿပီ။ မီးေသြးမႈန႔္နဲ႔ ေရထဲကို ရွားေစာင္းလက္ပတ္ဂ်ယ္လ္ 2 ဇြန္း ထည့္ၿပီး အသုံးျပဳေပးလို႔ ရပါတယ္။
3. အင္းဆက္ပိုးမႊားေတြေၾကာင့္ ျဖစ္တဲ့ ယားနာ၊ အဖုအပိမ့္ေတြကို သက္သာေစတယ္။
ပ်ားကိုက္ခံရတဲ့အခါ၊ ျခင္အကိုက္ခံရတဲ့အခါ အနီးအနားမွာ လိမ္းေဆးမရွိရင္ စိတ္ပူစရာ မလိုေတာ့ပါဘူး။ မီးေသြးက အဆိပ္အေတာက္ေတြ၊ ဓာတ္မတည့္တာေတြကို ေပ်ာက္ကင္းေစပါတယ္။ မီးေသြးမႈန႔္နဲ႔ အုန္းဆီလက္ဖက္ရည္ ဇြန္းတစ္ဝက္ကို ေရာၿပီး အဖုအပိမ့္ထြက္ေနတဲ့ ေနရာကို လိမ္းေပးပါ။ အဖုအပိမ့္ေတြမေပ်ာက္မခ်င္း မိနစ္ 30 တခါေလာက္ လိမ္းေပးရမွာပါ။ အဆိပ္ရွိတဲ့ အပင္ေတြေၾကာင့္ျဖစ္တဲ့ ယားနာေတြကို ကုသရာမွာ မီးေသြးက ထိေရာက္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။
4. မႈိေၾကာင့္ျဖစ္တဲ့ ေရာဂါေတြကိုလည္း ကာကြယ္ေပးတယ္။
မႈိေတြက ေက်ာက္ကပ္၊ အသည္း၊ ဦးေႏွာက္ခြၽတ္ယြင္းျခင္း၊ ႏွလုံးေရာဂါ၊ ေခါင္းကိုက္ျခင္း၊ အန္ျခင္းနဲံ စိတ္က်ျခင္းတို႔ကို ျဖစ္ေစပါတယ္။ ဓာတုပစၥည္းေတြက မႈိေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါေပမယ့္ မီးေသြးကလည္း မႈိေတြကို ဖယ္ရွားေပးႏိုင္တဲ့ သဘာဝေဆးပါ။ လက္ဖက္ဆီ၊ မုန႔္ဖုတ္ေဆာ္ဒါ၊ ပန္းသီးရွာလကာရွည္၊ မီးေသြးမႈန႔္တို႔ကို ေရာေမႊၿပီး မႈိတက္ေနတဲ့ ေနရာေတြမွာ ထားေပးပါ။ 10 မိနစ္ကေန မိနစ္ 20 ေလာက္အထိ ထားေပးရင္ ရပါၿပီ။
5. အသည္းနဲ႔ေက်ာက္ကပ္ေတြကို အဆိပ္အေတာက္ ျဖစ္ျခင္းကေန ကာကြယ္ေပးႏိုင္တယ္။
အစားအစာ၊ အိမ္၊ ပတ္ဝန္းက်င္၊ အလုပ္တို႔ကေန အဆိပ္အေတာက္ေတြ ေန႔တိုင္း ရရွိေနပါတယ္။ အဆိပ္အေတာက္ေတြက ကိုယ္အဂၤါ အစိတ္အပိုင္းေတြကို လႊမ္းမိုးသြားႏိုင္ၿပီး အသက္အ႐ြယ္ အိုမင္းတာကို ျမန္ေစပါတယ္။ ဓာတုပစၥည္းေတြနဲ႔ စီမံထားတဲ့ အစားအေသာက္ေတြကို စားမိရင္ျဖစ္ေစ၊ သတၳဳေတြ၊ အဆိပ္အေတာက္မ်ားတဲ့ေနရာမွာ အလုပ္လုပ္တာျဖစ္ေစ မီးေသြးေဆးေတာင့္ေလး 2 ေတာင့္ကို ေက်ာက္ကပ္နဲ႔ အသည္းအတြက္ အေရးေပၚ ေဆာင္ထားသင့္ပါတယ္။
6. ဆံပင္ကို ဖုန္အညစ္အေၾကး ကင္းေစတယ္။
အလွအပ ပစၥည္းေတြနဲ႔ ဖုန္မႈန႔္ေတြေၾကာင့္ ဆံပင္က အဆီထြက္ၿပီး မေတာက္ပေတာ့ပါဘူး။ မီးေသြးမႈန႔္က ဆံပင္ရဲ႕ဖုန္မႈန႔္ေတြနဲ႔ အဆိပ္အေတာက္ေတြကို စုပ္ယူေပးႏိုင္ပါတယ္။ မီးေသြးမႈန႔္ လက္ဖက္ရည္ဇြန္း 2 ဇြန္း၊ သဘာဝ အသီးအႏွံေတြနဲ႔ ျပဳလုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္တို႔ကို ေရာၿပီး ေခါင္းေလွ်ာ္ေပးႏိုင္ပါတယ္။ တစ္ခု သတိထားရမွာ ဆံပင္အေရာင္ ဆိုးထားတဲ့သူက မီးေသြးမႈန႔္နဲ႔ ေခါင္းေလွ်ာ္ရင္ ဆံပင္အေရာင္ ေျပာင္းသြားႏိုင္ပါတယ္။
7. အစာေခ်လမ္းေၾကာင္းကို သန႔္စင္ေပးတယ္။
လူေတြဟာ ဖုန္မႈန႔္ေတြကို ေန႔စဥ္ရႉမိေနၿပီး ဓာတုပစၥည္းေတြနဲ႔ စီမံထားတဲ့ အစားအစာေတြကို စားမိေနတာေၾကာင့္ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြ စုမိလာပါတယ္။ မီးေသြးမႈန႔္ 10 ဂရမ္ကို အစားမစားခင္ 90 မိနစ္အလိုမွာ ေသာက္ေပးဖို႔ ဆရာဝန္ေတြက လမ္းၫႊန္ထားပါတယ္။ 2 ရက္ေလာက္ ေသာက္ေပးရင္ ရပါၿပီ။ ဒါေပမယ့္ သန႔္စင္ၿပီး ေသခ်ာထုတ္လုပ္ထားတဲ့ မီးေသြးမႈန႔္ျဖစ္ဖို႔ေတာ့ လိုပါတယ္။ မီးေသြးမႈန႔္ကို ေဖ်ာ္ရည္အျဖစ္ ေသာက္လို႔လည္း ရပါတယ္။ တစ္ခု သတိထားရမွာက မီးေသြးက ေသာက္ထားတဲ့ ေဆးေတြရဲ႕အာနိသင္ကို ေလ်ာ့ေစပါတယ္။
Zombie (LoveMedia)
ref - brightside
0 Comments