နေ့လယ်ဘက်မှာ တရေးတမော အိပ်လို့ရတဲ့ အလုပ်စားပွဲကိုတီထွင်

ခေတ်မီတဲ့ ပရိဘောဂ ပစ္စည်းတွေက လှပရုံသာမက လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် လာပါတယ်။ တချို့ ပရိဘောဂ ပစ္စည်းတွေက အသုံးဝင်ရုံမက ထင်ထားတာထက်တောင် ဈေးသက်သာ နေပါသေးတယ်။

ဂရိနိုင်ငံက ဒီဇိုင်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ NL က အလုပ်စားပွဲ တစ်မျိုးကို တီထွင်လိုက် ပါတယ်။ အဲဒီစားပွဲကို တရေးတမော အိပ်စက်လို့ရတဲ့ စားပွဲလို့ ခေါ်ပါတယ်။ ဝန်ထမ်းတွေအတွက် နေ့လယ်ဘက်မှာ အဆင်ပြေပြေနဲ့ တရေးတမော အိပ်စက်လို့ရအောင် တီထွင်ခဲ့တာပါ။

စားပွဲဒီဇိုင်းက အလုပ်ချိန်မှာ အလုပ်လုပ်ဖို့ အလွန် အဆင်ပြေရုံသာမက ကိုယ်ပိုင်ပစ္စည်းတွေကို ထည့်သိမ်းထားလို့ ရပါသေးတယ်။ နေ့လယ်ဘက်မှာ အိပ်ချင်ရင် စားပွဲအောက်ကို ဝင်ပြီး အိပ်လိုက်ရုံပါပဲ။ ခုံအောက်မှာ အေးအေးဆေးဆေး အညောင်းဆန့်လို့လည်း ရသွားပါပြီ။

လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အနှောင့်အယှက် မဖြစ်စေတော့ပါဘူး။ ရုံးမှာ အရေးကြီးတဲ့ အလုပ်တွေ ရှိလို့ အိမ်မပြန်နိုင်တော့ရင် ညဘက်မှာ အိပ်လို့လည်း အဆင်ပြေသွားပါပြီ။ ဒီလိုစားပွဲသာ ရုံးမှာရှိနေရင် ရုံးတက်ရတဲ့နေ့တွေက ပျော်ရွှင်တဲ့နေ့တွေ ဖြစ်နေတော့မှာပါပဲ။

Zombie (Lovemedia)

for zawgyi

ေန႔လယ္ဘက္မွာ တေရးတေမာ အိပ္လို႔ရတဲ့ အလုပ္စားပြဲကိုတီထြင္

ေခတ္မီတဲ့ ပရိေဘာဂ ပစၥည္းေတြက လွပ႐ုံသာမက လူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ လာပါတယ္။ တခ်ိဳ႕ ပရိေဘာဂ ပစၥည္းေတြက အသုံးဝင္႐ုံမက ထင္ထားတာထက္ေတာင္ ေဈးသက္သာ ေနပါေသးတယ္။

ဂရိႏိုင္ငံက ဒီဇိုင္းကုမၸဏီတစ္ခု ျဖစ္တဲ့ NL က အလုပ္စားပြဲ တစ္မ်ိဳးကို တီထြင္လိုက္ ပါတယ္။ အဲဒီစားပြဲကို တေရးတေမာ အိပ္စက္လို႔ရတဲ့ စားပြဲလို႔ ေခၚပါတယ္။ ဝန္ထမ္းေတြအတြက္ ေန႔လယ္ဘက္မွာ အဆင္ေျပေျပနဲ႔ တေရးတေမာ အိပ္စက္လို႔ရေအာင္ တီထြင္ခဲ့တာပါ။

စားပြဲဒီဇိုင္းက အလုပ္ခ်ိန္မွာ အလုပ္လုပ္ဖို႔ အလြန္ အဆင္ေျပ႐ုံသာမက ကိုယ္ပိုင္ပစၥည္းေတြကို ထည့္သိမ္းထားလို႔ ရပါေသးတယ္။ ေန႔လယ္ဘက္မွာ အိပ္ခ်င္ရင္ စားပြဲေအာက္ကို ဝင္ၿပီး အိပ္လိုက္႐ုံပါပဲ။ ခုံေအာက္မွာ ေအးေအးေဆးေဆး အေညာင္းဆန႔္လို႔လည္း ရသြားပါၿပီ။

လုပ္ေဖာ္ကိုင္ဖက္ေတြကိုလည္း အေႏွာင့္အယွက္ မျဖစ္ေစေတာ့ပါဘူး။ ႐ုံးမွာ အေရးႀကီးတဲ့ အလုပ္ေတြ ရွိလို႔ အိမ္မျပန္ႏိုင္ေတာ့ရင္ ညဘက္မွာ အိပ္လို႔လည္း အဆင္ေျပသြားပါၿပီ။ ဒီလိုစားပြဲသာ ႐ုံးမွာရွိေနရင္ ႐ုံးတက္ရတဲ့ေန႔ေတြက ေပ်ာ္႐ႊင္တဲ့ေန႔ေတြ ျဖစ္ေနေတာ့မွာပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments