ကမ္ဘာပေါ်မှာ ပလပ်စတစ် များပြားလာမှုကို ဖြေရှင်းပေးမယ့် လျို့ဝှက်အကောင်များ

ကမ္ဘာပေါ်မှာ မိနစ်တိုင်း မိနစ်တိုင်း ပလက်စတစ် အိတ်ပေါင်း 2 သန်း ဝန်းကျင်ကို အသုံးပြုနေ ပါတယ်။ ပလက်စတစ်ကို ကမ္ဘာပေါ်မှာ အသုံးပြုလာတာ နှစ်ပေါင်း မနည်းတော့တဲ့ အခါ ပလက်စတစ်ပြဿနာတွေလည်း ဖြစ်ပေါ်လာ ပါတယ်။

သိပ္ပံပညာရှင်တွေက ပလက်စတစ် အမှိုက်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနေကြ ပြီး အစိုးရတွေ ကလည်း ပလက်စတစ်ကို အကန့်အသတ်နဲ့ သုံးဖို့ နှိုးဆော်ကြ ပါတယ်။ ပလက်စတစ် ပြဿနာ ကတော့ အခုအထိ ရှိနေဆဲပါ ။

ဒါပေမယ့် ပလက်စတစ် အမှိုက်တွေကို တီကောင်တွေရဲ့ အကူအညီနဲ့ ဖယ်ရှားလို့ ပါတယ်။ မမျှော်လင့်ဘဲ တွေ့ရှိခဲ့တဲ့ တွေ့ရှိချက်က ကောင်းတဲ့ရလဒ်တွေကို ဖြစ်ပေါ်စေပါတယ်။

တီကောင်တွေက ပလက်စတစ် အမှိုက်တွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင် ပါတယ်။ အဲဒီ တီကောင်ကို ဖယောင်းတီကောင် ဆိုပြီးတော့လည်း သိကြပါတယ်။ တီကောင်ရဲ့ ခန္ဓာကိုယ်က ပြောင်ချောချော ဖြစ်နေလို့ပါ။ တီကောင်က ဖယောင်းတွေ ကိုလည်း စားပါတယ်။ တီကောင်တွေကို ငါးတွေကို ကျွေးဖို့ အတွက်လည်း အသုံးပြုပါတယ်။

နို့တိုက်သတ္တဝါတွေ အကြောင်းကို သုတေသနပြုတဲ့ အခါမှာလည်း တီကောင်က အသုံးဝင် ပါတယ်။ တီကောင်ရဲ့ နောက်ထပ် ကောင်းကျိုးကတော့ ကမ္ဘာကြီးကို ကာကွယ်ပေးတာပါ။ တီကောင်တွေက ပလက်စတစ်တွေကို စားနိုင်ပါတယ် ။

ပျားတွေကို မွေးမြူထိန်းသိမ်းတဲ့ ပါမောက္ခ Federica Bertocchini က တီကောင်တွေကို ပလက်စတစ် အိတ်ကြီးထဲ ထည့်ထားလိုက် ပါတယ်။ မကြာခင်မှာပဲ ပလက်စတစ်အိတ် ပေါ်မှာ အပေါက်သေးသေးလေးတွေ ဖြစ်ပေါ်လာပါတယ်။

သိပ္ပံပညာရှင် Paolo Bombelliနဲ့ Christopher J.Howe တို့က ပလက်စတစ်အိတ်နဲ့ ပတ်သက်ပြီး သုတေသနပြုရာမှာ တီကောင် အကောင် 200 ကို အသုံးပြုခဲ့ ပါတယ်။ တီကောင်တွေကို ပလက်စတစ်အိတ်ထဲ ထည့်ပြီး မိနစ် 40 အကြာမှာ ပလက်စတစ်အိတ်ပေါ်မှာ အပေါက်တွေ စတင်တွေ့ရပါတယ်။ 12 နာရီကြာပြီးတဲ့ နောက်မှာ ပလက်စတစ်အိတ်ရဲ့ အလေးအချိန်က 92 မီလီဂရမ် လျော့သွားပါတယ်။

တီကောင်တွေက ပလက်စတစ်မှာ ပါဝင်တဲ့ ဓာတု ဓာတ်တွေကို ဖြိုခွဲနိုင် တာကို တွေ့ရပါတယ်။ နောက်ထပ် တီကောင်တွေကို ပလက်စတစ်အိတ်ထဲ ထည့်တော့လည်း ပလက်စတစ်အိတ် ပေါ်မှာ အပေါက်တွေ ထပ်တွေ့ရ ပါတယ် ။ တီကောင်ရဲ့ခန္ဓာကိုယ်ထဲက အင်ဇိုင်းက ပလက်စတစ်ကို အစာချေနိုင်ကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် တီကောင်တွေစားတဲ့ ဖယောင်းကလည်း သဘာဝ ပလက်စတစ် ပါပဲ။ တီကောင်ရဲ့ ခန္ဓာကိုယ်ထဲက အင်ဇိုင်းက ဘယ်လို အင်ဇိုင်းဖြစ်တယ်၊ ဘယ်လို အစာခြေဖျက်တယ် ဆိုတဲ့ ဖြစ်စဉ်ကို သိပြီးနောက် မှာနောက်မှာတော့ ကမ္ဘာပေါ်က ပလက်စတစ် များလာမှု ပြဿနာကို ဖြေရှင်းနိုင်တော့ မှာပါ။

Zombie (Lovemedia)

for zawgyi

ကမာၻေပၚမွာ ပလပ္စတစ္ မ်ားျပားလာမႈကို ေျဖရွင္းေပးမယ့္ လ်ိဳ႕ဝွက္အေကာင္မ်ား

ကမာၻေပၚမွာ မိနစ္တိုင္း မိနစ္တိုင္း ပလက္စတစ္ အိတ္ေပါင္း 2 သန္း ဝန္းက်င္ကို အသုံးျပဳေန ပါတယ္။ ပလက္စတစ္ကို ကမာၻေပၚမွာ အသုံးျပဳလာတာ ႏွစ္ေပါင္း မနည္းေတာ့တဲ့ အခါ ပလက္စတစ္ျပႆနာေတြလည္း ျဖစ္ေပၚလာ ပါတယ္။

သိပၸံပညာရွင္ေတြက ပလက္စတစ္ အမႈိက္ေတြကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းကို ရွာေဖြေနၾက ၿပီး အစိုးရေတြ ကလည္း ပလက္စတစ္ကို အကန႔္အသတ္နဲ႔ သုံးဖို႔ ႏႈိးေဆာ္ၾက ပါတယ္။ ပလက္စတစ္ ျပႆနာ ကေတာ့ အခုအထိ ရွိေနဆဲပါ ။

ဒါေပမယ့္ ပလက္စတစ္ အမႈိက္ေတြကို တီေကာင္ေတြရဲ႕ အကူအညီနဲ႔ ဖယ္ရွားလို႔ ပါတယ္။ မေမွ်ာ္လင့္ဘဲ ေတြ႕ရွိခဲ့တဲ့ ေတြ႕ရွိခ်က္က ေကာင္းတဲ့ရလဒ္ေတြကို ျဖစ္ေပၚေစပါတယ္။

တီေကာင္ေတြက ပလက္စတစ္ အမႈိက္ေတြကို ဖယ္ရွားရာမွာ ကူညီေပးႏိုင္ ပါတယ္။ အဲဒီ တီေကာင္ကို ဖေယာင္းတီေကာင္ ဆိုၿပီးေတာ့လည္း သိၾကပါတယ္။ တီေကာင္ရဲ႕ ခႏၶာကိုယ္က ေျပာင္ေခ်ာေခ်ာ ျဖစ္ေနလို႔ပါ။ တီေကာင္က ဖေယာင္းေတြ ကိုလည္း စားပါတယ္။ တီေကာင္ေတြကို ငါးေတြကို ေကြၽးဖို႔ အတြက္လည္း အသုံးျပဳပါတယ္။

ႏို႔တိုက္သတၱဝါေတြ အေၾကာင္းကို သုေတသနျပဳတဲ့ အခါမွာလည္း တီေကာင္က အသုံးဝင္ ပါတယ္။ တီေကာင္ရဲ႕ ေနာက္ထပ္ ေကာင္းက်ိဳးကေတာ့ ကမာၻႀကီးကို ကာကြယ္ေပးတာပါ။ တီေကာင္ေတြက ပလက္စတစ္ေတြကို စားႏိုင္ပါတယ္ ။

ပ်ားေတြကို ေမြးျမဴထိန္းသိမ္းတဲ့ ပါေမာကၡ Federica Bertocchini က တီေကာင္ေတြကို ပလက္စတစ္အိတ္ႀကီးထဲ ထည့္ထားလိုက္ ပါတယ္။ မၾကာခင္မွာပဲ ပလက္စတစ္အိတ္ ေပၚမွာ အေပါက္ေသးေသးေလးေတြ ျဖစ္ေပၚလာပါတယ္။

သိပၸံပညာရွင္ Paolo Bombelliနဲ႔ Christopher J.Howe တို႔က ပလက္စတစ္အိတ္နဲ႔ ပတ္သက္ၿပီး သုေတသနျပဳရာမွာ တီေကာင္ အေကာင္ 200 ကို အသုံးျပဳခဲ့ ပါတယ္။ တီေကာင္ေတြကို ပလက္စတစ္အိတ္ထဲ ထည့္ၿပီး မိနစ္ 40 အၾကာမွာ ပလက္စတစ္အိတ္ေပၚမွာ အေပါက္ေတြ စတင္ေတြ႕ရပါတယ္။ 12 နာရီၾကာၿပီးတဲ့ ေနာက္မွာ ပလက္စတစ္အိတ္ရဲ႕ အေလးအခ်ိန္က 92 မီလီဂရမ္ ေလ်ာ့သြားပါတယ္။

တီေကာင္ေတြက ပလက္စတစ္မွာ ပါဝင္တဲ့ ဓာတု ဓာတ္ေတြကို ၿဖိဳခြဲႏိုင္ တာကို ေတြ႕ရပါတယ္။ ေနာက္ထပ္ တီေကာင္ေတြကို ပလက္စတစ္အိတ္ထဲ ထည့္ေတာ့လည္း ပလက္စတစ္အိတ္ ေပၚမွာ အေပါက္ေတြ ထပ္ေတြ႕ရ ပါတယ္ ။ တီေကာင္ရဲ႕ခႏၶာကိုယ္ထဲက အင္ဇိုင္းက ပလက္စတစ္ကို အစာေခ်ႏိုင္ေၾကာင္း ပညာရွင္ေတြက ေတြ႕ရွိခဲ့ပါတယ္။

ဒါ့အျပင္ တီေကာင္ေတြစားတဲ့ ဖေယာင္းကလည္း သဘာဝ ပလက္စတစ္ ပါပဲ။ တီေကာင္ရဲ႕ ခႏၶာကိုယ္ထဲက အင္ဇိုင္းက ဘယ္လို အင္ဇိုင္းျဖစ္တယ္၊ ဘယ္လို အစာေျခဖ်က္တယ္ ဆိုတဲ့ ျဖစ္စဥ္ကို သိၿပီးေနာက္ မွာေနာက္မွာေတာ့ ကမာၻေပၚက ပလက္စတစ္ မ်ားလာမႈ ျပႆနာကို ေျဖရွင္းႏိုင္ေတာ့ မွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments