သတိုးသမီးရဲ့ဖခင်က သားမက်ကို ပြောသောစကား
မင်္ဂလာဆောင်ပွဲ တစ်ခုမှာ သတိုးသမီးရဲ့ ဖခင်က သားမက်ကို ပြောတယ် ။
သူမကို ပထမဆုံး ပွေ့ဖက်ခဲ့တဲ့ သူက ငါပါ ၊ မင်းမဟုတ်ဘူး ။ သူမကို ပထမဆုံး နမ်းရှုံ့ခဲ့တဲ့ သူကလည်း ငါပါ ၊ မင်းမဟုတ်ဘူး ။
သူမကို ပထမဆုံး ချစ်ခင်ခဲ့တာလည်း ငါပါ ၊ မင်းမဟုတ်ဘူး ။ ဒါပေမယ့် သူမကို တစ်ဘဝလုံး လက်တွဲပေးရမယ့် သူကတော့ ငါမဟုတ်ဘူးကွာ ။
တကယ်လို့ တနေ့မှာ မင်းသာ သူမကို မချစ်တော့ဘူးဆိုရင် သူမကို အပြစ်မဆိုပါနဲ့ ၊ မရိုက်နှက် မဆူဆဲပါနဲ့ ။
မချစ်နိုင်တော့ကြောင်းကို သူမကိုလည်း မပြောပါနဲ့ ၊ ငါ့ကိုပဲ လာပြောပါကွာ ၊ ငါသူမကို အိမ်ပြန်ခေါ် သွားပေးပါမယ် ။
အကယ်၍သာ သင်ဟာ ယောက်ျားကောင်း တစ်ယောက်ဆိုရင် မိမိ ဇနီးမယားကို ကောင်းမွန်စွာ ဆက်ဆံပါ ။ တန်ဖိုးထားပါ
ဘာလို့လဲ ဆိုတော့ သင်ယူထားတဲ့ မိန်းကလေးဟာ တခြားမိဘတွေရဲ့ တန်ဖိုးထားရတဲ့ သမီးလေးတွေမို့ပါ ။
သမီးမိန်းကလေး ဆိုတာ ဖခင်တိုင်းရဲ့ အသဲနှလုံးလေးတွေပါ ။
crd
for zawgyi
crd
Post a Comment
0 Comments