လေလည်ပြပီး ဒေါ်လာ ၂ သောင်းခွဲလောက်ထိ ရထားတဲ့ အမျိုးသမီး

အမျိုးသမီးတစ်ယောက်က တစ်မူထူးခြား ဆန်းပြားတဲ့နည်းနဲ့ ဒေါ်လာ ထောင်ပေါင်းများစွာ ရှာနိုင်တဲ့နည်းကို ဖော်ပြထား ပါတယ်။ လူအများစုက လေလည်သံကို ဘာမှ အကျိုးမရှိဘူး၊ အသုံးမဝင်ဘူးလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် လေလည်ခြင်းကနေလည်း ငွေရှာလို့ ရနေပါပြီ။

Professional လေလည်သူ တစ်ယောက်ဖြစ်တဲ့ Lush Botanist ကို ချန်နယ်ဖော ဆိုတဲ့ ရုပ်သံလိုင်းက ကင်မရာရှေ့မှာ လေလည်ပြပေးဖို့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါဆိုရင် သူမရဲ့ လေလည်သံက ဘာတွေများ ထူးခြားဆန်းပြား နေတာပါလိမ့်နော်။

သူမရဲ့လေလည်တဲ့ ဗွီဒီယိုတွေကို တင်ပြီး ငွေရှာနိုင်တာ ၃ နှစ်ရှိပါပြီ။ သူမကို လေလည်ပြဖို့ လူတွေကလည်း တောင်းဆိုတာကြောင့် ဖြစ်ပါတယ်။ မစ္စစ် Botanist က နို့ထွက်ပစ္စည်းတွေကို စားရင် အရမ်းကို လေလည်ပါတယ်။ လေလည်သံ အကျယ်ကြီး ရဖို့အတွက် သူမက ချိစ်တွေကို အများကြီး စားတယ်လို့ ဆိုပါတယ်။ Mozzarella ချိစ်ကို စားတဲ့အခါမှာလည်း လေလည်သံက အကျယ်ကြီး ထွက်တယ်လို့ ဖော်ပြထားပါသေးတယ်။

သူမက အင်တာနက်ပေါ်မှာ လေလည်ဘုရင်လို့ ကျော်ကြားပြီး သူမလေတစ်ခါလည်ရင် ၁၇၅ ဒေါ်လာလောက် ရပါတယ်။ သူမ တစ်ရက်တည်းနဲ့ အများဆုံးရှာနိုင်ခဲ့တဲ့ ဝင်ငွေကတော့ ဒေါ်လာ ၄၀၀၀ ပါ။ သူမရဲ့ လေလည် video တွေကနေ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂ သောင်းခွဲလောက်အထိ ရှာဖွေထားနိုင်ပါပြီ။

ဒါပေမယ့် တစ်ခု အံ့ဩစရာ ကောင်းတာကတော့ Lush က ဘူးတွေထဲမှာ လေလည်ထားပြီး သူမရဲ့ ပရိသတ်တွေကို လေရေခဲချောင်းဆိုပြီး ရောင်းတာပါ။ လေရေခဲချောင်း ဆိုတာက ပရိသတ်အကြိုက် ရေခဲချောင်း တစ်ချောင်းပေါ်ကို လေလည်ထားလိုက်ပြီး အဲဒီရေခဲချောင်းကို ဝယ်တဲ့သူက စားတာပါ။ ကျန်းမာရေးနဲ့ ညီညွတ်လား မညီညွတ်လား ဆိုတာကတော့ မသေချာပေမယ့် တော်တော်တော့ ရွံစရာကောင်းပါတယ်။

Lush က အင်စတာဂရမ် တွစ်တာ ရက်ဒစ် မှာ သူမရဲ့လေလည် ဗွီဒီယိုလေးတွေ တင်ပါတယ်။ ကြည့်ရှုသူတွေလည်း မနည်းပါဘူး။ သူမကို လာတောင်းဆိုတဲ့အထဲမှာ အထူးခြားဆုံးကတော့ လူပုံစံ ရုပ်ထုငယ်လေးပေါ်ကို လာလေလည်ခိုင်းတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Lush ကတော့ ကြည့်ရှုသူတွေကို ပျော်ရွှင်မှုတွေပေးနိုင်လို့ ဝမ်းသာနေပါတယ်။




Zombie (Lovemedia)

for zawgyi

ေလလည္ျပပီး ေဒၚလာ ၂၅၀၀၀ ေလာက္ ရထားတဲ့ အမ်ိဳးသမီး

အမ်ိဳးသမီး တစ္ေယာက္က တစ္မူထူးျခား ဆန္းျပားတဲ့နည္းနဲ႔ ေဒၚလာေထာင္ေပါင္းမ်ားစြာ ရွာႏိုင္တဲ့နည္းကို ေဖာ္ျပထားပါတယ္။ လူအမ်ားစုက ေလလည္သံကို ဘာမွ အက်ိဳးမရွိဘူး၊ အသုံးမဝင္ဘူးလို႔ ထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ ေလလည္ျခင္းကေနလည္း ေငြရွာလို႔ ရေနပါၿပီ။

Professional ေလလည္သူ တစ္ေယာက္ျဖစ္တဲ့ Lush Botanist ကို ခ်န္နယ္ေဖာ ဆိုတဲ့ ႐ုပ္သံလိုင္းက ကင္မရာေရွ႕မွာ ေလလည္ျပေပးဖို႔ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါဆိုရင္ သူမရဲ႕ ေလလည္သံက ဘာေတြမ်ား ထူးျခားဆန္းျပား ေနတာပါလိမ့္ေနာ္။

သူမရဲ႕ေလလည္တဲ့ ဗြီဒီယိုေတြကို တင္ၿပီး ေငြရွာႏိုင္တာ ၃ ႏွစ္ရွိပါၿပီ။ သူမကို ေလလည္ျပဖို႔ လူေတြကလည္း ေတာင္းဆိုတာေၾကာင့္ ျဖစ္ပါတယ္။ မစၥစ္ Botanist က ႏို႔ထြက္ပစၥည္းေတြကို စားရင္ အရမ္းကို ေလလည္ပါတယ္။ ေလလည္သံ အက်ယ္ႀကီး ရဖို႔အတြက္ သူမက ခ်ိစ္ေတြကို အမ်ားႀကီး စားတယ္လို႔ ဆိုပါတယ္။ Mozzarella ခ်ိစ္ကို စားတဲ့အခါမွာလည္း ေလလည္သံက အက်ယ္ႀကီး ထြက္တယ္လို႔ ေဖာ္ျပထားပါေသးတယ္။

သူမက အင္တာနက္ေပၚမွာ ေလလည္ဘုရင္လို႔ ေက်ာ္ၾကားၿပီး သူမေလတစ္ခါလည္ရင္ ၁၇၅ ေဒၚလာေလာက္ ရပါတယ္။ သူမ တစ္ရက္တည္းနဲ႔ အမ်ားဆုံးရွာႏိုင္ခဲ့တဲ့ ဝင္ေငြကေတာ့ ေဒၚလာ ၄၀၀၀ ပါ။ သူမရဲ႕ ေလလည္ video ေတြကေန စုစုေပါင္းဝင္ေငြ ေဒၚလာ၂ ေသာင္းခြဲေလာက္အထိ ရွာေဖြထားႏိုင္ပါၿပီ။

ဒါေပမယ့္ တစ္ခု အံ့ဩစရာ ေကာင္းတာကေတာ့ Lush က ဘူးေတြထဲမွာ ေလလည္ထားၿပီး သူမရဲ႕ ပရိသတ္ေတြကို ေလေရခဲေခ်ာင္းဆိုၿပီး ေရာင္းတာပါ။ ေလေရခဲေခ်ာင္း ဆိုတာက ပရိသတ္အႀကိဳက္ ေရခဲေခ်ာင္း တစ္ေခ်ာင္းေပၚကို ေလလည္ထားလိုက္ၿပီး အဲဒီေရခဲေခ်ာင္းကို ဝယ္တဲ့သူက စားတာပါ။ က်န္းမာေရးနဲ႔ ညီၫြတ္လား မညီၫြတ္လား ဆိုတာကေတာ့ မေသခ်ာေပမယ့္ ေတာ္ေတာ္ေတာ့ ႐ြံစရာေကာင္းပါတယ္။

Lush က အင္စတာဂရမ္ တြစ္တာ ရက္ဒစ္ မွာ သူမရဲ႕ေလလည္ ဗြီဒီယိုေလးေတြ တင္ပါတယ္။ ၾကည့္ရႈသူေတြလည္း မနည္းပါဘူး။ သူမကို လာေတာင္းဆိုတဲ့အထဲမွာ အထူးျခားဆုံးကေတာ့ လူပုံစံ ႐ုပ္ထုငယ္ေလးေပၚကို လာေလလည္ခိုင္းတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ Lush ကေတာ့ ၾကည့္ရႈသူေတြကို ေပ်ာ္႐ႊင္မႈေတြေပးႏိုင္လို႔ ဝမ္းသာေနပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments