ရုရှားနိုင်ငံ Voronezh ဒေသမှာရှိတဲ့ အဖြူရောင် ကျောက်တွေနဲ့ ထွင်းထုထားတဲ့ နှစ်ခြင်းခရစ်ယာန်ကျောင်း John the Baptist ဟာ ကမ္ဘာ့အမြင်အာရုံကို ဖမ်းစားထားပါတယ်။
ရုရှားနိုင်ငံမှာ ကမ္ဘာ့ပေါ်က အလှဆုံးနဲ့ အနုအစိတ်ဆုံးဖြစ်တဲ့ ဘာသာရေး အဆောက်အအုံတွေ အများကြီးရှိပါတယ်။ တချို့ အဆောက်အအုံတွေကို သဘာဝနဲ့ရောစပ်ပြီး ဆောက်ထားတာမျိုးတွေ ဖြစ်ပါတယ်။ Voronezh မှာရှိတဲ့ Divnogorye Museum-Reserve ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နှစ်ခြင်းခရစ်ယာန်ကျောင်းကတော့ အထင်ရှားဆုံးပါပဲ။
(၁၇) ရာစုရဲ့ သမိုင်းအထောက်အထားတွေ အရကတော့ ဒီကျောင်းတော်ကြီးဟာ ကျောက်ဖြူတောင်ရဲ့ဘေးမှာ ကပ်ပြီးထွင်းထုထားတဲ့ ကျောင်းကြီးပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း ခေါင်းလောင်းကြီးတစ်လုံးကိုလည်း တောင်ပေါ်မှာ ချိတ်ထားပါသေးတယ်။
ယခင်တုန်းက Voronezh မှာရှိတဲ့ Don ကမ်းခြေဒေသလေးက ဒီနေ့လိုမျိုး မအေးချမ်းပါဘူး။ (၁၇) ရာစုမှာ ရုရှားစစ်တပ် ဖြစ်တဲ့ Tsar တပ်နှင့် Stepan Razin ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေဟာ Don ဒေသမှာ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် Orthodox ဘုန်းတော်ကြီးတွေဟာ သူတို့ရဲ့ ဘာသာရေး အဆောက်အအုံတွေကို မပျက်စီးအောင်၊ ထိခိုက်တဲ့ ဒဏ်တွေကနေ ကာကွယ်အောင် ဒီဘုရားကျောင်းကြီးကို ဆောင်လုပ်ခဲ့ကြတာပါ။
ဒီဘုရားကျောင်းရဲ့ သမိုင်းကြောင်းကလည်း ရှုပ်ထွေးလွန်းပါတယ်။ တချို့ကပြောတာကတော့ (၁၂) ရာစုမှာ ဂရိဘုန်းတော်ကြီး Xenophon နှင့် Joasaf တို့က ဆောက်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ တချို့ကလည်း (၁၆၀၀) ခုနှစ်တုန်းက Sicilian ဘုန်းတော်ကြီးနှစ်ပါး ဆောက်လုပ်ခဲ့တာလို့လည်း ပြောပါတယ်။ ဂူနဲ့ပြုလုပ်ထားတဲ့ ဘုရားကျောင်းကိုတော့ ကမ္ဘာတစ်ဝှမ်းလုံး မြင်တွေ့နိုင်ပါတယ်။
ဒါပေမယ့် ကျောက်ဖြူနဲ့ ထွင်းထုထားတဲ့ ဘုရားကျောင်းတွေရဲ့ သဘာဝအလှကို ရုရှားနိုင်ငံမှာပဲ မြင်တွေ့နိုင်ပါတယ်။ တစ်ကျောင်းလုံးကို သဘာဝကပေးထားတဲ့ အရာတွေနဲ့ပဲ ဆောက်လုပ်ထားပြီးတော့ တခြားဘယ်အရာမှ အပိုမထည့်ထားပါဘူး။
ဒီနေရာရဲ့ ပထမဆုံးသမိုင်း ဖော်ပြချက်တွေထဲမှာ ပါတာကတော့ (၁၇) ရာစုမှာ ဘုန်းတော်ကြီးတစ်ပါးက Tsar Alexey Mikhailovich ဆီကို စာတစ်စောင်ပို့ခဲ့ပါတယ်။ စာထဲမှာတော့ tsar တပ်များနှင့် Stepan Razin တို့ရဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ အကြောင်းတွေကို ဝမ်းနည်းဖွယ် ပြောပြထားတာပါ။
ဒါကြောင့် ဘုန်းတော်ကြီးတွေက မိမိအသက် လုံခြုံဖို့အတွက် တောင်ခြေတစ်လျှောက်မှာ ထွက်ပေါက်တွေများစွာကို ထွင်းထုခဲ့ရပါတယ်။ တိုက်ပွဲတွေဖြစ်တဲ့နားမှာ ဘုရားကျောင်းက အနီးဆုံး တည်ရှိနေတာကြောင့် ပျက်ဆီးဆုံးရှုံးမှုလည်း များခဲ့ရပါတယ်။
လက်ရှိမှာတော့ Divnogorye Museum-Reserve က ဘုရားကျောင်းကို စီမံကွပ်ကဲနေပေမယ့်လည်း Orthodox ဘုရားကျောင်းက လက်လွှဲယူဖို့အတွက် မျှော်လင့်နေပါတယ်။ ဘုရားကျောင်းကို တစ်ချိန်တုန်းက ဆိုဗီယက်တွေက သိမ်းယူခဲ့တာကြောင့် Orthodox ဘုရားကျောင်းက ဥပဒေနဲ့အညီ ပြန်လည်တောင်းခံပေးခဲ့လို့ပါ။
ပြတိုက်တည်ထောင်သူ တစ်ဦးဖြစ်တဲ့ Marina Lylova ပြောတာကတော့ RFERL သာ ဘုရားကျောင်းကို အုပ်ချုပ်ရင် အတွင်းပိုင်းက ပျက်စီးနေတဲ့အရာတွေကိုတောင် ပြုပြင်ရင်း ပျက်စီးနိုင်တယ်လို့ အရင်နှစ်က ပြောခဲ့ပါတယ်။ ပြီးတော့ Orthodox ဘုရားကျောင်းက ကြမ်းပြင်တွေ ခင်းပေးထားတာကလည်း ဘုန်းကြီးတွေရဲ့ အဝတ်အစားကို ပေကျံစေတယ်လို့လဲ ပြောထားတဲ့အပြင် သမိုင်းကြောင်းတွေကလည်း မှားယွင်းနေတယ်လို့ စွပ်စွဲထားပါသေးတယ်။
ဘုရားကျောင်းက ဘုန်းတော်ကြီးတွေ ပြောတာကတော့ Orthodox ဘုရားကျောင်းရဲ့ တောင်းဆိုချက်ကို ပြည်နယ်က ခွင့်ပြုပေးခဲ့ရင်တော့ ရှည်လျားလှတဲ့သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေကို ဆက်ပြီးထိန်းသိမ်း သွားသင့်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း လူအယောက် (၅၀၀၀) ကျော်ကတော့ Orthodox ဘုရားကျောင်းကို လွှဲပြောင်းဖို့ ကိစ္စကို သဘောမတူကြောင်း လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
ရုပ်သံ
Zombie (Lovemedia)
for zawgyi
႐ုရွားႏိုင္ငံက ေက်ာက္ေတြနဲ႔ ထြင္းထုထားတဲ့ ေရွးေဟာင္းဘုရားေက်ာင္း
႐ုရွားႏိုင္ငံ Voronezh ေဒသမွာရွိတဲ့ အျဖဴေရာင္ ေက်ာက္ေတြနဲ႔ ထြင္းထုထားတဲ့ ႏွစ္ျခင္းခရစ္ယာန္ေက်ာင္း John the Baptist ဟာ ကမာၻ႔အျမင္အာ႐ုံကိုဖမ္းစားထားပါတယ္။
႐ုရွားႏိုင္ငံမွာ ကမာၻ႔ေပၚက အလွဆုံးနဲ႔ အႏုအစိတ္ဆုံးျဖစ္တဲ့ ဘာသာေရး အေဆာက္အအုံေတြ အမ်ားႀကီးရွိပါတယ္။ တခ်ိဳ႕ အေဆာက္အအုံေတြကို သဘာဝနဲ႔ေရာစပ္ၿပီး ေဆာက္ထားတာမ်ိဳးေတြ ျဖစ္ပါတယ္။ Voronezh မွာရွိတဲ့ Divnogorye Museum-Reserve ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ႏွစ္ျခင္းခရစ္ယာန္ေက်ာင္းကေတာ့ အထင္ရွားဆုံးပါပဲ။
(၁၇) ရာစုရဲ႕ သမိုင္းအေထာက္အထားေတြ အရကေတာ့ ဒီေက်ာင္းေတာ္ႀကီးဟာ ေက်ာက္ျဖဴေတာင္ရဲ႕ေဘးမွာ ကပ္ၿပီးထြင္းထုထားတဲ့ ေက်ာင္းႀကီးပဲ ျဖစ္ပါတယ္။ ၿပီးေတာ့လည္း ေခါင္းေလာင္းႀကီးတစ္လုံးကိုလည္း ေတာင္ေပၚမွာ ခ်ိတ္ထားပါေသးတယ္။
ယခင္တုန္းက Voronezh မွာရွိတဲ့ Don ကမ္းေျခေဒသေလးက ဒီေန႔လိုမ်ိဳး မေအးခ်မ္းပါဘူး။ (၁၇) ရာစုမွာ ႐ုရွားစစ္တပ္ ျဖစ္တဲ့ Tsar တပ္ႏွင့္ Stepan Razin ဦးေဆာင္တဲ့ တိုက္ခိုက္မႈေတြဟာ Don ေဒသမွာ မၾကာခဏတိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီလို တိုက္ခိုက္မႈေတြေၾကာင့္ Orthodox ဘုန္းေတာ္ႀကီးေတြဟာ သူတို႔ရဲ႕ ဘာသာေရး အေဆာက္အအုံေတြကို မပ်က္စီးေအာင္၊ ထိခိုက္တဲ့ ဒဏ္ေတြကေန ကာကြယ္ေအာင္ ဒီဘုရားေက်ာင္းႀကီးကို ေဆာင္လုပ္ခဲ့ၾကတာပါ။
ဒီဘုရားေက်ာင္းရဲ႕ သမိုင္းေၾကာင္းကလည္း ရႈပ္ေထြးလြန္းပါတယ္။ တခ်ိဳ႕ကေျပာတာကေတာ့ (၁၂) ရာစုမွာ ဂရိဘုန္းေတာ္ႀကီး Xenophon ႏွင့္ Joasaf တို႔က ေဆာက္လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။ တခ်ိဳ႕ကလည္း (၁၆၀၀) ခုႏွစ္တုန္းက Sicilian ဘုန္းေတာ္ႀကီးႏွစ္ပါး ေဆာက္လုပ္ခဲ့တာလို႔လည္း ေျပာပါတယ္။ ဂူနဲ႔ျပဳလုပ္ထားတဲ့ ဘုရားေက်ာင္းကိုေတာ့ ကမာၻတစ္ဝွမ္းလုံး ျမင္ေတြ႕ႏိုင္ပါတယ္။
ဒါေပမယ့္ ေက်ာက္ျဖဴနဲ႔ ထြင္းထုထားတဲ့ ဘုရားေက်ာင္းေတြရဲ႕ သဘာဝအလွကို ႐ုရွားႏိုင္ငံမွာပဲ ျမင္ေတြ႕ႏိုင္ပါတယ္။ တစ္ေက်ာင္းလုံးကို သဘာဝကေပးထားတဲ့ အရာေတြနဲ႔ပဲ ေဆာက္လုပ္ထားၿပီးေတာ့ တျခားဘယ္အရာမွ အပိုမထည့္ထားပါဘူး။
ဒီေနရာရဲ႕ ပထမဆုံးသမိုင္း ေဖာ္ျပခ်က္ေတြထဲမွာ ပါတာကေတာ့ (၁၇) ရာစုမွာ ဘုန္းေတာ္ႀကီးတစ္ပါးက Tsar Alexey Mikhailovich ဆီကို စာတစ္ေစာင္ပို႔ခဲ့ပါတယ္။ စာထဲမွာေတာ့ tsar တပ္မ်ားႏွင့္ Stepan Razin တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ပ်က္စီးသြားတဲ့ အေၾကာင္းေတြကို ဝမ္းနည္းဖြယ္ ေျပာျပထားတာပါ။
ဒါေၾကာင့္ ဘုန္းေတာ္ႀကီးေတြက မိမိအသက္ လုံၿခဳံဖို႔အတြက္ ေတာင္ေျခတစ္ေလွ်ာက္မွာ ထြက္ေပါက္ေတြမ်ားစြာကို ထြင္းထုခဲ့ရပါတယ္။ တိုက္ပြဲေတြျဖစ္တဲ့နားမွာ ဘုရားေက်ာင္းက အနီးဆုံး တည္ရွိေနတာေၾကာင့္ ပ်က္ဆီးဆုံးရႈံးမႈလည္း မ်ားခဲ့ရပါတယ္။ လက္ရွိမွာေတာ့ Divnogorye Museum-Reserve က ဘုရားေက်ာင္းကို စီမံကြပ္ကဲေနေပမယ့္လည္း Orthodox ဘုရားေက်ာင္းက လက္လႊဲယူဖို႔အတြက္ ေမွ်ာ္လင့္ေနပါတယ္။ ဘုရားေက်ာင္းကို တစ္ခ်ိန္တုန္းက ဆိုဗီယက္ေတြက သိမ္းယူခဲ့တာေၾကာင့္ Orthodox ဘုရားေက်ာင္းက ဥပေဒနဲ႔အညီ ျပန္လည္ေတာင္းခံေပးခဲ့လို႔ပါ။
ျပတိုက္တည္ေထာင္သူ တစ္ဦးျဖစ္တဲ့ Marina Lylova ေျပာတာကေတာ့ RFERL သာ ဘုရားေက်ာင္းကို အုပ္ခ်ဳပ္ရင္ အတြင္းပိုင္းက ပ်က္စီးေနတဲ့အရာေတြကိုေတာင္ ျပဳျပင္ရင္း ပ်က္စီးႏိုင္တယ္လို႔ အရင္ႏွစ္က ေျပာခဲ့ပါတယ္။ ၿပီးေတာ့ Orthodox ဘုရားေက်ာင္းက ၾကမ္းျပင္ေတြ ခင္းေပးထားတာကလည္း ဘုန္းႀကီးေတြရဲ႕ အဝတ္အစားကို ေပက်ံေစတယ္လို႔လဲ ေျပာထားတဲ့အျပင္ သမိုင္းေၾကာင္းေတြကလည္း မွားယြင္းေနတယ္လို႔ စြပ္စြဲထားပါေသးတယ္။
ဘုရားေက်ာင္းက ဘုန္းေတာ္ႀကီးေတြ ေျပာတာကေတာ့ Orthodox ဘုရားေက်ာင္းရဲ႕ ေတာင္းဆိုခ်က္ကို ျပည္နယ္က ခြင့္ျပဳေပးခဲ့ရင္ေတာ့ ရွည္လ်ားလွတဲ့သမိုင္းေၾကာင္းနဲ႔ ယဥ္ေက်းမႈေတြကို ဆက္ၿပီးထိန္းသိမ္း သြားသင့္တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း လူအေယာက္ (၅၀၀၀) ေက်ာ္ကေတာ့ Orthodox ဘုရားေက်ာင္းကို လႊဲေျပာင္းဖို႔ ကိစၥကို သေဘာမတူေၾကာင္း လက္မွတ္ေရးထိုး ခဲ့ၾကပါတယ္။
Zombie (Lovemedia)
0 Comments